top of page

Zawgyi

သိဟ္ရာသီဖြား
(၉၀% မွန္တယ္ဆိုရင္ Comments ေလးေပးခဲ့ပါ)

(ဇူလုိင္ ၂၃ ရက္မွ ၾသဂုတ္ ၂၃ ရက္အတြင္း)
(ျမန္မာလ ၀ါေခါင္လ)

သိဟ္ရာသီသည္ နကၡတ္ရာသီစက္၀န္း၏ (၅) ခြင္ေျမာက္ ရာသီျဖစ္၏။
ေကာင္းကင္၌ရွိေသာ ၾကယ္တာရာတို႔တြင္ ျခေသၤ့တစ္ေကာင္၏
ပံုသ႑ာန္ စုစည္းတည္ရွိေနေသာ သေကၤတျဖစ္၏။

ဓါတ္သဘာ၀အားျဖင့္ မီးဓါတ္ႀကီးစိုး၏။ စိုးမိုးၿဂိဳလ္မွာ တနဂၤေႏြျဖစ္၏။
(၁)ဂဏန္းႏွင့္ (၄)ဂဏန္းတို႔အား စြမ္းအားမ်ား သက္ေရာက္ေနသည္။
လူသားတို႔၏ႏွလံုးအိမ္ကို စိုးမိုးပိုင္ဆိုင္ေသာ ရာသီခြင္ျဖစ္သည္။
ေန႔ရာသီျဖစ္၏။ (ပါပ^က်ား)ရာသီျဖစ္၏။ (သတြဂုဏ္) လႊမ္းျခံဳ၏။

ႏွစ္စဥ္ ဇူလုိင္လ (၂၃)မွ ၾသဂုတ္လ (၂၃)ရက္အတြင္း ေမြးဖြားသူမ်ားကို
သိဟ္ရာသီဖြားမ်ားဟု သတ္မွတ္သည္။ အကယ္၍ရက္အတိအက်မသိဘဲ ျမန္မာလ (၀ါေခါင္လ)အတြင္းေမြးဖြားသူမ်ားသည္လည္း သိဟ္ရာသီဖြားမ်ားဟု တစ္ထစ္ခ်မွတ္ယူကာ ေအာက္ပါ စ႐ုိက္လကၡဏာႏွင့္ ျဖစ္စဥ္တုိ႔ကုိေလ့လာမွတ္သား၍ ဘ၀တြင္ ေရွာင္မႈ ေဆာင္မႈတို႔ ျပဳႏိုင္ေပ၏။

ပင္ကိုသဘာ၀ႏွင့္ အက်င့္စ႐ုိက္ လကၡဏာမ်ား

သိဟ္ရာသီဖြားမ်ားသည္ ဂုဏ္က်က္သေရရွိသူမ်ားျဖစ္၏။အစစအရာရာ
ေခါင္းေဆာင္လုိစိတ္ရွိ၏။ အစစ စြန္႔ဦးတီထြင္ၾကံဆႏုိင္ေသာ
အစြမ္းသတၱိႏွင့္ ျပည့္စံု၏။ စိတ္အားထက္သန္သူမ်ား ျဖစ္ၾက၏။
မိမိကိုယ္ကို အလြန္ အထင္ႀကီးတတ္ၾက၏။ မည္သည့္ကိစၥမဆို
လိုသည္ထက္ပို၍ ေျပာလုိ၊ လုပ္လုိ၊ သံုးစြဲလုိတတ္ၾက၏။ ပညာရွိ
သုခမိန္ျဖစ္တတ္၏။ ရဲရင့္ထက္ျမက္၏။ ရဲရင့္တည္ၾကည္၏။

ေယာက္်ားပီသ၏။ သိဟ္ရာသီဖြား အမ်ိဳးသမီးမ်ားသည္လည္း
ေယာက္်ားဆန္ဆန္ ထက္ျမက္တတ္ၾက၏။ သစၥာရွိတတ္ၾက၏။
ကတိသစၥာကို အလြန္တန္ဖိုးထားတတ္ၾက၏။ ထက္ျမက္႐ံုသာမက
စိတ္ဓါတ္ျပင္းထန္သူမ်ားျဖစ္၏။သူတစ္ပါးက မိမိအား ေျမာက္စားျခင္း၊

ေနရာေပးျခင္း၊ ဆရာတင္ျခင္း၊ ဦးစားေပးျခင္း ျဖစ္လာက အခ်ိန္ကုန္
ေငြကုန္ခံ၍ ကုိယ္က်ိဳးစြန္႔၍ အားပါးတရ လုပ္တတ္၏။ အမုန္းခံစရာရွိက
အမုန္းခံ၍ အားႀကိဳးမာန္တက္ ေဆာင္ရြက္ေပးတတ္၏။ ကိုယ့္ကို
ေျမႇာက္ပင့္မွန္းသိသိႏွင့္ပင္ သာယာေနတတ္၏။ ဟန္ႏွင့္ ပန္ႏွင့္
ေနတတ္၏။အေသးအဖြဲကိစၥမ်ားကို ေငြမည္မွ်ရပါေစ စိတ္မ၀င္စား။

စမတ္က်က်ႏွင့္ လူအထင္ႀကီးမည့္ကိစၥမ်ားကိုဆိုလွ်င္
ေငြရနည္းသည္ျဖစ္ေစ လုပ္ကိုင္လို၏။ သိဟ္ရာသီဖြားတို႔၏
အားနည္းခ်က္မွာ ဘာပဲလုပ္လုပ္ မလိုအပ္ဘဲ အက်ယ္ခ်ဲ႕ျခင္း၊
အခ်ိန္ဆြဲျခင္း၊ ဇီဇာေၾကာင္ျခင္း၊ သူတစ္ပါးအၾကံလက္မခံျခင္း၊
သူတစ္ပါးစကားနားေထာင္ အၾကံယူက ေအာက္က်သည္၊
သိကၡာက်သည္ဟု မာနတင္းကာ အၾကံေကာင္းမ်ား
လက္လြတ္ခံျခင္းတို႔ပင္ျဖစ္၏။ သို႔ေသာ္ သိဟ္ရာသီဖြားတုိ႔သည္
အျမင္ထူးျခား၏။ ဘယ္ေတာ့မွ ေနာက္မတြန္႔တတ္။
လူေျဖာင့္စိတ္တိုမ်ားျဖစ္၏။ စိတ္ျမန္သည္။ အားမနာတတ္။

