
Zawgyi
၁။ မျပတ္မသားေျပာဆိုသူကို မ်က္လံုး တည့္တည္စိုက္ၾကည့္ပါ။
တစ္ခါတစ္ရံမွာ တစ္ဖက္သားကရွင္းရွင္းလင္းလင္းမေျပာတဲ႔အခါ ကုိယ္နားမလည္တဲ႔ကိစၥတစ္ခုကို
ျပန္ေမးဖို႔၀န္ေလးတတ္ၾကပါတယ္။ ဒီလိုအခ်ိန္မွာ ေမးခြန္း တစ္ခုတည္းကို ထပ္တလဲလဲျပန္ေမးေနမယ့္အစား
တစ္ဖက္သူရဲ႕မ်က္လံုးကို တည့္တည့္စိုက္ၾကည့္ေနလိုက္ပါ။ ဒီအျပဳအမူဟာ တစ္ဖက္သား ကိုဖိအားေပးရာ
ေရာက္ျပီး ေျဖရွင္းထုတ္ဖို႔တြန္းအားေပးျပီးသားျဖစ္သြားပါလိမ့္မယ္။
၂။ ေအာ္ဟစ္ေျပာဆိုခံရခ်ိန္မွာ တည္ျငိမ္မႈရိွပါ။
တည္ျငိိမ္မႈရိွစြာေနနိုင္ဖို႔လိုအပ္ပါတယ္။ တစ္ဖက္သား က ေဒါသေၾကာင့္ေအာ္ဟစ္ေျပာဆိုေနခ်ိန္မွာ ကိုယ့္စိတ္ကပါ သူနဲ႕အတူေျမာပါမသြားေအာင္ထိန္းသိမ္းရပါမယ္။ ေဒါသစိတ္ဟာ ၾကီးမားရင္ၾကီးမားသေလာက္ ေနာင္တရေစပါတယ္။
အရင္ဆံုးေဒါသထြက္သူဟာ အရင္ဆံုးေတာင္းပန္ရသူပဲျဖစ္ပါတယ္။
၃။ ရန္လိုတိုက္ခိုက္တတ္သူနွင့္ အနီးဆံုးမွာေနပါ။
ကိုယ္နဲ႔မတည့္သူကို အစည္းအေ၀းခန္းမထဲမွာေတြ႕လို႔ ဘယ္လိုေရွာင္ရမလဲစဥ္းစားရခက္ေနပါသလား။
ေဘးခ်င္းကပ္သာ၀င္ထိုင္လိုက္ပါ။ မလွမ္းမကမ္းေနရာမွာသာရိွမယ္ဆိုရင္ ေဆြးေႏြးမႈေတြမွာ ကိုယ့္ကိုဦးတည္ျပီး
အၾကပ္ရိုုက္ေစမယ့္အခြင့္အေရးေပးလိုက္သလိုျဖစ္သြားပါလိမ့္မယ္။ သူ႔ေဘးနားမွာ ထိုင္ရတာအဆင္မေျပျဖစ္တဲ႔အတြက္လည္းစိတ္မပူပါနဲ႕ ။ သူလဲဒီလို ကသိကေအာက္ျဖစ္ေနတာနဲ႔ပဲ သင့္ကိုရန္ရွာဖို႔ေမ့ေနမွာပါ။
၄။ လူခ်စ္လူခင္ မ်ားခ်င္ရင္ နာမည္ေတြကိုမွတ္ထားပါ။
နာမည္အျပည့္အစံုမဟုတ္ေတာင္ အျဖားစြတ္ေခၚျပီးနႈတ္ဆက္လိုက္ျခင္းက တစ္ဦးနွင့္တစ္ဦး ပိုမိုရင္းနွီးေစမွာပါ။
၅။ ပူပင္ေသာကေတြနဲ႔ စိတ္ဖိစီးမႈေတြကို ခ်ေရးပါ။
ခ်ေရးလိုက္ျခင္းက တစ္စံုတစ္ေယာက္ကိုရင္ဖြင့္ေျပာဆိုလိုက္ရသလို အက်ိဳးသက္ေရာက္မႈရိွပါတယ္။
ဒီလိုရင္ဖြင့္ခ်ေရးျပီးတဲ႔ေနာက္မွာ အလုပ္ေတြကို ပိုမိုအာရံုစိုက္နိုင္လာတာကိုလဲ ေတြ႔ရမွာျဖစ္ပါတယ္။
