top of page

သင်ရွေးချယ်လိုက်တဲ့ ငှက်မွှေးကပြောတဲ့ သင့်အကြောင်း

လူတစ်ယောက်နဲ့တစ်ယောက် personality type ခြင်း မတူပါဘူး။လူတ တစ်ကိုယ် အကြိုက်တစ်မျိုးစီ ဆိုတဲ့ စကားလိုပဲ အကြိုက်ခြင်းရော၊နေပုံထိုင်ပုံ၊ ကိုယ်ရည်ကိုယ်သွေး အားလုံး ကွာခြားကြပါတယ်။ဒါပေမယ့် စိတ်ပညာ အရ တော့ အားလုံးတစ်ထပ်တည်းတော့ မဟုတ်ပေမယ့် အခြေခံ သဘော တရာြး ခင်း တူတဲ့ သူတွေကို တူရာ၊တူရာ အုပ်စုလေး ဖွဲ့ထားပါတယ်။အရောင်နဲ့ ပုံစံရဲ့ သီအိုရီကို အခြေခံပြီး အရောင်နဲ့ ပုံစံခြင်း ကွာတဲ့ ငှက်မွှေးတွေကို ချပြ ပြီး ရွေးချယ်လိုက်တဲ့ အမျိုးအစားကိုလိုက်ပြီး အဲ့ဒီလူရဲ့ စိတ်ကို ခန့်မှန်းဖို့ စိတ်ပညာ ရှင်တွေက ကြိုးစားခဲ့ပါ တယ်။(မရွေးခင်မှာ အရင်ဆုံး ဖော်ပြထားတဲ့ ငှက်မွှေး တွေကို သေချာအာရုံစိုက်ကြည့်ပြီး မှရွေးချယ်ပေးပါ)
#1
ကို ရွေးတယ်ဆိုရင်တော့ သင်ဟာ စိတ်ကူးသမားပါ။ကိုယ့်ကိုကိုယ် တိုး တက်အောင် လူပ်ရတာကို ကြိုက်တယ်။Strong ဖြစ်တဲ့ စရိုက်လက္ခဏာ မျိုးပါ။တခြားသူတွေကို ဆရာလုပ်ရတာကို ကြိုက်တဲ့သူမျိုးပါ။အမြဲတမ်း လည်း ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြင်ဆင်တတ်တယ်။တတ်နိုင်သမျှ Perfect ဖြစ် ချင် တဲ့ သူပါ။မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် သူများတွေ ထက်ပိုပြီး အရမ်း ကို နက်နက် ရှိုင်းရှိုင်း ကြီး ခံစားတတ်တဲ့သူမျိုးပါ။
#2
ဆိုရင်တော့ သင်က ပြောင်းလွယ်ပြင်လွယ် flexible ဖြစ်တဲ့ သူမျိုး ပါ။တခုခုကို ဆိုရင် သင်လိုက်ရင် ချက်ချင်းအတတ်မြန်တတ်တဲ့ သူ၊ပတ်ဝန်း ကျင်သစ်ကို အချိန်အနည်းငယ်အတွင်း အသားကျသွားအောင် နေတတ် တဲ့သူပါ။တစ်ယောက်တည်း တသီးတသန့်နေရတာကို သဘောကျတတ်သူပါ။ ဒါပေမယ့် လူတစ်ဖက်သားကို အမြဲပံ့ပိုးကူညီတတ်တဲ့ သင့်စိတ်ကြောင့် လူချစ် လူခင် ပေါများတတ်ပါတယ်။

#3
အမြဲတတ်ကြွပြီး Active ဖြစ်ရတာကို ကြိုက်သူပါ။အမြဲတမ်း လုပ်စရာ ကိစ္စတွေ အစီအစဉ်တွေကို ကြိုပြင်ဆင်ရတာကြိုက်ပြီး အမြဲ လိုလို အလုပ် ရှုပ်နေတတ်သူပါ။အမြဲတမ်း ကိစ္စအများကြီးကို တစ်ပြိုင်နက် တည်း ကိုင်တွယ် တတ်တဲ့ သင့်အကျင့်က တစ်ခုတည်းကိုပဲ စိတ်နှစ်အာရုံစိုက်ပြီး လုပ်ဖို့ ဆိုတာ ခက်ခဲတဲ့ အလုပ်တစ်ခုပါ။
#4
လိုက်လျောညီထွေ ဆိုတာ သင့်ရဲ့ လက်သုံးစကားပါ။အမြဲတမ်း သူများ ကိုလည်း ကူညီတတ်ပြီး၊ဘယ်သူနဲ့ မဆို သင့်တင့်အောင် ပေါင်းသင်းနေ ထိုင်တတ်သူပါ။လူချစ်လူခင်ပေါပြီး အပေါင်းအသင်းများသူပါ။
#5
ဆိုရင်တော့ သင်ဟာ ဖန်တီးတီထွင် နိုင်စွမ်း ကောင်းသူပါ။ဒါပေမယ့် ကိုယ့်ကိုယ်ကို ၊ကိုယ့်အရည်အချင်းကို မယုံတဲ့ စိတ် သင့်မှာ ရှိနေပါ တယ်။ရှုံးရမှာကို သေမလောက် ကြောက်တဲ့ လူစားမျိုးပါ။
# 6
ဆိုရင်တော့ သင်က လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်တဲ့ သူပါ။ ဘယ်သူ့ကိုမှ မမီခိုချင်ဘူး ကိုယ့်ခြေထောက်ပေါ်
မှာကိုယ်ရပ်ချင် တဲ့ စိတ် ပိုင်ရှင်ပါ။တခြားသူ စကားကို နားမထောင်ပဲ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ကိုယ်တိုင် သတ်မှတ်၊ကိုယ့်လမ်း ကိုယ် ဖောက်တတ်တဲ့ သင့်အပြုအမှုက လူတွေက ထင်ရာစိုင်းသူလို့ နားလည်မှုလွဲတတ်ပါတယ်။ဒါကြောင့် မိတ် ဆွေ ဆက်ဆံရေး၊လူတွေနဲ့ လိုက်လျောညီထွေနေတတ်ဖို့ သင်ယူရပါအုံးမယ်။
SHWEMOM

bottom of page