
ပါမောက္ခ ဒေါက်တာ ဘုတလင် ထွန်းလင်း ကိုယ်တိုင် တွက်ချက်ရေးသားထားသော (၇)ရက် သားသမီးများ အတွက် မုချမှန်ကန် ဧကန် မလွဲသော ကောဇာသက္ကရာဇ် ၁၃၇၈ခုနှစ်- ၁၃၇၉ခုနှစ်(၂၀၁၇ခုနှစ်) အတွက် တစ်နှစ်စာ ဟောချက်များ
တနင်္ဂနွေ
စိတ်လေနေသော နှစ်ဖြစ်သည်။ တစ်ခုတည်း တစ်မျိုးတည်း တသမတ်တည်း ဆောင်ရွက်ချင်စိတ် မရှိဘဲ ပြောင်းလဲလုပ်ချင်စိ်တ်၊ ရွှေ့ပြောင်းသွးလာလိုစိတ် တွေဖြစ်ပေါ်မည်။ ရည်ရွယ်ချက်များမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါက အောင်မြင်ပါမည်။ အချစ်ရေးမှာ အဆင်ပြေလိုက် မပြေလိုက် ဖြစ်ပြီးမှ ယူဖြစ်မည်။ ချစ်သူ သစ္စာဖောက်တတ်၍ ဂရုစိုက်ရမည်။ လုပ်ငန်းတိုးတက်မှု၊ ရာထူးတက်မှု၊ လစာတိုးမှုတွေ ဖြစ်မည်။ အိမ်၊ နေရာ၊ အဆောက်အဦးတို့ ပြောင်းရွှေ့မှု၊ ဆောက်လုပ်မှု၊ ရောင်းမှု၊ ၀ယ်မှုတို့ဖြစ်မည်။ ရပ်ဝေးခရီးသွားရမည်။ ပြည်တွင်း၊ ပြည်ပခရီးများ ရောက်မည်။ ကျန်းမာရေး ကောင်းမည်။ စီးပွားရေးမှာ အသက် ၁၇၊ ၂၂၊ ၂၄၊ ၂၅၊ ၃၀၊ ၃၂၊ ၃၃၊ ၃၈၊ ၄၀၊ ၄၁၊ ၄၆၊ ၄၈၊ ၄၉၊ ၅၄၊ ၅၆၊ ၅၇၊ ၆၂၊ ၆၄၊ ၆၅၊ ရ၀၊ ရ၂၊ ရ၃နှစ် တို့ ကံကောင်းကြပါမည်။ ကံမကောင်းသောသူတွေကတော့ အသက် ၁၉၊ ၂၃၊ ၂၇၊ ၃၁၊ ၃၅၊ ၃၉၊ ၄၃၊ ၄၇၊ ၅၁၊ ၅၅၊ ၅၉၊ ၆၃၊ ၆၇၊ ရ၅နှစ် တို့ဖြစ်ပါသည်။ စီးပွားရေး ကံကောင်းမည့် အသက်ပိုင်းရှိသူတို့ အနေဖြင့် ကိုယ်ပိုင်လုပ်ငန်း၊ ရှယ်ယာလုပ်ငန်းတို့ကို ရဲဝံ့စွာ လုပ်ကိုင်ဆောင်ရွက် ကြခြင်းဖြင့် ချမ်းသာကြွယ်ဝမှုရကြပါမည်။ ကံမကောင်းသော အသက်ပိုင်း ရှိသူတို့မှာ ဤနှစ်တွင် ဘာတစ်ခုမှ တိုးချဲ့မလုပ်သင့်ဘဲ ဆင်ခြင်စွာဖြင့် သွးလာနေထိုင်ကြရပါမည်။ ဆုံးရှုံးမှုများနိုင်ပါသည်။
အကျိုးပေးဂဏန်း- ၁၊ ၆၊ ၉ တို့ဖြစ်ပါသည်။
