top of page

Zawgyi

မိန္ရာသီဖြားမ်ား

(ေဖေဖာ္၀ါရီ ၁၉မွ မတ္လ ရက္၂၀အတြင္း၊ တေပါင္းလ)
မိန္ရာသီသည္ ရာသီစက္၀န္း၏ ၁၂ခုေျမာက္ ရာသီခြင္ျဖစ္၏။

ေကာင္းကင္ျပင္တြင္ ဤရာသီခြင္၌ ၾကယ္နတၡတ္တို႔တြင္ ငါးႏွစ္ေကာင္
ကူးခတ္ေနပံု အသြင္သ႑ာန္ ေပၚထြန္းေနေသာ ရာသီခြင္ျဖစ္၏။
ေသာမရာသီ (မသဘာ၀) သက္ေရာက္ေလ၏။ ေဒြဒဟ (ႏွစ္ခြ၊
ႏွစ္မ်ိဳးႏွစ္စား) သေဘာေဆာင္၏။ ေန႔ရာသီျဖစ္၏။ ရာဇဂုဏ္
(ထက္ျမက္မႈ) သေဘာေဆာင္၏။ ဓါတ္သဘာ၀အားျဖင့္ အာေပါဓာတ္
(ေရဓာတ္^ေအးေဆးတည္ၾကည္မႈ) စိုးမိုး၏။ ဤရာသီခြင္၏
နကၡတ္ပံုသေကၤတ ငါးႏွစ္ေကာင္မွာ ဆန္႔က်င္ဘက္အေနအထားျဖင့္
ယွဥ္တြဲေနေသာ ပံုျဖစ္၏။ ဆယ့္ႏွစ္ရာသီစက္၏ မူလနယ္ပယ္တြင္
ၾကာသပေတးၿဂိဳလ္၏ ၿဂိဳလ္အိမ္အျဖစ္ သတ္မွတ္ခဲ့ၾက၏။ (၃) ဂဏန္း
သခၤ်ာ စိုးမိုးမႈရွိၿပီး ခႏၶာကိုယ္အစိတ္အပိုင္းအားျဖင့္ ေျခအစံုကို
ပိုင္စိုးေလ၏။

မိန္ရာသီဖြားတို႔၏ ပင္ကိုသဘာ၀ႏွင့္ အက်င့္စ႐ုိက္ လကၡဏာမ်ား
မိန္ရာသီဖြားတို႔သည္ ရာသီ (၁၂) ပါးတြင္ ခ်မ္းသာသုခႏွင့္
အျပည့္၀ဆံုးေသာသူမ်ား ျဖစ္တတ္ၾကေပ၏။ မိန္ရာသီဖြားတို႔သည္
ထူးျခားေသာ စ႐ုိက္ႏွစ္မ်ိဳးကို တစ္ၿပိဳင္တည္း

ပါေနသူမ်ားျဖစ္တတ္ၾကေပ၏။ အလြန္သနားၾကင္နာတတ္ၾက၏။
႐ုိးသား၏။ ေအးေဆး တည္ၿငိမ္၏။ အရွက္အေၾကာက္ႀကီး၏။
အခြင့္အာဏာ ပကာသနတို႔ကို မမက္ေမာဘဲ လြတ္လပ္ေပါ့ပါးစြာ
ေနထုိင္လို၏။ အယံုလြယ္၏။ သူတစ္ပါးကို ကူညီလုိ၏။
အားနည္းသူတုိ႔ဘက္မွ ရပ္တည္လုိ၏။ ႏူးညံ့သိမ္ေမြ႕၏။ ထုိ႔အတူ
ထက္ျမက္၏။ ညာဏ္ထက္၏။ ဇြဲသတၱိေကာင္း၏။အေျမာ္အျမင္ႀကီး၏။
မျဖစ္မေန ႀကီးပြားေအာင္ျမင္လုိစိတ္ရွိ၏။ စိတ္ထက္၏။ စိတ္ႀကီး၏။

ေဒါသထြက္လာက ခက္ထန္လာတတ္၏။ စိတ္ျမန္လက္ျမန္
လုပ္တတ္၏။ စကားေျပာဆုိမႈ၊ စာေပေရးသားမႈတုိ႔တြင္
အလြန္ထက္ျမက္၏။ တစ္ခါတစ္ရံ သတၱိနည္းကာ ေသြးေၾကာင္
ေနတတ္၏။ ေနာက္တြန္႔ေနတတ္၏။ စိုးရြံ႕ေနတတ္၏။ ထုိ႔အတူ
မၾကာခဏ ေခါင္းေဆာင္ေနရာကို အလုိလုိေရာက္ေနတတ္ျပန္၏။

တစ္ကိုယ္တည္း ေအးေအးေဆးေဆးေနခ်င္တတ္၏။ ထုိ႔အတူ
စိတ္တူကိုယ္တူ အေပါင္းအေဖာ္မ်ားႏွင့္ ေနရျခင္းကို ႏွစ္သက္ျပန္၏။
သို႔ေသာ္ အေပါင္းအသင္း မ်ားမ်ားမထားတတ္ပါ။ မိန္ရာသီဖြားတို႔သည္
နာမ္၀ါဒကို အထူးသက္၀င္ ယံုၾကည္ၾက၏။ ဘာသာေရးကို ျပင္းထန္စြာ
ယံုၾကည္သက္၀င္ၾက၏။ အမ်ားအားျဖင့္ စိတ္တည္ၿငိမ္စြာျဖင့္

တရားအလုပ္ကို လက္ေတြ႕က်က် က်င့္လွမ္းသူမ်ား ျဖစ္တတ္
ၾကေလ၏။ ထံုးတမ္းအစဥ္အလာ ဓေလ့မ်ားကို
ယံုၾကည္လုိက္နာတတ္ၾက၏။ အရာရာတိုင္းကို ႀကိဳတင္သံုးသပ္၍
ႀကိဳတင္အေျဖထုတ္ရာတြင္ ပါရမီထူးကဲတတ္ၾက၏။ အျမင္ျပတ္သား၏။

Óဏ္ထက္၏။ စိတ္ကူးေကာင္းၾက၏။ သို႔ေသာ္ တစ္ခါတစ္ရံ
အယူသီးလြန္းၾက၏။ ေခါင္းမာ တတ္ၾက၏။ အထူးသျဖင့္
ဘာသာေရးတြင္ အလြန္တိက်စြာ က်င့္သံုးတတ္ၾက၏။
အျခားကိစၥတို႔တြင္ စည္းကမ္းေကာင္းလြန္းတတ္ၾက၏။ အတၱ၊ ပရ
မွ်တစြာ က်င့္သံုးတတ္ၾက၏။ သစၥာရွိ၏။ အလြန္စိတ္ဆုိးခဲၿပီး
စိတ္ဆုိးမိပါက အၿငိဳးအေတးႀကီး၏။ အစားၾကဴး၏။ ၾသဇာေပး ေကာင္း၏။