၆။ ဆံုးျဖတ္ရခက္တဲ႔ အေနအထား မွာ ေရြးခ်ယ္စရာေတြကိုေလွ်ာ့ခ်ပါ။
ေရြးခ်ယ္စရာမ်ားတာက ေကာင္းပါတယ္။ ဒါေပမယ့္ တစ္ျပိဳင္နက္တည္းမွာပဲ ဆံုးျဖတ္ရခက္ေအာင္ ေတြေ၀ေစပါတယ္။
အမွန္ကန္ဆံုးဆံုးျဖတ္ခ်က္တစ္ခုကိုခ်မွတ္နိုင္ဖို႕ ေရြးခ်ယ္စရာ ၄ ခုထပ္မပိုပါေစနဲ႕။
၇။ ကိုယ္ေနဟန္ထားမွန္ကန္ေအာင္ေနပါ။
ခပ္မတ္မတ္ကိုယ္ေနဟန္ထားက ခႏၶာကိုယ္ ရဲ႕ေကာက္ေၾကာင္း အလွကိုေပၚလြင္ေစရံုသာမက
မိမိကိုယ္ကိုယံုၾကည္မႈတိုးပြားေစပါတယ္။ စိတ္ကိုလည္းလန္းဆန္းေစျပီးေတာ့ ထက္ျမက္သူတစ္ေယာက္အသြင္ကိုေဆာင္ပါတယ္။
၈။ ေက်ာက္တံုး ကတ္ေၾကး စကၠဴ ကစားနည္းမွာ အနိုင္ရမယ့္နည္းလမ္း
ဒီကစားနည္း ကိုမကစားခင္မွာ တစ္ဖက္လူကို ၾကံဳရာေမးခြန္းတစ္ခုေမးလိုက္ပါ။ ဒီလိုေမးလိုက္ျခင္းအားျဖင့္
တစ္ဖက္လူကိုစိတ္ရႈပ္ေထြးသြားေစျပီး ကတ္ေၾကးကိုသာ သူေရြးခ်ယ္ေတာ့မွာပဲျဖစ္ပါတယ္။
၉။ အကူအညီေတာင္းခ်ိန္မွာ တစ္ဖက္လူကိုလိုအပ္ေနေၾကာင္းသိေအာင္ေျပာပါ။
တစ္စံုတစ္ေယာက္ကိုအကူအညီေတာင္းဖို႔အတြက္ကို စကားပုလႅင္အမ်ားၾကီးခံျပီး ဖြဲ႕ႏြဲ႕ေျပာဖို႔မလိုပါဘူး။
ငါေတာ့မင္းရဲ႕အကူအညီလိုအပ္ေနျပီ လို႔ရိုးရွင္းစြာအကူအညီေတာင္းခံလိုက္ပါ။ ဒီလိုစကားစျပီးမွ အကူအညီေတာင္းတာကလက္ခံေပးနိုင္ေခ်ပိုမ်ားပါတယ္။
၁၀။ လက္ဆြဲ မႏႈတ္ဆက္ခင္မွာ လက္ကိုအရင္ဆံုးေႏြးေထြးေအာင္လုပ္ပါ။
ေဇာေခြ်းျပန္ေနေသာလက္ သို႔မဟုတ္ ေအးတိေအးစက္လက္ေတြဟာ နွစ္သက္စရာမေကာင္းပါဘူး။
ဒါ့ေၾကာင့္ တစ္စံုတစ္ေယာက္နဲ႕လက္ဆြဲမႏႈတ္ဆက္ခင္မွာ ေႏြးေထြးေအာင္ လက္၀ါးခ်င္း ပြတ္ျပီးေတာ့ ျပဳလုပ္ေပးသင့္ပါတယ္။ေႏြးေထြးတဲ႔လက္ဖ၀ါးတစ္စံုဟာ ေႏြးေထြးတဲ႔စိတ္ဓာတ္ကိုကိုယ္စားျပဳပါတယ္။
Credit :Hnin Pwint ( Myanmar Leaders )
Unicode
၁။ မပြတ်မသားပြောဆိုသူကို မျက်လုံး တည့်တည်စိုက်ကြည့်ပါ။
