top of page

Zawgyi

ကရဋက္ရာသီဖြား
(၉၀% မွန္တယ္ဆိုရင္ Comments ေလးေပးခဲ့ပါ)

ကရဋက္ရာသီဖြားမ်ား၏ဘ၀သက္တာေဟာကိန္း
(၀ါဆိုလဖြားမ်ား) (ႏွစ္စဥ္ ဇြန္ ၂၂ မွ ဇူလိုင္ ၂၂)

ဤရာသီခြင္သည္ (၁၂)ရာသီစက္း၀န္း၏ (စတုတၳေျမာက္)
ရာသီခြင္ျဖစ္၏။ ဤရာသီခြင္ႏွင့္ သက္ဆိုင္ေသာ ေကာင္းကင္မွ
ၾကယ္ပြင့္မ်ား၏ ပံုေဖာ္ရာတြင္ လက္မႏွစ္ေခ်ာင္းေထာင္ထားေသာ
ဂဏာန္းတစ္ေကာင္၏ပံု သေကၤတကိုရရွိေလသည္။ တနလၤာၿဂိဳလ္မွ
စိုးမိုးပိုင္ဆုိင္၏။ အာေပါဓါတ္ (ေရဓါတ္) သဘာ၀ရွိ၏။
ဓါတ္မသေဘာကိုေဆာင္ထား၏။ 

ခႏၶာကိုယ္တြင္ရင္ဘတ္ပိုင္းႏွင့္ပတ္သက္၏။ (၂)ဂဏန္းႏွင့္ (၇)ဂဏန္းတို႔ စိုးမိုး၏။ မည္သည့္ေန႔သားသမီးမဆို ႏွစ္စဥ္ ဇြန္လ(၂၂)ရက္မွ ဇူလုိင္လ(၂၂) အတြင္း ေမြးဖြားသူမ်ားသည္ ကရကဋ္ရာသီဖြားမ်ားျဖစ္ၾကသည္။ ထုိသို႔ ရက္အတိအက်မသိဘဲ ျမန္မာလ ၀ါဆိုလအတြင္း ဖြားျမင္သူမ်ားသည္လည္း ကရကဋ္ရာသီဖြားမ်ားအျဖစ္တစ္ထစ္ခ် မွတ္ယူကာ ေအာက္ပါျဖစ္စဥ္တုိ႔ကို ေလ့လာမွတ္သား၍ ေရွာင္ျခင္း၊ေဆာင္ျခင္းတို႔ျဖင့္ ဆင္ျခင္သံုးစြဲသြားႏိုင္ေတာ့၏။

ကရကဋ္ရာသီဖြားမ်ား၏ ပင္ကိုယ္သဘာ၀ႏွင့္ အက်င့္စ႐ိုက္လကၡဏာမ်ား

ကရကဋ္ရာသီဖြားမ်ားသည္ ၾသဇာအာဏာရွိသူမ်ားျဖစ္၏။ မိသားစုႏွင့္
ပတ္၀န္းက်င္ကို လႊမ္းမိုးထားႏိုင္ၾက၏။ အရည္အခ်င္း ျပည့္၀၏။
စူးစမ္းဆင္ျခင္Óဏ္ျပင္းထန္၏။ အသက္ႀကီးပိုင္းတြင္ ဘာသာတရားကို
လြန္စြာ ကိုင္း႐ိႈင္းသြားတတ္ၾက၏။ ညာဏ္အလြန္ထက္၏။ တစ္ခါတရံ၌
ျဖစ္လာမည့္ကိစၥတုိ႔ကို ႀကိဳသိေနတတ္ေသာ ညာဏ္စြမ္းပါရမီထူးရွိ၏။
ကိုယ့္ကိုကိုယ္္အားကိုး၏။ မိ႐ိုးဖလာ အစဥ္အဆက္ လုပ္ခဲ့ေသာ အလုပ္မ်ားကို ဆန္႔က်င္တတ္၏။ အသံၾသဇာေကာင္းၿပီး အေျပာအဆိုေကာင္း၏။ အစစ ဦးေဆာင္ျဖစ္၏။ အမ်ိဳးဘာသာအက်ိဳး၊ အမ်ားေကာင္းက်ိဳး လိုလား၏။ ေဆာင္ရြက္တတ္၏။ 