လူအမ်ားအေပၚ အုပ္ခ်ဳပ္လို၏။ ဘယ္ေတာ့မွ မေရာင့္ရဲဘဲ
ထင္ေပၚေအာင္၊ ေအာင္ျမင္ေအာင္ ႀကိဳးစားတတ္ၾက၏။
အခ်ိဳ႕ကိစၥမ်ားတြင္ လူႀကီးလူက်ယ္ လုပ္ခ်င္၏။ စည္းကမ္း႐ိုေသ၏။
တိက်၏။ ပရိယာယ္ ေ၀၀ွစ္မ်ားျဖင့္ လုပ္ကိုင္ႏုိင္စြမ္း၏။ တစ္ခါတစ္ရံ
ညာဏ္နီညာဏ္နက္မ်ားျဖင့္ ကိုယ္ျဖစ္ခ်င္တာကို ျဖစ္ေအာင္လုပ္တတ္၏။
အထက္လူႀကီး၊ မင္းစိုးရာဇာတုိ႔ကို အမွီျပဳၿပီး ႀကီးပြားေအာင္ျမင္ တတ္၏။

ေခါင္းမာျခင္း၊ ဇီဇာေၾကာင္ျခင္း၊ သ၀န္တုိျခင္း၊ ကိုယ္ျဖစ္ခ်င္တာကိုသာ
အဓိကၾကည့္မိျခင္း၊ မၾကာခဏ စိတ္ဒိြဟျဖစ္ျခင္းတုိ႔ကို
အထူးဆင္ျခင္သင့္၏။ ထုိ႔အျပင္ မိန္ရာသီဖြားတို႔သည္ ကိုယ့္အစြမ္းအစကို
ယံုၾကည္စြာ ႀကိဳးစားသြားပါက ထိပ္တန္းေရာက္တာမ်ား၏။
ၾကြယ္၀ခ်မ္းသာတတ္ၾက၏။ အထူးသျဖင့္ ရပ္ေ၀းေျမျခား၊

တုိင္းတစ္ပါးအထိ ေရာက္သြားတတ္ၾကေလ၏။
မိန္ရာသီတုိ႔၏ အခ်စ္ေရးႏွင့္ အိမ္ေထာင္ေရးအေနအထားမ်ား
မိန္ရာသီဖြားတုိ႔သည္ ခ်စ္မိက သူမတူ၊ မုန္းမိက လွည့္မၾကည့္ဆိုေသာ

လူစားမ်ိဳးျဖစ္၏။ အခ်စ္ေရးတြင္ စိတ္ကူးအလြန္ယဥ္၏။ေမတၱာတရားကို
တန္ဖုိးထားတတ္၏။ သို႔ေသာ္ မထံုတက္ေတးသမားမ်ား ျဖစ္၏။ ရင္ထဲမွ
အခ်စ္ကို ဖြင့္ေျပာရန္ အလြန္သတၱိနည္း၏။ ထုိ႔အတူ
ေရြးခ်ယ္ရခက္ခဲေသာ အေနအထားမ်ား အၿမဲလုိလုိၾကံဳတတ္၏။
မျပတ္သားျခင္း၊ ေတြေ၀ျခင္း၊ ခ်ိန္ဆမႈ ေ၀၀ါးျခင္းမ်ား ၾကံဳတတ္၏။

ခ်စ္သူႏွစ္ေယာက္ကို တစ္ၿပိဳင္တည္း ထားမိတတ္ေလ၏။ ထုိ႔အျပင္
အခ်စ္ေရးတြင္ ခ်စ္သူကို ဦးစားေပးသလုိလုိႏွင့္ အတၱဆန္မိတတ္ၾက၏။
လံုး၀မျပတ္သားေသာ အေနအထားမ်ိဳးေတြ ျဖစ္သြားတတ္ၾက၏။
ခ်စ္သူတို႔၏ အထင္လြဲမႈမ်ားကိုလည္း အထူးခံရတတ္၏။ ကိုယ္ကလည္း
ခ်စ္သူအေပၚ အႏုိင္ယူလုိတတ္၏။ အခ်စ္ေရးတြင္
အထူးျပတ္သားသင့္ေပ၏။ မိန္ရာသီဖြားတုိ႔သည္ အလြန္စန္းပြင့္သူမ်ား
ျဖစ္၏။ ခ်စ္သူခင္သူမ်ား၏။ အိမ္ေထာင္ျပဳေသာအခါ
အေႏွာက္အယွက္မ်ားကို ေက်ာ္လႊားၿပီးမွ အိမ္ေထာင္ျပဳရတတ္၏။

အထူးသျဖင့္ ခ်စ္သူ၏ အထင္လြဲမႈကို ခံရၿပီးမွ အိမ္ေထာင္ျပဳရတတ္၏။
အိမ္ေထာင္ျပဳၿပီးက အထူးႀကီးပြားတတ္၏။ သို႔ေသာ္
အိမ္ေထာင္က်ၿပီးေနာက္ ဒုတိယလူ ေပၚလာတတ္ျပန္၏။
အိမ္ေထာင္ေရးတြင္ (၂) ဆက္ျဖစ္တတ္သည္။ (ႏွစ္ဆက္ျဖစ္မည္ဟု
ဒိ႒မဆုိလုိပါ) မိမိက ေအးေဆးသေလာက္ မိမိ မိသားစုက ဆူဆူပူပူ
ရွိတတ္၏။ သို႔ေသာ္ အိမ္ေထာင္ေရး ကံေကာင္းပါမည္။ ကိုယ္တုိင္က
သ၀န္တုိျခင္း၊ စည္းကမ္းတင္းၾကပ္ျခင္းကို ဆင္ျခင္ပါ။

ဒုတိယလူေပၚလာတတ္ေအာင္ ေျမႇာက္ထုိးပင့္ေကာ္
ေျပာေပးတတ္သူမ်ား၏ စကားကို နားမေယာင္မိေအာင္ ဆင္ျခင္ပါ။
ေခါင္းမာျခင္း၊ အယူအစြဲႀကီးျခင္းကိုေရွာင္ပါ။

အိမ္ေထာင္ေရးေကာင္းေသာ ဇာတာရွင္မ်ားျဖစ္၏။
အိမ္ေထာင္ျပဳေသာအခါ ေမထုန္ရာသီဖြားမ်ား၊ ကန္ရာသီဖြားမ်ားႏွင့္
ဓႏုရာသီဖြားမ်ားကို ေရွာင္ပါ။ အထူးေရွာင္သင့္ေပသည္။ ၿပိႆရာသီဖြား၊