မခံခ်င္စိတ္ႀကီးမားသျဖင့္ ခက္ထန္သည္။ မွန္သည္ထင္က မည္သူ႔ကိုမွ
သည္းမခံတတ္။ ရာသက္ပန္ တစ္ခုတည္းေသာ၀ါဒကို
စြဲကိုင္ထားတတ္၏။ လူတြင္က်ယ္လုပ္လုိ၏။ လူ႐ိုေသေအာင္လည္း
ေနတတ္၏။ ထုိ႔အျပင္ သူမ်ားတကာႏွင့္ အျမင္မတူတတ္၏။
ကိုယ္ကိုင္စြဲေသာ ၀ါဒအတုိင္း ခံယူေလွ်ာက္လွမ္းတတ္၏။ ျငင္းခံုစရာရွိက
အခုိင္အခန႔္ျငင္းခံု၏။ ဆန္႔က်င္စရာရွိက ရဲရဲဆန္႔က်င္၏။

ဥပေဒကိုျဖစ္ေစ၊ စည္းကမ္းေဘာင္မ်ားကိုျဖစ္ေစ၊ အသစ္ျပဳျပင္
ေျပာင္းလဲပစ္လိုသူမ်ားျဖစ္ၾက၏။ အခြင့္အေရးကိုလည္း မရရေအာင္
ယူတတ္ၾက၏။ မွန္သည္ထင္က ေျပာရဲ၊ လုပ္ရဲေသာသတၱိရွိ၏။ သို႔ေသာ္
သူတစ္ပါးကို ရန္လုိေသာစိတ္မရွိ။ ကိုယ့္အေပၚ လွ်ိဳ႕၀ွက္ရန္သူမ်ား
ရွိေနတတ္ၾက၏။ စီးပြားေရးဘက္တြင္ အားနည္းတတ္ၾက၏။

စိတ္ထိခိုက္လြယ္၏။ တစ္ေယာက္တည္းႀကိတ္ၿပီးမြန္းၾကပ္ေနေအာင္
ခံစားရျခင္းမ်ိဳး မၾကာခဏၾကံဳရတတ္၏။ သူတစ္ပါးကို အားေပးစကား
မေျပာတတ္သလို ကိုယ္တိုင္ခံစားစရာရွိက ေျဖမဆည္ႏုိင္ေအာင္
ခံစားခ်က္ႀကီးတတ္၏။ ဘ၀တြင္ ကြၽမ္းက်င္မႈေတြမ်ားၿပီး
ေရြးခ်ယ္ရခက္ေနေသာ အေနအထားတုိ႔မ်ားစြာ ၾကံဳတတ္၏။ ဂမၻီရပါရမီ
ရင့္သန္၏။ စည္းကမ္းေဘာင္အတြင္း ေနမွေကာင္း၏။

တစ္ခုခုစည္းေဖာက္မိက သူတစ္ပါးထက္ အထိနာတတ္၏။ ဥပမာ-
ဥပေဒႏွင့္မကင္းေသာ အလုပ္တို႔ လုပ္မိက သူမ်ားထက္ပိုထိတတ္၏။
တြန္းတိုက္ၿပီး ႀကိဳးစားရခ်ိန္တြင္ အားမာန္အျပည့္ရွိသေလာက္
ေအာင္ျမင္သြားခ်ိန္တြင္ စိတ္ပ်ံ႕လြင့္ၿပီး အေပ်ာ္အပါးဘက္
လုိက္သြားတတ္၏။ ဘ၀သက္တာတြင္ ေငြကိုအားတိုက္
ကိုယ္စြမ္းညာဏ္စြမ္းႏွင့္ ႀကိဳးစားၿပီးရွာရတတ္၏။

စိတ္သေဘာထားေကာင္းမြန္ျခင္း၊ အကင္းပါးျခင္း၊ လိမၼာပါးနပ္စြာ
ေျပာဆိုျပဳလုပ္တတ္ျခင္း၊ စာေပဗဟုသုတ
အသိညာဏ္ႏွင့္ျပည့္စံုျခင္းတို႔ေၾကာင့္ ဘ၀တြင္ လူတစ္လံုး
သူတစ္လံုးျဖစ္ေအာင္ႀကီးျမင့္တတ္ၾက၏။

သိဟ္ရာသီဖြားမ်ား၏ အခ်စ္ေရးႏွင့္ အိမ္ေထာင္ေရး အေနအထားမ်ား
သိဟ္ရာသီဖြားတုိ႔သည္ အခ်စ္ႀကီးသူမ်ားျဖစ္၏။ ပင္ကိုယ္စိတ္ဓါတ္
ရဲရင့္ထက္ျမက္သေလာက္ ႏွလံုးသားေရးတြင္ အ႐ံႈးေပး၍
ခ်စ္တတ္ၾက၏။ ဘ၀ကို အခ်စ္ျဖင့္ တည္ေဆာက္လုိၾက၏။

မွားသည္ျဖစ္ေစ၊ မွန္သည္ျဖစ္ေစ ထင္မိထင္ရာ
တမ္းတမ္းစြဲခ်စ္မိတတ္ၾက၏။ ထုိ႔အတူ ကိုယ္ကိုယ္တိုင္ကလည္း
ဆြဲေဆာင္မႈ ညႇိဳ႕ငင္အားေကာင္း၍ မ်က္ႏွာပြင့္တတ္၏။
ခ်စ္သူေပါတတ္၏။ ကိုယ္ကိုယ္တိုင္ တစ္ေယာက္တည္း
စြဲၿမဲစြာခ်စ္ခ်င္ေသာ္လည္း ေရြးခ်ယ္ရခက္ေလာက္ေအာင္
မ်ားလာတတ္၏။ ထုိ႔အတူ ခ်စ္သူ၏ စြန္႔ပစ္ျခင္းကို ခံရတတ္၏။

