top of page

Zawgyi

ျမန္မာ မဟာဘုတ္ေဗဒင္ပညာ
ရာဇဖြားေဟာကိန္း

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္၍ ၇ ႏွင့္စားပါ

၀ ခုႂကြင္းလွ်င္

၀ခုၾကြင္း တနဂၤေႏြ ျဖစ္လွ်င္ ပုတိဖြား
၀ခုၾကြင္းတနလၤာ ျဖစ္လွ်င္ သိုက္ဖြား
၀ခုၾကြင္းအဂၤါ ျဖစ္လွ်င္ မရဏဖြား
၀ခုၾကြင္းဗုဒၶဟူး ျဖစ္လွ်င္အဓိပတိဖြား
၀ခုၾကြင္းၾကာသပေတး ျဖစ္လွ်င္ ရာဇဖြား
၀ခုၾကြင္းေသာၾကာ ျဖစ္လွ်င္ အထြန္းဖြား
၀ခုၾကြင္းစေန ျဖစ္လွ်င္ ဘဂၤဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္၍ ၇ ႏွင့္စားပါ
၁ခုႂကြင္းလွ်င္

၁ ခုၾကြင္း တနဂၤေႏြသား ျဖစ္လွ်င္ ဘဂၤဖြား
၁ ခုၾကြင္းတနလၤာသား ျဖစ္လွ်င္ ပုတိဖြား
၁ ခုၾကြင္းအဂၤါသား ျဖစ္လွ်င္ သိုက္ဖြား
၁ ခုၾကြင္းဗုဒၶဟူးသား ျဖစ္လွ်င္ မရဏဖြား
၁ ခုၾကြင္းၾကာသပေတးသား ျဖစ္လွ်င္ အဓိပတိဖြား
၁ ခုၾကြင္းေသာၾကာသား ျဖစ္လွ်င္ ရာဇဖြား
၁ ခုၾကြင္းစေနသား ျဖစ္လွ်င္ အထြန္းဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္၍ ၇ ႏွင့္စားပါ

၂ ခုႂကြင္းလွ်င္

၂ ခုၾကြင္း တနဂၤေႏြ ျဖစ္ခဲ့လွ်င္ အထြန္းဖြား
၂ ခုၾကြင္းတနလၤာ ျဖစ္ခဲ့လွ်င္ ဘဂၤဖြား
၂ ခုၾကြင္းအဂၤါ ျဖစ္ခဲ့လွ်င္ ပုတိဖြား
၂ ခုၾကြင္းဗုဒၶဟူး ျဖစ္ခဲ့လွ်င္သိုက္ဖြား
၂ ခုၾကြင္းၾကာသပေတး ျဖစ္ခဲ့လွ်င္မရဏဖြား
၂ ခုၾကြင္းေသာၾကာ ျဖစ္ခဲ့လွ်င္အဓိပတိဖြား
၂ ခုၾကြင္းစေန ျဖစ္ခဲ့လွ်င္ရာဇဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္ ၇ ႏွင့္စားပါ

၃ ခုႂကြင္းလွ်င္

၃ခုၾကြင္း တနဂၤေႏြသားျဖစ္လွ်င္ ရာဇဖြား
၃ခုၾကြင္း တနလၤာ ျဖစ္လွ်င္အထြန္းဖြား
၃ခုၾကြင္း အဂၤါ ျဖစ္လွ်င္ဘဂၤဖြား
၃ခုၾကြင္း ဗုဒၶဟူး ျဖစ္လွ်င္ ပုတိဖြား
၃ခုၾကြင္း ၾကာသပေတးျဖစ္လွ်င္သိုက္ဖြား
၃ခုၾကြင္း ေသာၾကာျဖစ္လွ်င္ မရဏဖြား
၃ခုၾကြင္းစေန ျဖစ္လွ်င္ အဓိပတိဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္ ၇ ႏွင့္စားပါ

၄ ခုႂကြင္းလွ်င္

၄ခုၾကြင္း တနဂၤေႏြျဖစ္လွ်င္ အဓိပတိဖြား
၄ခုၾကြင္းတနလၤာ ျဖစ္လွ်င္ ရာဇဖြား
၄ခုၾကြင္း အဂၤါ ျဖစ္လွ်င္ အထြန္းဖြား
၄ခုၾကြင္း ဗုဒၶဟူး ျဖစ္လွ်င္ ဘဂၤဖြား
၄ခုၾကြင္း ၾကာသပေတး ျဖစ္လွ်င္ ပုတိဖြား
၄ခုၾကြင္း ေသာၾကာ ျဖစ္လွ်င္ သိုက္ဖြား
၄ခုၾကြင္ းစေန ျဖစ္လွ်င္ မရဏဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္၍ ၇ ႏွင့္စားပါ

