top of page

ကိုယ့်ရာသီဖွား ကိုယ်သိချင်တာပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်ရဲ့ ရာသီဖွားကိုပဲဖြစ်ဖြစ် သိချင်သူတွေအတွက်ပါ။

 

Aries (မိဿ) -         March 21 - April 19

Taurus (ပြိဿ) -      April 20 - May 20

Gemini (မေထုန်) -    May 21 - June 21

Cancer (ကရကဋ်) -   June 22 - July 22

Leo (သိဟ်) -            July 23 -August 22

Virgo (ကန်) -           August 23 - September 22

Libra (တူ) -             September 23 - October 22

Scorpio (ဗြိစ္ဆာ) -       October 23 - November 21

Sagittarius (ဓနု) -     November 232- December 21

Capricorn (မကာရ) - December 22 - January 19

Aquarius (ကုမ်) -      January 20- February 18

Pisces (မိန်) -            February 19- March 20

 

ရာသီဖွားများ

=================

မိဿ (Aries) က သွေးနည်းနည်းဆူတယ်၊ ခပ်ပြတ်ပြတ်ပဲ၊ ဆိုလိုရင်းက

ပျော်ပျော်နေတတ်တဲ့ ခပ်သွက်သွက်သမားပေါ့။ ♈

 

ပြိဿ (Taurus) ကတော့

အငြိမ်သမား၊ တခုခုဆို ကြိတ်ခံစားပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အရင်တွေးတယ်။

 

မေထုန် (Gemini) က

စိတ် နည်းနည်းများတယ်။ ညဏ်သမား၊ဟိုစပ်စပ် ဒီစပ်စပ် ကျွမ်းကျင်မှုလည်း သူ့မှာရှိပြီးသား။

 

ကရကဋ် (Cancer) က

သနားလွယ်၊ ကြင်နာလွယ်၊ ယုန်တစ်ကောင်လို နူးညံ့တတ်တယ်။

ကြမ်းပြီဆိုရင်လည်း ကျားမြှီးပြေးဆွဲမိသလို 

အန ္တရာယ်များတယ်။

 

သိဟ် (Leo) ကတော့

ခပ်ကြွားကြွားလေး၊ သူကိုယ်တိုင်မှာလည်း တော်တဲ့အချက်တချို့ရှိတော့

ချီးကျူးခံရရင် ကြိတ်ပြီးပျော်နေရော။

 

ကန် (Virgo) က

ကိုယ့်ဘဝနဲ့ကိုယ်၊

ဘယ်သူ ဘာပြောပြော ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတာကြီးပဲ၊

လွတ်လပ်ပျော်ရွင်တဲ့ ဘဝကိုပိုင်ဖို့က

သူ့အတွက် လုံးဝအရေးကြီးတယ်။

 

တူ (Libra) က

လူမှန်ကြီး၊ တရားမျှတမှကြိုက်တယ်။ သူများကို မဟုတ်တာသွားမလုပ်သလို သူ့ကို မတရားပုတ်ခတ်လာရင်လည်း တချိန်လုံး ဘယ်လိုတုံပြန်ရမလဲဆိုတာပဲ

စဉ်းစားနေရော။

 

ဗြိစ္ဆာ (Scorpio) ကတော့

ကလေးစိတ်၊ လိုချင်တာရှိရင် ချက်ချင်းရမှ၊ ပြသနာဖြစ်ပြီဆိုလည်း

တိုက်ရိုက် ဖြေရှင်းရမှကျေနပ်တယ်။

 

ဓနု (Sagittarius) က

ခေါင်းမာမာနဲ့ စိတ်ဓာတ်ပြင်းထန်တယ်၊ ဘာတွေပဲ ပိတ်ဆို့ထားထား သူဖြစ်ချင်တဲ့ရည်မှန်းချက်ကို

ရောက်အောင်သွားတယ်။

 

မကာရ (Capricorn) က

စာအုပ်ကြီးသမား၊ စနစ်ကျကျနဲ့

စေ့စပ်သေချာစွာ အလုပ်လုပ်တယ်၊

သူပျော်နေပြီဆိုရင်တော့ သူများတွေလိုက်စနောက်ပြီးနေတယ်။

 

