top of page

မိမိ၏ #မြန်မာမွေးခုနှစ်ကိုတည်၍ ရ ဖြင့်စားပါ။
#(၁)ကြွင်းသောသူများသည် အိမ်ထောင်ရေးမတည်မြဲသောကံ ပါလာပါသည်။ ထို့ကြောင့် အိမ်ထောင်ဖက်သည် အမြဲလိုလို ခရီးသွားလာနေရသူများ၊ မောင်တစ်ရွာ မယ်တစ်မြို့ဆိုသကဲ့သို့ ခွဲခွာနေရသောသူများနှင့် ပို၍ အကျိုးပေးတတ်ပါသည်။
#(၂)ကြွင်းသောသူများသည် အိမ်ထောင်ရေးကံ အထူးကောင်းတတ်ပါသည်။ ထင်ပေါ်ကျော်ကြားသော၊ ငွေကြေးစီးပွား၊ ရာထူးဂုဏ်ရှိန်ကြီးမြင့်သော အိမ်ထောင် ဖက်နှင့် အကြောင်းဆက် ပေါင်းဖက်ရတတ်ပါသည်။
#(၃)ကြွင်းသောသူများသည် အိမ်ထောင်ပြုရန်
ရည်ရွယ်သည်ကတစ်ယောက်၊ တကယ်အိမ်ထောင်ကျသည်ကတစ်ယောက် ဖြစ်တတ်ပါသည်။ အလုပ်အပြောင်းအလဲ များသော၊ ဘဝကံ အတက်အကျကြမ်းသော အိမ်ထောင်ဖက်မျိုးနှင့် အကြောင်းဆက်ရတတ်ပါသည်။ မင်းမှုထမ်းဝန်ထမ်း၊ လခစားများနှင့် အိမ်ထောင်ကျတတ်ပါသည်။
#(၄)ကြွင်းသောသူများသည် အထူးချမ်းသာကြွယ်ဝသော
သူဌေးသူကြွယ်ကြီးများ၊ ပညာရပ်တစ်ခုခုတွင် ထူးထူးချွန်ချွန်အောင်မြင်သော ပညာရှင်များ၊ ရာထူးဂုဏ် ရှိန်ကြီးမြင့်သောသူများနှင့် အကြောင်းဆက် ပေါင်းဖက်ရတတ်ပါသည်။ အိမ်ထောင်ဖက်၏ အရှိန်အဝါဖြင့် အများသူငါတို့၏ အရေးထား လေးစားခြင်းကို ခံရတတ်ပါသည်။
#(၅)ကြွင်းသောသူများသည် အိမ်ထောင်မမြဲတတ်ခြင်းကို သတိပြုရပေလိမ့်မည်။ ကျန်းမာရေးညံ့သောသူနှင့် အိမ်ထောင်ကျရတတ်ပါသည်။ အိမ်ထောင်မြဲလျှင်ပင် အိမ်ထောင်ဖက် အိမ်ပေါ်မှ မကြာခဏ ဆင်းသွားခြင်း၊ ကွဲလိုက်ပြန်ပေါင်းလိုက်ဖြစ်ခြင်းများ အဖြစ်များတတ်ပါသည်။ မောင်တစ်ရွာ မယ်တစ်မြို့ ခွဲခွာနေရလျှင် ပို၍ အကျိုးပေးစေပေမည်။
#(၆)ကြွင်းသောသူများသည် မထင်မှတ်ဘဲ အိမ်ထောင်ကျတတ်ပါသည်။ မရည်ရွယ်သောသူနှင့် အိမ်ထောင်ကျတတ်ပါသည်။ သို့ရာတွင် အိမ်ထောင်ကျပြီးသည့်နောက် စီးပွားတက်ခြင်း၊ ချမ်းသာသုခ ခံစားရခြင်းများ ကြုံရတတ်ပါသည်။ နေရာ ဒေသတစ်ခု၊ လုပ်ငန်းတစ်ခုတည်းတွင် စွဲမြဲစွာနေထိုင်လုပ်ကိုင်သောအိမ်ထောင်ဖက် နှင့် အကြောင်းဆက်ရတတ်ပါသည်။
#(၀)ကြွင်းသောသူများသည် မိဘအသိုင်းအဝိုင်းက သဘောမတူသောသူနှင့် အိမ်ထောင်ကျတတ်ပါသည်။ အိမ်ထောင်ပြုရန်ကိစ္စတွင် အထစ်အငေါ့ အနှောင့်အယှက် များတတ်ပါသည်။ အိမ်ထောင်ကျပြီးသည့်နောက်တွင်လည်း တစ်ယောက်တစ်နေရာစီ ခွဲနေရသည်က များတတ်ပါသည်။ နှစ်ဖက်အသိုင်းအဝိုင်း အဆင်မပြေ မှုကြောင့် အိမ်ထောင်ရေးတွင် စိတ်ရှုပ်ရတတ်ပေသည်။ 
(ကံ ဉာဏ် ၀ီရိယ ၃ ချက်လုံးညီညွတ်အောင် ချိန်ဆ အားထုတ်နိုင်ကြပါစေသောဝ်)
သဗ္ဗေဓမ္မာ
ဇင်ယော်နီ

bottom of page