ဘ၀တြင္သိဟ္ရာသီဖြားအမ်ားစုသည္ လူပ်ိဳႀကီး၊ အပ်ိဳႀကီးမ်ား
ျဖစ္တတ္ၾက၏။ အိမ္ေထာင္ျပဳေသာအခါ ကိုယ္ကလည္း
ကိုယ့္၀ါဒႏွင့္အညီသာ ျပဳမူေနထုိင္တတ္ၾကသျဖင့္ အိမ္ေထာင္ဖက္ႏွင့္
အၿမဲလိုလုိ ဆန္႔က်င္ဘက္ ျဖစ္ေနတတ္၏။ သို႔ေသာ္
သိဟ္ရာသီဖြားတုိ႔သည္ သစၥာႀကီးမားသူမ်ားျဖစ္၏။ မိမိခ်စ္သူအေပၚ
မိမိအိမ္ေထာင္ဘက္အေပၚ အထူးသစၥာထားတတ္၏။

သိဟ္ရာသီဖြားတုိ႔သည္ မိမိခ်စ္သူ၊ မိမိအိမ္ေထာင္ဖက္အတြက္
စိတ္ခ်မ္းသာေအာင္ မည္သုိ႔ေဆာင္ရြက္ေပးရမည္ကို အၿမဲ
ၾကံဆေနတတ္ၾက၏။ သိဟ္ရာသီဖြားတုိ႔သည္ အသက္ (၂၀)ေက်ာ္မွ
အိမ္ေထာင္ျပဳသင့္၏။ အိမ္ေထာင္ျပဳေသာအခါ ကေလးဆန္ေသာ
အိမ္ေထာင္ဖက္ႏွင့္ ဖူးစာဆံုတတ္၏။ သိဟ္ရာသီဖြား အမ်ိဳးသား၊
အမ်ိဳးသမီးအားလံုး မိဘစီမံေသာ အိမ္ေထာင္ေရးကို လက္ခံသင့္၏။

ကိုယ့္သေဘာႏွင့္ကိုယ္ ဆံုးျဖတ္က အိမ္ေထာင္ေရး
ေသာကၾကံဳရတတ္၏။ အသက္ (၃၀)၀န္းက်င္ေရာက္မွ
အိမ္ေထာင္ျပဳေလ ေကာင္းေလျဖစ္၏။ ထို႔အျပင္ အ႐ူးအမူး
ခ်စ္တတ္ေသာ စ႐ုိက္ကိုျပသင့္၏။ အိမ္ေထာင္ဖက္အေပၚတြင္ျဖစ္ေစ၊
ကိုယ့္ခ်စ္သူအေပၚတြင္ျဖစ္ေစ ကိုယ့္ဘက္က အျမင္သက္သက္ျဖင့္
သံုးသပ္ျခင္း၊ ဆံုးျဖတ္ျခင္းမျပဳဘဲ နားလည္မႈထားေပးက
စိတ္ခ်မ္းသာမႈရရွိတတ္ၾကေပ၏။

သိဟ္ရာသီဖြားတို႔၏ အလုပ္အကိုင္ႏွင့္ စီးပြားေရး အေနအထားမ်ား
ျခင္းတို႔ကို သတိျပဳသင့္၏။ မည္သည့္ကိစၥမဆုိ မာန၊ သိကၡာမၾကည့္ဘဲ
အက်ိဳးရလာဒ္ျဖင့္ ခ်င့္ခ်ိန္ၿပီးလုပ္မွ စီးပြားျဖစ္တတ္၏။
သိဟ္ရာသီဖြားတုိ႔သည္ အုပ္ခ်ဳပ္မႈဆိုင္ရာလုပ္ငန္း၊ ပန္းခ်ီအႏုပညာ၊
စစ္သူႀကီး၊ စစ္ဘက္၊ တည္ေဆာက္ေရးလုပ္ငန္း၊ ဖိနပ္လုပ္ငန္း၊
စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားျဖင့္ အထူးေကာင္းက်ိဳးေပးမည္။

က်န္းမာေရးအေနအထားမ်ား

သိဟ္ရာသီဖြားမ်ားသည္ က်န္းမာေရးတြင္ ေရာဂါႀကီးမ်ားစြာ
မျဖစ္တတ္ပါ။ အေသးအဖြဲမွ်သာ ျဖစ္တတ္ပါသည္။ က်န္းမာသန္စြမ္းတတ္ၾကပါသည္။ သို႔ေသာ္ မိမိကိုယ္ကိုယ္ ဟိုေရာဂါရွိသလိုလို၊ သည္ေရာဂါရွိသလိုလုိႏွင့္ထင္ေယာင္ထင္မွားျဖစ္တတ္ၾက၏။ ထူးထူးဆန္းဆန္းခံစားရသည္ဟုလည္း သံသယစြဲႏွင့္
ေရာဂါအမည္တပ္တတ္ၾက၏။ စိတ္ေရာဂါတစ္မ်ိဳးဟုသာ ဆိုရေပမည္။
အထူးသတိျပဳရန္မွာ ဘယ္အေၾကာင္းႏွင့္မွ စိတ္ဆင္းရဲမခံၾကပါႏွင့္။

စိတ္ပင္ပန္းမႈေၾကာင့္ ႏွလံုးေရာဂါႏွင့္ ေသြးတိုးေရာဂါ ျဖစ္တတ္ေလ၏။
မ်က္ေစ့မႈံတတ္ၾက၏။ အေသးအဖြဲအားျဖင့္ ေခါင္းကိုက္ ဇက္ေၾကာတက္၊
အာ႐ံုေၾကာေရာဂါတို႔သာ မၾကာခဏျဖစ္တတ္ၾက၏။
အစာအိမ္ခဲြစိတ္ရျခင္းမ်ိဳး ၾကံဳတတ္၏။
ေရွာက္သီး၊ သံပုရာသီး၊ လိေမၼာ္သီး၊ ကြၽဲေကာသီး၊ ပ်ားရည္၊ ေပါင္မုန္႔ႏွင့္
ခ်င္းသုတ္တို႔ကို မၾကာခဏ စားေပးသင့္၏။ မၾကာခဏ အနားယူသင့္၏။
အနားယူေပး႐ံုျဖင့္ပင္ က်န္းမာတတ္ၾကေပ၏။