တူရာသီဖြား၊ မိႆဖြား၊ ၿဗိစၦာဖြားတို႔ႏွင့္ အထူးသင့္ေလ်ာ္ လုိက္ဖက္ေပ၏။
မိန္ရာသီဖြားတို႔၏ က်န္းမာေရးအေနအထားမ်ား
မိန္ရာသီဖြားတုိ႔သည္ က်န္းမာေရးအညံ့ၾကံဳတုိင္း ေရာဂါရွာေဖြရန္

ခက္ခဲတတ္ၾကေပ၏။ ထုိ႔ေၾကာင့္ အနာတစ္ျခား ေဆးတစ္ျခား
ျဖစ္တတ္၏။ ေ၀ဒနာျဖစ္က ၾကာရွည္ခံစားရတတ္၏။
မိန္ရာသီဖြားတုိ႔သည္ ငွက္ဖ်ားေရာဂါျဖစ္ပြားလြယ္တတ္ၾက၏။

နားေ၀ဒနာျဖစ္တတ္၏။ ေျခေထာက္ကို မၾကာခဏ ထိခုိက္မိတတ္ၾက၏။
ထုိ႔အျပင္ အာ႐ံုေၾကာ၊ အေၾကာေရာဂါ၊ အေရျပားေရာဂါတုိ႔
ျဖစ္တတ္ၾကေလသည္။ ဓါတ္စါအေနႏွင့္ စေတာ္ဘယ္ရီ၊ နာနတ္၊
ဗာဒံသီး၊ ေလးညႇင္းပြင့္၊ ဂ်ံဳမႈန္႔၊ ဇီးျဖဴသီးတို႔ကို အလ်ဥ္းသင့္သလုိ
စားသံုးေပးသြားသင့္ေပသည္။ထုိ႔အျပင္ မိန္ရာသီဖြားတုိ႔သည္ မီးေဘး၊

လွ်ပ္စစ္မီး၊ အပူေလာင္ျခင္းတုိ႔ကို သတိထားသင့္ေပ၏။
မိန္ရာသီဖြားတို႔၏ အလုပ္အကိုင္ႏွင့္ စီးပြားေရး
မိန္ရာသီဖြားတို႔သည္ ဇြဲႏွင့္သတၱိအလြန္ေကာင္းသူမ်ား ျဖစ္ၾကသည္။

ညာဏ္ရည္ထက္ျမက္ၾကေလ၏။ အလုပ္တစ္ခုကို ႀကိဳတင္
တြက္ခ်က္မႈတြင္ အထူးကြၽမ္းက်င္၏။ တုိးတက္မႈကို
အၿမဲရွာေဖြေနသူမ်ားျဖစ္၏။ ကိုယ္က ေနာက္လုိက္ျဖစ္ေသာအခါတြင္
စည္းကမ္းလုိက္နာ တတ္ၾကသကဲ့သို႔
ကိုယ္ကေခါင္းေဆာင္ေနရာေရာက္ေနေသာအခါတြင္လည္း
စည္းကမ္းတင္းၾကပ္တတ္ၾက၏။ ထိပ္ဆံုးေနရာသုိ႔
မေရာက္ေရာက္ေအာင္ ႀကိဳးစားတတ္ၾက၏။ သို႔ေသာ္ မိန္ရာသီဖြားတို႔ကို
အထူးဖ်က္ဆီးေသာအရာမွာ အရက္ႏွင့္ ေလာင္းကစားျဖစ္၏။အရက္ကို
ေသာက္မိက စြဲသြားတတ္၏။ အထူးသျဖင့္ ေရွာင္ပါေလ။

မိန္ရာသီဖြားတို႔သည္ စကားေျပာလဲေကာင္း၏။ ေခါင္းေဆာင္မႈ၊
စီမံကြပ္ကဲမႈ၊ အုပ္ခ်ဳပ္မႈေကာင္း၏။ အလုပ္ႏွစ္ခုဒြန္တြဲၿပီး
လုပ္ၾကရတတ္၏။ အလုပ္ လုပ္ရာတြင္ အခက္အခဲမ်ား၊ အတုိက္အခံမ်ား
ၾကံဳေလ တိုးတက္လျဖစ္၏။ ထုိ႔အျပင္ ႏုိင္ငံရပ္ျခား တုိင္းတစ္ပါးသို႔
သြားရတတ္၏။ ခရီးသြားျခင္းျဖင့္ စီးပြားျဖစ္တတ္၏။ ေမြးရပ္ေျမကို
စြန္႔ခြာေလ ေအာင္ျမင္ေလျဖစ္မည္။ ကိုယ္ပိုင္အစြမ္းအစႏွင့္
ေအာင္ျမင္မည္။ ခ်မ္းသာၾကြယ္၀မည္။ ေငြကံ အလြန္ေကာင္းမည္။

ေငြအသံုးအစြဲ က်စ္လစ္သည္။ စည္းစိမ္ဥစၥာႏွင့္
ျပည့္စံုမည့္သူမ်ားျဖစ္သည္။ ရတနာပစၥည္းမ်ား မၾကာခဏရတတ္၏။
ဘ၀တြင္ စက္ဘီး၊ ဆုိင္ကယ္မွအစ ေမာ္ေတာ္ကားအထိ
အေကာင္းစားယာဥ္တုိ႔ကို ပိုင္ဆုိင္တတ္၏။ ထုိ႔အတူ ထီလည္း
မၾကာခဏေပါက္တတ္၏။ ထီကံအလြန္ေကာင္း၏။

ေလာင္းကစားကိုေရွာင္ပါ။ အရက္ကိုေရွာင္ပါ။ မိဘေဆြမ်ိဳးတုိ႔ႏွင့္
ခြဲခြာေနရတတ္၏။ မိတ္ေဆြမ်ားကို အၾကံေကာင္းမ်ား ေပးႏုိင္တတ္ၾက၏။
ကူညီႏုိင္တတ္ၾက၏။ အထူးသျဖင့္ အိမ္ေထာင္ျပဳၿပီးေနာက္
ခ်မ္းသာတတ္ၾက၏။ လူမ်ိဳးျခားတုိ႔ ေကာင္းက်ိဳးေပး၏။

စာေရးေသာအလုပ္ႏွင့္ ေကာင္းက်ိဳးေပး၏။ ထီးလုပ္ငန္း၊ ထီလုပ္ငန္း၊
စားေသာက္ဆိုင္၊ ငါးလုပ္ငန္း၊ ေဆာက္လုပ္ေရး၊ စစ္ဘက္တို႔တြင္
ေကာင္းက်ိဳးေပး၏။ ထုိ႔အျပင္ သေဘၤာသား၊ သေဘၤာကပၸတိန္၊

