top of page

ဘယ်နံပါတ်ကိုမြင်လဲ။ သင်မြင်တဲ့နံပါတ်က သင့်ကိုကိုယ်စားပြုနေတယ်။
======================================
MI ပရိသတ်ကြီးတို့ရေ။
.
အခုပုံလေးကိုသေချာကြည့်လိုက်ပါ။ သင်ဘာနံပါတ်ကို အရင်စမြင်သလဲ။ သင်အရင်စမြင်တဲ့ နံပါတ်က သင့်ကိုတိုက်ရိုက်ကိုယ်စားပြုနေပါတယ်တဲ့။ အရမ်းမှန်တယ်နော်။ လက်တွေ့

A. 571
B. 584
C. 521
D. 671
E. 684
.
.
.
.
.
ကဲပရိသတ်ကြီး သင်အရင်မြင်တဲ့နံပါတ်ကို မှတ်ပြီးရင် အောက်ကအဖြေမှာ မှန်/မမှန် ကြည့်လိုက်ကြရအောင်။
.

(A) 571

571 ကိုစမြင်တယ်ဆိုရင်တော့ သင်ဟာတွက်ကပ်တတ်တဲ့လူတစ်ယောက် မဟုတ် ပါဘူး။ စိတ်ကလေးက အနုစိတ်ပြီးထိရှလွယ်ပါတယ်။ ဦးနှောက်က အမြန်လှည့်ပြောင်း နိုင်သူများလည်းဖြစ်ကြပါတယ်။ ငြိမ်းချမ်းမှုကိုလိုလားပြီး စကားများ ရမှာကိုမနှစ်သက်ပါ ဘူး။ အရာရာတိုင်းကို သူများတွေဘက်ကနေပြီးစဉ်းစားပေးတတ် အများအတွက်ပေးဆပ် တတ်ပါတယ်။ ကောက်ကျစ်တယ်ဆိုတာ သင်နဲ့နည်းနည်းလေးမှ မသက်ဆိုင်ပါဘူး။ ဒါ ကြောင့်မို့လည်း လူအများရဲ့ယုံကြည်မှုကိုအလွယ်တကူနဲ့ ရရှိတတ်ပါတယ်။ သတိထား ရမှာက သင့်ကို နောက်ကွယ်ကနေပြီး ခြေထိုးမယ့်သူတွေ အများကြီးရှိတယ်ဆို တာကို မမေ့ပါနဲ့။ သင့်ရဲ့ စိတ်ထားဖြောင့်မတ်မှုကို ခုတုံးလုပ်ကာသူတို့ရဲ့ ရည်မှန်းချက်ကို အ ကောင်အထည်ဖော်သွားတတ်ပါတယ်။ သင်က စိတ်သဘောထားကောင်းသူတစ်ဦး ဖြစ်သ လို ဖော်ဖော်ရွေရွေရှိတာကြောင့် သူငယ်ချင်းတွေကလည်းချစ်ကြပါတယ်။ သူငယ်ချင်းတွေ ထဲကလည်း ဒါကို အလွဲသုံးစားလုပ်တတ်တဲ့လူရှိတာကြောင့် အလိမ်မခံရအောင်တော့ သတိထားဖို့လိုမယ်နော်။
.
(B)584

584 ကိုစမြင်တယ်ဆိုရင်တော့ သင်ဟာ စိတ်ရင်းမှန်တဲ့သူတစ်ဦးလို့ဆိုရမှာပါ။ ဘယ်အရာ မဆို စိတ်ရင်းမှန်နဲ့လုပ်ကိုင်ဆောင်ရွက်တတ်ပါတယ်။ ဒီလိုလုပ်ကိုင်ပေးရတဲ့ စိတ်အတွင်းကခံစားချက်ကို ကြိုက်နှစ်သက်ကာ ပျော်ရွှင်တတ်သူတစ်ဦးဖြစ်ပါတယ်။ တစ်ပါးသူများ အတွက် ဆောင်ရွက်ပေးရခြင်းကို ကျေနပ်ကာ ပျော်ရွှင်နေတတ်ပါတယ်။ မဟုတ်မမှန် မလုပ်တတ်သလို မဟုတ်မမှန်ပြောရမှာကိုလည်း မကြိုက်ပါဘူး။ ကိစ္စအစမှ အဆုံးကို စိတ်သဘောထားကို အရင်းတည်ထားတတ်ကာ အခြားသူများကလည်း ကိုယ့် အပေါ် စိတ်ရင်းမှန်နဲ့ ဆက်ဆံတာကိုပဲသဘောကျတတ်ပါတယ်။ သင်က လိမ်လည်ခြင်းနဲ့ လားလားမှမသက်ဆိုင်သူတစ်ဦးဖြစ်ပါတယ်။ မျက်နှာဖုံးတပ်ပြီး သရုပ်ဆောင်ရမှာက သင့် အတွက် အပင်ပန်းဆုံးဖြစ်ပါတယ်။