သဘာ၀ေဘးအႏၲရာယ္မ်ား

သိဟ္ရာသီဖြားတုိ႔သည္ မီး၊ အပူေလာင္၊ လွ်ပ္စစ္ေရွာ့ခ္ျဖစ္ျခင္းတို႔ကို
အထူးသတိထားသင့္၏။ မီးေဘးအႏၲရာယ္ကို အစစ
ႀကိဳတင္သတိရွိသင့္၏။ လွ်ပ္စစ္မီးႏွင့္ စပ္ယွဥ္ေသာေနရာတို႔တြင္
အသးအဖြဲမွစလွ်က္ သတိျပဳသင့္၏။ လွ်ပ္စစ္ေလွ်ာ့ျဖစ္တတ္၏။
အထူးသျဖင့္ စက္႐ံုႀကီးမ်ားတြင္ အလုပ္လုပ္ေသာ
သိဟ္ရာသီဖြားတုိ႔သည္ ပို၍သတိျဖင့္ ေဆာင္ရြက္သင့္၏။
ႀကိဳတင္သတိရွိက ဘာမွ်စိုးရိမ္ရန္ မရွိပါေခ်။

ဘ၀ကံၾကမၼာ အနိမ့္အျမင့္ အေျခအေနမ်ား

သိဟ္ရာသီဖြားတုိ႔သည္ ေငြေၾကးဥစၥာ မထင္မွတ္ဘဲရရွိၿပီး ဘ၀အျမင့္သို႔
တက္လွမ္းသြားႏိုင္ၾက၏။ အမ်ားအေပၚ ဦးေဆာင္ႏိုင္စြမ္း ရွိၾက၏။
သို႔ေသာ္ ကိုယ္လုပ္မွ အေကာင္းထင္တတ္ျခင္း၊
အာဏာျပမိတတ္ျခင္းတို႔ေၾကာင့္ ဘ၀တြင္ ထိခိုက္နစ္နာတတ္၏။
အထူးသျဖင့္ အေသာက္အစားဖက္က ႐ုတ္တရက္ပ်က္စီးတတ္၏။
မူးယစ္ေသာက္စားမႈကို အထူးေရွာင္ပါေလ။ သိဟ္ရာသီဖြားတို႔သည္
စာေပဗဟုသုတ အသိÓဏ္ရွိ၏။ မည္သူ႔ကိုမွ ေအာက္မက်ိဳ႕ဘဲ
ရဲရဲ၀ံ့၀ံ့လုပ္ကိုင္တတ္၏။ အထက္လူႀကီးတို႔က အထင္လြဲတတ္၏။
ဘ၀တြင္ ကိုယ့္ဒူးကိုယ္ခြၽန္ႀကိဳးစားၿပီးမွ ႐ုတ္တရက္
အခြင့္အလမ္းေပၚကာ ေငြေၾကးဥစၥာ ရတတ္ျခင္းျဖစ္၏။ အသက္(၂၆)
၀န္းက်င္တြင္ ဘ၀တက္လမ္းပြင့္၏။ အလွဴအတန္းျပဳႏိုင္တတ္၏။

အသက္(၃၁)၀န္းက်င္တြင္ စည္းစိမ္တိုးတက္၏။ အသက္ (၄၉)
၀န္းက်င္တြင္ ဘ၀ေအာင္ျမင္မႈႀကီးစြာရတတ္၏။ အသက္(၅၆)
၀န္းက်င္တြင္ က်န္းမာေရးထိခုိက္တတ္၏။ အသက္(၈၁)၀န္းက်င္တြင္
က်န္းမာေရးအထူးဂ႐ုျပဳပါ။

သိဟ္ရာသီဖြားတုိ႔သည္ရဲ၀ံ့စြန္႔စားသူမ်ားျဖစ္၏။ ႏုိင္ငံရပ္ျခားသို႔ သြားရတတ္၏။ သူတစ္ပါးအတြက္ ၾကားမွ အနစ္နာခံမိ၍ ဘ၀တြင္ ထိခုိက္နစ္နာတတ္၏။ ရရွိေသာ ေအာင္ျမင္မႈႏွင့္ ပစၥည္းဥစၥာတို႔ကို တန္ေၾကးမထားတတ္၍
နစ္နာတတ္၏။

ဘ၀တိုးတက္ေအာင္ျမင္ေစရန္ ေဆာင္ရန္၊ ေရွာင္ရန္မ်ား
အရက္ေသစာႏွင့္ စီးကရက္ကို အထူးေရွာင္ပါ။ သူတစ္ပါးအိမ္ယာကို
အထူးေရွာင္ပါ။ အေပ်ာ္အပါးေလွ်ာ့ပါ။ ၎င္းသံုးခ်က္ကိုသာ

အဓိကဆင္ျခင္ပါ။စည္းကမ္းႀကီးျခင္း၊ သန္႔သန္႔ခန္႔ခန္႔ေနတတ္ျခင္း၊
စနစ္တက်လုပ္တတ္ျခင္းတုိ႔ေၾကာင့္ ဘ၀တြင္ ေအာင္ျမင္မည္။
စိတ္ထက္ျခင္း၊စိတ္ခုိင္ျခင္း၊ ၀ီရိယႀကီးျခင္းတုိ႔က ေအာင္ျမင္မႈကို
ပ့ံပိုးေပးလိမ့္မည္။

ရဲရဲေတာက္ ေက်ာက္အနီကို လက္စြပ္ကြင္း၍ ၀တ္ထားပါ။ ရန္အားလံုးကို
ေအာင္ႏုိင္ပါအံ့။ ေရႊလက္စြပ္ကို တစ္သစ္စ ေန၀န္းပံုသ႑ာန္ပံုေဖာ္၍
ေဆာင္ထားပါ။ ၀တ္ထားပါ။ လက္်ာဘက္ လက္ခလယ္တြင္ ၀တ္ထားပါ။
သိဟ္ရာသီဖြားတို႔၏ အိမ္ခန္း၊ အလုပ္ခန္းတြင္ တက္သစ္စေန၀န္းပံု
ပန္ခ်ီကား ခ်ိတ္ဆြဲထားပါ။ ထုိ႔ျပင္ အ၀ါေရာင္၊ လိေမၼာ္ေရာင္၊
နံ႔သာေရာင္တို႔ အထူးေဆာင္ပါ။ အနက္၊ အညိဳ အထူးေရွာင္ပါေလ။
သိဟ္ရာသီဖြားတုိ႔ အၿမဲ သန္႔သန္႔ ခန္႔ခန္႔ေနေပးပါ။ မာနမႀကီးဘဲ
သူတစ္ပါး အၾကံညာဏ္ လက္ခံေပးျခင္းအားျဖင့္ အက်ိဳးထူးတတ္ေပသည္။