တစ်ခါတစ်ရံမှာ တစ်ဖက်သားကရှင်းရှင်းလင်းလင်းမပြောတဲ့အခါ ကိုယ်နားမလည်တဲ့ကိစ္စတစ်ခုကို
ပြန်မေးဖို့ဝန်လေးတတ်ကြပါတယ်။ ဒီလိုအချိန်မှာ မေးခွန်း တစ်ခုတည်းကို ထပ်တလဲလဲပြန်မေးနေမယ့်အစား
တစ်ဖက်သူရဲ့မျက်လုံးကို တည့်တည့်စိုက်ကြည့်နေလိုက်ပါ။ ဒီအပြုအမူဟာ တစ်ဖက်သား ကိုဖိအားပေးရာ
ရောက်ပြီး ဖြေရှင်းထုတ်ဖို့တွန်းအားပေးပြီးသားဖြစ်သွားပါလိမ့်မယ်။
၂။ အော်ဟစ်ပြောဆိုခံရချိန်မှာ တည်ငြိမ်မှုရှိပါ။
တည်ငြိိမ်မှုရှိစွာနေနိုင်ဖို့လိုအပ်ပါတယ်။ တစ်ဖက်သား က ဒေါသကြောင့်အော်ဟစ်ပြောဆိုနေချိန်မှာ ကိုယ့်စိတ်ကပါ သူနဲ့အတူမြောပါမသွားအောင်ထိန်းသိမ်းရပါမယ်။ ဒေါသစိတ်ဟာ ကြီးမားရင်ကြီးမားသလောက် နောင်တရစေပါတယ်။
အရင်ဆုံးဒေါသထွက်သူဟာ အရင်ဆုံးတောင်းပန်ရသူပဲဖြစ်ပါတယ်။
၃။ ရန်လိုတိုက်ခိုက်တတ်သူနှင့် အနီးဆုံးမှာနေပါ။
ကိုယ်နဲ့မတည့်သူကို အစည်းအဝေးခန်းမထဲမှာတွေ့လို့ ဘယ်လိုရှောင်ရမလဲစဉ်းစားရခက်နေပါသလား။
ဘေးချင်းကပ်သာဝင်ထိုင်လိုက်ပါ။ မလှမ်းမကမ်းနေရာမှာသာရှိမယ်ဆိုရင် ဆွေးနွေးမှုတွေမှာ ကိုယ့်ကိုဦးတည်ပြီး
အကြပ်ရိုုက်စေမယ့်အခွင့်အရေးပေးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ သူ့ဘေးနားမှာ ထိုင်ရတာအဆင်မပြေဖြစ်တဲ့အတွက်လည်းစိတ်မပူပါနဲ့ ။ သူလဲဒီလို ကသိကအောက်ဖြစ်နေတာနဲ့ပဲ သင့်ကိုရန်ရှာဖို့မေ့နေမှာပါ။
၄။ လူချစ်လူခင် များချင်ရင် နာမည်တွေကိုမှတ်ထားပါ။
နာမည်အပြည့်အစုံမဟုတ်တောင် အဖြားစွတ်ခေါ်ပြီးနှုတ်ဆက်လိုက်ခြင်းက တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးစေမှာပါ။
၅။ ပူပင်သောကတွေနဲ့ စိတ်ဖိစီးမှုတွေကို ချရေးပါ။
ချရေးလိုက်ခြင်းက တစ်စုံတစ်ယောက်ကိုရင်ဖွင့်ပြောဆိုလိုက်ရသလို အကျိုးသက်ရောက်မှုရှိပါတယ်။