ကုမ် (Aquarius) ကတော့

လူထူးဆန်းပေါ့၊ ငြိမ်ပြီဆို တခုခုကို ကြိတ်တွေးနေပြီး လှုပ်ရှားပြီဆို

သူ့အတွေးတွေကို စအကောင်အထည်ဖော်ပြီ။

 

မိန် (Pisces) က

ခံစားချက်နဲ့နေတယ်၊ 

ကိုယ့်ဘာသာကို အေးအေးဆေးဆေးနဲ့

လုပ်စရာရှိတာလုပ်နေပြီး ဘာမှလုပ်မရှိတော့ရင် စိတ်ထဲမှာ တခုခုကို သတိရနေရော

၁၂ရာသီခွင်ဖွားများ၏ ထူးခြားချက်များ

၁၂ရာသီခွင်မှာ ဘယ်ရာသီခွင်မှာ မွေးဖွားသူပဲဖြစ်ဖြစ် ထူးခြားချက်လေးတွေရှိတတ်ပါတယ်။
ဘယ်လို ထူးခြားချက်လေးတွေလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၀၁. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
- > တန်းမစီချင်သူ
မိဿရာသီဖွားကတော့ တတ်နိုင်သလောက်မြန်မြန် လုပ်ချင်ပြီးချင်သူ။ ဘာကိစ္စပဲဖြစ်ဖြစ် အချိန်မယူပဲ မြန်မြန်ပြီးရမှ ကျေနပ်သူဖြစ်ပါလိမ့်မယ်။
၀၂. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
- > အစားအသောက်ဂျီးများသူ
ပြိဿရာသီဖွားကတော့ အစားအသောက် ဂျီးများသူများဖြစ်ပါတယ်။ စျေးပေါပေါနဲ့စားလို့ကောင်းတဲ့ဆိုင်ဆိုရင် မထိုင်ချင်ပါ။ကိုုယ့်စိတ်ကြိုက်ဆိုင်ဖြစ်ရင် ဘယ်လောက်ပဲ စျေးကြီးနေပါစေ၊ မနှမြောပဲ စားချင်တဲ့စိတ်ရှိသူဖြစ်ပါလိမ့်မယ်။
၀၃. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
-> နားငြီးသောသူကို မုန်း၏
မေထုန်ရာသီဖွားရဲ့ ထူးခြားချက်ကတော့ နားငြီးသောသူကို မုန်း၏။ ကိစ္စတစ်ခုခုကို အတူတူသွားရအောင်ဆိုပြီးဖိတ်လို့ သူကငြင်းလိုက်ပြီဆိုရင် နောက်တစ်ကြိမ်လည်း ဖိိတ်ဖို့ကို မကြိုးစားပါနဲ့လည်း ပြောနေတာနဲ့ အတူတူအဓိပ္ပာယ်သက်ရောက်ပါလိမ့်မယ်။
၀၄. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
-> ကူညီရပါရစေ
ကရကဋ်ရာသီဖွားတွေကတော့ အမြဲတမ်း ကူညီချင်သောစိတ်ဓာတ်ရှိသူဖြစ်ပါလိမ့်မယ်။ သူတပါးက အကူအညီမလိုသောအချိန်မှာလည်း သူကတော့ ရတယ် လုပ်ပေးမယ်ဆိုတာချည်းပဲ။ မကူညီရရင်မနေနိုင်သူပါ။ နားလည်ပေးလိုက်ပါ။
၀၅. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
-> တကိုယ်ကောင်းဆန်သူ
သိဟ်ရာသီဖွားတွေကတော့ ကိုယ့်အတွက်ချည်းသာ ကြည့်သောသူဖြစ်ပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ကိုယ်မှလွဲ၍ အခြားသူမရှိလို့ ခံယူထားသူကများပါသည်။ သူပြောစကားကို နားမထောင်ရင်လည်း မကြိုက်တတ်ပါ။ မှားနေတယ်လို့ပြောရင်လည်း မကြိုက်ချင်ပါ။
၀၆. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
-> ညစ်ပတ်သောသူကို မုန်း၏
ကန်ရာသီဖွားများကတော့ အသန့်ကြိုက်သူဖြစ်ပါလိမ့်မယ်။ ပတ်ဝန်းကျင်မှာ အဝတ်အစား၊ အနံ့အသက် မကောင်းသူရှိလျှင် အတူတူရှိနေတာကို သည်းခံနေပင်မဲ့ ရင်ထဲမှာတော့ ဒီနေရာကနေ ဘယ်လိုထွက်ပြေးသွားရမလဲဆိုတာကိုပဲ စဉ်းစားနေသူပါ။
