top of page

တနင်္ဂနွေ (၆) ၊ တနင်္လာ (၁၅) ၊ အင်္ဂါ (၈) ၊ ဗုဒ္ဓဟူး (၁၇) ၊ ကြာသပတေး (၁၉) ၊ သောကြာ (၂၁) ၊ စနေ (၁၀)

ဥပမာဗျာ- အသက် (၃၅) နှစ်ရှိတဲ့ ဗုဒ္ဓဟူးသား တစ်ယောက် အိမ်ထောင်ပြုမယ်ဆိုရင် ဘယ်လို မိန်းမမျိုးကို ရမှာလဲဆိုတာ တွက်ကြည့်ကြည့်ရအောင်။ သူ့ရဲ့အသက် (၃၅)နှစ်နဲ့၊ ဗုဒ္ဓဟူးဂြိုဟ်သက်(၁၇) နဲ့ပေါင်းလိုက် (၃၅+၁၇=၅၂) အဲဒီ (၅၂)ကို (၇)နဲ့ စားကြည့်လိုက်ရင် (၃) ကြွင်းတယ်ဗျာ။ အောက်မှာ ဖတ်ကြည့် လိုက်ပေတော့။ လွယ်ပါတယ် ။ မခက်ပါဘူး။ ဒီဟောကိန်းကိုတော့ အနာထပိဏ်သူဌေးကြီး၏ ချွေးမဖြစ်သူ “ သုဇာတာ” ကို အကြောင်းပြု၍ ဘုရားရှင်မြတ်ဗုဒ္ဓ ဟောတော်မူသော ဇနီးမယားခုနှစ်မျိုးကို အကြောင်းပြု အခြေခံ၍ ရှေးကျမ်းများတွင် “သုဇာတာဟောကိန်း” လို့ အမည်ပေးထားတာဗျဟု ပြောလိုက်လေ တော့၏။

တစ်ကြွင်းဟောကိန်း
အိမ်ထောင်ဖက်ဇနီးသည် မူလက မည်မျှစရိုက်ကောင်း၊ စိတ်သဘောထား ကောင်းသည်ဖြစ်စေ၊ အိမ်ထောင် ကျပြီးနောက် ဆိုးသွမ်းသော စရိုက်သို့ ပြောင်းသွားမည်။ မူလစရိုက် ဆိုးလျှင်ကား ဆိုဖွယ်ရာမရှိ အညံံ့ကြုံမည်။ အလွန်ဒုက္ခပေးသော ဇနီမယားဖြစ်မည်။ ဆိုးယုတ်မည်။ စရိုက်ကြမ်းမည်။ မြည်တွန်တောက်တီးမှု အမြဲပြုမည်။ အကြင်နာမဲ့မည်။ ပြဿနာ အမြဲရှာနေမည်။ ကလေးနှစ်ဦးရပြီးမှ အညံ့ကင်းမည်။

နှစ်ကြွင်းဟောကိန်း
ရရှိသော ဇနီးမယားသည် ခိုးသူနှင့်တူသော မယားတည်း။ မူလအခြေအနေ စရိုက်မည်မျှ ကောင်းစေ၊ အိမ်ထောင် ကျပြီးနောက် စရိုက်ပြောင်းမည်။ လင်သားငွေကို ခိုးယူ၍ သူတစ်ပါးကို ပေးမည်။ မာယာများသော စကားကိုဆိုမည်။ ငွေသုံးဖြုန်းမည်။ လင်သားမသိအောင် အရာရာ လျှို့ဝှက်လုပ်တတ်သည်။ အိမ်ထောင်သက် သုံးလတွင် စရိုက်ပြင်လျှင်ပြင် ၊ မပြင်လျှင် (၁၅) လ ကြာမှပြင်မည်။ (၁၅) လကြာမှ မပြင်က (၃) နှစ်ကြာမှ ပြင်မည်။ သုံးနှစ်ကြာမ ှမပြင်ပါက ရာသက်ပန် အမြဲစရိုက်ဆိုး လွှမ်းမိုးမည်။
သုံးကြွင်းဟောကိန်း
ရရှိသော အိမ်ထောင်ဖက်သည် မူလမည်မျှ ကောင်းသောစရိုက်ရှိသည်ဖြစ်စေ အိမ်ထော်ကျပြီးနောက် စရိုက်ပြောင်းကာ သခင်နှင့်တူသော မယားဖြစ်မည်။ အလွန်ပျင်းမည်။ အတ္တကြီးသွားမည်။ မိမိအပေါ် ပြုစုယုယမှုကို နှစ်လိုမည်။ အချိန်မရွေးအမိန့်ပေး စိုးမိုးမနာလိုစိတ်များပြီး မိမိအပေါ် အပြစ်တင်မည်။ အိမ်တွင် တဆူဆူ တပူပူ လုပ်တတ်သည်။ ကွယ်ရာတွင် မိမိမကောင်းကြောင်း သူတစ်ပါးကို အတင်းအဖျင်း သဖွယ်ပြောမည်။ စရိုက်ဆိုးကို ရာသက်ပန် မပြင်တော့။

