
Zawgyi
တူရာသီဖြားမ်ား
(၉၀% မွန္တယ္ဆိုရင္ Comments ေလးေပးခဲ့ပါ)
(စက္တင္ဘာ ၂၃ ရက္မွေအာက္တိုဘာ ၂၃ ရက္)
(သီတင္းကြၽတ္လ)
တူရာသီသည္ ရာသီ ၁၂ ပါး၏ သတၱမေျမာက္ရာသီခြင္ျဖစ္သည္။
မုိးေကာင္းကင္ရွိ ဤရာသီတြင္လင္းလက္ေနေသာ ၾကယ္ပြင့္မ်ားသည္
ခ်ိန္ခြင္တစ္ခု၏ အသြင္သ႑ာန္အေနအထားပံု ေပၚထြန္းေနေသာ
နကၡတ္႐ုပ္ပံုျဖစ္၏။ ဓါတ္သဘာ၀အရ ၀ါေယာဓါတ္ (ေလဓါတ္)စိုးမိုး၏။
ဓါတ္ဖုိသဘာ၀ျဖစ္၏။ ေသာၾကာၿဂိဳလ္ပုိင္ဆုိင္စိုးမုိးေသာ ရာသီခြင္ျဖစ္၏။
(၆)ဂဏန္း၏အက်ိဳးသက္ေရာက္မႈရွိသည္။ ႏွစ္စဥ္ စက္တင္ဘာလ (၂၃)
ရက္မွ ေအာက္တုိဘာလ (၂၃) ရက္တြင္ေမြးဖြားသူမ်ားသည္
တူရာသီဖြားမ်ားျဖစ္ၾကေလသည္။ ထုိသို႔ အတိအက်မသိဘဲ ျမန္မာလ
သီတင္းကြၽတ္အတြင္းေမြးဖြားသူမ်ားသည္လည္း သီတင္းကြၽတ္အတြင္း
ေမြးဖြားသူမ်ားသည္လည္း တူရာသီဖြားမ်ားဟု တစ္ထစ္ခ်မွတ္ယူႏုိင္သည္။
တူရာသီဖြားတို႔၏ ဘ၀အေနအထားမ်ားကို ေအာက္ပါျဖစ္စဥ္မ်ားအတုိင္း ေလ့လာသံုးစြဲႏုိင္ ၾကေပေတာ့သည္။ တူရာသီဖြားတို႔၏ ပင္ကိုယ္သဘာ၀ႏွင့္ အက်င့္စ႐ုိက္လကၡဏာမ်ား တူရာသီဖြားတုိ႔သည္ စိတ္ခံစားမႈကို အထူးဦးစားေပးသူမ်ားျဖစ္ၾက၏။
ႏွလံုးသားခံစားမႈအတုိင္း ဘ၀ကိုေလွ်ာက္လွမ္းၾက၏။
ခံစားခ်က္ျပင္းထန္သူမ်ား ျဖစ္ၾက၏။ တူရာသီဖြားတုိ႔၏ဘ၀တြင္
လြမ္းေမာဖြယ္ရာအျဖစ္အပ်က္မ်ားျဖင့္ ျပည့္ႏွက္ေနတတ္၏။
အႏုပညာခံစားမႈအင္အားျပင္းထန္၏။ အလွအပႀကိဳက္၏။ အသန္႔အျပန္႔၊
အေကာင္းအမြန္ကိုလည္း သူမ်ားထက္ ပိုမက္ေမာၾက၏။ အထူးသျဖင့္
တူရာသီဖြားတို႔သည္ တစ္ခုမဟုတ္တစ္ခု ညႇိဳ႕ဓါတ္အားေကာင္းတတ္ၾက၏။ ေဘးလူေတြကခ်စ္ခင္ၾကည္ညိဳတတ္ၾက၏။
တူရာသီဖြားတို႔ကိုယ္တိုင္ကလည္း လူေပါင္းဆန္႔၏။ ခင္မင္မႈႏွင့္ ခ်စ္ေမတၱာသံေယာဇဥ္ကို အေလးအနက္ထား၏။ အလြန္သိမ္ေမြ႕ေသာ
ႏွလံုးသားပုိင္ရွင္မ်ားျဖစ္ၾက၏။ သို႔ေသာ္ေဒါသျဖစ္က ဘာမွ်မျမင္တတ္ၾကေတာ့ေခ်။ ထုိ႔အျပင္ ေငြအသံုးၾကမ္းသူမ်ားလည္းျ ဖစ္တတ္ၾက၏။
အထူးသတိျပဳရန္မွာ တူရာသီဖြားတုိ႔သည္ စိတ္ႏုတတ္သည္။ စိတ္ထိခိုက္လြယ္သည္။ အျပင္ပန္း ဘာမွမျဖစ္သလုိ ဟန္ေဆာင္ထားေသာ္လည္း စိတ္ထဲက ထိခိုက္ခံစားရတာ၊ စိတ္ေကာက္မိတာမ်ိဳး မသိမသာျဖစ္တတ္၏။ ၎င္းစ႐ုိက္ကိုလည္း လူမသိေအာင္ ဖံုးကြယ္ထားလိုတတ္၏။ျပင္သင့္၏။
ထုိ႔အျပင္ အယံုလြယ္တတ္၏။ အေပ်ာ္အပါးတြင္ ၀ါသနာထံုတတ္ျခင္းကိုလည္းျပင္သင့္၏။
အခ်စ္ေရး၊ အိမ္ေထာင္ေရး၊ ဘ၀တည္ေဆာက္မႈ
တူရာသီဖြားတုိ႔သည္ ခ်စ္ေမတၱာစိတ္ႀကီးမားတတ္ၾက၏။
ႏွလံုးသားခံစားခ်က္ ျပင္းထန္တတ္ၾက၏။ သို႔ေသာ္ ေအးတိေအးစက္ႏွင့္
ႏႈတ္မွဖြင့္ေျပာဖုိ႔ ၀န္ေလးတတ္ၾက၏။ မိမိကို ခ်စ္သူက အၿမဲအားမလုိအားမရႏွင့္ သံသယျဖစ္ေနတတ္ၾက၏။ ကိုယ္တုိင္ကလည္း စိတ္ဒြိယျဖစ္စရာမ်ားႏွင့္ ခ်စ္ေနတတ္ၾကရ၏။ ရပ္ေ၀းမွသူႏွင့္ ခ်စ္ႀကိဳးသြယ္မိတတ္ၾက၏။ ေရႊးခ်ယ္ရခက္ေသာ အေနအထားမ်ားၾကံဳရတတ္၏။ ခ်စ္ဦးသူႏွင့္ လမ္းခြဲရတတ္၏။ ကြဲကြာသြားေသာခ်စ္သူကို တစ္သက္လံုး တသသလြမ္းေနမိတတ္ၾက၏။ အခ်စ္ႀကီးသူမ်ားျဖစ္တတ္ၾကသည္။ ေမတၱာႏွင့္သစၥာကို အထူးကိုးကြယ္သြားတတ္ၾက၏။
မည္သည့္ကိစၥမဆုိ အစြဲအလမ္းႀကီးမားတတ္ၾက၏။
သို႔ေသာ္တူရာသီဖြားတုိ႔သည္ အိမ္ေထာင္ျပဳၿပီးေသာအခါတြင္လည္း
ကိုယ့္အိမ္ေထာင္ဖက္အေပၚ ခ်စ္ခင္ယုယစြာ အလုိလိုက္တတ္ၾက၏။
အိမ္ေထာင္ျပဳၿပီးလွ်င္ ဘ၀ေအာင္ျမင္တုိးတက္မႈၾကံဳတတ္၏။ ထုိ႔ျပင္
စိတ္ခံစားမႈကို ဦးစားမေပးပဲ အိမ္ေထာင္ေရးကို ေရြးခ်ယ္သင့္သည္။
႐ိုး႐ိုးေအးေအးေနထုိင္ကာ မိမိကို ပါရမီျဖည့္ေပးေသာ
အိမ္ေထာင္ဖက္ႏွင့္ အိမ္ေထာင္ျပဳရတတ္၏။ ထုိကဲ့သို႔
႐ိုး႐ိုးေအးေအးေနျခင္းကိုပင္ မိမိက စိတ္တုိင္းမက်
ျဖစ္ေနတတ္ေသးသည္။ မည္သို႔ပင္ျဖစ္ေစ တူရာသီဖြားတုိ႔သည္
အိမ္ေထာင္ဖက္၏ ကံေၾကာင့္ ႀကီးပြားခ်မ္းသာတတ္၏။
အိမ္ေထာင္ေရးသုခကို ရရွိတတ္ၾက၏။
အိမ္ေထာင္ျပဳေသာအခါ ကရကဋ္ရာသီဖြားမ်ားကိုေရွာင္သင့္၏။ က်န္ရာသီဖြားမ်ားႏွင့္ သင့္တင့္မွ်တမႈရွိ၍ လက္တြဲႏုိင္သည္။