သို႔ေသာ္ေခါင္းမာ၏။ အာဃာတႀကီး၏။နာက်ည္းမုန္းတီးမိက ကလဲ့စားေခ်ရမွႀကိဳက္၏။ စိတ္ဓါတ္အားေကာင္းေသာ္လည္း လူအားေပ်ာ့၏။
စိတ္တန္ခိုးစြမ္းအားႀကီးမားေသာ္လည္း ကိုယ့္အစြမ္းအစ ကိုယ္မသိ။ စိတ္ဓါတ္က်လြယ္၏။ ဘ၀တြင္ အေျပာင္းအလဲမ်ားစြာၾကံဳခဲ့၏။ ဘ၀တစ္ေလွ်ာက္လံုး အၿငိမ္မေန လႈပ္ရွားသြားလာေနရတတ္၏။

စိတ္ထား ႏူးညံ့သိမ္ေမြ႕၏။ ပင္ကိုယ္စိတ္ဓါတ္ေအးေဆးတည္ၿငိမ္သေလာက္ မၾကာခဏ ေတြေ၀မိုက္မဲစြာျပဳလုပ္တတ္၏။ ေအးေဆးတည္ၿငိမ္စြာ ေနထုိင္လိုသေလာက္ စိတ္မတည္ၿငိမ္ဘဲ လႈပ္ရွားေျပာင္းလဲေနတတ္၏။ ဆံုးျဖတ္ခ်က္ေနာက္က်တတ္၍ အခြင့္အေရးမ်ားစြာ ဆံုး႐ံႈးသြားတတ္ျခင္း
မၾကာခဏၾကံဳတတ္၏။ အလြန္အာ႐ံုမ်ား၏။ စပ္စု၏။ အထိမခံေရႊပန္းကန္မ်ားျဖစ္၏။ 

ဂီတအႏုပညာကိုျမတ္ႏိုး၏။ သြက္လက္ထက္ျမက္၏။ စကားမ်ား၏။ အေပ်ာ္အပါးႀကိဳက္၏။ အုပ္စုဖြဲ႕ေနရျခင္းကိုႀကိဳက္၏။ မိသားစု အသိုင္းအ၀ိုင္းကို အလြန္ခင္တြယ္တတ္ၾက၏။ ပတ္၀န္းက်င္ႏွင့္ လိုက္ေလ်ာညီေထြေနတတ္၏။ တရားမွ်တမႈကိုႀကိဳက္ႏွစ္သက္ေသာ္လည္း ေအာင္ျမင္ႀကီးပြားလိုေသာ ဆႏၵႏွင့္ႀကိဳတင္ပူပန္စိုးရိမ္မႈ ေသာကစိတ္တို႔ျပင္းထန္၏။ တစ္ခါတရံ တစ္ဖက္သတ္ဆန္ဆန္ ျပဳမူမိတတ္ၾက၏။အေပၚယံအားျဖင့္ျဖစ္သလုိေနတတ္ ေျပာတတ္ေသာ္လည္း တိုးတက္ႀကီးပြားမႈကိုျပင္းျပင္းထန္ထန္ အလိုရွိ၏။ အလြန္ႀကိဳးစား၏။ ဘ၀အစတြင္ ခက္ခဲၾကမ္းတမ္း၏။ သက္လတ္ပိုင္းတြင္ ႀကီးပြားတတ္၏။ လူမ်ားအေပၚၾသဇာေပးႏိုင္တတ္၏။ 

အလုပ္ကို တစ္ခုမၿပီးမီ ေနာက္တစ္ခုစမိသျဖင့္ေအာင္ျမင္မႈထိခိုက္တတ္၏။ ဘ၀မ်ိဳးစံု က်င္လည္ရ၏။ ျဖစ္ကတတ္ဆန္းေနထိုင္ရျခင္းမ်ိဳးကိုလည္း ၾကံဳရတတ္၏။ ထုိက္တန္ေသာ စည္းစိမ္ဥစၥာတို႔ျပည့္စံုလာေသာအခါ လူယံုမ်ားေၾကာင့္လည္းေကာင္း၊ အတြင္းပစၥည္းမ်ား လူမသိဘဲလိႈက္စားကုန္သြားတတ္၏။ လူမသိ သူမသိဘဲႀကိတ္ခံရတတ္၏။ ဆံုးျဖတ္ခ်က္ တစ္ခ်က္မွားသျဖင့္ အဖတ္ဆယ္မရေအာင္ နစ္နာျခင္းမ်ိဳး ၾကံဳရတတ္၏။ 

