
( စံဇာဏီဘို) ကိုယ့် ကို တကယ် ချစ်မချစ် တွက်နည်း
(မြန်မာ့ရိုးရာ လက်ဆန်းနည်းပါ။)
မိန်းကလေးတွေ အတွက် သီးသန့်ပါ။ အရွယ်ရောက်ပြီး သား မိန်းကလေးတွေချစ်စကား ကမ်းလှမ်းခံရတာ ၊ လက်ထပ်ခွင့် ပန်တာတွေ ရှိလာတတ် ပါတယ် ။ရင်ခုန်ရတာ တစ်ဖက် ကြည်နူးရတာ တစ်မျိုးနဲ့ နောက်ဆုံး တကယ်ချစ်တာမှဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်တွေက ဖြစ်လာ ရစမြဲပေါ့ ။ ဒီပညာလေးက လွယ်ပါတယ်။ဒါပေမဲ့ လျှော့မတွက်ပါနဲ့ ။ တကယ်မှန်တာ ။ ကဲ တကယ်ချစ် မချစ်
တွက်စစ် ကြည့်မယ်နော်
*အဆင့် (၁)*
ကိုယ့်ကို ချစ်စကား လာပြောတဲ့ သူရဲ့နာမည် အပြည့်အစုံကို ဗေဒင်သချင်္ာ
ဂဏန်းတွေ အဖြစ် ပြောင်းပါ ။ ဗျည်းကိုသာယူပါ ။
အမည်ဗျည်း ဗေဒင် သချင်္ာဂဏန်း
အ ၊ ဥ ၊သြ ၁
က ၊ ခ ၊ ဂ ၊ ဃ ၊ င ၂
စ ၊ ဆ ၊ စျ ၊ ဇ ၊ ည ၃
ယ ၊ ရ ၊လ ၊၀ ၄
ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ၅
သ ၊ ဟ ၆
တ ၊ ထ ၊ ဒ ၊ ဓ ၊ န ရ
ဥပမာ ကိုအောင်ကျော်ဌေး ဆိုပါတော့ အရှေ့က ( ကို ၊ မောင် ၊ဦး ၊ စိုင်း )
အစရှိ တာတွေကိုဖယ်
အောင်ကျော်ဌေး = အ + က + ဌ
= ၁ + ၂ + ရ
=၁၀
ဒီသဘောပါပဲ ။ တခြား နာမည်တွေလဲ ဒီသဘောပါပဲ
*အဆင့်(၂)*
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက် ၊ ကိုယ့်ရဲ့မွေးနံ သချင်္ာ ဂဏန်းနဲ့ပေါင်းထားပါ
မွေးနေ့ မွေးနေ့သချင်္ာဂဏန်း
တနင်္ဂနွေ – ၁
တနလာင်္ – ၂
အင်္ဂါ – ၃
ဗုဒွဟူး – ၄
ကြာသပတေး – ၅
သောကြာ – ၆
စနေ – ရ
မိမိရဲ့အသက်က (၂၅) ဆိုပါစို့ ။ (၂၄) နှစ် ပြည့်ပြီးရင်လဲ (၂၅) ပဲနော်။
ကြာသာပတေးနေ့ မွေးတယ်ပဲ ထားပါတော့ ။
ချစ်ရေးဆိုခံရသူ အသက် =၂၅
ချစ်ရေး ဆိုခံရသူ မွေးနေ့သချင်္ာနံ =ကြာသပတေး = ၅
အသက် + မွေးနေ့သချင်္ာ = ၂၅ + ၅ = ၃၀
အဆင့် (၁) ကရလဒ် နဲ့ အဆင့် (၂ ) ကရလဒ်နဲ့ နှစ်ခုပေါင်းပြီး ရ နဲ့စားပါ ။
အကြွင်းကို ကြည့်ပါ ။
အဆင့် (၁) ရလဒ် = ၁၀
အဆင့်(၂)ရလဒ် = ၃၀
နှစ်ခုပေါင်းတော့ ၁၀ + ၃၀ = ၄၀
၄၀ ကို ရ နဲ့စားတော့ အကြွင်းက ၅
အကြွင်း ၁ ကနေ ၀ ထိ ရေးပေးထားပါတယ် ။ ကိုယ့်ကို ချစ်ရေးဆိုသူ ၂ ယောက် ၃ ယောက်မက သူတို့နာမည်နဲ့ တွက်ကြည့်ပေါ့နော့် ။ နောက်ဆုံး အကြွင်းကို ကြည့်ပြီး
လိုသလို အသုံးချ ကြပေတော့။
*အကြွင်း ၁။ ။*
ရပါက သူ့စကားက မှန်ပါတယ် ။ ကိုယ့်ကို တကယ်ချစ်နေတာပါ ။ ဒါပေမဲ့
လက်ထပ်တဲ့ အထိတော့ ကိုယ့်အပေါ် မစဉ်းစားသေးဘူးနော် . လက်ထပ်မယ်လို ့ပြော
လာရင်လဲ အပေါ်ယံပြောတာ ။ လတ်တလော လက်ထပ်နိုင်စရာ