လေးကြွင်းဟောကိန်း
ကောင်းသောဇနီးအမျိုးအစားကိုရမည်။ အိမ်ထောင် မပြုမီမည်မျှဆိုးစေ အိမ်ထောင်ကျပြီးနောက် စရိုက်ပြောင်းသွားမည်။ မိခင်နှင့်တူသော ဇနီးဖြစ်မည်။ အလွန်ကြင်နာတတ်မည်။ ငွေကြေးစုဆောင်း ပေးမည်။ ယုယစွာ၊ မြတ်နိုးစွာ ဆက်ဆံမည်။ မိမိကို အကာအကွယ်ပေးမည်။ ဖေးမမည်။ ရာသက်ပန် ကောင်းမည်။

ငါးကြွင်းဟောကိန်း
မိမိအပေါ် အလွန်ကောင်းမည်။ အိမ်ထောင်မပြုမီ မည်မျှမလိမ်မိုး မလိမ္မာ ရှိစေ၊ စရိုက်ဆိုးစေ အိမ်ထောင်ကျပြီး နောက်တွင် မိမိအပေါ် အထူးကောင်းမည်။ နှမနှင့်တူသေ ဇနီးကိုရရှိမည်။ မိမ်ိအပေါ် လေးစား၊ အားကိုး၍ လိုလေသေး မရှိအောင် ထားမည်။ ရိုရိုကျိုးကျိုး ဆက်ဆံမည်။

ခြောက်ကြွင်းဟောကိန်း
မူလစရိုက် မည်သို့ရှိစေ၊ အိမ်ထောင်ကျပြီး နောက်ပိုင်း အလွန်ကောင်းမည်။ အိမ်ထောင်ဖက်ကို ကောင်းကျိုး ပေးမည်။ အဆွေခင်ပွန်းကောင်းနှင့် တူသောဇ နီးအမျိုးအစားဖြစ်၍ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်ဖြစ်မည်။ ဒိုးတူပေါင်ဖက် ၊ မောင်တစ်ထမ်း ၊ မယ်တစ်ရွက် ဆောင်ရွက်တတ်သူ ဖြစ်မည်။ အခက်ကြံုက မိမိဘက်မှ ရပ်တည်မည်။

သုညကြွင်းဟောကိန်း
မူလစရိုက် မည်သို့ရှိစေ အိမ်ထောင်ကျပြီး နောက်ပိုင်းတွင် ကောင်းသော သဘာဝ ထွန်းလာမည်။ ကျွန်နှင့်တူသော မယားဖြစ်မည်။ အိမ်ထောင်ဖက်အပေါ် သခင်လိုဆက်ဆံမည်။ အိမ်ထောင်ဖက်၏ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ဆောင်ရွက်ပေးမည်။ လင်ယောက်ျား၏ ဆူပူမာန်မဲမှုကိုလည်း သည်းခံမည်။ အိမ်မှုကိစ္စ အဝဝကိုလည်း ကျေပွန်မည့် ထာဝရ အဆွေခင်ပွန်းကောင်းဖြစ်မည်။

bottom of page