အထူးဟော- လူယုံမထားသင့်ပါ။
ယတြာ- တနင်္ဂနွေနေ့တိုင်း အရဟံဂုဏ်တော် သက်စေ့ရွက်ပါ။ အောင်သပြေပန်း၊ အုန်းဆွမ်း၊ အကြော် (၆)ခုကပ်လှူပါ။
တနင်္လာ
၂၀၁၇ခုနှစ်တွင် ရည်မှန်းချက် ကြီးခြင်းနှင့် စိတ်ရောလူပါ ပြုပြင်ပြောင်းလဲမှု တွေ ဖြစ်လာမည်။ ဆန္ဒစောမှု၊ စိတ်မြန်မှု၊ စိတ်ဆိုးသော်လည်း ပြေလည်သူ ဖြစ်ပါသည်။ လွတ်လပ်မှု လိုလားသည်။ ချုပ်ချယ်တာ မကြိုက်ပါ။ မဟုတ်မခံစိတ်ရှိသူ ဖြစ်သည်။ တစ်ခါတရံ တယူသန် စိတ်ရှိသည်။ အပေါင်းသင်းတွေ များမည်။ တစ်ခါတရံ လူရွေးပေါင်းတတ်သည်။ ငါသိငါတတ် ငါဆရာလုပ်ချင် တတ်သူဖြစ်သည်။ ယခုနှစ်မှာ ငွေဝင်ကောင်းလာမည်။ ခရီးစဉ်များမည်။ မရောက်ဖူးသော ခရီးတွေရောက်မည်။ လမ်းခရီး အန္တရာယ် မရှိပါ။ အတိုက်အခံ ပြောဆိုရမှု ရှိမည်။ မလိုသူ ပေါ်မည်။ ရာထူးတက်မည်။ လစာတိုးမည်။ ယာဉ်၊ စက်၊ မြေ၊ အိမ်ပြောင်းလဲမှု၊ အဝင်အထွက်တွေ ဖြစ်မည်။ ၀မ်းဂရုစိုက်ပါ။ အန္တရာယ် မရှိပါ။ ထီ၊ မဲ တို့ပေါက်မည်။ သို့မဟုတ် အမွေရမည်။ လူခင်ချင်း စိတ်ဝမ်းကွဲမည်။ အချစ်ရေးမှာ သူချစ်ကိုယ်ချစ် တစ်ဦး၊ မောင်လိုနှမလို တစ်ဦး၊ ကိုယ်ကမချစ်ဘဲ ဇွတ်လိုက်သူက တစ်ဦးပေါ်မည်။ သူချစ်ကို်ယ်ချစ်နှင့် ယူဖြစ်မည်။ သို့သော် မိဘတို့ အစပိုင်းသဘောမတူတတ်ပါ။ စီးပွားရေးကောင်းမည်။ တနင်္လာသား သမီးများ ကံကောင်းသော အသက်ပို်င်းတို့မှာ ၁၇၊ ၁၉၊ ၂၁၊ ၂၃၊ ၂၄၊ ၂၇၊ ၂၉၊ ၃၁၊ ၃၂၊ ၃၅၊ ၃၇၊ ၃၉၊ ၄၀၊ ၄၃၊ ၄၅၊ ၄၇၊ ၄၈၊ ၅၁၊ ၅၃၊ ၅၅၊ ၅၆၊ ၆၁၊ ၆၃၊ ၆၄၊ ၆၇၊ ရ၁၊ ရ၂၊ ရ၅၊ ရ၇၊ ရ၉၊ ၈၀နှစ်တို့ဖြစ်ပါသည်။ ကံမကောင်သော အသက်ပိုင်းတို့မှာ ၁၈၊ ၂၂၊ ၂၆၊ ၂၈၊ ၃၀၊ ၃၄၊ ၃၆၊ ၄၂၊ ၄၆၊ ၅၀၊ ၅၉၊ ၆၆၊ ရ၀နှစ်တို့ ဖြစ်ပါသည်။ ဤ ၂၀၁၇ခုနှစ်တွင် ကံကောင်းကြမည့်သူများမှာ ရဲဝံ့စွာ လွတ်လပ်စွာ စီးပွားရေး လုပ်လျှင် အောင်မြင် ချမ်းသာကြမည် ဖြစ်ပါသည်။ စီးပွားရေး ကံမကောင်းကြသော အသက်ပိုင်းရှိသူတို့မှာတော့ ဤ ၂၀၁၇မှာ စွန့်စားစွာ မလုပ်သင့်ကြပါ။ လုပ်လျှင်ဆုံးရှုံးမှု ၊လူလိမ်ခံရမှု တို့ဖြစ်တတ်ပါသည်။
အကျိုးပေးဂဏန်း- ၂၊ ၄၊ ၈ ဖြစ်ပါသည်။
အထူးဟော- စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ- တနင်္လာနေ့ နံနက်တွင် ဘုရားနှင့် သံဃာတော်တွေကို ဆွမ်းလောင်းပါ။ လမ်းသန့်ရှင်းရေး လုပ်ပါ။ ပဌာန်း သက်စေ့ရွက်ပါ။
အင်္ဂါ
ငါသိငါတတ် ငါဆရာလုပ်တတ်၏။ ဇွဲကောင်း၏။ ဖြတ်ထိုးဉာဏ်ကောင်း၏။ ရည်ရွယ်ချက်ကြီး၏။ လျှို့ဝှက်မှု လိုလား၏။ အတွေးအခေါ် အမြော်အမြင် ကြီး၏။ လျှို့ဝှက်မှုတွေ ရှိ၏။ ကွက်ကျော်မြင် အကဲခတ်ကောင်းသည်။ အချစ်ရေးတွင် စွဲလမ်းသူ၏ ငြိုငြ်မှုများ ခံရမည်။ အိမ်ထောင်သည်များ သစ္စာဖောက်တတ်သည်။ စီမံကိန်းချပြီး လုပ်ရသော လုပ်ငန်းများ အောင်မြင်မည်။ လုပ်ငန်းတိုးတက်မှု ရှိမည်။ ထီ၊ မဲပေါက်မည်။ အမွေရမည်။ မြေရောင်း၊ မြေဝယ်တို့ပြောင်းလဲမှု၊ ရောင်းထွက်မှု၊ ၀ယ်ရမှု၊ ပြုပြင်မှု တွေ ဖြစ်မည်။ အလူအတန်းပြုဖြစ်မည်။ ပစ္စည်းပျောက်ကိန်း ရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးများ သွားရမည်။ ကြီးသူ တစ်ဦး ကျန်းမာရေး ဂရုစိုက်ပါ။ စီးပွားရေး ကောင်းသော အင်္ဂါသားသမီးများမှာ အသက် ၂၂၊ ၂၃၊ ၂၆၊ ၃၀၊ ၃၁၊ ၃၄၊ ၃၈၊ ၃၉၊ ၄၂၊ ၄၆၊ ၄၇၊ ၅၀၊ ၅၄၊ ၅၅၊ ၅၈၊ ၆၂၊ ၆၃၊ ရ၀၊ ရ၁နှစ်တို့ ဖြစ်ကြပါသည်။ ကံမကောင်းသော အင်္ဂါသားသမိီးများ၏ အသက်ပိုင်းမှာ ၁၇၊ ၂၀၊ ၂၁၊ ၂၅၊ ၂၉၊ ၃၃၊ ၃၇၊ ၃၈၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၆၉၊ ရ၃နှစ်တို့ ဖြစ်ကြပါသည်။ ကံကောင်းသော သူတို့သည် ၂၀၁၇ခုမှာ အထူးကြိုးစားလုပ်ဆောင်ခြင်းဖြင့် ချမး်သာကြပါမည်။ ကံမကောင်းသော သူများမှာ ဆင်ခြင်ရပါမည်။ ဆုံးရှုံးမှု ဖြစ်တတ်ပါသည်။
