Zawgyi
ပုတိဖွားဟောကိန်း
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
ဝ ခုကြွင်းလျှင်
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၁ခုကြွင်းလျှင်
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၂ ခုကြွင်းလျှင်
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၃ ခုကြွင်းလျှင်
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၎ ခုကြွင်းလျှင်
၎ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၎ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၎ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၎ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၎ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၎ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၎ခုကြွင်းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၅ခုကြွင်းလျှင်
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၆ခုကြွင်းလျှင်
😃😃😃😃😃😃😃😃😃😃😃😃
ပုတိဖွားဟောကိန်း
Unicode
မြန်မာ မဟာဘုတ်ဗေဒင်ပညာ
ပုတိဖွားဟောကိန်း
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ရ နှင့်စားပါ
၀ ခုကြွင်းလျှင်
၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ရ နှင့်စားပါ
၁ခုကြွင်းလျှင်
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ရ နှင့်စားပါ
၂ ခုကြွင်းလျှင်
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ရ နှင့်စားပါ
၃ ခုကြွင်းလျှင်
၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ရ နှင့်စားပါ
၄ ခုကြွင်းလျှင်
၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ရ နှင့်စားပါ
၅ခုကြွင်းလျှင်
၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ရ နှင့်စားပါ
၆ခုကြွင်းလျှင်
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား
😃😃😃😃😃😃😃😃😃😃😃😃
ပုတိဖွားဟောကိန်း
အရာရာတိုင်းကို လက်တွေ့မှ ယုံကြည်တတ်ကြသည်။ယထာဘူတကျမှ လက်ခံတတ်သည်။ သူများက မြှောက်ပြောတိုင်းလဲ ဘဝင်မမြင့်တတ်သလို ခြောက်ပြောတိုင်းလဲ မကြောက်တတ်ပေ။ စည်းနဲ့ကမ်းနဲ့နေတတ်သည်။ အောက်သက်ကြေသည်။ ပေးပြီးသားကတိကို တည်အောင်ထိန်းသည်။ မည်သည့်အလုပ်ကိုမဆို လေးလေးစားစားလုပ်တတ်သည်။ လူအများ၏ အထင်ကြီးခြင်း လေးစားခြင်းခံရမည်။ စည်းရုံးရေးကောင်းသည်။ဒါပေမဲ့ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို မထုတ်ဖော်နိုင်တဲ့ ပုတိဖွားတွေ မအောင်မြင်တတ်ပေ။ မိမိအောင်မြင်ဖို့ ပတ်ဝန်းကျင်ကောင်း အသိုင်းအဝိုင်းကောင်းမှရသည်။
ဘဝတစ်လျှောက်လုံး ရုန်းကန်လုှပ်ရှားနေရတတ်သည်။ အတတ်အကျများသည်။ တုန်လှုပ်ဖွယ်ရာ ဘေးဆိုးများ မမျှော်လင့်တာသော ပြဿ နာများးလဲ မကြာခဏကြုံရတတ်သည်။ ဒါပေမဲ့ ဒုက္ခတွေကြားက သီသီလေးလွတ်မြောက်တတ်သည်။ အမြဲတမ်းအလကားမနေတတ်။ တစ်ခုခုလုပ်နေရမှကျေနပ်ကြသည်။ အပြင်ပန်းအမြင်မှာ အေးဆေးတည်ငြိမ်တယ် ထင်ရပေမဲ့ စိတ်တိုဒေါသထွက်လျှင် အမှန်အမှားမခွဲခြားတတ်တော့ပေ။ ထိန်းသိမ်းနိုင်စွမ်းနည်းကြသည်။ ဘဝတိုက်ပွဲအမြဲ ဆင်နွဲနေရမှ ကျေနပ်နေတတ်ကြတယ်။
အရာရာ ပြတ်ပြတ်သားသား ဆောင်ရွက်သည်။ တစ်ခါတလေအားနာတတ်သော်လဲ အားမနာတာကများတယ်။ ရဲတင်းလွန်ခြင်း ဦဆောင်ရဲခြင်းက လူအများရဲ့သြဘာ ပေးခြင်းခံရတတ်သည်။ မိမိသည်စိတ်ကောင်းစိတ်ဆိုး တစ်လှည့်ဆီဖြစ်မည်။ သူတော်ကောင်းစိတ် ဝင်နေရင်သူများထက် သူများထက်ကောင်းတတ်ပြီး စိတ်ဆိုးစိတ်ယုတ်ဝင်လာရင် ဘီလူးထက်မိုက်ပြတတ်သည်။ ပုတိဖွား
တွေဟာ ငယ်ငယ်ကဖတ်ဖူးတဲ့ ကျေးညီနောင်ပုံပြင်လိုပါပဲ။သူတော်ကောင်းနဲ့နီးရင် သူတော်ကောင်းဖြစ်သွားတတ်သလို သူယုတ်မာနဲ့ နီးရင် သူယုတ်မာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အောင်မြင်နေတဲ့ပုတိဖွားတွေကိုသုတေသနပြုကြည့်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်းမှာ နေခဲ့ရတာကို တွေ့ရပါတယ်။
မိမိသည် အခွင့်အရေးတွေကို လက်လွတ်မခံတတ်ဘဲရအောင်ယူတတ်သူပါပဲ။ ဖြောင့်မတ်ရိုးသားသူတွေပါပဲ။ စိတ်အခန့်မသင်လျှင် ဒေါသထွက်လွယ်သည်။ ဒေါသကြီးတာ ဒေါသထွက်လွယ်တာကို ရှောင်သင့်တယ်၊အောင်မြင်မှုအတွက်အတားအဆီး ဖြစ်နိုင်လို့ပါပဲ။ နာမည်ကျော်ကြားလွယ်တဲ့ဇာတာပါပဲ။ ကောင်းတာလုပ်ရင် နာမည်ကောင်းနဲ့ကျော်ကြားသလို ဆိုးတာလုပ်ရင်လဲ နာမည်ဆိုးကို ဖုံးဖိထားလို့မရပါဘူး။
မိမိသည်ငွေနှင့်နီးတဲ့ ဇာတာပါပဲ။ မကြာခဏငွေရတတ်သည်။ ငွေကို စည်းနဲ့ကမ်းနဲ့ သုံးမယ်လို့ ရည်မှန်းထားသော်လည်း လက်တွေ့မှာတော့လက်ဖွာတတ်သူပါပဲ။ ရှိရင်ရှိသလိုသုံးတတ်ပြီး မရှိရင်ရေသောက်ဗိုက်မှောက်နေတတ်သူပါပဲ။ စုလိုက်ကုန်လိုက်ပါပဲ။ ဘဝမှာ ဒုတိယအရွယ်ကအလွန်ကောင်းမည်။အောင်မြင်မည်။ ကျော်ကြားမည်။ လူအထင်ကြီးခြင်းခံရမည်။ မိမိဘဝဟာ မကြာခဏအပြောင်းအလဲကြံုရ တတ်သည်။ အလုပ်မှာလဲ လက်ငါးချောင်းထက်မနည်းပြောင်းလဲလုပ်ကိုင်နေရတတ်သည်။ ပုတိဖွားတွေဟာ မူရင်း စိတ်ထားဖြူစင်ပေမဲ့ ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းသွားတတ်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ သားသမီးအကျိုးမခံစားရတတ်ပေ။
ငြိမ်းအေးလူ ( ဗေဒင်သုတေသီ)