အထူးသတိျပဳရန္မွာ တူရာသီဖြားတို႔သည္ ဘာသာေရးပါရမီဓါတ္ခံအားေကာင္း၏။ ေလာကီပညာႏွင့္ စာေပတို႔တြင္ ပါရမီရင့္သန္၏။ ဂါထာမႏၲန္အထူးစြမ္းတတ္ၾက၏။ သမာဓိရွိ၏။ ၿငိမ္းခ်မ္းမႈကို အထူးလုိလား၏။ ထုိ႔ေၾကာင့္ ထုိစာေပ ဗဟုသုတကိစၥ၊ ဘာသာေရးခံယူခ်က္မ်ားႏွင့္
အခ်စ္ေရးအိမ္ေထာင္ေရးတည္ေဆာက္မႈတုိ႔ အစြန္းမေရာက္ေသးဘဲ
မွ်တစြာ ေနထုိင္ေလွ်ာက္လွမ္းသြားႏိုင္ရန္ အထူးလိုအပ္ေပသည္။
က်န္းမာေရး
တူရာသီဖြားတုိ႔သည္ က်န္းမာေရးႏွင့္ပတ္သက္၍ ခါးေနရာတစ္၀ုိက္
အလြန္ေပ်ာ့သည္။ အၿမဲတမ္း ခါးႏွင့္ပတ္သက္၍ ဂ႐ုစိုက္ရမည္။ခါးကိုက္၊
ခါးနာ၊ ခါးေညာင္းေ၀ဒနာမ်ား မၾကာခဏျဖစ္တတ္၏။
အစာအိမ္အူလမ္းေၾကာင္းႏွင့္ ပတ္သက္၍ အစာမေၾကျခင္း၊
အစာအိမ္အခ်ဥ္ေပါက္ျခင္းျဖစ္တတ္၍ အစားအေသာက္အၿမဲသတိရွိပါ။
၀မ္းကို ဂ႐ုစိုက္ပါ။ ၀မ္းခ်ဳပ္၊ ၀မ္းပ်က္၊ ၀မ္းကိုက္တုိ႔ျဖစ္တတ္၏။ထုိ႔ျပင္
လည္ေခ်ာင္း၊ ႏွာေစး၊ အာသီးေရာင္ျခင္းတို႔လည္း ျဖစ္တတ္၍
အေအးမခံသင့္။ ေလေအးစက္ သိပ္မသံုးသင့္ပါ။ အထူးသျဖင့္
တူရာသီဖြားအမ်ိဳးသမီးမ်ား ရင္သားတြင္ အနာျဖစ္တတ္၏။
တူရာသီဖြားအားလံုးတြင္ ႏွလံုးသားခံစားမႈေၾကာင့္ အလြမ္းနာက်တတ္၏။
သူတစ္ပါးကိုဖြင့္ေျပာျပဖို႔ခက္ေသာ ေ၀ဒနာကို သန္းေခါင္ယံတေရးႏိုးခ်ိန္မ်ားတြင္ မြန္းၾကပ္လိႈက္ေမာေအာင္ ခံစားရတတ္၏။ ေဆးလိပ္ကို ေရွာင္ပါ။ ပ်ားရည္၊ ၀က္သားတို႔ကို မၾကာခဏစားပါ။ ပဲအမ်ိဳးမ်ိဳး၊ ပန္းသီး၊ ဖရဲသီး၊ သစ္ခ်သီး၊ ဗာဒံသီးတုိ႔ကို စားပါ။ က်န္းမာေစေသာ ဓါတ္စာမ်ားျဖစ္၏။
အာနာပါန ဘာ၀နာပြားထံုျခင္းျဖင့္ ေရာဂါကင္းစင္ေအာင္ ကုသသင့္ၾကေပ၏။ ထုိ႔ျပင္ အားလပ္ခ်ိန္တို႔တြင္ ေတးဂီတကို နားေထာင္ အနားယူျခင္းျဖင့္
က်န္းမာေရးေကာင္းေစတတ္ၾက၏။
သတိျပဳစရာေဘးအႏၲရာယ္မ်ား
တူရာသီဖြားတုိ႔သည္ ေျမၿပိဳ၊ တြင္းၿပိဳ၊ ေတာင္ၿပိဳအႏၲရာယ္မ်ားကို
သတိထားသင့္၏။ သတိထားသင့္သည္ဆိုေသာ္လည္း အစဥ္အၿမဲ
ျဖစ္တတ္သည္မဟုတ္ဘဲ ေက်ာက္တူးျခင္း၊ သဲက်င္းတူးျခင္း၊
သတၱဳအမ်ိဳးမ်ိဳး တူးေဖာ္ျခင္းတုိ႔ႏွင့္ဆုိင္ရာ ေနရာေဒသတုိ႔သို႔ သြားေရာက္
လုပ္ကိုင္ျခင္းျပဳေသာအခါတုိ႔တြင္သာ သတိျပဳရန္ျဖစ္၏။ စိုးရိမ္ရန္မရွိပါ။
အထူးသတိျပဳရန္မွာ တူရာသီဖြားတို႔သည္
ဘာသာေရးပါရမီစြမ္းအားႀကီး႐ံုသာမက
အနာရဂါတ္တြင္ျဖစ္ပ်က္စရာတုိ႔ကို ႀကိဳတင္သိျမင္ႏိုင္စြမ္းတတ္၏။
အိပ္မက္ထူး၊ နိမိတ္ထူးမ်ား ေပးတတ္သျဖင့္ ယံုၾကည္ရာ
ဂါထာမႏၲန္တို႔ကိုသာ ရြတ္ဆုိပြားထံု ထားသင့္ ေပေတာ့၏။
အစစႀကိဳတင္ကာကြယ္ႏိုင္စြမ္းလည္းရွိၾကေပသည္။
တူရာသီဖြားမ်ား၏ အလုပ္အကိုင္ႏွင့္ စီးပြားေရးအေနအထားမ်ား
တူရာသီဖြားတို႔သည္ ဘ၀ကို တည္ၿငိမ္ေအးခ်မ္းစြာႏွင့္ ေအာင္ျမင္မႈရရန္
အၿမဲတမ္းႀကိဳးစားေနတတ္ၾက၏။ ၾကံစည္ေနတတ္ၾက၏။လူ႔သဘာ၀ကို
ကြၽမ္းက်င္စြာနားလည္တတ္ၾက၏။ ေရွ႕ေရးကို
ႀကိဳတင္ေတြးေခၚေျမာ္ျမင္ႏိုင္စြမ္းလည္း ရွိၾက၏။ သင့္တင့္မွ်တစြာ
ေပါင္းသင္းဆက္ဆံႏိုင္စြမ္းလည္း ရွိၾက၏။
ေမွ်ာ္မွန္းခ်က္ႀကီးမားတတ္ၾက၏။ သို႔ေသာ္တစ္ခါတစ္ရံတြင္
ကိုယ္ျဖစ္ခ်င္သည္ကိုသာသိၿပီး ကိုယ့္ရလမ္းကိုသာ
ၾကည့္သလုိျဖစ္တတ္၍ သတိျပဳပါ။ စိတ္ကူးယဥ္ေနတတ္ၾကသျဖင့္
လက္ေတြ႕အေကာင္အထည္မေဖာ္မိဘဲ ေလထဲတြင္
တုိက္အိမ္ေဆာက္သလုိ ျဖစ္တတ္ၾက၏။
ဘာသာေရးေခါင္းေဆာင္မ်ားလည္း ျဖစ္ေနတတ္ၾက၏။
လူအမ်ားေပၚတြင္ နည္းအမ်ိဳးမ်ိဳးႏွင့္ ဆြဲေဆာင္ႏိုင္စြမ္းတတ္ၾက၏။
အႏုပညာတြင္ အထူးပါရမီရင့္သန္တတ္ၾက၏။
တည္ၾကည္ေျဖာင့္မတ္တတ္၏။ ေငြေၾကးမ်က္ႏွာကို လံုး၀မၾကည့္။
ထုိ႔အတူ စိတ္ထဲတြင္ မဟန္သည္ထင္က အားလံုးျပဳျပင္တတ္ၾက၏။
ခင္မင္မႈကို တန္ဖိုးထား၍ ဆက္ဆံတတ္ၾက၏။ ရတနာပစၥည္းမ်ားစြာ
ပိုင္ဆုိင္တတ္ၾက၏။ အထူးသတိျပဳရန္မွာ တူရာသီဖြားတို႔သည္
ေလာဘနည္း၏။ ေရာင့္ရဲလြယ္၏။ ထို႔ေၾကာင့္ ကိုယ္စြမ္းကိုယ္စရွိသေလာက္ မျဖစ္ထြန္းဘဲ ေနတတ္၏။
လက္ရွိအေနအထားေလးအေပၚတြင္ ေက်နပ္ေပ်ာ္ရႊင္ေနတတ္၏။
