


လူတစ် ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေအဲ့ဒီလူဘယ်လိုလူစားမျိုးလဲဆိုတာ ပြောပြပေးနိုင်တဲ့ အချက်တွေရှိနေပါတယ်။ ဒီတစ်ခါတော့ လက်မ ကိုကြည့်ပြီး အဲ့ဒီလူ ဘယ်လိုစိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေး ရှိမယ်ဆိုတာ ပြောပြပေးနိုင်တဲ့အကြောင်းလေး ဖတ်ကြည့်လိုက်ပါဦး။
ဖြောင့်တန်းနေတဲ့ လက်မ
လက်မထောင်လိုက်တဲ့အခါမှာ ဖြောင့်တန်းနေပြီး နောက်ကိုကွေးညွတ်နေခြင်းမရှိတဲ့ လက်မပိုင်ရှင်ဖြစ်မယ်ဆိုရင်သင်ဟာအရာရာကိုအရမ်းအလေးအနက်ထားတတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ စိတ်ဓာတ်မာကြောပြီး ခံစားလွယ်တဲ့သူတစ်ဦးမဟုတ်ပါဘူး။ သင့်ရဲ့ စိတ်လှုပ်ရှားမှုကို ပြလေ့မရှိတဲ့
သူတစ်ဦးဖြစ်ပေမဲ့ စိတ်ဓာတ်ကျတတ်သူတစ်ဦးတော့ မဟုတ်ပါဘူး။
ကွေးနေတဲ့လက်မ
လက်မထောင်လိုက်တဲ့အခါ နည်းနည်းဖြစ်စေ၊ များများဖြစ်စေ ကွေးနေတတ်တဲ့သူတွေဟာ ကိုယ့်ရဲ့ ခံစားချက်တွေကို အများသိအောင် ပြတတ်တဲ့သူတွေဖြစ်သလို အတွေးတွေကိုလည်း ထုတ်ဖော်ပြောရမှာ နှစ်သက်တတ်သူတွေဖြစ်ပါတယ်။
လက်မရဲ့ ပထမအဆစ်က ဒုတိယအဆစ်ထက်ပိုရှည်မယ်ဆိုရင် (လက်မထောင်လိုက်ရင် အပေါ်အဆစ်ကို ပထမအဆစ်အဖြစ် သတ်မှတ်ပါတယ်)
စိတ်စွမ်းအားကို ယုံကြည်သူတစ်ဦးဖြစ်ပြီး အလုပ်ကိုအရမ်းကြိုးစားတတ်သူတစ်ဦးဖြစ်ပါတယ်။ အလိုလိုသိစိတ်ကို ယုံကြည်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချလေ့ရှိပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင်လည်း တော်တော့်ကို သစ္စာကြီးသူတစ်ယောက်ပါ။
လက်မရဲ့ ပထမအဆစ်က ဒုတိယအဆစ်ထက်ပိုတိုနေမယ်ဆိုရင်
သင့်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို စိတ်ခံစားချက်ထက် လက်တွေ့ကျမှုပေါ်မှာပဲ မူတည်ပြီးချတတ်ပါတယ်။ စိတ်ခံစားချက်နဲ့ လက်တွေ့ကျတာကို ယှဉ်လာရင် လက်တွေ့ကို ပိုဦးစားပေးတတ်တာကြောင့် အချစ်ရေးနဲ့ ပတ်သက်လာရင် သင့်လျော်တဲ့ လက်တွဲဖော်နဲ့တွေ့နိုင်ဖို့အခွင့်အရေးကောင်းတွေနဲ့ လွဲသွားတတ်ပါတယ်။ ဒီပြဿနာကို ကျော်လွှားနိုင်ဖို့အတွက် သင့်အနေနဲ့ အချစ်ကို ရှာဖွေတဲ့အခါမှာ လက်တွေ့ကျတာတွေကို နောက်မှာထားပြီး ခံစားချက်လေးကို အနည်းငယ် ထည့်သွင်းစဉ်းစားသင့်ပါတယ်။
Credit:ဖိုးသူတော်