ဒီလိုရင်ဖွင့်ချရေးပြီးတဲ့နောက်မှာ အလုပ်တွေကို ပိုမိုအာရုံစိုက်နိုင်လာတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။
၆။ ဆုံးဖြတ်ရခက်တဲ့ အနေအထား မှာ ရွေးချယ်စရာတွေကိုလျှော့ချပါ။
ရွေးချယ်စရာများတာက ကောင်းပါတယ်။ ဒါပေမယ့် တစ်ပြိုင်နက်တည်းမှာပဲ ဆုံးဖြတ်ရခက်အောင် တွေဝေစေပါတယ်။
အမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခုကိုချမှတ်နိုင်ဖို့ ရွေးချယ်စရာ ၄ ခုထပ်မပိုပါစေနဲ့။
၇။ ကိုယ်နေဟန်ထားမှန်ကန်အောင်နေပါ။
ခပ်မတ်မတ်ကိုယ်နေဟန်ထားက ခန္ဓာကိုယ် ရဲ့ကောက်ကြောင်း အလှကိုပေါ်လွင်စေရုံသာမက
မိမိကိုယ်ကိုယုံကြည်မှုတိုးပွားစေပါတယ်။ စိတ်ကိုလည်းလန်းဆန်းစေပြီးတော့ ထက်မြက်သူတစ်ယောက်အသွင်ကိုဆောင်ပါတယ်။
၈။ ကျောက်တုံး ကတ်ကြေး စက္ကူ ကစားနည်းမှာ အနိုင်ရမယ့်နည်းလမ်း
ဒီကစားနည်း ကိုမကစားခင်မှာ တစ်ဖက်လူကို ကြုံရာမေးခွန်းတစ်ခုမေးလိုက်ပါ။ ဒီလိုမေးလိုက်ခြင်းအားဖြင့်
တစ်ဖက်လူကိုစိတ်ရှုပ်ထွေးသွားစေပြီး ကတ်ကြေးကိုသာ သူရွေးချယ်တော့မှာပဲဖြစ်ပါတယ်။
၉။ အကူအညီတောင်းချိန်မှာ တစ်ဖက်လူကိုလိုအပ်နေကြောင်းသိအောင်ပြောပါ။
တစ်စုံတစ်ယောက်ကိုအကူအညီတောင်းဖို့အတွက်ကို စကားပုလ္လင်အများကြီးခံပြီး ဖွဲ့နွဲ့ပြောဖို့မလိုပါဘူး။
ငါတော့မင်းရဲ့အကူအညီလိုအပ်နေပြီ လို့ရိုးရှင်းစွာအကူအညီတောင်းခံလိုက်ပါ။ ဒီလိုစကားစပြီးမှ အကူအညီတောင်းတာကလက်ခံပေးနိုင်ချေပိုများပါတယ်။
၁၀။ လက်ဆွဲ မနှုတ်ဆက်ခင်မှာ လက်ကိုအရင်ဆုံးနွေးထွေးအောင်လုပ်ပါ။
ဇောချွေးပြန်နေသောလက် သို့မဟုတ် အေးတိအေးစက်လက်တွေဟာ နှစ်သက်စရာမကောင်းပါဘူး။
ဒါ့ကြောင့် တစ်စုံတစ်ယောက်နဲ့လက်ဆွဲမနှုတ်ဆက်ခင်မှာ နွေးထွေးအောင် လက်ဝါးချင်း ပွတ်ပြီးတော့ ပြုလုပ်ပေးသင့်ပါတယ်။နွေးထွေးတဲ့လက်ဖဝါးတစ်စုံဟာ နွေးထွေးတဲ့စိတ်ဓာတ်ကိုကိုယ်စားပြုပါတယ်။
Credit :Hnin Pwint ( Myanmar Leaders )