ဆင္ျခင္ပါေလ။ မည္သည့္အလုပ္မဆုိ ျပဳလုပ္ရာတြင္ အစပိုင္း၌
အလြန္ခက္ေနတတ္၏။ သို႔ေသာ္ မည္သည့္ကိစၥမဆုိ ေခတၱျမင္႐ံု၊
ေလ့လာ႐ံုျဖင့္ သိလြယ္တတ္လြယ္ျခင္း၊ ကြက္ေက်ာ္ျမင္တတ္ျခင္း၊
အနီးစပ္ဆံုးအေနအထားအထိ အဆံုးသတ္အေျဖကို
တြက္စစ္သံုးသပ္ႏိုင္ျခင္း၊ အလုပ္လုပ္ရာတြင္ အစ၊ အလယ္၊
အဆံုးအေနအထားတုိ႔ကို သံုးသပ္ကိုင္တြယ္လုပ္ေဆာင္မႈ
အလြန္ထက္ျမက္ျခင္းတို႔ေၾကာင့္ ေအာင္ျမင္မႈ အထြဋ္အထိပ္ကို
ရရွိတတ္ၾက၏။
ကိုယ့္ကိုယ္ကို အထင္ႀကီးေသာညာဥ္ကိုပယ္ပါ။
တခ်ိဳ႕ကိစၥမ်ားတြင္ ေလးေလးနက္နက္မထားဘဲ ခပ္ေပါ့ေပါ့
လုပ္ပစ္တတ္ျခင္းကိုေရွာင္ပါ။ စပ္တူလုပ္ေဆာင္ျခင္း ေရွာင္ပါ။
မည္သည့္အလုပ္မဆုိ တစ္ေယာက္တည္းသာ ရဲ၀ံ့စြာလုပ္ပါ။
ေအာက္ေျခသိမ္း စနစ္တက်လုပ္ေဆာင္သြားပါ။
ေစ်းပတ္၀န္းက်င္ႏွင့္လူအမ်ားစုေ၀းေနရာတို႔တြင္ စီးပြားရွာပါ။
အထူးသျဖင့္ တူရာသီဖြားတို႔သည္ ေစတနာ၏ တူေသာအက်ိဳးေပးျခင္းကို
မၾကာခဏ မ်က္၀ါးထင္ထင္ေတြ႕ၾကံဳရတတ္၏။ ေကာင္းတာလုပ္လွ်င္
ေကာင္းတာအက်ိဳးေပးတတ္သည္ဟူေသာ စကားကို
အၿမဲႏွလံုးသြင္းသင့္၏။ အခက္အခဲၾကံဳတိုင္း
ကူညီမည့္သူမ်ားေပၚလာတတ္၏။ ေငြေၾကးဥစၥာမ်ား ရၿပီးတုိင္းလည္း
သံုးစြဲေပးကမ္း၊ လွဴဒါန္းပစ္တတ္၏။ ထုိ႔ေၾကာင့္ဘ၀တြင္
နိမ့္လုိက္ျမင့္လုိက္ ျဖစ္ေနတတ္၏။ အလုပ္ႏွင့္ပတ္သက္၍ ေ၀ဖန္မႈကို
လက္ခံေပးပါ။ သီးသန္႔ေနလုိေသာ သဘာ၀ကိုျပဳျပင္ပါ။ မည္သူ႔ကိုမဆို
ကူညီလုိေသာ သင့္ေစတနာက တူေသာေကာင္းက်ိဳးေပးပါလိမ့္မည္။
တရာေရးဌာန၊ အုပ္ခ်ဳပ္ဌာန၊ ကုန္သည္လုပ္ငန္း၊ ႏုိင္ငံရပ္ျခားႏွင့္
ဆက္စပ္ေသာလုပ္ငန္း၊ စုိက္ပ်ိဳးေရးလုပ္ငန္း၊ ဆက္သြယ္ေရး၊
ပို႔ေဆာင္ေရးလုပ္ငန္း တုိ႔ျဖင့္ ေကာင္းက်ိဳးေပးတတ္၏။ အႏုပညာ၊
စာေပဘက္တြင္လည္းျဖစ္ထြန္းတတ္၏။
ဘ၀ကံၾကမၼာ
တူရာသီဖြားတုိ႔သည္ ဘ၀ကိုမွန္သည္ထင္သည့္ဘက္က
ေနာက္မဆုတ္တမ္း လုပ္တတ္၏။ တက္ၾကြႏိုးၾကားစြာ လုပ္တတ္၏။
မွ်တစြာေတြးေခၚမႈလည္းရွိ၏။ ႏႈတ္မူေရးရာ ထက္ျမက္တတ္၏။
ေစတနာေကာင္းရွိေသာ္လည္း တဇြတ္ထုိးလုပ္တတ္။ သူတစ္ပါးကို
အၾကံေပးျခင္း၊ ကူညီျခင္းလည္းရွိ၏။ ကိုယ့္ယံုၾကည္မႈ၊
ကိုယ့္အက်ိဳးစီးပြားကို ထိခိုက္လာက ဆတ္ဆတ္ထိမခံ တံု႔ျပန္တတ္၏။
သီးသန္႔ေနလိုစိတ္ ျပင္းထန္၏။ ပတ္၀န္းက်င္ကို ခင္မင္တတ္၏။
ခင္ရာေဆြမ်ိဳးဟု သေဘာထားတတ္၏။ တည္ၾကည္ေျဖာင့္မတ္၏။
ဘာသာေရးလုိက္စားတတ္၏။ ထုိ႔အတူ အာ႐ံုေနာက္ကိုလည္း
ေကာက္ေကာက္ပါေအာင္ လုိက္တတ္၏။ ထုိ႔ေၾကာင့္ သူတို႔ဘ၀သည္
ဆန္႔က်င္ဘက္အေနအထားမ်ား ဒြန္တဲြေနေသာ သဘာ၀ရွိ၏။
ဘ၀တြင္အတက္အက်ျမန္၏။ အေျပာင္းအလဲျမန္၏။ အုိးအိမ္
အေမြအႏွစ္ကိစၥ တို႔တြင္ျပႆနာၾကံဳရတတ္၏။ ႏွလံုးသားေရးကိစၥတြင္
စိတ္ဒိြဟျဖစ္တတ္၏။ အိမ္ေထာင္ဆက္မ်ားတတ္၍ သတိရွိသင့္၏။
ရတနာသံုးပါးႏွင့္ မိဘ၊ ဆရာတု႔ိအား ႐ိုေသကိုင္း႐ိႈင္းေသာ္လည္း
မိစၦာအယူကိုပါ ယူမိတတ္၏။ သတိရွိပါ။ ဘ၀တြင္ မည္သို႔ေသာအခက္အခဲ ၾကံဳသည္ျဖစ္ေစ ေကာင္းမြန္သန္႔စင္စြာ အသက္ေမြး၀မ္းေက်ာင္းျပဳရတတ္၏။ မင္းစိုးရာဇာခ်ီးျမႇင့္ေျမႇာက္စားျခင္းခံရတတ္၏။
အသက္ (၂၇) မွစၿပီး ဘ၀အေျခတည္ဖုိ႔ ဦးေမာ့လာတတ္၏။ ႀကီးပြားမႈ ေအာင္ျမင္မႈလမ္းစကိုေတြ႕ရတတ္၏။ အသက္ (၃၂) ၀န္းက်င္မွစ၍ ႀကီးပြားတတ္၏။ အသက္(၃၆) ၀န္းက်င္တြင္ အေႏွာက္အယွက္ၾကံဳတတ္၏။ အထူးသျဖင့္ (၂၅) ႏွင့္ (၄၀) ၾကားတြင္ အလြန္ေအာင္ျမင္စႀကီးပြားသြားတတ္၏။ အသက္ ၅၂၊ ၅၄၊ ၆၀၊ ၆၂၊ ၆၈၊ ၇၁၊ ၇၄ တို႔တြင္ အထူးေအာင္ျမင္တတ္၏။
(၄၀မွ၅၀) ၾကားတြင္ ရန္ေဘးမ်ား ၾကံဳရတတ္၏။ ျပႆနာမျဖစ္ေအာင္
ထိန္းပါ။ ေအာင္ျမင္မႈျဖင့္ ျပည္ပအထိ သြားရတတ္၏။ အသက္ (၄၀၊ ၄၁၊
၄၂) တုိ႔တြင္သာ ဂ႐ုျပဳေပးပါ။ (၄၀) ေက်ာ္ပါက မည္မွ် ေဘးရန္ေပါပါေစ
(၅၀)အထိ လက္မေထာင္ႏုိင္မည္။ (၅၀မွ၅၅)ၾကား က်န္းမာေရးဂ႐ုျပဳရမည္။ (၅၅) ေနာက္ပိုင္းတြင္ ထိပ္ဆံုးသို႔ေရာက္ေအာင္ေအာင္ျမင္မည္။ အသက္ (၈၀) တြင္ က်န္းမာေရး အထူး သတိျပဳပါေလ။