ထုိ႔အျပင္ ကရကဋ္ရာသီဖြားမ်ားသည္ တစ္ခ်ိဳ႕ကိစၥမ်ားတြင္ စည္းကမ္းတက်
ကပ္စီးႏွဲသလုိျဖစ္ေနတတ္သည္။ တစ္ခါတရံ အဖုိးတန္ပစၥည္းမ်ားကိုပင္
ေပးကမ္းစြန္႔ႀကဲပစ္တတ္ၾက၏။ လူေသေသာ္လည္း နာမည္မေသေစရဟု
ႏွလံုးပိုက္သူမ်ားျဖစ္၏။ မွန္သည္ထင္က တံုးတိုက္တုိက္ က်ားကိုက္ကိုက္ဆိုသလို လုပ္တတ္၏။

ကိုယ္သံေယာဇဥ္ႀကီးသူမ်ားအတြက္ အလြန္အနစ္နာခံတတ္၏။
သနားတတ္၏။ သစၥာရွိ၏။ မဟုတ္မခံခ်င္စိတ္၊ သတၱိဗ်တၱိႏွင့္ ျပည့္စံု၏။
အထူးသျဖင့္ ကရကဋ္ရာသီဖြားတို႔သည္ ဘိုးေတာ္ မယ္ေတာ္
ပုဂၢိဳလ္ပိုင္းမွ အေစာင့္ အေရွာက္ ႀကီးမားစြာရွိတတ္၏။ အိပ္မက္ထူးမ်ားရွိတတ္၏။ ဘာသာေရးကို စိုက္လုိက္မတ္တတ္ က်င့္လွမ္းသြားျခင္းျဖင့္ ေလာကီအက်ိဳးစီးပြားပါ ျပည့္စုံလာတတ္ေလ၏။ 

အခ်စ္ေရး၊ အိမ္ေထာင္ေရးႏွင့္ ဘ၀တည္ေဆာက္မႈမ်ား 

ကရကဋ္ရာသီဖြားမ်ားသည္ အခ်စ္ႀကီးသူမ်ားျဖစ္၏။ သို႔ေသာ္ခ်စ္ကံေခသူမ်ား ျဖစ္တတ္ၾက၏။ ေမတၱာေရးတြင္ အေပးသမားမ်ားျဖစ္၏။ အလြန္ခ်စ္တတ္ေသာႏွလံုးသားပိုင္ရွင္မ်ားျဖစ္၏။ စိတ္ကူးယဥ္ဆန္၏။ သိမ္ေမြ႕စြာခ်စ္တတ္၏။ သို႔ေသာ္ ကုိယ္ကုိယ္တိုင္ကလည္း ေတြေ၀စြာ စိတ္ဒိြဟျဖစ္တတ္ၾက၏။ ကိုယ္က ႏွလံုးသားထက္ ဦးေႏွာက္ကို ဦးစားေပးကာျပည့္စံုေသာဘ၀ထူေထာင္ႏုိင္ဖို႔ ႀကိဳးစားလုိတတ္ၾက၏။ တြက္ခ်က္ သံုးသပ္ၿပီးမွ ႀကိဳးစားလို၏။ ျပည့္စံုေသာဘ၀ကို ထူေထာင္လုိ၏။ အကယ္၍စြန္႔စားရမည္ဆိုလွ်င္လည္း အရာရာကို စြန္႔လႊတ္၍ ခ်စ္သူႏွင့္ လက္တြဲရန္ ၀န္မေလးတတ္ၾကပါ။ ထုိသို႔ခ်စ္စိတ္ျပင္းထန္၏။ 

သို႔ေသာ္ အခ်စ္ေရးတြင္ေၾကကြဲ၀မ္းနည္းစရာၾကံဳတတ္၏။ မိမိခ်စ္သူက
မိဘစကားနားေထာင္တာျဖစ္ေစ၊ မိမိထက္သာသည္ကိုေရြးခ်ယ္ကာသည္ျဖစ္ေစ စြန္႔ခြာသြားတတ္၏။အခ်စ္ရဆံုးသူကို လက္လြတ္ရတတ္၏။ အလြန္လြမ္းစရာေကာင္းေသာႏွလံုးသားဇာတ္လမ္းေဟာင္းမ်ား ရွိခဲ့တတ္၏။ 