.
(C)521

521 ကိုစမြင်တဲ့သင်ကတော့ စောစောစီးစီး ရင့်ကျက်သူတစ်ဦးလို့ဆိုနိုင်ပါတယ်။ အတွေး အခေါ် ရင့်ကျက်ပြီး ကိုယ်အမြင်နဲ့ကိုယ်ရှိတဲ့သူတစ်ဦးပါ။ အခြားသူများရဲ့ အတွေး ကို ကြိုတင်တွေးမြင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ အရာအားလုံးကို သွေးအေးအေးနဲ့စဉ်းစားပြီး မှန်ကန်တဲ့လမ်းကြောင်းကနေ မှန်ကန်အောင်ဆောင်ရွက်တတ်သူတစ်ဦးပါ။ အခြားသူများ အတွက် တော့ သင်ဟာသာမန်လူတစ်ဦးမဟုတ်ပဲ အထင်ကြီးစရာလူတစ်ဦးဖြစ်ပါတယ်။ ဘယ်အရာမဆိုလုပ်တတ်ပြီး တော်ရုံကိစ္စလောက်နဲ့တော့ ပြိုလဲသွားသူတစ်ဦး မဟုတ်ပါ ဘူး။ ထို့အတူပဲ သင်ကရည်မှန်းချက်ထားတတ်ပြီး ရည်မှန်းချက်ကို ဘယ်လို အကောင်အ ထည် ဖော်ရမလဲသိတဲ့သူတစ်ဦးပါ။ အကယ်လို့ကိစ္စတစ်ခုကိုလုပ်ဖို့ ဆုံးဖြတ်ချက် ချပြီးပြီဆို ရင်သိကြားမင်းဆင်းဖျက်တောင် မပြင်ပါဘူး။ ကိစ္စတစ်ခုကို မလုပ်ဖို့်ဆုံးဖြတ်လိုက်ပြီဆို ရင်လည်း ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ 
.
(D)671

671 ကိုစမြင်တဲ့သင်ကတော့ ရည်မှန်းချက် သို့မဟုတ် အိပ်မက်နောက်ကိုလိုက် နေတဲ့သူ တစ်ဦးဖြစ်ပါတယ်။ ကိစ္စတစ်ခုကို ဆုံးဖြတ်ရာမှာ ပြီးပြတ်သွားဖို့ကို အဓိကမထား တတ်ပါဘူး။ လူမှုရေးနဲ့ ကိုယ်ရေးကိုယ်တာ တစ်ခါတစ်လေ ဝေခွဲရခက်တဲ့ အားနည်းချက် ရှိတဲ့အတွက် အချို့ ပြတ်သားရမယ့်ကိစ္စတွေ မပြတ်မသားဖြစ်တတ်ပါတယ်။ သင့်အိပ်မက် ကိုအကောင်အထည်ဖော်ရာမှာတော့ အကောင်းဆုံးဖြစ်လာသည်အထိ ကြိုးစားတတ်ပါ တယ်။ ဒီလိုကြိုးစားလို့ရရှိလာတဲ့ အကျိုးအပြစ်တွေအပေါ်မှာတော့ ဘယ်တော့မှ နောင်တရလေ့မရှိပါဘူး။ အိပ်မက်အတွက် ရည်မှန်းချက်အပေါ်မှာ ထားတဲ့ စိတ်ဓာတ်က တော့ တကယ့်ကိုအတုယူစရာကောင်းတဲ့လူတစ်ဦးပါ။
.
(E)684

684 ကိုမြင်တဲ့သင့်ကို အများက ပေါတောတော ရိုးအအ အဲ့ဒီလိုထင်တတ်ကြပါ တယ်။ ဒါမေပမယ့် သင်ကတော့ဉာဏ်အလွန်ကောင်းသူတစ်ဦးပါ။ အခြားသူများကသာ သင့်လောက်ဉာဏ်ရည်အဆင့်မမီသူများဖြစ်ကြပါတယ်။ ဒါပေမယ့် သင်ကဘာမှမသိ ချင်ယောင်ဆောင်ပြီး သူတို့နဲ့အတူ ရေလိုက်ငါးလိုက်နေတတ်ပါတယ်။ ပျော်ပျော်နေတတ် ပြီး ပြဿနာများကို ရိုးစင်းတဲ့နည်းလမ်းနဲ့ အလွယ်တကူဖြေရှင်းနိုင်သူတစ်ဦးဖြစ်ပါတယ်။ သင်နဲ့သူငယ်ချင်းဖြစ်ရတာ သူတို့အတွက်တကယ့်ကို ကံကောင်းတယ်လို့ဆိုနိုင်ပါတယ်။ သင်က နည်းနည်းလေးမှ မတုံးပဲ ဉာဏ်အင်မတန်ကောင်းသော်လည်း တုံးချင် ယောင် ဆောင် နေတတ်ပါတယ်။ ခပ်ပေါ့ပေါ့နေရတာ ဖိစီးမှုမရှိဘူးလို့ လက်ကိုင်ထား တဲ့သူပါ။
.

bottom of page