စိတ္အေျပာင္းအလဲျမန္သျဖင့္ အလုပ္အေျပာင္းအလဲ လုပ္ျခင္းကိုသာ
အဓိကေရွာင္ၾကဥ္ပါေလ။ အေရြးရခက္ေအာင္ အခြင့္အေရးမ်ားကိုလည္း
ၾကံဳရတတ္၏။ ထုိ႔အျပင္ ေရာင္ရဲျခင္းကိုပယ္ၿပီး ရည္မွန္းခ်က္ျမင့္ျမင့္ထားပါ။ စူးစုိက္လုပ္သမွ် အထူးေအာင္ျမင္ တတ္၏။ ေမြးဖြားရာေဒသမွ ေ၀းရာသို႔ ထြက္ခြာႀကိဳးစားေလ ေအာင္ျမင္ေလျဖစ္တတ္၏။
ဘ၀ေအာင္ျမင္မႈအတြက္ လုိက္နာက်င့္သံုးဖြယ္ရာမ်ားႏွင့္ အေဆာင္မ်ား၊
အေရာင္မ်ား
တူရာသီဖြားတို႔သည္ ကိုယ္စြမ္းကိုယ္စျဖင့္ ႀကိဳးစားၿပီး
ဘ၀ကိအထြဋ္အထိပ္ေရာက္သြားတတ္ၾက၏။ ေရာင့္ရဲမေနရ၊
အဆင္ေျပေအာင္ ေနတတ္လြန္းျခင္းကို ျပင္ပါ။ ရည္မွန္းခ်က္
ျမင့္ျမင့္ထားပါ။ အေရြးရခက္ေအာင္ေပၚလာေသာ အခြင့္အလမ္းမ်ားကို
ျပတ္သားစြာ ေရြးခ်ယ္လုိက္ပါ။ စူးစုိက္လုပ္ပါ။ အစပိုင္းတြင္ ခက္ခဲၿပီးမွ
အလြန္ေအာင္ျမင္သြားတတ္၏။ ဘ၀တြင္အစြဲအလန္းႀကီးေသာ စိတ္ကို
အားမာန္အျဖစ္ ေျပာင္းလဲသံုးစြဲပါ။
ထုိ႔အျပင္ အမ်ားေကာင္းက်ိဳး၊အမ်ိဳးဘာသာ သာသနာရည္စူးၿပီး ႀကိဳးစားပါ။ မွ်တျခင္း၊ညီၫြတ္ျခင္းတုိ႔သည္ သင့္ ပါရမီဓါတ္ခံမ်ားျဖစ္၏။ ညာဏ္ရည္ျမင့္မားၿပီး လုိအပ္ပါက အမ်ားအတြက္ အမုန္းခံ၍ ေျပာဆုိလုပ္ကိုင္ေပးရေသာ
ဇာတာရွင္မ်ားျဖစ္၏။ ရဲရင့္၏။ တိက်၏။ စာအုပ္ႀကီးအတိုင္း စည္းကမ္းႀကီးစြာလုပ္ျခင္းကို ဆင္ျခင္ပါ။
အခြင့္အရးမယူတတ္ျခင္းမွာလည္း ေကာင္းေသာစ႐ုိက္ျဖစ္၏။ သို႔ေသာ္
မွန္သည္ထင္က ႀကီးႀကီးငယ္ငယ္ တဲ့တိုးေျပာတ္ျခင္းကိုေရွာင္မွ
တုိးတက္မည္။ တူရာသီဖြားတို႔သည္ ကိုယ္ပိုင္စီးပြားေရးလုပ္သည္ပင္ ျဖစ္ေစဦး အမ်ားအတြက္ ရည္စူးတတ္၏။ တစ္နပ္စားညာဏ္ျဖင့္ ၾကံျခင္းမရွိ။
အေျပာခ်ိဳခ်ိဳႏွင့္ ပါးပါးလွီးျခင္းမရွိ။ အလြန္စ႐ိုက္ေကာင္း၏။
ဦးစီးဦးေဆာင္ေနရာတြင္ အၿမဲတမ္း ေနရာေပးျခင္းခံရတတ္၏။
မွန္ကန္ျခင္း၊ တိက်ျခင္း၊ တည္ၾကည္ျခင္း၊ ႀကိဳတင္ခန္႔မွန္းမႈတြင္
ကြၽမ္းက်င္ျခင္း ထိုစြမ္းရည္တို႔သည္ တူရာသီဖြားတုိ႔တြင္ရွိ၏။
အထူးအသံုးခ်ေပးပါ။ ထုိ႔အျပင္ တူရာသီဖြားတို႔သည္ ေတးဂီတကို
ႏွစ္သက္၏။ စိတ္ဖိစီးေသာအခါတြင္ ေတးဂီတကို
တစ္ဦးတည္းနားေထာင္ျခင္းျဖင့္ အားေဆးတစ္ခုပမာ
စိတ္ရႊင္လန္းလာ႐ံုသာမက အၾကံေကာင္းညာဏ္ေကာင္းမ်ားပါ
ေပၚထြက္လာတတ္၏။
ထုိ႔အျပင္ တူရာသီဖြားတို႔သည္ (၁) အမွန္အတုိင္းေျပာတတ္ျခင္းကို ေလွ်ာ့ပါ။ (၂) ကိုယ့္ကိစၥမဟုတ္က၀င္မပါပါႏွင့္။ (၃) ေငြမရ၊ ေၾကးမရ လူမုန္းခံရေသာ အလုပ္မ်ား မလုပ္ရ။ (၄) တူရာသီဖြား ေယာက္်ားသားမ်ား ဆံပင္ရွည္မထားသင့္၊ တုိတုိရွင္းရွင္းႏွင့္ သပ္ရပ္စြာထားပါ။ (၅) အမ်ိဳးသားမ်ား ခပ္ႏြဲ႕ႏြဲ႕ မေနရ၊ စကားကို ခပ္ခြၽဲခြၽဲမေျပာရ၊ တည္ၾကည္စြာ ေျပာပါ။ (၆) အမ်ိဳးသမီးမ်ားေယာက္်ားဆန္ဆန္ ခပ္ထက္ထက္မေနရ၊ ခပ္ၾကမ္းၾကမ္း မေျပာရ။ (၇)ေတာက္ပလြန္းေသာအရာင္မ်ား၀တ္ဆင္ျခင္း၊ ခြာျမင့္ဖိနပ္မ်ားစီးျခင္း၊
၀မ္းဗိုက္ပူေအာင္ရြဲေအာင္ေနျခင္း ေရွာင္ပါ။ (၉) တူရာသီဖြား အမ်ိဳးသမီးမ်ား ေယာက္်ားဆန္စြာ ခင္ဗ်ား၊ ကြၽန္ေတာ္ေျပာျခင္းကိုေရွာင္ပါ။
(၁၀) ႏွင္းဆီပြင့္အနီသည္ တူရာသီဖြားမ်ားအတြက္ အေကာင္းဆံုးျဖစ္၏။
သစၥာ၊ သေျပကိုလည္း သံုးႏုိင္၏။ (၁၁) အေရာင္ႏုေသာ ေက်ာက္စိမ္းကို
သံုးစြဲပါ။ ေရႊကို ပလက္တီနံႏွင့္ ကြင္းၿပီး၀တ္ပါ။ နီလာေက်ာက္ကိုလည္း
တစ္လံုးတည္းေဆာင္ႏုိင္၏။ (၁၂) ၃၊ ၆၊ ၉ ဂဏန္းမ်ား အၿမဲသံုးစြဲပါ။ (၁၃)
အျပာႏုေရာင္၊ ႏွင္းဆီပန္းေရာင္၊ အျဖဴေရာင္တို႔ကို သံုးစြဲႏိုင္၏။
အထူးသျဖင့္ ႏွင္းဆီပန္းပြင့္ လွလွပိုစတာပံုမ်ား အလုပ္ခန္း အိမ္ခန္းတြင္
ခ်ိတ္ဆြဲထားျခင္းျဖင့္ လာဘ္အလြန္ရႊင္တတ္၏။
ထုိ႔ထက္ဆိုရပါမူ တရားဓမၼက်င့္လွမ္းျခင္းႏွင့္ အႏုပညာအာ႐ံု ၀င္စားျခင္းတို႔ကို အခ်ိဳးညီစြာသံုးစြဲကာ ဘ၀ကို ထိပ္ဆံုးေရာက္ေအာင္
ေအာင္ျမင္တတ္ၾကသည္။
Posted by yanshin
Unicode
တူရာသီဖွားများ
(၉၀% မှန်တယ်ဆိုရင် Comments လေးပေးခဲ့ပါ)
(စက်တင်ဘာ ၂၃ ရက်မှအောက်တိုဘာ ၂၃ ရက်)