သို႔ေသာ္ တကယ္အိမ္ေထာင္ျပဳၿပီးေသာအခါ ထုိကိစၥအားလံုးကို
အၿပီးေမ့ႏုိင္စြမ္းၾက၏။ အိမ္ေထာင္ေရး ကံေကာင္းတတ္ၾက၏။
ကိုယ့္အေပၚ နားလည္ေပးေသာ အိမ္ေထာင္ဖက္ကို ရရွိတတ္၏။
ကုိယ္ကလည္း အိမ္ေထာင္ဖက္အေပၚ အထူးခင္တြယ္တတ္၏။ ညႇာတာတတ္၏။ လိုက္ေလ်ာတတ္၏။ အျခားသူတို႔ထက္ပို၍ မိသားစုအေပၚခင္တြယ္တတ္ၾက၏။ 

ကရကဋ္ရာသီဖြားတို႔သည္ ကိုယ္ကိုယ္တိုင္ကလည္း ေျပျပစ္ေသာ ခႏၶာကုိယ္ဖြဲ႕စည္းမႈရွိတတ္ၿပီး အိမ္ေထာင္ျပဳေသာအခါတြင္လည္း ျပည့္ၿဖိဳးေျပျပစ္ေသာ အိမ္ေထာင္ဖက္ကို ရရွိတတ္သည္။ အထူးသတိေပးလုိသည္မွာ
ကရကဋ္ရာသီဖြားတုိ႔သည္ သာယာေအးခ်မ္းေသာ အိမ္ေထာင္ေရးကို
ထူေထာင္ၿပီးမွ စိတ္လႈပ္ရွားစရာေကာင္းေသာ ဒုတိယလူေပၚလာတတ္၏။ အိမ္ေထာင္ေရး သစၥာရွိဖို႔ အထူးလုိအပ္လွေတာ၏။ ကရကဋ္ရာသီဖြားတုိ႔သည္ ေတာ္သလင္းလဖြား၊ တေပါင္းလဖြား၊ ျပာသိုလဖြားတို႔ႏွင့္ အိမ္ေထာင္ဖက္ ေရြးခ်ယ္ လက္တြဲသင့္၏။

ကရကဋ္ရာသီဖြားတို႔၏ အလုပ္အကိုင္ႏွင့္ စီးပြားေရးအေနအထားမ်ား
ကရကဋ္ရာသီဖြားတုိ႔သည္ အရာရာကို စူးစမ္းၿပီးမွ လုပ္ကိုင္တတ္ၾက၏။
အစဥ္အလာ လမ္း႐ိုးအတိုင္း လုပ္ကိုင္ရျခင္းကို မႏွစ္သက္တတ္ၾက၏။
ထုိ႔အျပင္ အလုပ္အကိုင္ကိုလည္း တစ္ခုမၿပီးခင္ ေနာက္တစ္ခု
ေျပာင္းလုပ္ခ်င္၏။ အတတ္ပညာမ်ားကိုလည္း တစ္ပိုင္းတစ္စေတြမ်ားတတ္၏။ တစ္ခုတည္းေဇာက္ခ်လုပ္ကိုင္တတ္သင့္လွ၏။ ကရကဋ္ရာသီဖြားတို႔သည္ စပ္တူလုပ္ကိုင္ျခင္းကို အထူးေရွာင္ၾကဥ္သင့္လွေပ၏။ ကိုယ္ပိုင္လုပ္ငန္း ကိုယ့္စိတ္ကူးႏွင့္ကိုယ္ လုပ္ကိုင္ရေသာ လုပ္ငန္းမ်ားကို
ေရြးခ်ယ္လုပ္ကိုင္သင့္၏။ 

အထူးသျဖင့္ တစ္ေနရာမွ တစ္ေနရာသို႔ သြားလာလႈပ္ရွားကာ အာ႐ံုသစ္မ်ားကို ေလ့လာကာ လုပ္ကိုင္ရေသာ ကိုယ္ပိုင္လြပ္လပ္စြာ ေတြးေခၚ ေဆာင္ရြက္ႏုိင္သည့္ အလုပ္ကို လုပ္ကိုင္သင့္၏။ ကရကဋ္ရာသီဖြားတို႔သည္ ဘာပဲလုပ္လုပ္ တခမ္းတနား လုပ္ခ်င္တတ္ၾက၏။ စာအုပ္စာတမ္း၊
အၾကံညာဏ္ေကာင္းမ်ား ရွာေဖြလိုက္နာတတ္၏။ ေငြရွိလာေသာအခါ
လွဴရက္ေရာ၏။ ၀ါသနာပါ၍ ယံုၾကည္ရာကိုသာ လုပ္ကိုင္တတ္ၾက၏။
အပင္ပန္းခံႏိုင္တတ္ၾက၏။ သို႔ေသာ္ ကိုယ္လုပ္ေသာအလုပ္တြင္
စိတ္ကူးယဥ္မႈမ်ားပါေန၍ ထင္သေလာက္မေပါက္ဘဲျဖစ္ေနတတ္သည္ကို သတိျပဳရန္လုိသည္။ 