အကျိုးပေးဂဏန်း- ၃၊ ၆၊ ၉ တို့ဖြစ်ပါသည်။
အထူးဟော- ဆန္ဒမစောသင့်ပါ။
ယတြာ- အင်္ဂါနံနက်တွင် အင်္ဂါနံဘုရားကို အောင်သပြေ ကပ်လှူပြီး ပဌာန်းသက်စေ့ရွက်ပါ။
ဗုဒ္ဓဟူး
သံယောဇဉ်ကြီးခြင်း၊ စိတ်မြန်ခြင်း၊ တရားမျှတမှုလိုလားခြင်း၊ ရည်ရွယ်ချက်များခြင်း၊ လွတ်လပ်မှုလိုလား သူလည်း ဖြစ်ပါသည်။ ဇွဲကောင်းသည်။ အတွေးများသူ ဖြစ်သည်။ ကွက်ကျော်မြင်သည်။ အကဲခတ်ကောင်းသည်။ စိတ်ကောင်းရှိသည်။ လျှို့ဝှက်လုပ်တတ်ခြင်းလည်း ရှိသည်။၂၀၁၇ခုနှစ်မှာ သင့်ရဲ့ဇာတာမှာ ရက်ရှည် ကောင်းလိုက်၊ ရက်အနည်းငယ် မကောင်းလိုက် ဖြစ်တတ်၍ သတိထားရပါမည်။ လုပ်တူကိုင်ဘက်ချင်း မနာလိုသူ ရှိမည်။ ပြိုင်ဘက် ရှိနေသည်။ သို့သော် သင့်အပေါ် မကျော်လွှားနိုင်ပါ။ အောင်မြင်မှုရှိမည်။ ကြိုးစားမှု အားကောင်းသလောက် တိုးတက်မှု အားကောင်းမည်။ ကျန်းမာရေး၊ စီးပွားရေး၊ အလုပ်ကိုင်များ ကောင်းမည်။ လူလိမ်၊ ငွေလိမ် ခံရကိန်းရှိသည်။ ဂရုစိုက်ပါ။ အချစ်ရေးမှာ စန်းပွင့်မည်။ ချစ်သူတွေ့မည်။ လက်ဆောင်တွေရမည်။ မရည်ရွယ်ဘဲ ရုတ်တရက် ရောက်ရသော ခရီးများ ရောက်မည်။ အန္တရာယ်မရှိပါ။ စီးပွားရေး ကံကေင်းသောာ အသက်ပိုင်းများမှာ ၁၇၊ ၁၉၊ ၂၁၊ ၂၂၊ ၂၅၊ ၂၇၊ ၂၉၊ ၃၀၊ ၃၃၊ ၃၅၊ ၃၇၊ ၃၈၊ ၄၁၊ ၄၃၊ ၄၅၊ ၄၆၊ ၄၉၊ ၅၁၊ ၅၃၊ ၅၄၊ ၅၇၊ ၅၉၊ ၆၁၊ ၆၂၊ ၆၇၊ ၆၉၊ ရ၀၊ ရ၃တို့ ဖြစ်ကြပါသည်။ ကံမကောင်းသော အသက်ပိုင်းရှိသူတို့မှာ ၂၁၊ ၂၄၊ ၂၈၊ ၃၂၊ ၃၆၊ ၄၀၊ ၄၄၊ ၄၈ ၊၅၂၊ ၅၆၊ ၆၀၊ ၆၄၊ ၆၈၊ ရ၂နှစ်တို့ ဖြစ်ကြပါသည်။ ထို့ကြောင့် ၂၀၁၇ခုနှစ်မှာ ကံကောင်းသော အသက်ပိုင်းရှိသူတို့သည် စီးပွားရေးကို ကြိုးစားဆောင်ရွက်ပါက ချမ်းသာကြွယ်ဝပါမည်။ ကံမကောင်းသော အသက်ပိုင်းရှိသူတို့သည် အထူးဆင်ခြင်ပါ။ လုပ်လျှင် ဆုံးရှုံးမှုများတတ်ပါသည်။