(သီတင်းကျွတ်လ)
တူရာသီသည် ရာသီ ၁၂ ပါး၏ သတ္တမမြောက်ရာသီခွင်ဖြစ်သည်။
မိုးကောင်းကင်ရှိ ဤရာသီတွင်လင်းလက်နေသော ကြယ်ပွင့်များသည်
ချိန်ခွင်တစ်ခု၏ အသွင်သဏ္ဍာန်အနေအထားပုံ ပေါ်ထွန်းနေသော
နက္ခတ်ရုပ်ပုံဖြစ်၏။ ဓါတ်သဘာဝအရ ၀ါယောဓါတ် (လေဓါတ်)စိုးမိုး၏။
ဓါတ်ဖိုသဘာဝဖြစ်၏။ သောကြာဂြိုလ်ပိုင်ဆိုင်စိုးမိုးသော ရာသီခွင်ဖြစ်၏။
(၆)ဂဏန်း၏အကျိုးသက်ရောက်မှုရှိသည်။ နှစ်စဉ် စက်တင်ဘာလ (၂၃)
ရက်မှ အောက်တိုဘာလ (၂၃) ရက်တွင်မွေးဖွားသူများသည်
တူရာသီဖွားများဖြစ်ကြလေသည်။ ထိုသို့ အတိအကျမသိဘဲ မြန်မာလ
သီတင်းကျွတ်အတွင်းမွေးဖွားသူများသည်လည်း သီတင်းကျွတ်အတွင်း
မွေးဖွားသူများသည်လည်း တူရာသီဖွားများဟု တစ်ထစ်ချမှတ်ယူနိုင်သည်။
တူရာသီဖွားတို့၏ ဘဝအနေအထားများကို အောက်ပါဖြစ်စဉ်များအတိုင်း လေ့လာသုံးစွဲနိုင် ကြပေတော့သည်။ တူရာသီဖွားတို့၏ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက်လက္ခဏာများ တူရာသီဖွားတို့သည် စိတ်ခံစားမှုကို အထူးဦးစားပေးသူများဖြစ်ကြ၏။
နှလုံးသားခံစားမှုအတိုင်း ဘဝကိုလျှောက်လှမ်းကြ၏။
ခံစားချက်ပြင်းထန်သူများ ဖြစ်ကြ၏။ တူရာသီဖွားတို့၏ဘဝတွင်
လွမ်းမောဖွယ်ရာအဖြစ်အပျက်များဖြင့် ပြည့်နှက်နေတတ်၏။
အနုပညာခံစားမှုအင်အားပြင်းထန်၏။ အလှအပကြိုက်၏။ အသန့်အပြန့်၊
အကောင်းအမွန်ကိုလည်း သူများထက် ပိုမက်မောကြ၏။ အထူးသဖြင့်
တူရာသီဖွားတို့သည် တစ်ခုမဟုတ်တစ်ခု ညှို့ဓါတ်အားကောင်းတတ်ကြ၏။ ဘေးလူတွေကချစ်ခင်ကြည်ညိုတတ်ကြ၏။
တူရာသီဖွားတို့ကိုယ်တိုင်ကလည်း လူပေါင်းဆန့်၏။ ခင်မင်မှုနှင့် ချစ်မေတ္တာသံယောဇဉ်ကို အလေးအနက်ထား၏။ အလွန်သိမ်မွေ့သော
နှလုံးသားပိုင်ရှင်များဖြစ်ကြ၏။ သို့သော်ဒေါသဖြစ်က ဘာမျှမမြင်တတ်ကြတော့ချေ။ ထို့အပြင် ငွေအသုံးကြမ်းသူများလည်းြ ဖစ်တတ်ကြ၏။
အထူးသတိပြုရန်မှာ တူရာသီဖွားတို့သည် စိတ်နုတတ်သည်။ စိတ်ထိခိုက်လွယ်သည်။ အပြင်ပန်း ဘာမှမဖြစ်သလို ဟန်ဆောင်ထားသော်လည်း စိတ်ထဲက ထိခိုက်ခံစားရတာ၊ စိတ်ကောက်မိတာမျိုး မသိမသာဖြစ်တတ်၏။ ၎င်းင်းစရိုက်ကိုလည်း လူမသိအောင် ဖုံးကွယ်ထားလိုတတ်၏။ပြင်သင့်၏။
ထို့အပြင် အယုံလွယ်တတ်၏။ အပျော်အပါးတွင် ၀ါသနာထုံတတ်ခြင်းကိုလည်းပြင်သင့်၏။
အချစ်ရေး၊ အိမ်ထောင်ရေး၊ ဘဝတည်ဆောက်မှု
တူရာသီဖွားတို့သည် ချစ်မေတ္တာစိတ်ကြီးမားတတ်ကြ၏။
နှလုံးသားခံစားချက် ပြင်းထန်တတ်ကြ၏။ သို့သော် အေးတိအေးစက်နှင့်
နှုတ်မှဖွင့်ပြောဖို့ ၀န်လေးတတ်ကြ၏။ မိမိကို ချစ်သူက အမြဲအားမလိုအားမရနှင့် သံသယဖြစ်နေတတ်ကြ၏။ ကိုယ်တိုင်ကလည်း စိတ်ဒွိယဖြစ်စရာများနှင့် ချစ်နေတတ်ကြရ၏။ ရပ်ဝေးမှသူနှင့် ချစ်ကြိုးသွယ်မိတတ်ကြ၏။ ရွှေးချယ်ရခက်သော အနေအထားများကြုံရတတ်၏။ ချစ်ဦးသူနှင့် လမ်းခွဲရတတ်၏။ ကွဲကွာသွားသောချစ်သူကို တစ်သက်လုံး တသသလွမ်းနေမိတတ်ကြ၏။ အချစ်ကြီးသူများဖြစ်တတ်ကြသည်။ မေတ္တာနှင့်သစ္စာကို အထူးကိုးကွယ်သွားတတ်ကြ၏။
မည်သည့်ကိစ္စမဆို အစွဲအလမ်းကြီးမားတတ်ကြ၏။
သို့သော်တူရာသီဖွားတို့သည် အိမ်ထောင်ပြုပြီးသောအခါတွင်လည်း
ကိုယ့်အိမ်ထောင်ဖက်အပေါ် ချစ်ခင်ယုယစွာ အလိုလိုက်တတ်ကြ၏။
အိမ်ထောင်ပြုပြီးလျှင် ဘဝအောင်မြင်တိုးတက်မှုကြံုတတ်၏။ ထို့ပြင်
စိတ်ခံစားမှုကို ဦးစားမပေးပဲ အိမ်ထောင်ရေးကို ရွေးချယ်သင့်သည်။
ရိုးရိုးအေးအေးနေထိုင်ကာ မိမိကို ပါရမီဖြည့်ပေးသော
အိမ်ထောင်ဖက်နှင့် အိမ်ထောင်ပြုရတတ်၏။ ထိုကဲ့သို့
ရိုးရိုးအေးအေးနေခြင်းကိုပင် မိမိက စိတ်တိုင်းမကျ
ဖြစ်နေတတ်သေးသည်။ မည်သို့ပင်ဖြစ်စေ တူရာသီဖွားတို့သည်
အိမ်ထောင်ဖက်၏ ကံကြောင့် ကြီးပွားချမ်းသာတတ်၏။
အိမ်ထောင်ရေးသုခကို ရရှိတတ်ကြ၏။
အိမ်ထောင်ပြုသောအခါ ကရကဋ်ရာသီဖွားများကိုရှောင်သင့်၏။ ကျန်ရာသီဖွားများနှင့် သင့်တင့်မျှတမှုရှိ၍ လက်တွဲနိုင်သည်။