၀၇. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
-> တစ်ယောက်တည်းမနေနိုင်သူ
တူရာသီဖွားများကတော့ အမြဲတမ်း မိတ်ဆွေအပေါင်းအသင်းနဲ့ အတူတူနေချင်သောသူပါ။ တစ်ယောက်တည်းနေရမှာကို စိတ်ဆင်းရဲပြီး တစ်ယောက်တည်းသွားလာရတာကိုလည်း သဘောမကျပါ။ တစ်ယောက်တည်းနေရရင် စိတ်ထဲမှာ အလွန်ခံစားရသောသူဖြစ်တာကြောင့် သူ့ကို နားလည်းပေးလိုက်ပါ။
၀၈. ဗြိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
-> အများရှေ့မှာ စကားမပြောနိုင်သူ
ဗြိစ္ဆာရာသီဖွားများကတော့ လူကြောက်တတ်ပါတယ်။ ပရိသတ်ရှေ့မှာ စကားပြောရမည့်အလုပ်ဆိုရင် ရှောင်ပြီး တတ်နိုင်သလောက် သူများကို တာဝန်ပေးစေချင်ပါတယ်။မဖြစ်မနေလုပ်ရပြီဆိုရင်လည်း သည်းခံပြီး ပြောပင်မဲ့ စိတ်ထဲမှာတော့ ဆင်ခြေပေးပြီး ဒီနေရာကနေ ထွက်ပြေးသွားချင်သူပါ။
၀၉. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
-> ခြေမကိုင် လက်မကိုင် ဖြစ်နေတတ်သောသူ
ဓနုရာသီဖွားများကတော့ တစ်ခုခုကိုလုပ်ပြီဆိုရင် သူများထက်ကို အားတတ်သရောလုပ်ပင်မဲ့ လုပ်နေဆဲအလုပ်ထက် စိတ်ဝင်စားစရာပေါ်လာပြီဆိုရင်လုပ််နေတဲ့အလုပ်ကိုထားပြီး အခြားအလုပ်ကို ပြောင်းလုပ်တတ်ပါတယ်။ ဒါကြောင့် စိတ်အေးအေးထားပြီး လုပ်စေချင်ပါတယ်။ စိတ်ထဲထင်တဲ့အတိုင်းလုပ်တတ်တဲ့သူဖြစ်တာကြောင့် သတိထားပါ။
၁၀. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
-> ပိုက်ဆံမရှိလျှင် မနေနိုင်သူ
မကာရရာသီဖွားများကတော့ ပိုက်ဆံမရှိလျှင် မနေနိုင်ပါ။ ဘဏ်ငွေစုစာရင်း ကိုကြည့်ပြီး ပီတိဖြစ်နေသူဖြစ်ပါလိမ့်မယ်။ မလိုအပ်လျှင် ပိုက်ဆံကို မသုံးပဲချွေတာရေးကို ဦးစားပေးသူပါ။
၁၁. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
-> အပေါင်းအသင်းဖြင် ့သွားလာခြင်းကို သဘောမကျသူ
ကုမ်ရာသီဖွားများကတော့ တစ်ယောက်တည်းနေရတာကို သဘောကျသူပါ။ အလုပ်သဘောအရ အတူတူသွားလာ လှုပ်ရှားရမှာပါ မလုပ်ချင်ပါ။သွားလာဖို့ခေါ်ရင်လည်း အဖြေကတော့ NO ပဲဖြစ်မှာပါ။ အားနာလို့ဆိုရင်တော့ နေမကောင်းလို့၊ ကိစ္စရှိလို့ဆိုပြီး ဆင်ခြေတွေပေးပါလိမ့်မယ်။
၁၂. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
-> တစ်ယောက်တည်းဆို ဘာမှ မလုပ်တတ်သူ
မိန်ရာသီဖွားများကတော့ တစ်ယောက်တည်းဆိုရင် စိတ်အားငယ်တတ်သူပါ။ ပြဿနာတစ်ခုခုတတ်ရင် ချက်ချင်းဆိုသလို အကူအညီတောင်းတတ်ပါတယ်။ ကိုယ့််ဟာကို ဖြေရှင်းပါလို့ဆိုရင်လည်း မဖြေရှင်းရဲပါ။ တစ်ယောက်ယောက်ရဲ့ အစောင့်အရှောက်ကို ခံယူချင်တဲ့ ဆန္ဒရှိသူပါ။ သူငယ်ချင်း သို့ ချစ်သူကို အနားမှာ အမြဲရှိစေချင်သူပါ။