မည္သည့္အလုပ္မဆို အက်ိဳးကိုမၾကည့္ဘဲ ယံုၾကည္ခ်က္ျဖင့္ လုပ္ကိုင္တတ္ၾက၏။ အလုပ္ႏွစ္မ်ိဳးတြဲလုပ္ရတတ္၏။ သူတစ္ပါးအတြက္ ၾကား၀င္ခံျခင္းမ်ိဳးပါ ၾကံဳရတတ္၏။ ပင္ကိုယ္ဗီဇတြင္ အလြန္ထက္ျမက္ေသာညာဏ္ရည္ရွိၿပီး စိတ္ကူးေကာင္း၏။ အလြန္ပိုင္ႏိုင္စြာ လုပ္ကိုင္ႏိုင္စြမ္း၏။ အခ်ိန္တိုတိုအတြင္း အစစ ေလ့လာသံုးသပ္ၿပီး ပိုင္ႏိုင္စြာ ဦးေဆာင္လုပ္ကိုင္ႏိုင္စြမ္း၏။ သို႕ေသာ္ သူတစ္ပါးေတြႏွင့္ေဘးတိုက္ကန္႔လန္႔ မလုပ္မိဖို႔ေတာ့လုိ၏။ ပင္ကိုယ္ပါရမီထူးသူျဖစ္၍ေဘးလူေတြက အံ့ၾသေလာက္ေအာင္ ႐ိုးရွင္းထိမိစြာ လုပ္ကိုင္ျပႏုိင္စြမ္းရွိ၏။ တစ္ခုတည္းကိုသာ ပိုင္ႏိုင္စြာ ေရြးခ်ယ္ၿပီး ဇြဲရွိရွိလုပ္ကိုင္သြားပါက ထိပ္ဆံုးကို ေရာက္သြားတတ္၏။

ကိုယ္ပိုင္လုပ္ငန္းျဖင့္ ေငြေၾကးဥစၥာမ်ားစြာ ပုိင္ဆိုင္တတ္ေလ၏။
ကရကဋ္ရာသီဖြားတို႔သည္ စာေရးဆရာအလုပ္ျဖင့္ အလြန္ေကာင္းက်ိဳးေပးတတ္၏။ စာအုပ္ထုပ္ေ၀ေရး၊ စစ္ဘက္၊ ငါးေမြးျမဴေရး၊ စားေသာက္ဆိုင္၊ သတင္းေထာက္၊ ဂ်ာနယ္လစ္အလုပ္တို႔ အထူးေကာင္းက်ိဳးေပးတတ္၏။ မည္သည့္အလုပ္ကို ရြးခ်ယ္သည္ျဖစ္ေစ ဘာသာေရး ဦးထိပ္ပန္ဆင္ေပးပါေလ။ မုခ်ျဖစ္ထြန္းပါလိမ့္မည္။

ကရကဋ္ရာသီဖြားမ်ား၏ က်န္းမာေရး အေနအထားမ်ား

ကရကဋ္ရာသီဖြားမ်ားသည္ စိတ္ဓါတ္ျပင္းထန္စြာျပဳမူလုပ္ကိုင္ေနထိုင္ျခင္းေၾကာင့္ အားအင္ကုန္ခန္းသလုိမ်ိဳး မလႈပ္ရွားခ်င္၊ႏံုးေခြေနေသာ ေရာဂါမဟုတ္သည့္ ေရာဂါကို ခံစားရတတ္၏။ အမွန္အားျဖင့္ ကရကဋ္ရာသီဖြားတို႔သည္ ပင္ကိုယ္ က်န္းမာေရးဓါတ္ခံအား၊ သက္လံုေကာင္းသူမ်ားျဖစ္၏။
က်န္းမာေရးႏွင့္ဆုိင္ေသာ ဗဟုသုတလည္းရွိ၏။ သူတစ္ပါးအား
အၾကံညာဏ္ေပးျခင္း၊ ေဆး၀ါးဓါတ္စာ ၫႊန္ၾကားျခင္းျဖင့္ ကူညီတတ္၏။
ကိုယ္တိုင္ကမူ ေနခ်င္သလုိေန၏။ စားခ်င္သလို စား၏။ေပေပေတေတေန၏။ သူတစ္ပါးစကား နားမေထာင္ကိုယ္သိသလုိလည္း မလုိက္နာ။ 

