top of page

သင် ဘယ်ရက်မှာ မွေးသလဲ နှင့် သင် သတိထားဖွယ် ရောဂါအန္တရာယ်

ဖွဟဲ့ .... လွဲပါစေ ဖယ်ပါစေဗျာ ...။
ဒီလိုပါဗျ ...။ မိတ်ဆွေအနေနဲ့ ထိမိခိုက်မိဖြစ်လွယ်တတ်တဲ့၊
ရောဂါဖြစ်ဖို့ ရာခိုင်နှုန်းများတတ်တဲ့
ကိုယ်အင်္ဂါအစိတ်အပိုင်းတွေအကြောင်း
ဂဏန်းဗေဒင် ဗဟုသုတလေးပါဗျာ ....။
ကိုယ့်အတွက်ရော မိဘ သားသမီး မိသားစုဝင်တွေအတွက်ပါ
ကြိုကြိုတင်တင် ဆင်ခြင်သတိပြုနိုင်စေလိုသော
စေတနာနဲ့ ရေးသားလိုက်ရခြင်းပါ ....။

#တကယ်လို့များ သင်ဟာ
အင်္ဂလိပ်လ တစ်လလရဲ့ ၁၊ ၁၀၊ ၁၉၊ ၂၈ ... စတဲ့ရက် တစ်ရက်ရက်မှာ မွေးဖွားခဲ့သူဆိုပါရင် ...
ညာဘက်ခြေထောက်ပိုင်းမှာ ကျန်းမာရေးညံ့တတ်တာကို သတိထားဖွယ်ရာပါပဲ ...။

#တကယ်လို့များ သင်ဟာ
အင်္ဂလိပ်လ တစ်လလရဲ့ ၂၊ ၁၁၊ ၂၀၊ ၂၉ ... စတဲ့ရက် တစ်ရက်ရက်မှာ မွေးဖွားခဲ့သူဆိုပါရင် ...
ညာဘက် ရင်အုံ၊ ကျောညာဘက်ခြမ်း၊ ညာဘက်လက်တွေမှာ ကျန်းမာရေးညံ့တတ်တာကို သတိထားဖွယ်ရာပါပဲ ...။

#တကယ်လို့များ သင်ဟာ
အင်္ဂလိပ်လ တစ်လလရဲ့ ၃၊ ၁၂၊ ၂၁၊ ၃၀ ... စတဲ့ရက် တစ်ရက်ရက်မှာ မွေးဖွားခဲ့သူဆိုပါရင် ...
ဦးခေါင်း ညာဘက်ခြမ်း၊ ညာဘက်မျက်စိ၊ ညာဘက်နားတွေမှာ ကျန်းမာရေးညံ့တတ်တာကို သတိထားဖွယ်ရာပါပဲ ....။

#တကယ်လို့များ သင်ဟာ
အင်္ဂလိပ်လ တစ်လလရဲ့ ၄၊ ၁၃၊ ၂၂၊ ၃၁ ... စတဲ့ရက် တစ်ရက်ရက်မှာ မွေးဖွားခဲ့သူဆိုပါရင် ...
အစာအိမ်၊ ဆီး၊ အူ၊ အမျိုးသမီးဆိုင်ရာ၊ အမျိုးသားဆိုင်ရာတွေမှာ ကျန်းမာရေးညံ့တတ်တာကို သတိထားဖွယ်ရာပါပဲ ....။

#တကယ်လို့များ သင်ဟာ
အင်္ဂလိပ်လ တစ်လလရဲ့ ၅၊ ၁၄၊ ၂၃ ... စတဲ့ရက် တစ်ရက်ရက်မှာ မွေးဖွားခဲ့သူဆိုပါရင် ...
ရင်ညွန့်၊ ရင်ဘတ်အလယ်ပိုင်း၊ လည်ပင်း၊ နောက်ကျောအလယ်ပိုင်း ... စတာတွေမှာ ကျန်းမာရေးညံ့တတ်တာကို သတိထားဖွယ်ရာပါပဲ ....။

#တကယ်လို့များ သင်ဟာ
အင်္ဂလိပ်လ တစ်လလရဲ့ ၆၊ ၁၅၊ ၂၄ ... စတဲ့ရက် တစ်ရက်ရက်မှာ မွေးဖွားခဲ့သူဆိုပါရင် ...
မျက်နှာ၊ နောက်စိ၊ နှာခေါင်း၊ ပါးစပ်၊ သွား ... စတာတွေမှာ ကျန်းမာရေးညံ့တတ်တာကို သတိထားဖွယ်ရာပါပဲ ....။

#တကယ်လို့များ သင်ဟာ
အင်္ဂလိပ်လ တစ်လလရဲ့ ရ၊ ၁၆၊ ၂၅ ... စတဲ့ရက် တစ်ရက်ရက်မှာ မွေးဖွားခဲ့သူဆိုပါရင် ...
ဘယ်ဘက်ခြေထောက်ပိုင်းမှာ ကျန်းမာရေးညံ့တတ်တာကို သတိထားဖွယ်ရာပါပဲ ....။

#တကယ်လို့များ သင်ဟာ
အင်္ဂလိပ်လ တစ်လလရဲ့ ၈၊ ၁၇၊ ၂၆ ... စတဲ့ရက် တစ်ရက်ရက်မှာ မွေးဖွားခဲ့သူဆိုပါရင် ...
ဘယ်ဘက် ရင်အုံ၊ ကျောဘယ်ဘက်ခြမ်း၊ ဘယ်ဘက်လက်တွေမှာ ကျန်းမာရေးညံ့တတ်တာကို သတိထားဖွယ်ရာပါပဲ ...။

#တကယ်လို့များ သင်ဟာ
အင်္ဂလိပ်လ တစ်လလရဲ့ ၉၊ ၁၈၊ ၂၇ ... စတဲ့ရက် တစ်ရက်ရက်မှာ မွေးဖွားခဲ့သူဆိုပါရင် ...ဦးခေါင်း ဘယ်ဘက်ခြမ်း၊ ဘယ်ဘက်မျက်စိ၊ ဘယ်ဘက်နားတွေမှာ ကျန်းမာရေးညံ့တတ်တာကို သတိထားဖွယ်ရာပါပဲ ....။

(မတော်တဆ ထိမိခိုက်မိတွေဖြစ်ရင်လည်း မိမိမွေးရက်အလိုက် အဲဒီနေရာတွေမှာ ထိခိုက်မှုများတတ်တာကို သတိပြုနိုင်ကြပါစေဗျာ ....)
ကျန်းမာခြင်းသုခနှင့် ပြည့်စုံအောင်
မိမိကိုယ်ကိုယ် ရွက်ဆောင်နိုင်ကြပါစေသောဝ် ...
ဇင်ယော်နီ

bottom of page