သုေတသနအလုပ္တို႔ျဖင့္ အထူးႀကီးပြား ေအာင္ျမင္တတ္ၾက၏။
မိန္ရာသီဖြားတို႔၏ ဘ၀အတက္အက် အေနအထားမ်ားႏွင့္ ေဆာင္ရန္၊

ေရွာင္ရန္အခ်က္မ်ား
မိန္ရာသီဖြားတို႔သည္ ငယ္စဥ္ဘ၀တြင္ အတက္အက်မ်ား၏။
ငယ္ဘ၀တြင္ က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရးတုိ႔၌အားနည္းတတ္ၿပီး
ဘ၀တြင္ အေျပာင္းအလဲ အမ်ိဳးမ်ိဳးၾကံဳကာ ႀကီးမွ ခ်မ္းသာတတ္၏။
မိန္ရာသီဖြားတို႔သည္ မိမိတို႔၏ အၾကံအစည္မ်ားကို လွ်ိဳ႕၀ွက္စြာ
ၾကံစည္လုပ္ကိုင္တတ္၏။ ဘ၀တုိးတက္မႈအတြက္
အေပ်ာ္အပါးကိစၥမ်ားကိုလည္း ေရွာင္ရွားႏုိင္တတ္၏။ ကိုယ့္ဒူးကိုယ္ခြၽန္ၿပီး
ႀကီးပြားတတ္ ၾက၏။ ရပ္ေ၀းတြင္ ေအာင္ျမင္တတ္ၾက၏။

လယ္ယာေျမအလုပ္ႏွင့္ ေကာင္းက်ိဳးမေပးတတ္။ ဘ၀တြင္
မထင္မွတ္ေသာ အေၾကာင္းႏွင့္ မထင္မွတ္ေသာ သူတို႔ထံမွ ပစၥည္းဥစၥာ
အေမြရကာ ႀကီးပြားတတ္ၾကေလ၏။ အသက္ (၂၁) ၀န္းက်င္တြင္
ဥပဒ္ၾကံဳတတ္၏။ အသက္ (၂၂)ႏွစ္မွ (၂၈) ၾကားတြင္
ေအာင္ျမင္မႈအေျခတည္ကာ (၃၀) ၀န္းက်င္တြင္ စည္းစိမ္ခ်မ္းသာႏွင့္
ျပည့္စံုတတ္၏။ ၃၁၊ ၃၂၊ ၃၄၊ ၃၇၊ ၃၉ ၄၃၊ ၄၈၊ ၅၂၊ ၅၆ တုိ႔တြင္
အထူးေအာင္ျမင္တတ္၏။ အသက္ (၃၈) ၀န္းက်င္တြင္ အနာေရာဂါ
ႏွိပ္စက္တတ္၏။ အထူးသျဖင့္ (၄၉) ၀န္းက်င္တြင္
အထြတ္အထိပ္ေရာက္ေအာင္ ရွည္တတ္၏။ အသက္ ၂၃၊ ၃၄၊ ၄၃၊ ၄၉၊
၅၂ တုိ႔သည္ အထူးျခားဆံုး ႏွစ္မ်ားျဖစ္မည္။ အထူးသတိျပဳရန္မွာ
မိန္ရာသီဖြားတို႔သည္ ၀ိဇၨာမယေလာကီပညာရပ္တုိ႔ကို အလြန္အကြၽံ
လုိက္စားျခင္းေရွာင္သင့္၏။ ႀကီးပြားခ်မ္းသာရန္ ေရႊေရာင္ပစၥည္းတစ္ခုကို
အၿမဲေဆာင္ထားပါ။ အျပာႏုေရာင္၊ ပန္းႏုေရာင္၊ အ၀ါေရာင္၊
အစိမ္းႏုေရာင္တုိ႔ကို အၿမဲသံုးစြဲသြားႏုိင္ေပသည္။ အနက္ေရာင္ကို
အထူးေရွာင္သင့္၏။ အထူးသျဖင့္ အနီရဲရဲေတာက္ေတာက္ႏွင့္
ၾကက္ေသြးေရာင္မွာ အေကာင္းဆံုးအေဆာင္ျဖစ္၏။

ရတနာပစၥည္းမ်ားထဲတြင္ ေဂၚမုတ္ေက်ာက္ကို ေရႊျဖင့္ လက္စြပ္ကြင္းကာ
လက္ယာဘက္တြင္၀တ္ဆင္ထားႏုိသည္။ ထုိ႔အျပင္ ေငြသားျဖင့္
စႀကၤာပံုသ႑ာန္ပံုေဖာ္ၿပီး လက္စြပ္၀တ္ထားႏုိင္သည္။
ဤပံုအတုိင္းေဆာင္ႏုိင္၏။ (၃၊ ၆၊ ၉) ဂဏန္းမ်ား အၿမဲေကာင္းက်ိဳးေပး၏။
(၅) ဂဏန္းကို အထူးေရွာင္ပါေလ။

မိန္ရာသီဖြားတို႔သည္ ႐ုိး႐ုိးရွင္းရွင္းႏွင့္ သပ္သပ္ရပ္ရပ္ ၀တ္စားေပးရ၏။
ပင္ကိုယ္ဥပဓိတြင္ ႐ုိး႐ုိးႏွင့္ေလးစားခ်င္စရာေကာင္းတတ္၏။
ဖုိသီဖတ္သီေနျခင္း၊ ပြေယာင္းေယာင္းအ၀တ္မ်ား ၀တ္ျခင္း၊
ဆံပင္ဘုတ္သိုက္ထားျခင္းတုိ႔ကိုေရွာင္ပါ။ ခ်ပ္ခ်ပ္ရပ္ရပ္ ၀တ္ပါ။

မ်က္ႏွာတြင္ ၀က္ျခံေပါက္ျခင္းမ်ားျပားတတ္သျဖင့္
အၿမဲသန္႔ရွင္းေအာင္ထားပါ။ ထုိ႔အျပင္ ခံတြင္းကို အၿမဲသန္႔ရွင္းၿပီး
အနံ႔ကင္းေအာင္ ေနတတ္၏။ဆံပင္ကို အၿမဲသပ္ရပ္ေနေအာင္ထားပါ။
မိန္ရာသီဖြားတို႔သည္ ေျခသလံုးႏွင့္ ေျခတံလက္တံလွသျဖင့္
ေဘာင္းဘီရွည္ကို သပ္ရပ္စြာ၀တ္ျခင္းျဖင့္
လိုက္ဖက္တင့္တယ္တတ္ေလ၏။