ထုိ႔ေၾကာင့္ က်န္းမာေရး ထိခိုက္တတ္၏။ အေရျပား ယားယံတတ္၏။ သက္လတ္ပိုင္းတြင္ ဆီးခ်ိဳ၊ေသြးတိုး ေရာဂါတို႔ ရတတ္၏။ ေဆးကုသရန္၊ ဆရာ၀န္ျပရန္ အလြန္၀န္ေလးတတ္ၾက၏။ မၾကာခဏ ကိုယ္လက္ထံုခ်င္ကိုက္ခဲတတ္ၾက၏။ အနာစိမ္းေပါက္တတ္ၾက၏။ အထူးမွာ ကင္ဆာႏွင့္ ေသြးတိုးသတိျပဳသင့္၏။ ကရကဋ္ရာသီဖြားတို႔သည္ လံုျခံဳေအးခ်မ္းရာေနရာတို႔၌ မၾကာခဏ အနားယူသင့္၏။ ေရခ်ိဳးမွား ရင္ဘတ္အေအးပတ္ျခင္း မျဖစ္ေအာင္ဆင္ျခင္သင့္လွ၏။က်န္းမာေရး ညံ့ေသာအခါမ်ိဳးတြင္ေက်ာက္စိမ္းေဆာင္ထားသင့္၏။

ဘ၀တြင္ ေတြ႕ၾကံဳရတတ္ေသာ ေဘးဥပဒ္အႏၲရာယ္မ်ား

ကရကဋ္ရာသီဖြားတို႔သည္ သဘာ၀ေဘးအႏၲရာယ္အားျဖင့္ ေရေဘး
အႏၲရာယ္မ်ိဳး ရင္ဆုိင္တတ္ရ၏။ ေရေသာက္ေသာအခါမွာပင္ အခန္႔မသင့္ဘဲ ေရသီးျခင္းျဖစ္တတ္၏။ ေရနစ္တတ္၏။ေရလမ္းခရီးသတိျပဳဆင္ျခင္သင့္၏။ ကရကဋ္ရာသီဖြားအမ်ားစုသည္ေရႏွင့္ ပတ္သက္၍ အထူးသတိထားသင့္၏။ ေနအိမ္တြင္ေရကူးကန္ထားျခင္းကိုပင္ ဆင္ျခင္သင့္လွ၏။

ကရကဋ္ရာသီဖြားတုိ႔၏ ဘ၀ကံၾကမၼာ အနိမ့္အျမင့္ အတက္အက်မ်ား

ကရကဋ္ရာသီဖြားတို႔သည္ ဘ၀တြင္ အတက္အက်အေျပာင္းအလဲအလြန္ျမန္၏။ တစ္ခါတရံ တည္ၿငိမ္ေအးခ်မ္းစြာတည္ရွိေနသေလာက္ တစ္ခါတရံတြင္ အရွိန္အဟုန္ျပင္းစြာေလွ်ာက္လွမ္းေနရတတ္၏။ တစ္ခါတစ္ရံ ေမတၱာတရားျဖင့္ ေအးခ်မ္းစြာရွိေနသေလာက္ တစ္ခါတစ္ရံတြင္ စစ္ေျမျပင္မွ သူရဲေကာင္းတစ္ဦးပမာရင္ဆုိင္ေျဖရွင္းေနရတတ္၏။ ဘ၀အစပိုင္းတြင္ အဖိအႏွိပ္မ်ား ခံခဲ့ရတတ္၏။ ႏွလံုးသားေရးတြင္လည္း အခ်စ္ဦး၊ ရည္းစားဦးတို႔၏ ခ်ိဳးႏွိမ္စြန္႔ပစ္မႈတို႔ုျဖင့္ နာက်င္ခဲ့ရတတ္၏။ ဘ၀ကိုတိုက္ပြဲတစ္ခုပမာ
ရင္ဆုိင္႐ုန္းကန္ရတတ္၏။ ကိုယ္တိုင္ကလည္း ႏွေျမာတြန္႔တိုျခင္း၊
အလွဴရက္ေရာျခင္း၊ ႏူးည့ံသိမ္ေမြ႕ျခင္း၊ ၾကမ္းတမ္းခက္ထန္ျခင္း စသည့္
အစြန္းတရားမ်ား ေရာ>ပမ္းေနတတ္၏။ 