အကျိုးပေးဂဏန်း- ၄၊ ၉၊ ၆ ဖြစ်ပါသည်။
အထူးဟော- တဇွတ်ထိုးမလုပ်သင့်ပါ။
ယတြာ- ဗုဒ္ဓဟူးနေံရောက်တိုင်း တန်ခိုးကြီးဘုရားကို ရွှေသင်္ဃန်းကပ်ခြင်း၊ ရေသက်စေ့ ရေသပ္ပာယ်ခြင်း၊ အောင်သပြေကပ်လှူပါ။ သုဂတော ဂုဏ်တော်ကို ပုတိီးပတ် သက်စေ့ရွတ်ပါ။ စိတ်ပါ။
ကြာသာပတေး
သတ္တိဇွဲလုံ့လတို့ဖြင့် စိတ်သစ်လူသစ်၊ အားမာန်အပြည့်ဖြင့် ကြိုးစားမှု ပြုလာလိမ့်မည်။ အောင်မြင်မှုတွေလည်း ရမည်။ သို့သော် စိတ်ဓာတ်ကျစရာများ၊ အတိုက်အခံနှင့် မိသားစုအရေး၊ အချစ်ရေးများ ရှုတ်လာလိမ့်မည်။ စိတ်ဓာတ်မကျဘဲ ဆောင်ရွက်ပါက မုချအောင်မြင်မှု ရမည့် နှစ်ဖြစ်ပါသည်။ ဤနှစ်တွင် တိုးတက်မှုတွေရမည်။ အမှတ်တမဲ့ဆောင်ရွက်မှုကြောင့် အမှတ်တရ ဖြစ်စရာလေးတွေလည်း ရမည်။ ရွေ၊ စက်၊ မြေ၊ အိမ်တို့ ပြောင်းလဲမှု၊ ပြောင်းရွှေ့မှု၊ ရောင်းဝယ်မှုတို့ ဖြစ်မည်။ ထီပေါက်ခြင်း၊ အမွေရခြင်း တို့လည်း ဖြစ်မည်။ ရုတ်တရက် ခိုက်မိမှုများ ဖြစ်ပေါ်တတ်၍ ဂရုစိုက်ပါ။ စာမေးပွဲအောင်မြင်မည်။ အင်တာဗျူးတွေ အောင်မြင်မည်။ ပြည်တွင်း ပြည်ပခရီးဝေးများ ရောက်မည်။ အချစ်ရေးမှာ နီးလျှက်နှင့် ဝေးရတတ်သည်။ သံသယတွေ ဖြစ်မည်။ အကြီးအကဲ မိဘတို့က အထင်မြင်လွဲမှားမှုတွေ ဖြစ်မည်။ သို့သော် ယူဖြစ်၊ လက်ထပ်ဖြစ်မည်။ ၀မး်ဂရုစိုက်ပါ။ ကိုယ်ပိုင်စီးပွားရေး၊ စပ်တူရှယ်ယာစီးပွားရေးတွေ ကောင်းမည်။ ပြိုင်ပွဲဝင်ပါက ဆုလာဒ်ရမည်။ အကျိုးပေးကံကောင်း စီးပွားတက်စေသော အသက်ပိုင်းမှာ ၁၇၊ ၁၉၊ ၂၀၊ ၂၃၊ ၂၅၊ ၂၇၊ ၂၈၊ ၃၃၊ ၃၅၊ ၃၆၊ ၄၁၊ ၄၃၊ ၄၄၊ ၄၇၊ ၄၉၊ ၅၁၊ ၅၂၊ ၅၅၊ ၅၇၊ ၅၉၊ ၆၀၊ ၆၁၊ ၆၅၊ ၆၇၊ ၆၈၊ ရ၁၊ ရ၃နှစ်တို့ ဖြစ်ပါသည်။ ကံဇာတာ ညံ့သော အသက်ပိုင်းတို့မှာ ၁၈၊ ၂၂၊ ၂၆၊ ၃၀၊ ၃၄၊ ၃၈၊ ၄၂၊ ၄၆၊ ၅၀၊ ၅၄၊ ၅၈၊ ၆၂၊ ၆၆၊ ရ၀၊ ရ၄၊ ရ၈နှစ်တို့ ဖြစ်ပါသည်။ ကံကောင်းသော အသက်ပိုင်းရှိသူတို့သည် ၂၀၁၇ခုနှစ်မှာ စီးပွားတက်ကြပါမည်။ ကံမကောင်းသော အသက်ပိုင်းရှိသူတိုသည် ဆင်ခြင်ပြီးမှ လုပ်သင့်ပါသည်။
အကျိုးပေးဂဏန်း- ၅၊ ၀၊ ရ ဖြစ်သည်။
အထူးဟော- ရည်ရွယ်ချက်များ အောင်မြင်မည်။
ယတြာ- ကြာသာပတေးနေ့တိုင်း တန်ခိုးကြီးဘုရားကို အောင်သပြေနှင့် အုန်းညွန့်ကပ်လှူပါ။ အုန်းဆွန်းကပ်လှူပါ။ လောကဝိဒူ ဂုဏ်တော်ကို ပုတီးသက်စေ့ စိပ်ပါ။ သက်စေ့ရွက်ပါ။ ပဌာန်း ရွတ်ပါ။
သောကြာ
ဤ၂၀၁၇ခုနှစ်မှာ ရည်ရွယ်ချက်များ ပြောင်းလဲမှုတွေ ဖြစ်နေမည်။ တသမတ်တည်း ဆုံးဖြတ်ချက်ချနိုင်အေင် ကြိုးစားပါ။ စိတ်လေနေမည်။ အတွေးများနေမည်။ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတတ်သည်။ တယူသန် တဇွတ်ထိုးလုပ်ချင် စိတ်တွေ ရှိ၏။ တရားမျှတမှု ရှိသည်။ လွတ်လပ်မှုလည်း လိုလားသည်။ ကွက်ကျော်မြင်သည်။ အကဲခတ်ကောင်းသည်။ သို့သော် ငါသိငါတတ်ငါဆရာ လုပ်တတ်သူဖြစ်သည်။ စွန့်စားခြင်း၊ စူးစမ်းခြင်းလည်း ၀ါသနာပါသည်။ ယခု ၂၀၁၇ခုနှစ်မှာ သင့်ကံမှာ ကောင်းပါမည်။ စီးပွားတက်မည်။ ရာထူးတက်မည်။ လစာတိုးမည်။ ခရီးဝေးယာယီတွေရောက်မည်။ ရွှေ၊ စက်တို့ ၀င်မည်။ အချစ်ရေးကောင်းသည်။ ချစ်သူနှင့် အဆင်ပြေသော်လည်း မိသားစု၊ မိဘတို့က သဘောမတူပြဿနာတွေ ဖြစ်ပေါ်မည်။ သို့သော် သင်ကနိုင်ပါမည်။ ခရီးဝေးတွေရောက်မည်။ လမ်းခရီးအန္တရာယ်မရှိပါ။ ၂၀၁၇ခုနှစ်မှာ စီးပွားတက် အကျိုးပေးသော အသက်ပိုင်းတို့မှာ ၁၇၊ ၁၈၊ ၁၉၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၆၊ ၂၉၊ ၃၀ ၊၃၁၊ ၃၃၊ ၃၄၊ ၃၈၊ ၃၉၊ ၄၁၊ ၄၂၊ ၄၃၊ ၄၅၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀၊ ၅၃၊ ၅၅၊ ၅၇၊ ၅၈၊ ၆၁၊ ၆၂၊ ၆၃၊ ၆၅၊ ၆၆၊ ၆၉၊ ရ၀၊ ရ၁၊ ရ၃၊ ရ၄၊ ရ၇၊ ရ၉၊ ၈၁၊ ၈၂နှစ်တို့ ဖြစ်ပါသည်။ စီးပွားရေး ကံမကောင်းသော အသက်ပိုင်းတို့မှာ ၂၀၊ ၂၄၊ ၂၈၊ ၃၂၊ ၃၆၊ ၄၀၊ ၄၄၊ ၄၈၊ ၅၂၊ ၅၆၊ ၆၀၊ ၆၄၊ ၆၈၊ ရ၂၊ ရ၆၊ ၈၀နှစ်တို့ ဖြစ်ပါသည်။ ကံကောင်းသော အသက်ပိုင်းရှိသူတို့သည် လွတ်လပ်စွာ လုပ်ကိုင်ပါက ချမ်းသာကြီးပွားတိုးတက်မည်။ ကံမကောင်းသော အသက်ပိုင်းတွင်ရှိသော သူများသည် စီးပွားရေး ဆင်ခြင်စွာ လုပ်သင့်ပါသည်။
အကျိုးပေးဂဏန်း- ၆၊ ၁၊ ၈တို့ဖြစ်သည်။
အထူးဟော- စဉ်းစားပြီးမှ ဆောင်ရွက်ပါ။
ယတြာ- သောကြာနေ့တွင် တန်ခိုးကြီးဘုရားကို သီးညွှန့်၊ ထီးဖြူ(၇)လက်၊ နှင့် ဆွမ်းကပ်လှူပါ။ အရဟံဂုဏ်တော်ကို ပုတီးပတ် သက်စေ့ရွတ်ပါ။
စနေ
စိတ်ရင်း၊ စိတ်ဓာတ်မြင့်မြတ်၏။ စိတ်ကောင်းရှိ၏။ တရားမျှတမှု ရှိ၏။ မိဘသားချင်းပေါ် ငဲ့၏။ ဘက်မလိုက်ဝါဒကို နှစ်သက်၏။ ကွက်ကျော်မြင်၏။ တွေးပူတတ်၏။ ရည်ရွယ်ချက်ကြီး၏။ ရည်ရွယ်ချက်များ၏။ ဆုံးဖြတ်ချက် မြန်၏။ ဒေါသကြီးလွယ်သည်။ ပြေလွယ်သည်။ လွတ်လပ်မှု လိုလားသည်။ ချုပ်ချယ်တာ်မကြိုက်ပါ။ အရာရာဝေဖန်ပိုင်းခြား တတ်သည်။ အပေါင်းသင်းရွေးပေါင်း တတ်သည်။ တယူသန် တဇွတ်ထိုး မလုပ်တတ်ပါ။ ကျန်းမာရေး ကောင်း၏။ စီးပွားရေး ကောင်းမည်။ ငွေဝင်ကောင်းပြီး ငွေထွက်ကြမး်တတ်ပါမည်။ အိမ်၊ ခြံ၊ မြေတို့ ပြုပြင်မှု၊ ပြောင်းလဲမှု၊ ရောင်းဝယ်မှုတို့ ဖြစ်တတ်ပါသည်။ ခရီးဝေးယာယီတွေ ရောက်မည်။ ကောင်းသော ကြော်ကြားမှု၊ ကြီးပွားမှု ဖြစ်ပေါ်လာမည်။ ကို်ယ်ပိုင်အလုပ်၊ ရှယ်ယာအလုပ်တို့အကျိုးပေးပါသည်။ ပြည်တွင်း၊ ပြည်ပခရီးတွေ ရောကမည်။ အလုပ်၊ ရာထူးတက်မည်။ ကို်ယ်ချစ်သောသူကို မိဘတို့က သဘောမတူပါ။ မိဘတို့ သဘောတူသောသူကို ယူဖြစ်သွားမည်။ မရောက်ဖူးသော ခရီး၊ မလုပ်ဖူးသော အလုပ်၊ မပေါင်းဖူးသော မိတ်ဆွေတို့နှင့် တွေ့ဆုံပြီး လုပ်ကိုင်ဖြစ်မည်။ အောင်မြင်ပါမည်။ ၂၀၁၇ခုနှစ်တွင် စီးပွားရေး ကံကောင်းသော အသက်ပိုင်းတို့မှာ ၁၈၊ ၂၁၊ ၂၂၊ ၂၄၊ ၂၅၊ ၂၆၊ ၂၉၊ ၃၀၊ ၃၂၊ ၃၃၊ ၃၄၊ ၃၇၊ ၃၈၊ ၄၀၊ ၄၁၊ ၄၂၊ ၄၅၊ ၄၆၊ ၄၈၊ ၄၉၊ ၅၀၊ ၅၃၊ ၅၄၊ ၅၆၊ ၅၇၊ ၅၈၊ ၆၁။ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၉၊ ရ၀၊ ရ၂၊ ရ၃၊ ရ၄၊ ရ၇၊ ရ၈၊ ၈၀၊ ၈၁၊ ၈၂နှစ်တို့ဖြစ်ကြပါသည်။ စီးပွားရေး ကံမကောင်းသော အသက်ပိုင်းတို့မှာ ၁၉၊ ၂၀၊ ၂၃၊ ၂၇၊ ၂၈၊ ၃၁၊ ၃၅၊ ၃၉၊ ၄၃၊ ၄၄၊ ၄၇၊ ၅၁၊ ၅၅၊ ၅၉၊ ၆၃၊ ၆၇၊ ၆၈၊ ရ၁၊ ရ၈၊ ရ၆၊ ရ၉၊ ၈၃၊ ၈၄၊ ၈၇နှစ်တို့ဖြစ်ကြပါသည်။ ထို့ကြောင့် ၂၀၁၇ခုနှစ်တွင် ကံကောင်းသော အသက်ပိုင်းရှိသူတို့မှာ ကြိုးစားလုပ်ကိုင်ပါက ချမ်းသာကြွယ်ဝပါမည်။ ကံမကောင်းသော အသက်ပိုင်းရှိသူတို့သည် ဆင်ခြင်သင့်ပါသည်။
အကျိုးပေးဂဏန်း- ရ၊ ၀၊ ၅ တို့ဖြစ်ပါသည်။
အထူးဟော- အောင်မြင်သူ ဖြစ်ပါမည်။
ယတြာ- စနေနေ့နံနက်တွင် တန်ခိုးကြီးဘုရားကို သွား၍ ထီးနီ (၇)လက်လှူခြင်း၊ ရွက်လှပန်းကပ်လှူခြင်းနှင့်၊ အရဟံဂုဏ်တော် ပုတီးသက်စေ့ရွတ်ခြင်းတို့ ပြုလုပ်ပါ။ အလွန်ကံကောင်းပြီး ချမ်းသာပါမည်။ ကံမကောင်းသောသူများလည်း ကံကောင်းလာပါလိမ့့်မည်။
အလွန်တိကျ သေချာစွာ ရေးသားခြင်းဖြစ်၍ လေ့လာ ကြည့်ရှုမှတ်သားပြီး ဆောင်ရွက်ခြင်းဖြင့် အောင်မြင် ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်
ပါမောက္ခ ဒေါက်တာ ဘုတလင် ထွန်းလင်း