
မျက်နှာပေါ်ရှိမှဲ.များ
```````````````````````
.
ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင်
သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း
အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။
ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။
.
မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို
ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်...
ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။
.
နံပါတ် ၁မှ၃
ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ
ပေါက်ကွဲလွယ်တယ်။ မွေးရာပါ တီထွင်ကြံဆဉာဏ်ရှိပြီး လွတ်လပ်ခွင့်ပြုထားပါကအကောင်းဆုံးဖြစ်အောင်လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့အထက်အရာရှိကသင့်ရဲ့တွေးခေါ်ဆန်းသစ်လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။
.
အဲဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ သူများအလုပ်ကို လုပ်ရတာထက်
ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း
အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။
.
နံပါတ် ၄
သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတပါးအပေါ်ကိုလွှမ်းမိုးသွားအောင် ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့
ပင်ကိုယ်အရည်အသွေးမျိုး ပိုင်ဆိုင်သူဖြစ်ပါတယ်။
ထင်မြင်ယူဆဝေဖန်မှုများအပေါ် အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့
အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့
အများနှင့်ဆက်ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ
အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့ အဲဒီအကျင့်လေးသာ ဖျောက်အောင်
လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ
ဖြစ်ပါတယ်။
.
နံပါတ် ၅
မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့
နေရမယ့်ကံပါတယ်။ ဒါပေမယ့် သူများထက်တော့ ပိုရှာပြီး
ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို
သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုမနာလိုသူတွေက
စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ ကြံစည်ကြပါလိမ့်မယ်။
သင့်ရဲ့ အလျင်အမြန်ကြီးပွားချမ်းသာတဲ့စီမံကိန်းကြီးထဲကို
ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား
အယုံမလွယ်မိဖို့ သတိပေးပါရစေ။ သင့်ရဲ့ပင်ကိုဉာဏ်ကိုသုံးပြီး
သတိဝိရိယနဲ့နေပါ။ ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအားမချုပ်ကိုင်ပါစေနဲ့။
.
နံပါတ် ၆
ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဉာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဉာဏ်ရှိတယ်၊
အနုပညာစွမ်းရည်ရှိတယ်။ အဆိုပါစွမ်းရည်က သင့်ကို ချမ်းသာကျော်ကြားပြီး
အောင်မြင်စေတယ်။ ချမ်းသာမဲ့ ကံပါလာပြီးသား။ ဒါပေမဲ့
သမားရိုးကျစီးပွားရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီး
ရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။
.
နံပါတ် ရ
မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက
စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအဝိုင်းကြားမှာ
ကတောက်ကဆ စကားများတတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကိုထိခိုက်စေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိယူပါ။
.
နံပါတ် ၈
ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။
အသုံးအဖြုန်းများတတ်တဲ့အတွက်ကြောင့် အမြဲအလိုလို ငွေကြပ်နေတတ်တယ်။လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာမိမိကိုယ်ကိုသိပါ။ အလားတူ အဲဒီမှာမှဲ့ရှိတဲ့သူဟာ ဆန့်ကျင်ဘက်လိင်ကိုသာမကလိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုကို အသုံးချရာမှာအနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင်ဒုက္ခရောက်သွားနိုင်တယ်။
.
နံပါတ် ၉
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ
ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့ အကြံပြုပါရစေ။
ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။
နံပါတ် ၁၀
နှာခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။အချိန်ပြည့် မိသားစုဝင်များနဲ့ သားသမီးများ၊ မြေးများနဲ့
သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို
ရရှိနိုင်မှာဖြစ်ပြီး သင့်အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော
အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
.
နံပါတ် ၁၁
ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့်
အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ်
အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။
.
နံပါတ် ၁၂
ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို
ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ်မချမ်းသာရင်တောင်မှ ကျော်ကြားမယ်။
သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ
သင်ဟာ သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။
အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်းမယ်၊
လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။
.
နံပါတ် ၁၃
သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။
သူတို့လေးတွေနဲ့ ဆက်ဆံရတာ အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး
သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။
.
