Psychological Test – သင်အကြောက်ဆုံး လမ်းတစ်ခုကပြောပြမယ့် သင့်ဘဝရဲ့စိတ်ခံစားချက်များအကြောင်း
သင့်ရဲ့မသိစိတ်ကလာတဲ့ ကြောက်စိတ်တစ်ခုဟာ သင့်ရဲ့အတွင်းစိတ်ထဲမှာရှိနေတဲ့ အတားအဆီးတွေ၊ ကြောက်ရွံ့ခြင်းတွေကိုလည်း ဖော်ထုတ်ပေးနိုင်ပါတယ်။ ဒီပုံထဲက လမ်းတွေအားလုံးကို သေချာကြည့်လိုက်ပါ…တစ်ပုံချင်းစီကြည့်ပါ။ ဒီလမ်းတွေကို သင်ကိုယ်တိုင်ဖြတ်ရမယ်လို့ တွေးကြည့်လိုက်ပါ။ သင့်ရဲ့စိတ်မှာ အကြောက်မိဆုံး လမ်းတစ်ခုက နံပါတ်ဘယ်လောက်ဖြစ်မလဲ?

နံပါတ် (၁) အိမ်ပျက်ကြီး
သေချာပါတယ်။ သင်ဟာ စိတ်ဓာတ်မာကြောသူတစ်ယောက်ပါ။ ဖြစ်လာသမျှကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်။ ဒီအခန်းရဲ့ နံရံတွေက သင်ဟာ စိတ်ခံစားချက်များစွာနဲ့ ကြီးပြင်းလာရသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြပါတယ်။ တစ်ဖက်မှာတော့ မီးသီးတစ်လုံးထွန်းထားခြင်းဟာ သင်ဟာ အဲ့ဒီထိန်းချုပ်မှုတွေကနေ ဖောက်ထွက်ဆန့်ကျင်လိုသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ သူငယ်ချင်းနည်းနည်းပဲရှိပေမယ့် အဲ့ဒီရှိတဲ့သူငယ်ချင်းတွေဟာ သင့်အတွက် မိတ်ဆွေအစစ်အမှန်တွေပဲဖြစ်ပါတယ်။
နံပါတ် (၂) လှေကားဟောင်း
ဒီပုံကို ရွေးတယ်ဆိုရင်တော့ သင်ဟာ ဘဝမှာ လွတ်လပ်မှုကို လိုအပ်နေသူတစ်ယောက်ဖြစ်တယ်။ ဘဝရဲ့ တကယ့်အနှစ်သာရကို ခံစားနိုင်ဖို့ လုံလောက်တဲ့ လွတ်လပ်မှု သင့်ဆီမှာ မရှိသေးပါဘူး။ လှေကားထစ်တွေကို ဆင်းရမှာကြောက်တယ်ဆိုတာက သင်ဟာ သေခြင်းတရားကို အလွန်ကြောက်နေသူတစ်ယောက်ဖြစ်တယ်။ သေဆုံးပြီးနောက် ဘာဆက်ဖြစ်မလဲဆိုတာကိုလည်း သိလိုစိတ် ပြင်းပြသူတစ်ယောက်ဖြစ်ပါတယ်။
နံပါတ် (၃) ရေခဲဂူ
နံပါတ်(၃)ပုံကို ရွေးချယ်တယ်ဆိုရင်တော့ သင့်ရဲ့ဘဝမှာ နွေးထွေးမှုကို လိုအပ်နေသူတစ်ယောက်ဖြစ်တယ်။ ဘဝမှာ စိတ်ပျက်မှု၊ ဝမ်းနည်းကြေကွဲမှုတွေကို ထပ်ကြုံရမှာ ကြောက်လို့ တစ်ယောက်တည်းသာ နေလိုသူဖြစ်တယ်။ ဘဝမှာ ကိုယ့်အတွက် တကယ်လိုအပ်တဲ့အရာတွေ ၊ ဘယ်အရာက ကိုယ့်ကို အမှန်တကယ်ပျော်ရွှင်စေတယ်ဆိုတာကို နားလည်ပြီမို့ လက်ရှိကာလဟာ သင့်ဘဝမှာ စိတ်ချမ်းသာရတဲ့ ကာလလေးလို့တောင် ဆိုနိုင်ပါသေးတယ်။ ဘဝကို အချုပ်အနှောင်တွေကြားမှာ မနေပျော်တော့ဘဲ လွတ်လွတ်လပ်လပ် ရိုးရိုးရှင်းရှင်းသာ နေထိုင်ဖို့ စိတ်ကူးရှိထားသူဖြစ်တယ်။ သင့်ဘဝအတွက် လိုအပ်နေတာကတော့ အချစ်ပဲဖြစ်ပါလိမ့်မယ်။
နံပါတ် (၄) အိမ်အိုလေး
သင်ဟာ စိတ်သဘောထားကောင်းသူတစ်ယောက်ဖြစ်တယ်။ တခြားသူတွေအပေါ် အမြဲဂရုစိုက်တတ်သူတစ်ယောက်လည်း ဖြစ်တယ်။ သစ္စာရှိခြင်း၊ ရိုးသားခြင်းတွေ လက်ကိုင်ထားပေမယ့်လည်း ဘယ်သူကမှ အသိအမှတ်မပြု တန်ဖိုးမထားခြင်းကို ခံရလေ့ရှိသူတစ်ယောက်ဖြစ်တယ်။ သင့်ဘဝရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုက ချမ်းသာကြွယ်ဝဖို့ဖြစ်ပြီး လက်ရှိမှာလည်း အဲ့ဒီအတွက် ကြိုးပမ်းနေသူတစ်ယောက်ဖြစ်တယ်။
နံပါတ် (၅) လှိုဏ်ခေါင်း
ဒီလှိုဏ်ဂူထဲကိုဝင်ဖို့ ကြောက်ရွံ့တယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ခံစားချက်တွေကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ သင်ဟာ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ကြွယ်ပြီး ထက်မြက်သူတစ်ယောက်ဖြစ်တယ်။ သင့်မှာလိုအပ်နေတာကတော့ သင့်ကိုယ်သင် အပြည့်အဝယုံကြည်မှု ရှိဖို့ပဲဖြစ်ပါတယ်။ သင့်ရဲ့ အတွေးတွေ စိတ်ကူးတွေဟာ မရှင်းမလင်းဖြစ်နေတာကြောင့် သင့်အနေနဲ့ သေချာအချိန်ယူ ရှင်းလင်းသင့်ပါတယ်။
နံပါတ် (၆) အသေပိတ်ထားသော တံခါးပြာ
သင်ဟာ လုပ်ရည်ကိုင်ရည်ရှိသူတစ်ယောက်ပါ။ ဘာမဆို သင်စိတ်ပိုင်းဖြတ်ပြီးရင် ဖြစ်အောင်လုပ်နိုင်တဲ့အစွမ်း သင့်မှာ ရှိပါတယ်။ စိတ်ကူးတီထွင်မှုလည်း အားကောင်းတယ်။ ဦးစီးဦးဆောင်ပြုနိုင်စွမ်းလည်းရှိတယ်။ ဒါပေမဲ့ သင့်မှာလိုအပ်နေတာကတော့ အနားယူဖို့ပါပဲ။ ဘဝဆိုတာ အချိန်တိုင်း ရုန်းကန်နေစရာမလိုဘဲ အနားယူမှု ရှိဖို့လည်း လိုအပ်ပါတယ်။