၁၂ ရာသီဖွားတွေရဲ ့အားနည်းချက် နဲ ့ အားသာချက်များ

---------------------------------------------------------

1. Aries

good point

ထက်မြတ်၊ ပွင့်လင်း၊ သတ္တိရှိ

bad point

တစ်ကိုယ်ကောင်းဆန်၊ စိတ်မရှည်၊ တဇွတ်ထိုးနိုင်

 

2. Taurus

good point

တည်ငြိမ်၊ ဇွဲရှိ၊ စိတ်ချရ

bad point

ခေါင်းမာ၊ မနာလို၊ လောဘကြီး

 

3. Gemini

good point

တက်ကြွ၊ စွယ်စုံရ၊ ညဏ်ကောင်း

bad point

ဂနာမငြိမ်၊ စပ်စု၊ ညဏ်များ

 

4. Cancer

good point

သနား၊ ပါးနပ်၊ ကာကွယ်ပေးတတ်

bad point

စိတ်ကောက်လွယ်၊ လက်မလွှတ်နိုင်

 

5. Leo

good point

နွေးထွေး၊ သစ္စာရှိ၊ ရက်ရော

bad point

ဘဝင်မြင့်၊ ဆရာကြီးလုပ်၊ သည်းမခံတတ်

 

6. Virgo

good point

ကူညီတတ်၊ တိကျ၊ လက်တွေ ့ကျ

bad point

ဇီဇာကြောင်၊ အပြစ်ရှာ၊ ပူပန်တတ်

 

7. Libra

good point

တရားမျှတမှုရှိ၊ လူဝင်ဆံ့၊ ပေါင်းရလွယ်

bad point

မဆုံးဖြတ်နိုင်၊ စိတ်အလိုလိုက်၊ ယုံလွယ်

 

8. Scorpio

good point

အစွမ်းရှိ၊ သိမြင်လွယ်၊ ဆွဲဆောင်မှုရှိ

bad point

သဝန်တို၊ လျှို ့ဝှက်၊ လက်တုန် ့ပြန်တတ်

 

9. Sagittarius

good point

ရိုးသား၊ ပွင့်လင်း၊ အကောင်းမြင်

bad point

သတိမထား၊ တာဝန်မယူ၊ အရိပ်အကဲမသိ

 

10. Capricorn

good point

ကြိုးစား၊ စည်းကမ်းရှိ၊ ရည်မှန်းချက်ကြီး

bad point

မကောင်းမြင်၊ နှမြောတွန် ့တို၊ ကပ်စေးနည်း

 

11. Aquarius

good point

လူချင်းစာနာ၊ ညဏ်ကောင်း၊ တီထွင်နိုင်

bad point

မယဉ်ကျေး၊ ပေကပ်ကပ်နိုင်၊ သံယောဇဉ်ကင်း

 

12. Pisces

good point

ကိုယ်ကျိုးမငဲ့၊ သနား၊ စိတ်ကူးကောင်း

bad point

လျှို ့ဝှက်၊ စိတ်ဓါတ်ကျလွယ်၊ စိတ်စွမ်းအားနည်း

bottom of page