အထူးသတိပြုရန်မှာ တူရာသီဖွားတို့သည် ဘာသာရေးပါရမီဓါတ်ခံအားကောင်း၏။ လောကီပညာနှင့် စာပေတို့တွင် ပါရမီရင့်သန်၏။ ဂါထာမန္တန်အထူးစွမ်းတတ်ကြ၏။ သမာဓိရှိ၏။ ငြိမ်းချမ်းမှုကို အထူးလိုလား၏။ ထို့ကြောင့် ထိုစာပေ ဗဟုသုတကိစ္စ၊ ဘာသာရေးခံယူချက်များနှင့်
အချစ်ရေးအိမ်ထောင်ရေးတည်ဆောက်မှုတို့ အစွန်းမရောက်သေးဘဲ
မျှတစွာ နေထိုင်လျှောက်လှမ်းသွားနိုင်ရန် အထူးလိုအပ်ပေသည်။
ကျန်းမာရေး
တူရာသီဖွားတို့သည် ကျန်းမာရေးနှင့်ပတ်သက်၍ ခါးနေရာတစ်ဝိုက်
အလွန်ပျော့သည်။ အမြဲတမ်း ခါးနှင့်ပတ်သက်၍ ဂရုစိုက်ရမည်။ခါးကိုက်၊
ခါးနာ၊ ခါးညောင်းဝေဒနာများ မကြာခဏဖြစ်တတ်၏။
အစာအိမ်အူလမ်းကြောင်းနှင့် ပတ်သက်၍ အစာမကြေခြင်း၊
အစာအိမ်အချဉ်ပေါက်ခြင်းဖြစ်တတ်၍ အစားအသောက်အမြဲသတိရှိပါ။
၀မ်းကို ဂရုစိုက်ပါ။ ၀မ်းချုပ်၊ ၀မ်းပျက်၊ ၀မ်းကိုက်တို့ဖြစ်တတ်၏။ထို့ပြင်
လည်ချောင်း၊ နှာစေး၊ အာသီးရောင်ခြင်းတို့လည်း ဖြစ်တတ်၍
အအေးမခံသင့်။ လေအေးစက် သိပ်မသုံးသင့်ပါ။ အထူးသဖြင့်
တူရာသီဖွားအမျိုးသမီးများ ရင်သားတွင် အနာဖြစ်တတ်၏။
တူရာသီဖွားအားလုံးတွင် နှလုံးသားခံစားမှုကြောင့် အလွမ်းနာကျတတ်၏။
သူတစ်ပါးကိုဖွင့်ပြောပြဖို့ခက်သော ဝေဒနာကို သန်းခေါင်ယံတရေးနိုးချိန်များတွင် မွန်းကြပ်လှိုက်မောအောင် ခံစားရတတ်၏။ ဆေးလိပ်ကို ရှောင်ပါ။ ပျားရည်၊ ၀က်သားတို့ကို မကြာခဏစားပါ။ ပဲအမျိုးမျိုး၊ ပန်းသီး၊ ဖရဲသီး၊ သစ်ချသီး၊ ဗာဒံသီးတို့ကို စားပါ။ ကျန်းမာစေသော ဓါတ်စာများဖြစ်၏။
အာနာပါန ဘာဝနာပွားထုံခြင်းဖြင့် ရောဂါကင်းစင်အောင် ကုသသင့်ကြပေ၏။ ထို့ပြင် အားလပ်ချိန်တို့တွင် တေးဂီတကို နားထောင် အနားယူခြင်းဖြင့်
ကျန်းမာရေးကောင်းစေတတ်ကြ၏။
သတိပြုစရာဘေးအန္တရာယ်များ
တူရာသီဖွားတို့သည် မြေပြို၊ တွင်းပြို၊ တောင်ပြိုအန္တရာယ်များကို
သတိထားသင့်၏။ သတိထားသင့်သည်ဆိုသော်လည်း အစဉ်အမြဲ
ဖြစ်တတ်သည်မဟုတ်ဘဲ ကျောက်တူးခြင်း၊ သဲကျင်းတူးခြင်း၊
သတ္တုအမျိုးမျိုး တူးဖော်ခြင်းတို့နှင့်ဆိုင်ရာ နေရာဒေသတို့သို့ သွားရောက်
လုပ်ကိုင်ခြင်းပြုသောအခါတို့တွင်သာ သတိပြုရန်ဖြစ်၏။ စိုးရိမ်ရန်မရှိပါ။
အထူးသတိပြုရန်မှာ တူရာသီဖွားတို့သည်
ဘာသာရေးပါရမီစွမ်းအားကြီးရုံသာမက
အနာရဂါတ်တွင်ဖြစ်ပျက်စရာတို့ကို ကြိုတင်သိမြင်နိုင်စွမ်းတတ်၏။
အိပ်မက်ထူး၊ နိမိတ်ထူးများ ပေးတတ်သဖြင့် ယုံကြည်ရာ
ဂါထာမန္တန်တို့ကိုသာ ရွတ်ဆိုပွားထုံ ထားသင့် ပေတော့၏။
အစစကြိုတင်ကာကွယ်နိုင်စွမ်းလည်းရှိကြပေသည်။
တူရာသီဖွားများ၏ အလုပ်အကိုင်နှင့် စီးပွားရေးအနေအထားများ
တူရာသီဖွားတို့သည် ဘဝကို တည်ငြိမ်အေးချမ်းစွာနှင့် အောင်မြင်မှုရရန်
အမြဲတမ်းကြိုးစားနေတတ်ကြ၏။ ကြံစည်နေတတ်ကြ၏။လူ့သဘာဝကို
ကျွမ်းကျင်စွာနားလည်တတ်ကြ၏။ ရှေ့ရေးကို
ကြိုတင်တွေးခေါ်မြော်မြင်နိုင်စွမ်းလည်း ရှိကြ၏။ သင့်တင့်မျှတစွာ
ပေါင်းသင်းဆက်ဆံနိုင်စွမ်းလည်း ရှိကြ၏။
မျှော်မှန်းချက်ကြီးမားတတ်ကြ၏။ သို့သော်တစ်ခါတစ်ရံတွင်
ကိုယ်ဖြစ်ချင်သည်ကိုသာသိပြီး ကိုယ့်ရလမ်းကိုသာ
ကြည့်သလိုဖြစ်တတ်၍ သတိပြုပါ။ စိတ်ကူးယဉ်နေတတ်ကြသဖြင့်
လက်တွေ့အကောင်အထည်မဖော်မိဘဲ လေထဲတွင်
တိုက်အိမ်ဆောက်သလို ဖြစ်တတ်ကြ၏။
ဘာသာရေးခေါင်းဆောင်များလည်း ဖြစ်နေတတ်ကြ၏။
လူအများပေါ်တွင် နည်းအမျိုးမျိုးနှင့် ဆွဲဆောင်နိုင်စွမ်းတတ်ကြ၏။
အနုပညာတွင် အထူးပါရမီရင့်သန်တတ်ကြ၏။
တည်ကြည်ဖြောင့်မတ်တတ်၏။ ငွေကြေးမျက်နှာကို လုံးဝမကြည့်။
ထို့အတူ စိတ်ထဲတွင် မဟန်သည်ထင်က အားလုံးပြုပြင်တတ်ကြ၏။
ခင်မင်မှုကို တန်ဖိုးထား၍ ဆက်ဆံတတ်ကြ၏။ ရတနာပစ္စည်းများစွာ
ပိုင်ဆိုင်တတ်ကြ၏။ အထူးသတိပြုရန်မှာ တူရာသီဖွားတို့သည်
လောဘနည်း၏။ ရောင့်ရဲလွယ်၏။ ထို့ကြောင့် ကိုယ်စွမ်းကိုယ်စရှိသလောက် မဖြစ်ထွန်းဘဲ နေတတ်၏။
လက်ရှိအနေအထားလေးအပေါ်တွင် ကျေနပ်ပျော်ရွှင်နေတတ်၏။