သူ့မှာမရှိသေးဘူး ။ သူ့မှာဖြေရှင်းစရာ ၊ ရင်ဆိုင်စရာ မိဘ
အသိုင်းအဝိုင်း ကြားက ချစ်နေရတာ ။ ချစ်သူဘဝ တွဲသွားတွဲလာ
အဖော် အဖြစ်တော့ ကောင်းပါတယ် လက်ထပ်ဖို့အထိတော့ မဖြစ်နိုင်ပါဘူး ။
ချစ်တိုင်းလဲမညား ဆိုတဲ့စကားကို သတိရပါ။
*အကြွင်း ၂။ ။ *
၇ခဲ့ရင်တော့ ဟန်ကျတာပဲ ။ သူ့အချစ်က စံတင်လောက်တယ် ။
သူကိုယ့်ကို တကယ်ချစ်နေတာပါ ။သူ့ဘဝ ၊ သူ့အချစ်အားလုံးကို ပုံအပ်ပြီး
ကိုယ့်အဖြေကိုစောင့်နေတာပါ ။ ကိုယ်သဘောကျ လက်ခံနိုင်လောက်တဲ့ အနေအထားရှိရင်
လက်ခံလိုက်ပါ။ တစ်ခုတော့ရှိတယ်နော် ။ ကိုယ်က လက်ထပ်ဖို့မစဉ်းစားသေးရင်
သူနောက်ဆုတ်သွားမှာပါ ။ ကိုယ့်ကို အနှောက်အယှက်ပေးမဲ့သူ မဟုတ်ပါဘူး။
*အကြွင်း ၃။ ။ *
ရရင်တော့ ရှင်ပြောတာ ကျွန်မ က ဘယ်နှယောက်မြောက်လဲ
လို့သာ မေးလိုက်တော့ ။ တကယ် မျက်နှာများတဲ့သူပဲ ။
ကိုယ့်ကို သဘောကျလို့ တွဲချင်တာပဲရှိပါတယ် ။ လေးလေးနက်နက် ချစ်နေတဲ့သူတော့
မဟုတ်ပါဘူးနော် ။ လက်ထပ်ပေါင်းသင်းဖို့နေနေ သာသာ ရေရည် ချစ်ပါ့မလားတောင် မသိ ။
ကိုယ်ကလက်ခံလိုက်မိရင် ကိုယ့်အပြင် နောက်တစ်ယောက် တွဲနေတာတို့
ကိုယ့်ကိုပစ်ထားလိုက် ကိုယ့်ဆီ ပြန်လာလိုက်နဲ့ ချစ်တမ်းကစားနေမှာပါ ။အသဲကွဲ
ကာကွယ်ဆေးထိုးပြီးမှ ချစ်ပေါ့ ။ ဒါပေမဲ့ အဲဒီဆေး မပေါ်သေးဘူးနော် ။
မိတ်ဆွေအဆင့်လောက်ပဲကောင်းပါတယ် ။
*အကြွင်း ၄။ ။*
ရရင်တကယ်ချစ်နေတာပါ ။ သူတကယ်ပြောတာပါ ။
ကိုယ့်ကိုမြတ်နိုးနေတာမှ သဲသဲလှုပ်ပါပဲ ။ ကိုယ့်အတွက်ဆို ဘာကိုရင်ဆိုင်ရပါစေ ။
ခိုင်မြဲတဲ့အချစ်နဲ့
တစ်သက်လုံး လက်တွဲသွားမဲ့လူမျိုးပါ ။ သူက စကားနည်းတယ်။ ဒီချစ်စကား ပြောဖို့
သူတော်တော် အရှိန်ယူရပုံပဲ။ ကိုယ့်ကို တင့်တင့်တယ်တယ် ထားမှာအမှန်ပဲ။ သဘောကျရင်
စဉ်းစားဖို့ တကယ်ကောင်းတဲ့သူပေါ့ ။ သူ့ဝန်းကျင် သူ့အသိုင်းအဝိုင် း
သူ့အနေအထားတွေကို မိန်းကလေးပီပီ
ထည့်စဉ်းစားမယ် ။ အချစ်ဘက်ကတော့ တကယ်အမှတ်ပြည့် ပေးထားတယ်။ ကိုယ့်သဘော
ကိုယ့်အလိုကိုလိုက်ပြီး ကိုယ့်မျက်နှာအညှိုးမခံရအောင်
သူဘက်က တကယ်ဆောင်ရွက်ပေးမှာပါ။ လက်ခံလို့ရပါတယ် ။ သူ့ဘက်ကတော့ သေချာပါတယ်။
သေချာစဉ်းစားပြီးလက်ခံပေါ့။
အကြွင်း ၅။ ။
ရပါက သူကိုယ်တိုင်တောင် ဒီစကားပြောတာ သေချာရဲ့လားလို့
မသိနိုင်ပါဘူး ။ တခါတလေ ကိုယ့်ကိုချစ်လိုက် တခါတလေ ကိုယ့်ကိုမေ့ထားလိုက်
လုပ်မှာပါ။ ရည်းစား စကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူ မပြောသလိုလို။
