top of page

ခြေထောက်ကို ကြည့်ပြီးသူ့ရဲ့ ကို်ယ်ရည်ကိုယ်သွေးကို ခန့်မှန်းကြမလား။ ဖော်ပြထားတာလေးတွေ ဟုတ် မဟုတ် ပြန်တိုက်ကြည့်ပါဦးနော်။

ခြေညှိုးရှည်သူ

ဒုတိယခြေချောင်းက ခြေမထက်ရှည်နေရင် ဒါက Greek Foot လို့ခေါ်ပါတယ်။ ဒီလိုလူတွေက တက်ကြွတယ် ၊ သွက်လက်တယ် ၊ ကိုယ့်ရည်မှန်းချက်အတိုင်း လုပ်ဆောင်တတ်သူတွေပါ။ စိတ်ဓာတ်ကောင်းတယ် ၊ တခြားသူတွေကို စိတ်ဓာတ်တက်ကြွအောင် လှု့ံဆော်ပေးနိုင်တယ်။ ဒါပေမဲ့ စိတ်ဖိစီးလွယ်တယ်လို့ဆိုပါတယ်။

 

ခြေဖဝါးကြီးသူ

ခြေဖဝါးကြီးပြီး ခြေချောင်းရှည်နေရင် Roman Foot လို့ခေါ်ပါတယ်။ သူတို့တွေက Social ဘုရင်တွေပါ။ အပြောအဆိုကောင်းတယ်။ လူအများကို ကျအောင်ပြောနိုင်တယ်။ လူတွေကြားထဲသွားလာ လှုပ်ရှားနေရတာကြိုက်တယ်။ ခြေဖဝါးကြီးပြီး ခြေညှိုးနဲ့ ခြေခလယ်ရှည်သူတွေဟာ စွမ်းအားကြီးသူတွေဖြစ်ပြီး ခရီးသွားလာရတာကို ကြိုက်သူတွေဖြစ်တတ်ကြပါတယ်။

ခြေထောက်သေးသူ

ခြေထောက်သေးသေးသွယ်သွယ်လေးတွေကို Egyptian Foot လို့ခေါ်ပါတယ်။ သူတို့တွေဟာ တသီးတသန့်နေရတာကို သဘောကျပါတယ်။ စိတ်ခံစားချက်ကိုလည်းတော်ရုံနဲ့ မဖွင့်ထုတ်ကြပါဘူး။ အသည်းမာသူလေးတွေပါ။ စိတ်လိုက်မာန်ပါ လုပ်တတ်သူတွေလည်း ဖြစ်ကြပါသေးတယ်။

ခြေဖဝါးပြန့်ကားသူ

ခြေဖဝါးပြန့်ကားသူ ခြေဖဝါးကြီးသူတွေက အလုပ်အရမ်းလုပ်သူတွေပါ။ အသားမာတွေရှိနေရင်တော့ သူတို့ဟာ အအားမနေတတ်သူတွေ အလုပ်တွေဆက်တိုက်လုပ်တတ်သူတွေဖြစ်တတ်ပါတယ်။

ခြေဖဝါးယားတတ်သူ

ယားနာရောဂါ တစ်ခုခုကြောင့်မဟုတ်ဘဲ ခြေဖဝါးယားယားနေတယ်ဆိုရင် ဒါက ကျန်းမာရေးကောင်းတဲ့ လက္ခဏာပါတဲ့။ မယားယံဘဲနေတာကမှ ဗီတာမင်ချို့တဲ့တာမျိုး ၊ ဆီးချို ၊ သွိုင်းရွိုက်ပြဿနာတွေ ရှိနေတာဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဖိနပ်ဆိုဒ်နဲ့ အသက်ခန့်မှန်းချက်

ကိုယ်စီးတဲ့ ဖိနပ်ဆိုဒ်ကိုကြည့်ပြီး ဘယ်လောက်ထိ အသက်ရှည်မလဲ ကြည့်ရအောင်။ ဒါက EU Size တွေပါ။

ဖိနပ်ဆိုဒ် = အသက်

၃၅= ၆၄-၆၉ နှစ်

၃၆= ရ၀-၇၆ နှစ်

၃၇= ရ၇-၈၂ နှစ်

၃၈= ရ၈-၈၄ နှစ်

၃၉= ရ၃-၇၅ နှစ်

၄၀= ရ၀-၇၂ နှစ်

၄၁= ၆၇-၇၀ နှစ်

၄၂= ၆၆-၆၉ နှစ်

Reference: Women’s Weekly=

ဂျူဂျူး(အခရာ)

bottom of page