မိန္ရာသီဖြားတို႔သည္ စကားေျပာေသာအခါ ဗလံုးဗေထြးႏွင့္
အေလာတႀကီးေျပာျခင္းကို အထူးဆင္ျခင္ပါ။ ေအးေအးေဆးေဆး
စဥ္းစဥ္းစားစားေျပာေသာ စတုိင္ကုိက်င့္ပါ။ ထုိ႔အျပင္ တစ္ခုခုကို
လုပ္ရမည္ဆုိပါက ေနာက္တြန္႔ေနျခင္းကို သတိျပဳဆင္ျခင္ပါ။ ရဲရဲလုပ္ပါ။
အလြန္သနားလြယ္ျခင္း အယံုလြယ္ျခင္းကို ဆင္ျခင္ပါ။ ထုိ႔အျပင္
ျပႆနာအ႐ႈပ္အေထြးၾကား ေရာက္ေရာက္သြားသျဖင့္ ႐ႈပ္႐ႈပ္ေထြးေထြး
ကိစၥမ်ားတြင္ ၀င္မပါဘဲ ေနတတ္ေအာင္ ေနပါ။ ဘာကိစၥမဆုိ၊
ဘယ္လုိအေျခအေနမ်ိဳးမဆုိ တစ္ခုခုကို ျပတ္သားစြာ ေရြးခ်ယ္ၿပီး
ရဲ၀င့္စြာ လုပ္ကိုင္သြားျခင္းျဖင့္ ေအာင္ျမင္တတ္ေပ၏။

Posted by yanshin

Unicode

မိန်ရာသီဖွားများ

(ဖေဖော်ဝါရီ ၁၉မှ မတ်လ ရက်၂၀အတွင်း၊ တပေါင်းလ)
မိန်ရာသီသည် ရာသီစက်ဝန်း၏ ၁၂ခုမြောက် ရာသီခွင်ဖြစ်၏။

ကောင်းကင်ပြင်တွင် ဤရာသီခွင်၌ ကြယ်နတ္ခတ်တို့တွင် ငါးနှစ်ကောင်
ကူးခတ်နေပုံ အသွင်သဏ္ဍာန် ပေါ်ထွန်းနေသော ရာသီခွင်ဖြစ်၏။
သောမရာသီ (မသဘာဝ) သက်ရောက်လေ၏။ ဒွေဒဟ (နှစ်ခွ၊
နှစ်မျိုးနှစ်စား) သဘောဆောင်၏။ နေ့ရာသီဖြစ်၏။ ရာဇဂုဏ်
(ထက်မြက်မှု) သဘောဆောင်၏။ ဓါတ်သဘာဝအားဖြင့် အာပေါဓာတ်
(ရေဓာတ်^အေးဆေးတည်ကြည်မှု) စိုးမိုး၏။ ဤရာသီခွင်၏
နက္ခတ်ပုံသင်္ကေတ ငါးနှစ်ကောင်မှာ ဆန့်ကျင်ဘက်အနေအထားဖြင့်
ယှဉ်တွဲနေသော ပုံဖြစ်၏။ ဆယ့်နှစ်ရာသီစက်၏ မူလနယ်ပယ်တွင်
ကြာသပတေးဂြိုလ်၏ ဂြိုလ်အိမ်အဖြစ် သတ်မှတ်ခဲ့ကြ၏။ (၃) ဂဏန်း
သင်္ချာ စိုးမိုးမှုရှိပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအားဖြင့် ခြေအစုံကို
ပိုင်စိုးလေ၏။

မိန်ရာသီဖွားတို့၏ ပင်ကိုသဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ
မိန်ရာသီဖွားတို့သည် ရာသီ (၁၂) ပါးတွင် ချမ်းသာသုခနှင့်
အပြည့်ဝဆုံးသောသူများ ဖြစ်တတ်ကြပေ၏။ မိန်ရာသီဖွားတို့သည်
ထူးခြားသော စရိုက်နှစ်မျိုးကို တစ်ပြိုင်တည်း

ပါနေသူများဖြစ်တတ်ကြပေ၏။ အလွန်သနားကြင်နာတတ်ကြ၏။
ရိုးသား၏။ အေးဆေး တည်ငြိမ်၏။ အရှက်အကြောက်ကြီး၏။
အခွင့်အာဏာ ပကာသနတို့ကို မမက်မောဘဲ လွတ်လပ်ပေါ့ပါးစွာ
နေထိုင်လို၏။ အယုံလွယ်၏။ သူတစ်ပါးကို ကူညီလို၏။
အားနည်းသူတို့ဘက်မှ ရပ်တည်လို၏။ နူးညံ့သိမ်မွေ့၏။ ထို့အတူ
ထက်မြက်၏။ ညာဏ်ထက်၏။ ဇွဲသတ္တိကောင်း၏။အမြော်အမြင်ကြီး၏။
မဖြစ်မနေ ကြီးပွားအောင်မြင်လိုစိတ်ရှိ၏။ စိတ်ထက်၏။ စိတ်ကြီး၏။

ဒေါသထွက်လာက ခက်ထန်လာတတ်၏။ စိတ်မြန်လက်မြန်
လုပ်တတ်၏။ စကားပြောဆိုမှု၊ စာပေရေးသားမှုတို့တွင်
အလွန်ထက်မြက်၏။ တစ်ခါတစ်ရံ သတ္တိနည်းကာ သွေးကြောင်
နေတတ်၏။ နောက်တွန့်နေတတ်၏။ စိုးရွံ့နေတတ်၏။ ထို့အတူ
မကြာခဏ ခေါင်းဆောင်နေရာကို အလိုလိုရောက်နေတတ်ပြန်၏။

တစ်ကိုယ်တည်း အေးအေးဆေးဆေးနေချင်တတ်၏။ ထို့အတူ
စိတ်တူကိုယ်တူ အပေါင်းအဖော်များနှင့် နေရခြင်းကို နှစ်သက်ပြန်၏။
သို့သော် အပေါင်းအသင်း များများမထားတတ်ပါ။ မိန်ရာသီဖွားတို့သည်
နာမ်ဝါဒကို အထူးသက်ဝင် ယုံကြည်ကြ၏။ ဘာသာရေးကို ပြင်းထန်စွာ
ယုံကြည်သက်ဝင်ကြ၏။ အများအားဖြင့် စိတ်တည်ငြိမ်စွာဖြင့်