ထုိ႔အျပင္ သူတစ္ပါးကိစၥၾကား၀င္ျခင္းကို ေရွာင္ပါ။ တဇြတ္ထိုးလုပ္ျခင္းကို
ေရွာင္ပါ။ ႏွစ္စဥ္ ဧၿပီလႏွင့္ ၾသဂုတ္လတို႔တြင္ အဆိုး၀ါးဆံုး
အခုိက္အည့ံၾကံဳတတ္သလုိ အေကာင္းဆံုးအေနအထားမ်ားပါ ၾကံဳတတ္၍
အစစသတိျဖင့္လုပ္ပါ။ ႏွစ္စဥ္မတ္လတြင္ အေရးတႀကီးကိစၥမ်ား
မေဆာင္ရြက္သင့္ပါ။ မည္သည့္ကိစၥမဆုိ ရတနာသံုးပါးဦးထိပ္ပန္ဆင္၍
ေဆာင္ရြက္မွ ထူးျခားစြာ ေအာင္ျမင္မႈ ရရွိတတ္ေပသတည္း။

Posted by yanshin

Unicode

သိဟ်ရာသီဖွား
(၉၀% မှန်တယ်ဆိုရင် Comments လေးပေးခဲ့ပါ)

(ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၂၃ ရက်အတွင်း)
(မြန်မာလ ၀ါခေါင်လ)

သိဟ်ရာသီသည် နက္ခတ်ရာသီစက်ဝန်း၏ (၅) ခွင်မြောက် ရာသီဖြစ်၏။
ကောင်းကင်၌ရှိသော ကြယ်တာရာတို့တွင် ခြင်္သေ့တစ်ကောင်၏
ပုံသဏ္ဍာန် စုစည်းတည်ရှိနေသော သင်္ကေတဖြစ်၏။

ဓါတ်သဘာဝအားဖြင့် မီးဓါတ်ကြီးစိုး၏။ စိုးမိုးဂြိုလ်မှာ တနင်္ဂနွေဖြစ်၏။
(၁)ဂဏန်းနှင့် (၄)ဂဏန်းတို့အား စွမ်းအားများ သက်ရောက်နေသည်။
လူသားတို့၏နှလုံးအိမ်ကို စိုးမိုးပိုင်ဆိုင်သော ရာသီခွင်ဖြစ်သည်။
နေ့ရာသီဖြစ်၏။ (ပါပ^ကျား)ရာသီဖြစ်၏။ (သတွဂုဏ်) လွှမ်းခြုံ၏။

နှစ်စဉ် ဇူလိုင်လ (၂၃)မှ သြဂုတ်လ (၂၃)ရက်အတွင်း မွေးဖွားသူများကို
သိဟ်ရာသီဖွားများဟု သတ်မှတ်သည်။ အကယ်၍ရက်အတိအကျမသိဘဲ မြန်မာလ (၀ါခေါင်လ)အတွင်းမွေးဖွားသူများသည်လည်း သိဟ်ရာသီဖွားများဟု တစ်ထစ်ချမှတ်ယူကာ အောက်ပါ စရိုက်လက္ခဏာနှင့် ဖြစ်စဉ်တို့ကိုလေ့လာမှတ်သား၍ ဘဝတွင် ရှောင်မှု ဆောင်မှုတို့ ပြုနိုင်ပေ၏။

ပင်ကိုသဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ

သိဟ်ရာသီဖွားများသည် ဂုဏ်ကျက်သရေရှိသူများဖြစ်၏။ အစစအရာရာ
ခေါင်းဆောင်လိုစိတ်ရှိ၏။ အစစ စွန့်ဦးတီထွင်ကြံဆနိုင်သော
အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ စိတ်အားထက်သန်သူများ ဖြစ်ကြ၏။
မိမိကိုယ်ကို အလွန် အထင်ကြီးတတ်ကြ၏။ မည်သည့်ကိစ္စမဆို
လိုသည်ထက်ပို၍ ပြောလို၊ လုပ်လို၊ သုံးစွဲလိုတတ်ကြ၏။ ပညာရှိ
သုခမိန်ဖြစ်တတ်၏။ ရဲရင့်ထက်မြက်၏။ ရဲရင့်တည်ကြည်၏။

ယောက်ျားပီသ၏။ သိဟ်ရာသီဖွား အမျိုးသမီးများသည်လည်း
ယောက်ျားဆန်ဆန် ထက်မြက်တတ်ကြ၏။ သစ္စာရှိတတ်ကြ၏။
ကတိသစ္စာကို အလွန်တန်ဖိုးထားတတ်ကြ၏။ ထက်မြက်ရုံသာမက
စိတ်ဓါတ်ပြင်းထန်သူများဖြစ်၏။သူတစ်ပါးက မိမိအား မြောက်စားခြင်း၊

နေရာပေးခြင်း၊ ဆရာတင်ခြင်း၊ ဦးစားပေးခြင်း ဖြစ်လာက အချိန်ကုန်
ငွေကုန်ခံ၍ ကိုယ်ကျိုးစွန့်၍ အားပါးတရ လုပ်တတ်၏။ အမုန်းခံစရာရှိက
အမုန်းခံ၍ အားကြိုးမာန်တက် ဆောင်ရွက်ပေးတတ်၏။ ကိုယ့်ကို
မြှောက်ပင့်မှန်းသိသိနှင့်ပင် သာယာနေတတ်၏။ ဟန်နှင့် ပန်နှင့်
နေတတ်၏။အသေးအဖွဲကိစ္စများကို ငွေမည်မျှရပါစေ စိတ်မဝင်စား။

စမတ်ကျကျနှင့် လူအထင်ကြီးမည့်ကိစ္စများကိုဆိုလျှင်
ငွေရနည်းသည်ဖြစ်စေ လုပ်ကိုင်လို၏။ သိဟ်ရာသီဖွားတို့၏
အားနည်းချက်မှာ ဘာပဲလုပ်လုပ် မလိုအပ်ဘဲ အကျယ်ချဲ့ခြင်း၊
အချိန်ဆွဲခြင်း၊ ဇီဇာကြောင်ခြင်း၊ သူတစ်ပါးအကြံလက်မခံခြင်း၊
သူတစ်ပါးစကားနားထောင် အကြံယူက အောက်ကျသည်၊
သိက္ခာကျသည်ဟု မာနတင်းကာ အကြံကောင်းများ
လက်လွတ်ခံခြင်းတို့ပင်ဖြစ်၏။ သို့သော် သိဟ်ရာသီဖွားတို့သည်
အမြင်ထူးခြား၏။ ဘယ်တော့မှ နောက်မတွန့်တတ်။
လူဖြောင့်စိတ်တိုများဖြစ်၏။ စိတ်မြန်သည်။ အားမနာတတ်။

မခံချင်စိတ်ကြီးမားသဖြင့် ခက်ထန်သည်။ မှန်သည်ထင်က မည်သူ့ကိုမှ
သည်းမခံတတ်။ ရာသက်ပန် တစ်ခုတည်းသောဝါဒကို
စွဲကိုင်ထားတတ်၏။ လူတွင်ကျယ်လုပ်လို၏။ လူရိုသေအောင်လည်း
နေတတ်၏။ ထို့အပြင် သူများတကာနှင့် အမြင်မတူတတ်၏။
ကိုယ်ကိုင်စွဲသော ၀ါဒအတိုင်း ခံယူလျှောက်လှမ်းတတ်၏။ ငြင်းခုံစရာရှိက
အခိုင်အခန့်ငြင်းခုံ၏။ ဆန့်ကျင်စရာရှိက ရဲရဲဆန့်ကျင်၏။

ဥပဒေကိုဖြစ်စေ၊ စည်းကမ်းဘောင်များကိုဖြစ်စေ၊ အသစ်ပြုပြင်
ပြောင်းလဲပစ်လိုသူများဖြစ်ကြ၏။ အခွင့်အရေးကိုလည်း မရရအောင်
ယူတတ်ကြ၏။ မှန်သည်ထင်က ပြောရဲ၊ လုပ်ရဲသောသတ္တိရှိ၏။ သို့သော်
သူတစ်ပါးကို ရန်လိုသောစိတ်မရှိ။ ကိုယ့်အပေါ် လျှို့ဝှက်ရန်သူများ
ရှိနေတတ်ကြ၏။ စီးပွားရေးဘက်တွင် အားနည်းတတ်ကြ၏။

စိတ်ထိခိုက်လွယ်၏။ တစ်ယောက်တည်းကြိတ်ပြီးမွန်းကြပ်နေအောင်
ခံစားရခြင်းမျိုး မကြာခဏကြံုရတတ်၏။ သူတစ်ပါးကို အားပေးစကား
မပြောတတ်သလို ကိုယ်တိုင်ခံစားစရာရှိက ဖြေမဆည်နိုင်အောင်
ခံစားချက်ကြီးတတ်၏။ ဘဝတွင် ကျွမ်းကျင်မှုတွေများပြီး
ရွေးချယ်ရခက်နေသော အနေအထားတို့များစွာ ကြံုတတ်၏။ ဂမ္ဘီရပါရမီ
ရင့်သန်၏။ စည်းကမ်းဘောင်အတွင်း နေမှကောင်း၏။

တစ်ခုခုစည်းဖောက်မိက သူတစ်ပါးထက် အထိနာတတ်၏။ ဥပမာ-
ဥပဒေနှင့်မကင်းသော အလုပ်တို့ လုပ်မိက သူများထက်ပိုထိတတ်၏။
တွန်းတိုက်ပြီး ကြိုးစားရချိန်တွင် အားမာန်အပြည့်ရှိသလောက်
အောင်မြင်သွားချိန်တွင် စိတ်ပျံ့လွင့်ပြီး အပျော်အပါးဘက်
လိုက်သွားတတ်၏။ ဘဝသက်တာတွင် ငွေကိုအားတိုက်
ကိုယ်စွမ်းညာဏ်စွမ်းနှင့် ကြိုးစားပြီးရှာရတတ်၏။

စိတ်သဘောထားကောင်းမွန်ခြင်း၊ အကင်းပါးခြင်း၊ လိမ္မာပါးနပ်စွာ
ပြောဆိုပြုလုပ်တတ်ခြင်း၊ စာပေဗဟုသုတ
အသိညာဏ်နှင့်ပြည့်စုံခြင်းတို့ကြောင့် ဘဝတွင် လူတစ်လုံး
သူတစ်လုံးဖြစ်အောင်ကြီးမြင့်တတ်ကြ၏။

သိဟ်ရာသီဖွားများ၏ အချစ်ရေးနှင့် အိမ်ထောင်ရေး အနေအထားများ
သိဟ်ရာသီဖွားတို့သည် အချစ်ကြီးသူများဖြစ်၏။ ပင်ကိုယ်စိတ်ဓါတ်
ရဲရင့်ထက်မြက်သလောက် နှလုံးသားရေးတွင် အရှုံးပေး၍
ချစ်တတ်ကြ၏။ ဘဝကို အချစ်ဖြင့် တည်ဆောက်လိုကြ၏။

မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ထင်မိထင်ရာ
တမ်းတမ်းစွဲချစ်မိတတ်ကြ၏။ ထို့အတူ ကိုယ်ကိုယ်တိုင်ကလည်း
ဆွဲဆောင်မှု ညှို့ငင်အားကောင်း၍ မျက်နှာပွင့်တတ်၏။
ချစ်သူပေါတတ်၏။ ကိုယ်ကိုယ်တိုင် တစ်ယောက်တည်း
စွဲမြဲစွာချစ်ချင်သော်လည်း ရွေးချယ်ရခက်လောက်အောင်
များလာတတ်၏။ ထို့အတူ ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံရတတ်၏။