နံပါတ် ၁၄
ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ
ကြီးမားတဲ့ပြဿနာတခုပါပဲ။ ဘာလို့လဲဆိုတော့ သင်ဟာ တချို့အစားအစာနဲ့
ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှှမဟုတ်ရင် အစားကြီးလွန်းရင်တောင်
ဖြစ်တတ်ပါတယ်။
.
နံပါတ် ၁၅
သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင်မွမ်းမံပြီး
အလှဆင်ရတာကို နှစ်သက်သူဖြစ်တယ်။ ပစ္စည်းသစ်ကို သုံးရတာ၊ နေရာအသစ်အဆန်းကိုသွားရတာ သဘောကျတယ်။ တနေရာထဲမှာ ကြာကြာနေရတာကို မနှစ်မြို့ပေ။ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သောအမြင်ရှိပါတယ်။
.
နံပါတ် ၁၆
သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ဘာလို့လဲဆိုတော့ အဲဒီ၂ခုဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။
သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ
ချစ်ရေးချစ်ရာမှာ စိတ်ပါဝင်စားပြီး ချစ်သူကို တယောက်မက ထားတတ်ကြပါတယ်။ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကိုအပြစ်ကျူးလွန််မိတယ်လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။
.
နံပါတ် ၁၇
သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြောကောင်းသူတယောက်လဲ ဖြစ်တယ်။သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာသင့်ရဲ့ဂုဏ်သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့သင့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။
.
နံပါတ် ၁၈
သင်ဟာ အမြဲတမ်းခရီးထွက်နေရမဲ့သူ ဖြစ်တယ်။ သင့်ဘဝမှာနိုင်ငံရပ်ခြား ခရီးဝေး အများကြီးသွားရမယ်။ ဒါပေမဲ့ရေလမ်း ခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အတွက် ပိုပြီးကောင်းပါလိမ့်မယ်။
.
နံပါတ် ၁၉
သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့်
ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အားနည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ဆွဲဆောင်မှုနောက်သို့ အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာ အဲဒါက သင့်ကိုဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။
.
နံပါတ် ၂၀
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။
ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အလွန်အမင်းကျော်ကြားမယ်
ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ ကြိုတင်စီရင်ထားပြီး
ဖြစ်တယ်။ သင့်မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဉာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေးကို ကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစားဆက်ဆံတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ
သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်)
နိုင်လိုမင်းထက်ပြုမူသူအဖြစ် မှတ်ယူရမဲ့ အမှတ်အသားတခုပါပဲ။
.
နံပါတ် ၂၁
ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ
ဖြစ်ပါတယ်။ နောက်ပြီး ကျော်ကြားမှုနဲ့ အသိအမှတ်ပြုခံရမှုများကို
ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။
.
နံပါတ် ၂၂
သင့်ဘဝဟာ အမြဲ ပျော်ရွှင်နေပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါတယ်။ သင်ဟာ အားကစားကို ဝါသနာထုံသူဖြစ်ပါက စူပါစတားအားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ မျက်ခုံးမွေးအဆုံးမှာရှိတဲ့မှဲ့ပိုင်ရှင်များဟာ သြဇာတိက္ကမရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့
အလုပ်အမှုဆောင်အရာရှိတယောက်ဆိုပါက ကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
.
နံပါတ် ၂၃
သင့်မှာ ဉာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဉာဏ်ရည်ပါးနပ်သလို
မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ
ဘယ်လို ရှင်သန်ရပ်တည်ရမလဲဆိုတဲ့ ရင့်ကျက်တဲ့ ပင်ကိုဉာဏ်ရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိရှိ၊ သက်တမ်းရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက်အိုမင်းလာသည့်တိုင်အောင် တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။
.
နံပါတ် ၂၄
သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့ အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။
ဒါကြောင့် အိုမင်းတဲ့အခါ အထောက်အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့ အဆိုပါမှဲ့ပိုင်ရှင်များဟာ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။
.
နံပါတ် ၂၅
သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို
ရရှိပြီး အခွင့်အလမ်းများစွာခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့
လွန်ကဲမှုကို အထူးသတိပြုပါ။ သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုးစီးပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်