ဆင်ခြင်ပါလေ။ မည်သည့်အလုပ်မဆို ပြုလုပ်ရာတွင် အစပိုင်း၌
အလွန်ခက်နေတတ်၏။ သို့သော် မည်သည့်ကိစ္စမဆို ခေတ္တမြင်ရုံ၊
လေ့လာရုံဖြင့် သိလွယ်တတ်လွယ်ခြင်း၊ ကွက်ကျော်မြင်တတ်ခြင်း၊
အနီးစပ်ဆုံးအနေအထားအထိ အဆုံးသတ်အဖြေကို
တွက်စစ်သုံးသပ်နိုင်ခြင်း၊ အလုပ်လုပ်ရာတွင် အစ၊ အလယ်၊
အဆုံးအနေအထားတို့ကို သုံးသပ်ကိုင်တွယ်လုပ်ဆောင်မှု
အလွန်ထက်မြက်ခြင်းတို့ကြောင့် အောင်မြင်မှု အထွဋ်အထိပ်ကို
ရရှိတတ်ကြ၏။
ကိုယ့်ကိုယ်ကို အထင်ကြီးသောညာဉ်ကိုပယ်ပါ။
တချို့ကိစ္စများတွင် လေးလေးနက်နက်မထားဘဲ ခပ်ပေါ့ပေါ့
လုပ်ပစ်တတ်ခြင်းကိုရှောင်ပါ။ စပ်တူလုပ်ဆောင်ခြင်း ရှောင်ပါ။
မည်သည့်အလုပ်မဆို တစ်ယောက်တည်းသာ ရဲဝံ့စွာလုပ်ပါ။
အောက်ခြေသိမ်း စနစ်တကျလုပ်ဆောင်သွားပါ။
စျေးပတ်ဝန်းကျင်နှင့်လူအများစုဝေးနေရာတို့တွင် စီးပွားရှာပါ။
အထူးသဖြင့် တူရာသီဖွားတို့သည် စေတနာ၏ တူသောအကျိုးပေးခြင်းကို
မကြာခဏ မျက်ဝါးထင်ထင်တွေ့ကြံုရတတ်၏။ ကောင်းတာလုပ်လျှင်
ကောင်းတာအကျိုးပေးတတ်သည်ဟူသော စကားကို
အမြဲနှလုံးသွင်းသင့်၏။ အခက်အခဲကြံုတိုင်း
ကူညီမည့်သူများပေါ်လာတတ်၏။ ငွေကြေးဥစ္စာများ ရပြီးတိုင်းလည်း
သုံးစွဲပေးကမ်း၊ လှူဒါန်းပစ်တတ်၏။ ထို့ကြောင့်ဘဝတွင်
နိမ့်လိုက်မြင့်လိုက် ဖြစ်နေတတ်၏။ အလုပ်နှင့်ပတ်သက်၍ ဝေဖန်မှုကို
လက်ခံပေးပါ။ သီးသန့်နေလိုသော သဘာဝကိုပြုပြင်ပါ။ မည်သူ့ကိုမဆို
ကူညီလိုသော သင့်စေတနာက တူသောကောင်းကျိုးပေးပါလိမ့်မည်။
တရာရေးဌာန၊ အုပ်ချုပ်ဌာန၊ ကုန်သည်လုပ်ငန်း၊ နိုင်ငံရပ်ခြားနှင့်
ဆက်စပ်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆက်သွယ်ရေး၊
ပို့ဆောင်ရေးလုပ်ငန်း တို့ဖြင့် ကောင်းကျိုးပေးတတ်၏။ အနုပညာ၊
စာပေဘက်တွင်လည်းဖြစ်ထွန်းတတ်၏။
ဘဝကံကြမ္မာ
တူရာသီဖွားတို့သည် ဘဝကိုမှန်သည်ထင်သည့်ဘက်က
နောက်မဆုတ်တမ်း လုပ်တတ်၏။ တက်ကြွနိုးကြားစွာ လုပ်တတ်၏။
မျှတစွာတွေးခေါ်မှုလည်းရှိ၏။ နှုတ်မူရေးရာ ထက်မြက်တတ်၏။
စေတနာကောင်းရှိသော်လည်း တဇွတ်ထိုးလုပ်တတ်။ သူတစ်ပါးကို
အကြံပေးခြင်း၊ ကူညီခြင်းလည်းရှိ၏။ ကိုယ့်ယုံကြည်မှု၊
ကိုယ့်အကျိုးစီးပွားကို ထိခိုက်လာက ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်၏။
သီးသန့်နေလိုစိတ် ပြင်းထန်၏။ ပတ်ဝန်းကျင်ကို ခင်မင်တတ်၏။
ခင်ရာဆွေမျိုးဟု သဘောထားတတ်၏။ တည်ကြည်ဖြောင့်မတ်၏။
ဘာသာရေးလိုက်စားတတ်၏။ ထို့အတူ အာရုံနောက်ကိုလည်း
ကောက်ကောက်ပါအောင် လိုက်တတ်၏။ ထို့ကြောင့် သူတို့ဘဝသည်
ဆန့်ကျင်ဘက်အနေအထားများ ဒွန်တွဲနေသော သဘာဝရှိ၏။
ဘဝတွင်အတက်အကျမြန်၏။ အပြောင်းအလဲမြန်၏။ အိုးအိမ်
အမွေအနှစ်ကိစ္စ တို့တွင်ပြဿနာကြံုရတတ်၏။ နှလုံးသားရေးကိစ္စတွင်
စိတ်ဒွိဟဖြစ်တတ်၏။ အိမ်ထောင်ဆက်များတတ်၍ သတိရှိသင့်၏။
ရတနာသုံးပါးနှင့် မိဘ၊ ဆရာတို့အား ရိုသေကိုင်းရှိုင်းသော်လည်း
မိစ္ဆာအယူကိုပါ ယူမိတတ်၏။ သတိရှိပါ။ ဘဝတွင် မည်သို့သောအခက်အခဲ ကြံုသည်ဖြစ်စေ ကောင်းမွန်သန့်စင်စွာ အသက်မွေးဝမ်းကျောင်းပြုရတတ်၏။ မင်းစိုးရာဇာချီးမြှင့်မြှောက်စားခြင်းခံရတတ်၏။
အသက် (၂၇) မှစပြီး ဘဝအခြေတည်ဖို့ ဦးမော့လာတတ်၏။ ကြီးပွားမှု အောင်မြင်မှုလမ်းစကိုတွေ့ရတတ်၏။ အသက် (၃၂) ၀န်းကျင်မှစ၍ ကြီးပွားတတ်၏။ အသက်(၃၆) ၀န်းကျင်တွင် အနှောက်အယှက်ကြံုတတ်၏။ အထူးသဖြင့် (၂၅) နှင့် (၄၀) ကြားတွင် အလွန်အောင်မြင်စကြီးပွားသွားတတ်၏။ အသက် ၅၂၊ ၅၄၊ ၆၀၊ ၆၂၊ ၆၈၊ ရ၁၊ ရ၄ တို့တွင် အထူးအောင်မြင်တတ်၏။
(၄၀မှ၅၀) ကြားတွင် ရန်ဘေးများ ကြံုရတတ်၏။ ပြဿနာမဖြစ်အောင်
ထိန်းပါ။ အောင်မြင်မှုဖြင့် ပြည်ပအထိ သွားရတတ်၏။ အသက် (၄၀၊ ၄၁၊
၄၂) တို့တွင်သာ ဂရုပြုပေးပါ။ (၄၀) ကျော်ပါက မည်မျှ ဘေးရန်ပေါပါစေ
(၅၀)အထိ လက်မထောင်နိုင်မည်။ (၅၀မှ၅၅)ကြား ကျန်းမာရေးဂရုပြုရမည်။ (၅၅) နောက်ပိုင်းတွင် ထိပ်ဆုံးသို့ရောက်အောင်အောင်မြင်မည်။ အသက် (၈၀) တွင် ကျန်းမာရေး အထူး သတိပြုပါလေ။