ကိုယ်ကမူပြီး ဆွဲထားချိန် ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာ မဟုတ်တော့ပါဘူး ။
သူတကယ် ချစ်တတ်သူမှဟုတ်ရဲ့လား ။ သူ့ရင်ထဲမှာ အသဲနှလုံးရောရှိရဲ့လား ဆိုတာကို
လေ့လာ ။ သူ့စိတ် သူ့ပတ်ဝန်းကျင်နဲ့ ကိုယ် အဆင်ပြေပါ့မလား ဆိုတာ ဆုံးဖြတ်ပေါ့
။ ငြင်းစရာ မရှိလောက်အောင် ပြည့်စုံလို့လက်ခံမယ် ။ ကိုယ်က ချစ်သာနေပြီး
မစွတ်ခင်က ညွတ်ချင်ချင် ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင်
လက်ထပ်ဖို့အချိန်လေးတော့ ယူပါအုံး။
*အကြွင်း ၆ ။ ။*
ရရင်တော့တကယ်ကောင်းတဲ့လူပါ ။
သူ့အချစ်က အမှန်တကယ် တည်ငြိမ်ပါတယ် ။ ကိုယ်မှတပါး နောက်တစ်ယောက်
ထားမှာမဟုတ်ဘူး။ ဖြစ်ပြီးတဲ့အတိတ်မှာ ဘယ်လောက်ပဲရှုပ်ခဲ့ ရှုပ်ခဲ့ ကိုယ်နဲ့မှ
တကယ် တည်ငြိမ်သွားမှာပါ။ အသက်အနေအထား ဖြတ်သန်းရတဲ ့ဝန်းကျင်တွေ ကြားထဲမှာ
ပေါက်ဖွားလာတဲ့ အချစ်စစ် ။ တကယ ်လက်ထပ်သင့်တဲ့သူပေါ့ ။ သူက သိပ်ချစ်တတ်တဲ့သူ။
ကိုယ့်အလို တကယ်လိုက်မှာ ။ သူ့အချစ်က တည်မြဲပါတယ်။ ကိုယ့်မိဘ
ကိုယ့်အသိုင်းအသိုင်း သူ့မိဘ သူ့အသိုင်းအဝိုင်းသာ စပ်ဟပ်လို့ ရရင်တော့
အကောင်းလို့သာ အောက်မေ့လိုက်တော့။
*အကြွင်း ၀ ။ ။ *
ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါ ပဲလို့
လုပ်လိုက်ပါ ။
ကိုယ့်အချစ်က သူနဲ့ မတန်ပါဘူး။ ဟိုမရှင်း ဒီမရှင်း အရှုပ်ထုပ်ထဲ ကိုယ့်ပါ
ဆွဲသွင်းနေတာ ။ သူ့သာ သွားကြိုက်မိရင်တော့ ငါးပါးမှောက်ပြီသာ မှတ်လိုက်တော့ ။
ရှေးစကား ပြောထားတာ မှတ်မိသေးတယ်။ ဒူးနဲ့မျက်ရည် သုတ်နေရမယ်။
သူ့ချစ်စကား ပြောပုံကလဲ မဟန်။ ချစ်ရေးဆိုပုံကလဲ တစ်မျိုးနဲ့ မလည်မဝယ်
မိန်းကလေးများ ဆိုရင်တော့ တာ့တာပဲ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။
ယောင်လို့များ သွားမတွဲလိုက်နဲ့။ ယူလို့လဲ မကောင်း ၊ မယူမိရင်လဲ
နောက် လိုက်နှောက်ယှက် အရှက်ခွဲမဲ့သူပဲ ။ ပညာသား ပါပါနဲ့သာ ငြင်းလိုက်ပါ။
ဒီနည်းက ချစ်ရေးဆိုချိန် ကို အဓိက ထားပြိိီး ပြန်အဖြေမပေးခင်ကို
ချိန်ဆနိုင်အောင် ပေးထာတာပါ။ ချစ်သူရှိပြီးသား လူတွေနဲ့ပတ်သက်ပြီး
တွက်ကြည့်ချင်ရင် တစ်ဖက်လူကို
ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ချိန်ပြီးတွက် ။ ရည်းစား မရှိသေးသူတွေကလဲ
ဘယ်အသက်မှာ
ဘယ် နာမည်မျိုးနဲ့လူက အချစ်စစ် ကမ်းလှမ်းလာမယ် ဆိုတာ ဉာဏ်ကစားပြီး
တွက်ကြည့်ပေါ့နော့်……….
ကဲတွက်ကြည့်လိုက်ကြပေါ့နော်….စိတ်ကျေနပ်မူ့တခုရကြလိမ့်မယ်လို့ မျှော်လင်ပါ့တယ်။