တရားအလုပ်ကို လက်တွေ့ကျကျ ကျင့်လှမ်းသူများ ဖြစ်တတ်
ကြလေ၏။ ထုံးတမ်းအစဉ်အလာ ဓလေ့များကို
ယုံကြည်လိုက်နာတတ်ကြ၏။ အရာရာတိုင်းကို ကြိုတင်သုံးသပ်၍
ကြိုတင်အဖြေထုတ်ရာတွင် ပါရမီထူးကဲတတ်ကြ၏။ အမြင်ပြတ်သား၏။

Óဏ်ထက်၏။ စိတ်ကူးကောင်းကြ၏။ သို့သော် တစ်ခါတစ်ရံ
အယူသီးလွန်းကြ၏။ ခေါင်းမာ တတ်ကြ၏။ အထူးသဖြင့်
ဘာသာရေးတွင် အလွန်တိကျစွာ ကျင့်သုံးတတ်ကြ၏။
အခြားကိစ္စတို့တွင် စည်းကမ်းကောင်းလွန်းတတ်ကြ၏။ အတ္တ၊ ပရ
မျှတစွာ ကျင့်သုံးတတ်ကြ၏။ သစ္စာရှိ၏။ အလွန်စိတ်ဆိုးခဲပြီး
စိတ်ဆိုးမိပါက အငြိုးအတေးကြီး၏။ အစားကြူး၏။ သြဇာပေး ကောင်း၏။

လူအများအပေါ် အုပ်ချုပ်လို၏။ ဘယ်တော့မှ မရောင့်ရဲဘဲ
ထင်ပေါ်အောင်၊ အောင်မြင်အောင် ကြိုးစားတတ်ကြ၏။
အချို့ကိစ္စများတွင် လူကြီးလူကျယ် လုပ်ချင်၏။ စည်းကမ်းရိုသေ၏။
တိကျ၏။ ပရိယာယ် ဝေဝှစ်များဖြင့် လုပ်ကိုင်နိုင်စွမ်း၏။ တစ်ခါတစ်ရံ
ညာဏ်နီညာဏ်နက်များဖြင့် ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်၏။
အထက်လူကြီး၊ မင်းစိုးရာဇာတို့ကို အမှီပြုပြီး ကြီးပွားအောင်မြင် တတ်၏။

ခေါင်းမာခြင်း၊ ဇီဇာကြောင်ခြင်း၊ သဝန်တိုခြင်း၊ ကိုယ်ဖြစ်ချင်တာကိုသာ
အဓိကကြည့်မိခြင်း၊ မကြာခဏ စိတ်ဒွိဟဖြစ်ခြင်းတို့ကို
အထူးဆင်ခြင်သင့်၏။ ထို့အပြင် မိန်ရာသီဖွားတို့သည် ကိုယ့်အစွမ်းအစကို
ယုံကြည်စွာ ကြိုးစားသွားပါက ထိပ်တန်းရောက်တာများ၏။
ကြွယ်ဝချမ်းသာတတ်ကြ၏။ အထူးသဖြင့် ရပ်ဝေးမြေခြား၊

တိုင်းတစ်ပါးအထိ ရောက်သွားတတ်ကြလေ၏။
မိန်ရာသီတို့၏ အချစ်ရေးနှင့် အိမ်ထောင်ရေးအနေအထားများ
မိန်ရာသီဖွားတို့သည် ချစ်မိက သူမတူ၊ မုန်းမိက လှည့်မကြည့်ဆိုသော

လူစားမျိုးဖြစ်၏။ အချစ်ရေးတွင် စိတ်ကူးအလွန်ယဉ်၏။မေတ္တာတရားကို
တန်ဖိုးထားတတ်၏။ သို့သော် မထုံတက်တေးသမားများ ဖြစ်၏။ ရင်ထဲမှ
အချစ်ကို ဖွင့်ပြောရန် အလွန်သတ္တိနည်း၏။ ထို့အတူ
ရွေးချယ်ရခက်ခဲသော အနေအထားများ အမြဲလိုလိုကြုံတတ်၏။
မပြတ်သားခြင်း၊ တွေဝေခြင်း၊ ချိန်ဆမှု ဝေဝါးခြင်းများ ကြံုတတ်၏။

ချစ်သူနှစ်ယောက်ကို တစ်ပြိုင်တည်း ထားမိတတ်လေ၏။ ထို့အပြင်
အချစ်ရေးတွင် ချစ်သူကို ဦးစားပေးသလိုလိုနှင့် အတ္တဆန်မိတတ်ကြ၏။
လုံးဝမပြတ်သားသော အနေအထားမျိုးတွေ ဖြစ်သွားတတ်ကြ၏။
ချစ်သူတို့၏ အထင်လွဲမှုများကိုလည်း အထူးခံရတတ်၏။ ကိုယ်ကလည်း
ချစ်သူအပေါ် အနိုင်ယူလိုတတ်၏။ အချစ်ရေးတွင်
အထူးပြတ်သားသင့်ပေ၏။ မိန်ရာသီဖွားတို့သည် အလွန်စန်းပွင့်သူများ
ဖြစ်၏။ ချစ်သူခင်သူများ၏။ အိမ်ထောင်ပြုသောအခါ
အနှောက်အယှက်များကို ကျော်လွှားပြီးမှ အိမ်ထောင်ပြုရတတ်၏။

အထူးသဖြင့် ချစ်သူ၏ အထင်လွဲမှုကို ခံရပြီးမှ အိမ်ထောင်ပြုရတတ်၏။
အိမ်ထောင်ပြုပြီးက အထူးကြီးပွားတတ်၏။ သို့သော်
အိမ်ထောင်ကျပြီးနောက် ဒုတိယလူ ပေါ်လာတတ်ပြန်၏။
အိမ်ထောင်ရေးတွင် (၂) ဆက်ဖြစ်တတ်သည်။ (နှစ်ဆက်ဖြစ်မည်ဟု
ဒိဋ္ဌမဆိုလိုပါ) မိမိက အေးဆေးသလောက် မိမိ မိသားစုက ဆူဆူပူပူ
ရှိတတ်၏။ သို့သော် အိမ်ထောင်ရေး ကံကောင်းပါမည်။ ကိုယ်တိုင်က
သဝန်တိုခြင်း၊ စည်းကမ်းတင်းကြပ်ခြင်းကို ဆင်ခြင်ပါ။

ဒုတိယလူပေါ်လာတတ်အောင် မြှောက်ထိုးပင့်ကော်
ပြောပေးတတ်သူများ၏ စကားကို နားမယောင်မိအောင် ဆင်ခြင်ပါ။
ခေါင်းမာခြင်း၊ အယူအစွဲကြီးခြင်းကိုရှောင်ပါ။