၅ခုၾကြင္းလွ်င္

၅ခုၾကြင္း တနဂၤေႏြ ျဖစ္လွ်င္ မရဏဖြား
၅ခုၾကြင္းတနလၤာ ျဖစ္လွ်င္ အဓိပတိဖြား
၅ခုၾကြင္းအဂၤါ ျဖစ္လွ်င္ ရာဇဖြား
၅ခုၾကြင္းဗုဒၶဟူး ျဖစ္လွ်င္ အထြန္းဖြား
၅ခုၾကြင္းၾကာသပေတး ျဖစ္လွ်င္ ဘဂၤဖြား
၅ခုၾကြင္းေသာၾကာ ျဖစ္လွ်င္ ပုတိဖြား
၅ခုၾကြင္းစေန ျဖစ္လွ်င္ သိုက္ဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္ ၇ ႏွင့္စားပါ

၆ခုၾကြင္းလွ်င္

၆ခုၾကြင္း တနဂၤေႏြ ျဖစ္လွ်င္သိုက္ဖြား
၆ခုၾကြင္း တနလၤာ ျဖစ္လွ်င္ မရဏဖြား
၆ခုၾကြင္း အဂၤါ ျဖစ္လွ်င္ အဓိပတိဖြား
၆ခုၾကြင္း ဗုဒၶဟူး ျဖစ္လွ်င္ရာဇဖြား
၆ခုၾကြင္း ၾကာသပေတး ျဖစ္လွ်င္အထြန္းဖြား
၆ခုၾကြင္း ေသာၾကာ ျဖစ္လွ်င္ ဘဂၤဖြား
၆ခုၾကြင္းစေန ျဖစ္လွ်င္ပုတိဖြား 
😃😃😃😃😃😃😃😃😃😃😃😃

ရာဇာဖြားေဟာကိန္း

စိတ္ထားေကာင္းသည္။ ေစတနာေကာင္းသည္။ သနားငဲ့ၫွာစိတ္ႀကီးမားသည္။ သူမ်ားေတြကို အၿမဲတြန္းတြန္းတိုက္တိုက္အားေပးတတ္သည္။ သူမ်ားေတြကိုလဲ အားရွိေစမည့္စကားေတြနဲ႔အၿမဲအားေပးတတ္သည္။ ပင္ကိုယ္သဘာဝအရ ႐ိုးသားသည္၊တည္ၾကည္သည္။ သို႔ေသာ္ပ်င္းရိတတ္သည္။ လုပ္မည္ဟု ဆံုးျဖတ္ထားၿပီး အခ်ိန္ဆြဲေနတတ္သည္။ ေတာ္ေတာ္နဲ႔ မစျဖစ္ေပ။ လုပ္ၿပီဆိုရင္လဲ ေန႔မအိပ္ ညမအိပ္လုပ္ႏိုင္တဲ့သူပါပဲ။ အလြန္ပင္ပန္းခံႏိုင္သည္။ ထိုသိုအပင္ပန္း ခံသည့္အလုပ္ေတြကလဲ မိမိစိတ္ေပ်ာ္မဲ့အလုပ္ေတြသာေရြးလုပ္တာပါ။ စိတ္ခ်မ္းသာမႈကို အလြန္ျမတ္ႏိုး အေလးထားသည္။ စထားၿပီး အဆံုးမသတ္ျဖစ္တဲ့ အလုပ္ေတြလဲ မိမိဆီမွာ အမ်ားႀကီးပင္။ မိမိသည္ စိတ္ညစ္တာ စိတ္ရႈပ္တာမခံႏိုင္ပါ။ 