စိတ်အပြောင်းအလဲမြန်သဖြင့် အလုပ်အပြောင်းအလဲ လုပ်ခြင်းကိုသာ
အဓိကရှောင်ကြဉ်ပါလေ။ အရွေးရခက်အောင် အခွင့်အရေးများကိုလည်း
ကြံုရတတ်၏။ ထို့အပြင် ရောင်ရဲခြင်းကိုပယ်ပြီး ရည်မှန်းချက်မြင့်မြင့်ထားပါ။ စူးစိုက်လုပ်သမျှ အထူးအောင်မြင် တတ်၏။ မွေးဖွားရာဒေသမှ ဝေးရာသို့ ထွက်ခွာကြိုးစားလေ အောင်မြင်လေဖြစ်တတ်၏။
ဘဝအောင်မြင်မှုအတွက် လိုက်နာကျင့်သုံးဖွယ်ရာများနှင့် အဆောင်များ၊
အရောင်များ
တူရာသီဖွားတို့သည် ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားပြီး
ဘဝကိအထွဋ်အထိပ်ရောက်သွားတတ်ကြ၏။ ရောင့်ရဲမနေရ၊
အဆင်ပြေအောင် နေတတ်လွန်းခြင်းကို ပြင်ပါ။ ရည်မှန်းချက်
မြင့်မြင့်ထားပါ။ အရွေးရခက်အောင်ပေါ်လာသော အခွင့်အလမ်းများကို
ပြတ်သားစွာ ရွေးချယ်လိုက်ပါ။ စူးစိုက်လုပ်ပါ။ အစပိုင်းတွင် ခက်ခဲပြီးမှ
အလွန်အောင်မြင်သွားတတ်၏။ ဘဝတွင်အစွဲအလန်းကြီးသော စိတ်ကို
အားမာန်အဖြစ် ပြောင်းလဲသုံးစွဲပါ။
ထို့အပြင် အများကောင်းကျိုး၊အမျိုးဘာသာ သာသနာရည်စူးပြီး ကြိုးစားပါ။ မျှတခြင်း၊ညီညွတ်ခြင်းတို့သည် သင့် ပါရမီဓါတ်ခံများဖြစ်၏။ ညာဏ်ရည်မြင့်မားပြီး လိုအပ်ပါက အများအတွက် အမုန်းခံ၍ ပြောဆိုလုပ်ကိုင်ပေးရသော
ဇာတာရှင်များဖြစ်၏။ ရဲရင့်၏။ တိကျ၏။ စာအုပ်ကြီးအတိုင်း စည်းကမ်းကြီးစွာလုပ်ခြင်းကို ဆင်ခြင်ပါ။
အခွင့်အရးမယူတတ်ခြင်းမှာလည်း ကောင်းသောစရိုက်ဖြစ်၏။ သို့သော်
မှန်သည်ထင်က ကြီးကြီးငယ်ငယ် တဲ့တိုးပြောတ်ခြင်းကိုရှောင်မှ
တိုးတက်မည်။ တူရာသီဖွားတို့သည် ကိုယ်ပိုင်စီးပွားရေးလုပ်သည်ပင် ဖြစ်စေဦး အများအတွက် ရည်စူးတတ်၏။ တစ်နပ်စားညာဏ်ဖြင့် ကြံခြင်းမရှိ။
အပြောချိုချိုနှင့် ပါးပါးလှီးခြင်းမရှိ။ အလွန်စရိုက်ကောင်း၏။
ဦးစီးဦးဆောင်နေရာတွင် အမြဲတမ်း နေရာပေးခြင်းခံရတတ်၏။
မှန်ကန်ခြင်း၊ တိကျခြင်း၊ တည်ကြည်ခြင်း၊ ကြိုတင်ခန့်မှန်းမှုတွင်
ကျွမ်းကျင်ခြင်း ထိုစွမ်းရည်တို့သည် တူရာသီဖွားတို့တွင်ရှိ၏။
အထူးအသုံးချပေးပါ။ ထို့အပြင် တူရာသီဖွားတို့သည် တေးဂီတကို
နှစ်သက်၏။ စိတ်ဖိစီးသောအခါတွင် တေးဂီတကို
တစ်ဦးတည်းနားထောင်ခြင်းဖြင့် အားဆေးတစ်ခုပမာ
စိတ်ရွှင်လန်းလာရုံသာမက အကြံကောင်းညာဏ်ကောင်းများပါ
ပေါ်ထွက်လာတတ်၏။
ထို့အပြင် တူရာသီဖွားတို့သည် (၁) အမှန်အတိုင်းပြောတတ်ခြင်းကို လျှော့ပါ။ (၂) ကိုယ့်ကိစ္စမဟုတ်ကဝင်မပါပါနှင့်။ (၃) ငွေမရ၊ ကြေးမရ လူမုန်းခံရသော အလုပ်များ မလုပ်ရ။ (၄) တူရာသီဖွား ယောက်ျားသားများ ဆံပင်ရှည်မထားသင့်၊ တိုတိုရှင်းရှင်းနှင့် သပ်ရပ်စွာထားပါ။ (၅) အမျိုးသားများ ခပ်နွဲ့နွဲ့ မနေရ၊ စကားကို ခပ်ချွဲချွဲမပြောရ၊ တည်ကြည်စွာ ပြောပါ။ (၆) အမျိုးသမီးများယောက်ျားဆန်ဆန် ခပ်ထက်ထက်မနေရ၊ ခပ်ကြမ်းကြမ်း မပြောရ။ (၇)တောက်ပလွန်းသောအရာင်များဝတ်ဆင်ခြင်း၊ ခွာမြင့်ဖိနပ်များစီးခြင်း၊
၀မ်းဗိုက်ပူအောင်ရွဲအောင်နေခြင်း ရှောင်ပါ။ (၉) တူရာသီဖွား အမျိုးသမီးများ ယောက်ျားဆန်စွာ ခင်ဗျား၊ ကျွန်တော်ပြောခြင်းကိုရှောင်ပါ။
(၁၀) နှင်းဆီပွင့်အနီသည် တူရာသီဖွားများအတွက် အကောင်းဆုံးဖြစ်၏။
သစ္စာ၊ သပြေကိုလည်း သုံးနိုင်၏။ (၁၁) အရောင်နုသော ကျောက်စိမ်းကို
သုံးစွဲပါ။ ရွှေကို ပလက်တီနံနှင့် ကွင်းပြီးဝတ်ပါ။ နီလာကျောက်ကိုလည်း
တစ်လုံးတည်းဆောင်နိုင်၏။ (၁၂) ၃၊ ၆၊ ၉ ဂဏန်းများ အမြဲသုံးစွဲပါ။ (၁၃)
အပြာနုရောင်၊ နှင်းဆီပန်းရောင်၊ အဖြူရောင်တို့ကို သုံးစွဲနိုင်၏။
အထူးသဖြင့် နှင်းဆီပန်းပွင့် လှလှပိုစတာပုံများ အလုပ်ခန်း အိမ်ခန်းတွင်
ချိတ်ဆွဲထားခြင်းဖြင့် လာဘ်အလွန်ရွှင်တတ်၏။
ထို့ထက်ဆိုရပါမူ တရားဓမ္မကျင့်လှမ်းခြင်းနှင့် အနုပညာအာရုံ ၀င်စားခြင်းတို့ကို အချိုးညီစွာသုံးစွဲကာ ဘဝကို ထိပ်ဆုံးရောက်အောင်
အောင်မြင်တတ်ကြသည်။
Posted by yanshin