အိမ်ထောင်ရေးကောင်းသော ဇာတာရှင်များဖြစ်၏။
အိမ်ထောင်ပြုသောအခါ မေထုန်ရာသီဖွားများ၊ ကန်ရာသီဖွားများနှင့်
ဓနုရာသီဖွားများကို ရှောင်ပါ။ အထူးရှောင်သင့်ပေသည်။ ပြိဿရာသီဖွား၊

တူရာသီဖွား၊ မိဿဖွား၊ ဗြိစ္ဆာဖွားတို့နှင့် အထူးသင့်လျော် လိုက်ဖက်ပေ၏။
မိန်ရာသီဖွားတို့၏ ကျန်းမာရေးအနေအထားများ
မိန်ရာသီဖွားတို့သည် ကျန်းမာရေးအညံ့ကြံုတိုင်း ရောဂါရှာဖွေရန်

ခက်ခဲတတ်ကြပေ၏။ ထို့ကြောင့် အနာတစ်ခြား ဆေးတစ်ခြား
ဖြစ်တတ်၏။ ဝေဒနာဖြစ်က ကြာရှည်ခံစားရတတ်၏။
မိန်ရာသီဖွားတို့သည် ငှက်ဖျားရောဂါဖြစ်ပွားလွယ်တတ်ကြ၏။

နားဝေဒနာဖြစ်တတ်၏။ ခြေထောက်ကို မကြာခဏ ထိခိုက်မိတတ်ကြ၏။
ထို့အပြင် အာရုံကြော၊ အကြောရောဂါ၊ အရေပြားရောဂါတို့
ဖြစ်တတ်ကြလေသည်။ ဓါတ်စါအနေနှင့် စတော်ဘယ်ရီ၊ နာနတ်၊
ဗာဒံသီး၊ လေးညှင်းပွင့်၊ ဂျံုမှုန့်၊ ဇီးဖြူသီးတို့ကို အလျဉ်းသင့်သလို
စားသုံးပေးသွားသင့်ပေသည်။ထို့အပြင် မိန်ရာသီဖွားတို့သည် မီးဘေး၊

လျှပ်စစ်မီး၊ အပူလောင်ခြင်းတို့ကို သတိထားသင့်ပေ၏။
မိန်ရာသီဖွားတို့၏ အလုပ်အကိုင်နှင့် စီးပွားရေး
မိန်ရာသီဖွားတို့သည် ဇွဲနှင့်သတ္တိအလွန်ကောင်းသူများ ဖြစ်ကြသည်။

ညာဏ်ရည်ထက်မြက်ကြလေ၏။ အလုပ်တစ်ခုကို ကြိုတင်
တွက်ချက်မှုတွင် အထူးကျွမ်းကျင်၏။ တိုးတက်မှုကို
အမြဲရှာဖွေနေသူများဖြစ်၏။ ကိုယ်က နောက်လိုက်ဖြစ်သောအခါတွင်
စည်းကမ်းလိုက်နာ တတ်ကြသကဲ့သို့
ကိုယ်ကခေါင်းဆောင်နေရာရောက်နေသောအခါတွင်လည်း
စည်းကမ်းတင်းကြပ်တတ်ကြ၏။ ထိပ်ဆုံးနေရာသို့
မရောက်ရောက်အောင် ကြိုးစားတတ်ကြ၏။ သို့သော် မိန်ရာသီဖွားတို့ကို
အထူးဖျက်ဆီးသောအရာမှာ အရက်နှင့် လောင်းကစားဖြစ်၏။အရက်ကို
သောက်မိက စွဲသွားတတ်၏။ အထူးသဖြင့် ရှောင်ပါလေ။

မိန်ရာသီဖွားတို့သည် စကားပြောလဲကောင်း၏။ ခေါင်းဆောင်မှု၊
စီမံကွပ်ကဲမှု၊ အုပ်ချုပ်မှုကောင်း၏။ အလုပ်နှစ်ခုဒွန်တွဲပြီး
လုပ်ကြရတတ်၏။ အလုပ် လုပ်ရာတွင် အခက်အခဲများ၊ အတိုက်အခံများ
ကြံုလေ တိုးတက်လဖြစ်၏။ ထို့အပြင် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့
သွားရတတ်၏။ ခရီးသွားခြင်းဖြင့် စီးပွားဖြစ်တတ်၏။ မွေးရပ်မြေကို
စွန့်ခွာလေ အောင်မြင်လေဖြစ်မည်။ ကိုယ်ပိုင်အစွမ်းအစနှင့်
အောင်မြင်မည်။ ချမ်းသာကြွယ်ဝမည်။ ငွေကံ အလွန်ကောင်းမည်။

ငွေအသုံးအစွဲ ကျစ်လစ်သည်။ စည်းစိမ်ဥစ္စာနှင့်
ပြည့်စုံမည့်သူများဖြစ်သည်။ ရတနာပစ္စည်းများ မကြာခဏရတတ်၏။
ဘဝတွင် စက်ဘီး၊ ဆိုင်ကယ်မှအစ မော်တော်ကားအထိ
အကောင်းစားယာဉ်တို့ကို ပိုင်ဆိုင်တတ်၏။ ထို့အတူ ထီလည်း
မကြာခဏပေါက်တတ်၏။ ထီကံအလွန်ကောင်း၏။

လောင်းကစားကိုရှောင်ပါ။ အရက်ကိုရှောင်ပါ။ မိဘဆွေမျိုးတို့နှင့်
ခွဲခွာနေရတတ်၏။ မိတ်ဆွေများကို အကြံကောင်းများ ပေးနိုင်တတ်ကြ၏။
ကူညီနိုင်တတ်ကြ၏။ အထူးသဖြင့် အိမ်ထောင်ပြုပြီးနောက်
ချမ်းသာတတ်ကြ၏။ လူမျိုးခြားတို့ ကောင်းကျိုးပေး၏။

စာရေးသောအလုပ်နှင့် ကောင်းကျိုးပေး၏။ ထီးလုပ်ငန်း၊ ထီလုပ်ငန်း၊
စားသောက်ဆိုင်၊ ငါးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စစ်ဘက်တို့တွင်
ကောင်းကျိုးပေး၏။ ထို့အပြင် သင်္ဘောသား၊ သင်္ဘောကပ္ပတိန်၊

သုတေသနအလုပ်တို့ဖြင့် အထူးကြီးပွား အောင်မြင်တတ်ကြ၏။
မိန်ရာသီဖွားတို့၏ ဘဝအတက်အကျ အနေအထားများနှင့် ဆောင်ရန်၊