မိမိသည္အားနာတတ္သည္။ အားနာလြန္းတာက မိမိအတြက္မေကာင္းပါ။ မိမိသည္ အားနည္းခ်က္မ်ားစြာရွိေနတတ္သည္။ ေပါ့ဆၿပီး ၿပီးစလြယ္လုပ္မည္၊ တစ္ခုခု လုပ္ေနရင္း ေနာက္အသစ္တစ္ခုကိုစိတ္ပါသြားတတ္သည္။ စိတ္မၿငိမ္။ အယူသည္းသည္။ ဇီဇာေၾကာင္တတ္သည္။ အျငင္းအခုန္သန္သည္။ မိမိသည္ သူမ်ားေတြအတြက္ အလြန္လြယ္ကူေသာအလုပ္ေတြကမိမိအတြက္ခက္ခဲေနတတ္သလို သူမ်ားေတြ မလုပ္ႏိုင္ေသာ လက္ေလွ်ာ့ထားေသာ အလုပ္ေတြကိုလဲမိမိကေအာင္ျမင္ေအာင္လုပ္ႏိုင္သည္။ မိမိသည္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနလိုသည္။ ကာယဝိေဝက စိတၱဝိေဝက ျဖစ္ေသာ ေနရာမွာေနလိုသည္။ တစ္ေယာက္ထဲလဲေနတတ္သည္။ အေဖာ္အေပါင္းအသင္းမမက္ေပ။ ဘဝင္မျမင့္တတ္ေပမဲ့ အလြန္မာနႀကီးသည္။ ပညာမာန အလုပ္မာနရွိသည္။ သူမ်ားဆီက တစ္ျပားသားမွအလကားမလိုခ်င္သလို ကိုယ္ကလဲ တစ္ျပားသားမွမေပးခ်င္ပါ။ မိမိအားႏွိမ့္ခ်ဆက္ဆံထားသူအား မေမ့တတ္။ အခါအခြင့္ၾကံဳရင္ ျပန္ကလဲ့စားေျခဖို႔ ေစာင့္ေနတတ္သည္။

ဆင္းရဲတဲ့မိဘက ေပါက္ဖြားပါေစ လူေနျခံဳၾကား စိတ္ေနဘံုဖ်ား စိတ္မ်ိဳးရွိသည္။ မတရားမႈမ်ားကိုလက္မခံတတ္ေပ။ မိမိဇာတာဟာ ကံအလြန္ေကာင္းသည္ မဟုတ္ ေသာ္လဲ ရည္မွန္းခ်က္ထားၿပီးႀကိဳးစားတဲ့အတြက္ ေအာင္ျမင္လိမ့္မည္။ ရည္မွန္းခ်က္မရွိတဲ့ ရာဇဖြားေတြအတြက္ အနာဂတ္မေကာင္းႏိုင္။ မိမိသည္ သမိုင္းကိုစိတ္ဝင္စားသည္။ သူရဲေကာင္းမ်ား လူစြမ္းေကာင္းမ်ားအား က်တတ္ၿပီး သူတို႔လို ျဖစ္ခ်င္စိတ္ရွိမည္၊ ဂမၻီရပစၥည္းေတြစိတ္ဝင္စားသည္၊

ေရွး႐ိုးဆန္သည္။ ႐ိုးရာဓေလ့ထံုးစံကို လိုက္နာက်င့္
သံုးသည္။ အမ်ိဳးဘာသာ သာသနာကို ခ်စ္ျမတ္ႏိုးသည္။မိမိသည္ ထူးဆန္းေသာ ဂမၻီရႏွင့္ႏြယ္ေသာ ကိစၥမ်ား ကိုေလ့လာလိုက္စားလိုသည္။ ေငြေၾကးကို စည္းႏွင့္ကမ္းႏွင့္သံုးသည္။ ႏွေျမာတတ္သည္။ ဒါေပမဲ့ မိမိလိုခ်င္တဲ့ပစၥည္းဆိုရင္ မတန္တဆႏွင့္ေရာင္းလဲ ဝယ္သည္။ မႏွေျမာေတာ့ေပ။ ဘဝတစ္ဝက္ေလာက္ထိ ေငြစုေဆာင္းလို႔မရတတ္ေပ။ စုလိုက္ကုန္လိုက္ျဖစ္ေန မည္။ ေငြႏွင့္အလြန္နီးေသာ ဇာတာပါတယ္။ စိတ္ထဲမွာေလာဘႀကီးေပမဲ့ လက္ေတြ႕မွာ ရသမွ်ႏွင့္ေရာင္ရဲ လြယ္သည္။

မိမိသတိထားရမည္က အိမ္ေထာင္ေရးပါ။ သနားလို႔အားနာလို႔ မယူမိေစနဲ႔။ လြယ္လြယ္ဆံုးျဖတ္ၿပီး အိမ္ေထာင္မျပဳသင့္ေပ။ အိမ္ေထာင္ေရးကံညံ့လြယ္သည္။ မိမိခ်စ္ျမတ္ႏိုးရင္ေတာင္ သူ႔အေၾကာင္းေသခ်ာေလ့လာၿပီးမွယူသင့္သည္။ မိဘ လူႀကီးေတြကပါ သေဘာတူသည့္အိမ္ေထာင္ဘက္ဆို အလြန္ေကာင္းသည္။