ဘဝတွင်သိဟ်ရာသီဖွားအများစုသည် လူပျိုကြီး၊ အပျိုကြီးများ
ဖြစ်တတ်ကြ၏။ အိမ်ထောင်ပြုသောအခါ ကိုယ်ကလည်း
ကိုယ့်ဝါဒနှင့်အညီသာ ပြုမူနေထိုင်တတ်ကြသဖြင့် အိမ်ထောင်ဖက်နှင့်
အမြဲလိုလို ဆန့်ကျင်ဘက် ဖြစ်နေတတ်၏။ သို့သော်
သိဟ်ရာသီဖွားတို့သည် သစ္စာကြီးမားသူများဖြစ်၏။ မိမိချစ်သူအပေါ်
မိမိအိမ်ထောင်ဘက်အပေါ် အထူးသစ္စာထားတတ်၏။

သိဟ်ရာသီဖွားတို့သည် မိမိချစ်သူ၊ မိမိအိမ်ထောင်ဖက်အတွက်
စိတ်ချမ်းသာအောင် မည်သို့ဆောင်ရွက်ပေးရမည်ကို အမြဲ
ကြံဆနေတတ်ကြ၏။ သိဟ်ရာသီဖွားတို့သည် အသက် (၂၀)ကျော်မှ
အိမ်ထောင်ပြုသင့်၏။ အိမ်ထောင်ပြုသောအခါ ကလေးဆန်သော
အိမ်ထောင်ဖက်နှင့် ဖူးစာဆုံတတ်၏။ သိဟ်ရာသီဖွား အမျိုးသား၊
အမျိုးသမီးအားလုံး မိဘစီမံသော အိမ်ထောင်ရေးကို လက်ခံသင့်၏။

ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်က အိမ်ထောင်ရေး
သောကကြံုရတတ်၏။ အသက် (၃၀)၀န်းကျင်ရောက်မှ
အိမ်ထောင်ပြုလေ ကောင်းလေဖြစ်၏။ ထို့အပြင် အရူးအမူး
ချစ်တတ်သော စရိုက်ကိုပြသင့်၏။ အိမ်ထောင်ဖက်အပေါ်တွင်ဖြစ်စေ၊
ကိုယ့်ချစ်သူအပေါ်တွင်ဖြစ်စေ ကိုယ့်ဘက်က အမြင်သက်သက်ဖြင့်
သုံးသပ်ခြင်း၊ ဆုံးဖြတ်ခြင်းမပြုဘဲ နားလည်မှုထားပေးက
စိတ်ချမ်းသာမှုရရှိတတ်ကြပေ၏။

သိဟ်ရာသီဖွားတို့၏ အလုပ်အကိုင်နှင့် စီးပွားရေး အနေအထားများ
ခြင်းတို့ကို သတိပြုသင့်၏။ မည်သည့်ကိစ္စမဆို မာန၊ သိက္ခာမကြည့်ဘဲ
အကျိုးရလာဒ်ဖြင့် ချင့်ချိန်ပြီးလုပ်မှ စီးပွားဖြစ်တတ်၏။
သိဟ်ရာသီဖွားတို့သည် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်း၊ ပန်းချီအနုပညာ၊
စစ်သူကြီး၊ စစ်ဘက်၊ တည်ဆောက်ရေးလုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊
စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အထူးကောင်းကျိုးပေးမည်။

ကျန်းမာရေးအနေအထားများ

သိဟ်ရာသီဖွားများသည် ကျန်းမာရေးတွင် ရောဂါကြီးများစွာ
မဖြစ်တတ်ပါ။ အသေးအဖွဲမျှသာ ဖြစ်တတ်ပါသည်။ ကျန်းမာသန်စွမ်းတတ်ကြပါသည်။ သို့သော် မိမိကိုယ်ကိုယ် ဟိုရောဂါရှိသလိုလို၊ သည်ရောဂါရှိသလိုလိုနှင့်ထင်ယောင်ထင်မှားဖြစ်တတ်ကြ၏။ ထူးထူးဆန်းဆန်းခံစားရသည်ဟုလည်း သံသယစွဲနှင့်
ရောဂါအမည်တပ်တတ်ကြ၏။ စိတ်ရောဂါတစ်မျိုးဟုသာ ဆိုရပေမည်။
အထူးသတိပြုရန်မှာ ဘယ်အကြောင်းနှင့်မှ စိတ်ဆင်းရဲမခံကြပါနှင့်။

စိတ်ပင်ပန်းမှုကြောင့် နှလုံးရောဂါနှင့် သွေးတိုးရောဂါ ဖြစ်တတ်လေ၏။
မျက်စေ့မှုံတတ်ကြ၏။ အသေးအဖွဲအားဖြင့် ခေါင်းကိုက် ဇက်ကြောတက်၊
အာရုံကြောရောဂါတို့သာ မကြာခဏဖြစ်တတ်ကြ၏။
အစာအိမ်ခွဲစိတ်ရခြင်းမျိုး ကြံုတတ်၏။
ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ပျားရည်၊ ပေါင်မုန့်နှင့်
ချင်းသုတ်တို့ကို မကြာခဏ စားပေးသင့်၏။ မကြာခဏ အနားယူသင့်၏။
အနားယူပေးရုံဖြင့်ပင် ကျန်းမာတတ်ကြပေ၏။

သဘာဝဘေးအန္တရာယ်များ

သိဟ်ရာသီဖွားတို့သည် မီး၊ အပူလောင်၊ လျှပ်စစ်ရှော့ခ်ဖြစ်ခြင်းတို့ကို
အထူးသတိထားသင့်၏။ မီးဘေးအန္တရာယ်ကို အစစ
ကြိုတင်သတိရှိသင့်၏။ လျှပ်စစ်မီးနှင့် စပ်ယှဉ်သောနေရာတို့တွင်
အသးအဖွဲမှစလျှက် သတိပြုသင့်၏။ လျှပ်စစ်လျှော့ဖြစ်တတ်၏။
အထူးသဖြင့် စက်ရုံကြီးများတွင် အလုပ်လုပ်သော
သိဟ်ရာသီဖွားတို့သည် ပို၍သတိဖြင့် ဆောင်ရွက်သင့်၏။
ကြိုတင်သတိရှိက ဘာမျှစိုးရိမ်ရန် မရှိပါချေ။