ရှောင်ရန်အချက်များ
မိန်ရာသီဖွားတို့သည် ငယ်စဉ်ဘဝတွင် အတက်အကျများ၏။
ငယ်ဘဝတွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့၌အားနည်းတတ်ပြီး
ဘဝတွင် အပြောင်းအလဲ အမျိုးမျိုးကြံုကာ ကြီးမှ ချမ်းသာတတ်၏။
မိန်ရာသီဖွားတို့သည် မိမိတို့၏ အကြံအစည်များကို လျှို့ဝှက်စွာ
ကြံစည်လုပ်ကိုင်တတ်၏။ ဘဝတိုးတက်မှုအတွက်
အပျော်အပါးကိစ္စများကိုလည်း ရှောင်ရှားနိုင်တတ်၏။ ကိုယ့်ဒူးကိုယ်ချွန်ပြီး
ကြီးပွားတတ် ကြ၏။ ရပ်ဝေးတွင် အောင်မြင်တတ်ကြ၏။

လယ်ယာမြေအလုပ်နှင့် ကောင်းကျိုးမပေးတတ်။ ဘဝတွင်
မထင်မှတ်သော အကြောင်းနှင့် မထင်မှတ်သော သူတို့ထံမှ ပစ္စည်းဥစ္စာ
အမွေရကာ ကြီးပွားတတ်ကြလေ၏။ အသက် (၂၁) ၀န်းကျင်တွင်
ဥပဒ်ကြံုတတ်၏။ အသက် (၂၂)နှစ်မှ (၂၈) ကြားတွင်
အောင်မြင်မှုအခြေတည်ကာ (၃၀) ၀န်းကျင်တွင် စည်းစိမ်ချမ်းသာနှင့်
ပြည့်စုံတတ်၏။ ၃၁၊ ၃၂၊ ၃၄၊ ၃၇၊ ၃၉ ၄၃၊ ၄၈၊ ၅၂၊ ၅၆ တို့တွင်
အထူးအောင်မြင်တတ်၏။ အသက် (၃၈) ၀န်းကျင်တွင် အနာရောဂါ
နှိပ်စက်တတ်၏။ အထူးသဖြင့် (၄၉) ၀န်းကျင်တွင်
အထွတ်အထိပ်ရောက်အောင် ရှည်တတ်၏။ အသက် ၂၃၊ ၃၄၊ ၄၃၊ ၄၉၊
၅၂ တို့သည် အထူးခြားဆုံး နှစ်များဖြစ်မည်။ အထူးသတိပြုရန်မှာ
မိန်ရာသီဖွားတို့သည် ၀ိဇ္ဇာမယလောကီပညာရပ်တို့ကို အလွန်အကျွံ
လိုက်စားခြင်းရှောင်သင့်၏။ ကြီးပွားချမ်းသာရန် ရွှေရောင်ပစ္စည်းတစ်ခုကို
အမြဲဆောင်ထားပါ။ အပြာနုရောင်၊ ပန်းနုရောင်၊ အဝါရောင်၊
အစိမ်းနုရောင်တို့ကို အမြဲသုံးစွဲသွားနိုင်ပေသည်။ အနက်ရောင်ကို
အထူးရှောင်သင့်၏။ အထူးသဖြင့် အနီရဲရဲတောက်တောက်နှင့်
ကြက်သွေးရောင်မှာ အကောင်းဆုံးအဆောင်ဖြစ်၏။

ရတနာပစ္စည်းများထဲတွင် ဂေါ်မုတ်ကျောက်ကို ရွှေဖြင့် လက်စွပ်ကွင်းကာ
လက်ယာဘက်တွင်ဝတ်ဆင်ထားနိုသည်။ ထို့အပြင် ငွေသားဖြင့်
စင်္ကြာပုံသဏ္ဍာန်ပုံဖော်ပြီး လက်စွပ်ဝတ်ထားနိုင်သည်။
ဤပုံအတိုင်းဆောင်နိုင်၏။ (၃၊ ၆၊ ၉) ဂဏန်းများ အမြဲကောင်းကျိုးပေး၏။
(၅) ဂဏန်းကို အထူးရှောင်ပါလေ။

မိန်ရာသီဖွားတို့သည် ရိုးရိုးရှင်းရှင်းနှင့် သပ်သပ်ရပ်ရပ် ၀တ်စားပေးရ၏။
ပင်ကိုယ်ဥပဓိတွင် ရိုးရိုးနှင့်လေးစားချင်စရာကောင်းတတ်၏။
ဖိုသီဖတ်သီနေခြင်း၊ ပွယောင်းယောင်းအဝတ်များ ၀တ်ခြင်း၊
ဆံပင်ဘုတ်သိုက်ထားခြင်းတို့ကိုရှောင်ပါ။ ချပ်ချပ်ရပ်ရပ် ၀တ်ပါ။

မျက်နှာတွင် ၀က်ခြံပေါက်ခြင်းများပြားတတ်သဖြင့်
အမြဲသန့်ရှင်းအောင်ထားပါ။ ထို့အပြင် ခံတွင်းကို အမြဲသန့်ရှင်းပြီး
အနံ့ကင်းအောင် နေတတ်၏။ဆံပင်ကို အမြဲသပ်ရပ်နေအောင်ထားပါ။
မိန်ရာသီဖွားတို့သည် ခြေသလုံးနှင့် ခြေတံလက်တံလှသဖြင့်
ဘောင်းဘီရှည်ကို သပ်ရပ်စွာဝတ်ခြင်းဖြင့်
လိုက်ဖက်တင့်တယ်တတ်လေ၏။

မိန်ရာသီဖွားတို့သည် စကားပြောသောအခါ ဗလုံးဗထွေးနှင့်
အလောတကြီးပြောခြင်းကို အထူးဆင်ခြင်ပါ။ အေးအေးဆေးဆေး
စဉ်းစဉ်းစားစားပြောသော စတိုင်ကိုကျင့်ပါ။ ထို့အပြင် တစ်ခုခုကို
လုပ်ရမည်ဆိုပါက နောက်တွန့်နေခြင်းကို သတိပြုဆင်ခြင်ပါ။ ရဲရဲလုပ်ပါ။
အလွန်သနားလွယ်ခြင်း အယုံလွယ်ခြင်းကို ဆင်ခြင်ပါ။ ထို့အပြင်
ပြဿနာအရှုပ်အထွေးကြား ရောက်ရောက်သွားသဖြင့် ရှုပ်ရှုပ်ထွေးထွေး
ကိစ္စများတွင် ၀င်မပါဘဲ နေတတ်အောင် နေပါ။ ဘာကိစ္စမဆို၊
ဘယ်လိုအခြေအနေမျိုးမဆို တစ်ခုခုကို ပြတ်သားစွာ ရွေးချယ်ပြီး
ရဲဝင့်စွာ လုပ်ကိုင်သွားခြင်းဖြင့် အောင်မြင်တတ်ပေ၏။

Posted by yanshin

bottom of page