မိမိသည္ ဒုကၡကိုပဲ ျဖစ္ျဖစ္ သုခကိုပဲျဖစ္ျဖစ္ မည္သူ႔ကိုမွထုတ္ေဖာ္မေျပာတတ္ပါ။ သူမ်ားကိုဒုကၡမေပးပါ၊ ျပႆ နာေတြကို မိမိတစ္ေယာက္ထဲသာ ခါးစည္းခံလိုသည္၊ ဒါေၾကာင့္လဲ မိမိကိုၾကည့္ရံုႏွင့္ ေပ်ာ္ေနလား စိတ္ဆင္းရဲေနလား မခန္႔မွန္းႏိုင္ၾကပါ။ မိန္းမ
ေတြနဲ႔ ပက္သက္ၿပီးအကူအညီေတြရႏိုင္သည္၊ စပ္တူရွယ္ယာ လြန္စြာအက်ိဳးေပးသည္၊၊ ။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

Unicode

မြန်မာ မဟာဘုတ်ဗေဒင်ပညာ
ရာဇဖွားဟောကိန်း

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ရ နှင့်စားပါ

၀ ခုကြွင်းလျှင်

၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ရ နှင့်စားပါ
၁ခုကြွင်းလျှင်

၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ရ နှင့်စားပါ

၂ ခုကြွင်းလျှင်

၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ရ နှင့်စားပါ

၃ ခုကြွင်းလျှင်

၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ရ နှင့်စားပါ

၄ ခုကြွင်းလျှင်

၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ရ နှင့်စားပါ

၅ခုကြွင်းလျှင်

၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ရ နှင့်စားပါ

၆ခုကြွင်းလျှင်

၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား 
😃😃😃😃😃😃😃😃😃😃😃😃

ရာဇာဖွားဟောကိန်း

စိတ်ထားကောင်းသည်။ စေတနာကောင်းသည်။ သနားငဲ့ညှာစိတ်ကြီးမားသည်။ သူများတွေကို အမြဲတွန်းတွန်းတိုက်တိုက်အားပေးတတ်သည်။ သူများတွေကိုလဲ အားရှိစေမည့်စကားတွေနဲ့အမြဲအားပေးတတ်သည်။ ပင်ကိုယ်သဘာဝအရ ရိုးသားသည်၊တည်ကြည်သည်။ သို့သော်ပျင်းရိတတ်သည်။ လုပ်မည်ဟု ဆုံးဖြတ်ထားပြီး အချိန်ဆွဲနေတတ်သည်။ တော်တော်နဲ့ မစဖြစ်ပေ။ လုပ်ပြီဆိုရင်လဲ နေ့မအိပ် ညမအိပ်လုပ်နိုင်တဲ့သူပါပဲ။ အလွန်ပင်ပန်းခံနိုင်သည်။ ထိုသိုအပင်ပန်း ခံသည့်အလုပ်တွေကလဲ မိမိစိတ်ပျော်မဲ့အလုပ်တွေသာရွေးလုပ်တာပါ။ စိတ်ချမ်းသာမှုကို အလွန်မြတ်နိုး အလေးထားသည်။ စထားပြီး အဆုံးမသတ်ဖြစ်တဲ့ အလုပ်တွေလဲ မိမိဆီမှာ အများကြီးပင်။ မိမိသည် စိတ်ညစ်တာ စိတ်ရှုပ်တာမခံနိုင်ပါ။ 

မိမိသည်အားနာတတ်သည်။ အားနာလွန်းတာက မိမိအတွက်မကောင်းပါ။ မိမိသည် အားနည်းချက်များစွာရှိနေတတ်သည်။ ပေါ့ဆပြီး ပြီးစလွယ်လုပ်မည်၊ တစ်ခုခု လုပ်နေရင်း နောက်အသစ်တစ်ခုကိုစိတ်ပါသွားတတ်သည်။ စိတ်မငြိမ်။ အယူသည်းသည်။ ဇီဇာကြောင်တတ်သည်။ အငြင်းအခုန်သန်သည်။ မိမိသည် သူများတွေအတွက် အလွန်လွယ်ကူသောအလုပ်တွေကမိမိအတွက်ခက်ခဲနေတတ်သလို သူများတွေ မလုပ်နိုင်သော လက်လျှော့ထားသော အလုပ်တွေကိုလဲမိမိကအောင်မြင်အောင်လုပ်နိုင်သည်။ မိမိသည် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည်။ ကာယဝိဝေက စိတ္တဝိဝေက ဖြစ်သော နေရာမှာနေလိုသည်။ တစ်ယောက်ထဲလဲနေတတ်သည်။ အဖော်အပေါင်းအသင်းမမက်ပေ။ ဘဝင်မမြင့်တတ်ပေမဲ့ အလွန်မာနကြီးသည်။ ပညာမာန အလုပ်မာနရှိသည်။ သူများဆီက တစ်ပြားသားမှအလကားမလိုချင်သလို ကိုယ်ကလဲ တစ်ပြားသားမှမပေးချင်ပါ။ မိမိအားနှိမ့်ချဆက်ဆံထားသူအား မမေ့တတ်။ အခါအခွင့်ကြုံရင် ပြန်ကလဲ့စားခြေဖို့ စောင့်နေတတ်သည်။