ဘဝကံကြမ္မာ အနိမ့်အမြင့် အခြေအနေများ

သိဟ်ရာသီဖွားတို့သည် ငွေကြေးဥစ္စာ မထင်မှတ်ဘဲရရှိပြီး ဘဝအမြင့်သို့
တက်လှမ်းသွားနိုင်ကြ၏။ အများအပေါ် ဦးဆောင်နိုင်စွမ်း ရှိကြ၏။
သို့သော် ကိုယ်လုပ်မှ အကောင်းထင်တတ်ခြင်း၊
အာဏာပြမိတတ်ခြင်းတို့ကြောင့် ဘဝတွင် ထိခိုက်နစ်နာတတ်၏။
အထူးသဖြင့် အသောက်အစားဖက်က ရုတ်တရက်ပျက်စီးတတ်၏။
မူးယစ်သောက်စားမှုကို အထူးရှောင်ပါလေ။ သိဟ်ရာသီဖွားတို့သည်
စာပေဗဟုသုတ အသိÓဏ်ရှိ၏။ မည်သူ့ကိုမှ အောက်မကျို့ဘဲ
ရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်၏။ အထက်လူကြီးတို့က အထင်လွဲတတ်၏။
ဘဝတွင် ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားပြီးမှ ရုတ်တရက်
အခွင့်အလမ်းပေါ်ကာ ငွေကြေးဥစ္စာ ရတတ်ခြင်းဖြစ်၏။ အသက်(၂၆)
၀န်းကျင်တွင် ဘဝတက်လမ်းပွင့်၏။ အလှူအတန်းပြုနိုင်တတ်၏။

အသက်(၃၁)၀န်းကျင်တွင် စည်းစိမ်တိုးတက်၏။ အသက် (၄၉)
၀န်းကျင်တွင် ဘဝအောင်မြင်မှုကြီးစွာရတတ်၏။ အသက်(၅၆)
၀န်းကျင်တွင် ကျန်းမာရေးထိခိုက်တတ်၏။ အသက်(၈၁)၀န်းကျင်တွင်
ကျန်းမာရေးအထူးဂရုပြုပါ။

သိဟ်ရာသီဖွားတို့သည်ရဲဝံ့စွန့်စားသူများဖြစ်၏။ နိုင်ငံရပ်ခြားသို့ သွားရတတ်၏။ သူတစ်ပါးအတွက် ကြားမှ အနစ်နာခံမိ၍ ဘဝတွင် ထိခိုက်နစ်နာတတ်၏။ ရရှိသော အောင်မြင်မှုနှင့် ပစ္စည်းဥစ္စာတို့ကို တန်ကြေးမထားတတ်၍
နစ်နာတတ်၏။

ဘဝတိုးတက်အောင်မြင်စေရန် ဆောင်ရန်၊ ရှောင်ရန်များ
အရက်သေစာနှင့် စီးကရက်ကို အထူးရှောင်ပါ။ သူတစ်ပါးအိမ်ယာကို
အထူးရှောင်ပါ။ အပျော်အပါးလျှော့ပါ။ ၎င်းင်းသုံးချက်ကိုသာ

အဓိကဆင်ခြင်ပါ။စည်းကမ်းကြီးခြင်း၊ သန့်သန့်ခန့်ခန့်နေတတ်ခြင်း၊
စနစ်တကျလုပ်တတ်ခြင်းတို့ကြောင့် ဘဝတွင် အောင်မြင်မည်။
စိတ်ထက်ခြင်း၊စိတ်ခိုင်ခြင်း၊ ၀ီရိယကြီးခြင်းတို့က အောင်မြင်မှုကို
ပ့ံပိုးပေးလိမ့်မည်။

ရဲရဲတောက် ကျောက်အနီကို လက်စွပ်ကွင်း၍ ၀တ်ထားပါ။ ရန်အားလုံးကို
အောင်နိုင်ပါအံ့။ ရွှေလက်စွပ်ကို တစ်သစ်စ နေဝန်းပုံသဏ္ဍာန်ပုံဖော်၍
ဆောင်ထားပါ။ ၀တ်ထားပါ။ လက်ျာဘက် လက်ခလယ်တွင် ၀တ်ထားပါ။
သိဟ်ရာသီဖွားတို့၏ အိမ်ခန်း၊ အလုပ်ခန်းတွင် တက်သစ်စနေဝန်းပုံ
ပန်ချီကား ချိတ်ဆွဲထားပါ။ ထို့ပြင် အဝါရောင်၊ လိမ္မော်ရောင်၊
နံ့သာရောင်တို့ အထူးဆောင်ပါ။ အနက်၊ အညို အထူးရှောင်ပါလေ။
သိဟ်ရာသီဖွားတို့ အမြဲ သန့်သန့် ခန့်ခန့်နေပေးပါ။ မာနမကြီးဘဲ
သူတစ်ပါး အကြံညာဏ် လက်ခံပေးခြင်းအားဖြင့် အကျိုးထူးတတ်ပေသည်။

ထို့အပြင် သူတစ်ပါးကိစ္စကြားဝင်ခြင်းကို ရှောင်ပါ။ တဇွတ်ထိုးလုပ်ခြင်းကို
ရှောင်ပါ။ နှစ်စဉ် ဧပြီလနှင့် သြဂုတ်လတို့တွင် အဆိုးဝါးဆုံး
အခိုက်အည့ံကြံုတတ်သလို အကောင်းဆုံးအနေအထားများပါ ကြံုတတ်၍
အစစသတိဖြင့်လုပ်ပါ။ နှစ်စဉ်မတ်လတွင် အရေးတကြီးကိစ္စများ
မဆောင်ရွက်သင့်ပါ။ မည်သည့်ကိစ္စမဆို ရတနာသုံးပါးဦးထိပ်ပန်ဆင်၍
ဆောင်ရွက်မှ ထူးခြားစွာ အောင်မြင်မှု ရရှိတတ်ပေသတည်း။

Posted by yanshin

bottom of page