ဆင်းရဲတဲ့မိဘက ပေါက်ဖွားပါစေ လူနေခြံုကြား စိတ်နေဘုံဖျား စိတ်မျိုးရှိသည်။ မတရားမှုများကိုလက်မခံတတ်ပေ။ မိမိဇာတာဟာ ကံအလွန်ကောင်းသည် မဟုတ် သော်လဲ ရည်မှန်းချက်ထားပြီးကြိုးစားတဲ့အတွက် အောင်မြင်လိမ့်မည်။ ရည်မှန်းချက်မရှိတဲ့ ရာဇဖွားတွေအတွက် အနာဂတ်မကောင်းနိုင်။ မိမိသည် သမိုင်းကိုစိတ်ဝင်စားသည်။ သူရဲကောင်းများ လူစွမ်းကောင်းများအား ကျတတ်ပြီး သူတို့လို ဖြစ်ချင်စိတ်ရှိမည်၊ ဂမ္ဘီရပစ္စည်းတွေစိတ်ဝင်စားသည်၊

ရှေးရိုးဆန်သည်။ ရိုးရာဓလေ့ထုံးစံကို လိုက်နာကျင့်
သုံးသည်။ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသည်။မိမိသည် ထူးဆန်းသော ဂမ္ဘီရနှင့်နွယ်သော ကိစ္စများ ကိုလေ့လာလိုက်စားလိုသည်။ ငွေကြေးကို စည်းနှင့်ကမ်းနှင့်သုံးသည်။ နှမြောတတ်သည်။ ဒါပေမဲ့ မိမိလိုချင်တဲ့ပစ္စည်းဆိုရင် မတန်တဆနှင့်ရောင်းလဲ ဝယ်သည်။ မနှမြောတော့ပေ။ ဘဝတစ်ဝက်လောက်ထိ ငွေစုဆောင်းလို့မရတတ်ပေ။ စုလိုက်ကုန်လိုက်ဖြစ်နေ မည်။ ငွေနှင့်အလွန်နီးသော ဇာတာပါတယ်။ စိတ်ထဲမှာလောဘကြီးပေမဲ့ လက်တွေ့မှာ ရသမျှနှင့်ရောင်ရဲ လွယ်သည်။

မိမိသတိထားရမည်က အိမ်ထောင်ရေးပါ။ သနားလို့အားနာလို့ မယူမိစေနဲ့။ လွယ်လွယ်ဆုံးဖြတ်ပြီး အိမ်ထောင်မပြုသင့်ပေ။ အိမ်ထောင်ရေးကံညံ့လွယ်သည်။ မိမိချစ်မြတ်နိုးရင်တောင် သူ့အကြောင်းသေချာလေ့လာပြီးမှယူသင့်သည်။ မိဘ လူကြီးတွေကပါ သဘောတူသည့်အိမ်ထောင်ဘက်ဆို အလွန်ကောင်းသည်။

မိမိသည် ဒုက္ခကိုပဲ ဖြစ်ဖြစ် သုခကိုပဲဖြစ်ဖြစ် မည်သူ့ကိုမှထုတ်ဖော်မပြောတတ်ပါ။ သူများကိုဒုက္ခမပေးပါ၊ ပြဿ နာတွေကို မိမိတစ်ယောက်ထဲသာ ခါးစည်းခံလိုသည်၊ ဒါကြောင့်လဲ မိမိကိုကြည့်ရုံနှင့် ပျော်နေလား စိတ်ဆင်းရဲနေလား မခန့်မှန်းနိုင်ကြပါ။ မိန်းမ
တွေနဲ့ ပက်သက်ပြီးအကူအညီတွေရနိုင်သည်၊ စပ်တူရှယ်ယာ လွန်စွာအကျိုးပေးသည်၊၊ ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

bottom of page