ကရကဋ္ရာသီဖြားတို႔ကံေကာင္းလာၿပီဆိုက မိုးေပၚကက်သလို ေကာင္းတတ္ၾက၏။ သိၾကားမင္းမသလုိ ေကာင္းလာတတ္၏။ လွပေသာစိတ္ကူး၊
ထူးျခားေသာညာဏ္ရည္တို႔ျဖင့္ ႐ုိး႐ုိးႏွင့္ ထိမိေအာင္ေနတတ္၊ ၀တ္တတ္၊
ေျပာတတ္၊ လုပ္တတ္သျဖင့္ တိုးတက္တတ္ၾက၏။ သီလရွိျခင္း၊
သစၥာရွိျခင္း၊ ပြင့္လင္းျခင္း၊ မဟုတ္မခံသတၱိ၊ ဗ်တၱိရိွျခင္းတို႔ကေအာင္ျမင္မႈဆီသို႔ တြန္းပို႔ေပးေသာ ကရကဋ္ရာသီဖြားတို႔၏ စြမ္းရည္မ်ားျဖစ္၏။ ငယ္က ဆင္းရဲ၏။ ဖခင္ႏွင့္ ေ၀းခဲ့ရတတ္၏။ 

အသက္(၁၄)၊ (၁၆)၊ (၂၈) တုိ႔တြင္ အလြန္ညံ့ေသာအေနအထားမ်ားၾကံဳခဲ့တတ္၏။ က်႐ံႈးျခင္းတို႔ၾကံဳခဲ့တတ္၏။ ထိုသင္ခန္းစာမ်ားကပင္ ဘ၀တြင္ တိုးတက္ရန္ အားမာန္မ်ား ရေစတတ္ျပန္၏။ (၃၅)၊ (၃၆)၊ တို႔တြင္လည္း ဘ၀တြင္ အထူးထိခုိက္နစ္နာ တတ္ခဲ့၏။ (၃၈)တြင္ တစ္ရပ္တစ္ေက်းသို႔
ေျပာင္းခဲ့ရတတ္၏။ ဘ၀သက္တမ္းတစ္ေလွ်ာက္ (၂၀)၊ (၃၂)၊ (၄၄)၊
(၄၈)၊ (၅၂)၊ (၅၅)၊ (၆၀)၊ (၆၈)တို႔တြင္ အနီးကပ္လူယံုတို႔
ဒုကၡေပးခံရတတ္၏။ အေရာင္းအ၀ယ္ ကြၽမ္းက်င္တတ္၏။ ပစၥည္း ဥစၥာ
ျဖစ္ထြန္းပါမည္။ သို႔ေသာ္ နိမ့္တံု ျမင့္တံု ျဖစ္တတ္၏။ (၂၅)၊ (၃၄)၊ (၄၃)
တို႔တြင္ အခြင့္ထူးမ်ား ၾကံဳႏိုင္၏။ (၄၂)တြင္လည္းေကာင္း၊ (၈၁)
တြင္လည္းေကာင္း က်န္းမာေရး အထူးဂ႐ုစိုက္ရမည္။ 

ဘ၀တြင္ေတာေတာင္ ဥယ်ာဥ္ပန္းျခံတို႔၌ တစ္ေယာက္တည္း မၾကာခဏ
အနားယူလွ်က္ ေခါင္းေအးေအးျဖင့္ စဥ္းစားလုပ္ေဆာင္သြားသင့္၏။
ဘ၀တြင္ ေငြရလာေသာအခါ စုေဆာင္းရ ခက္ခဲတတ္၏။အထူး
စည္းစနစ္တက်စုေဆာင္းသင့္၏။ ယခုေဖာ္ျပခဲ့ေသာအသက္အပုိင္းအျခားတို႔မွာ ေယဘုယ်မွ်သာျဖစ္၏။ သို႔ေသာ္ကရကဋ္ရာသီဖြားအမ်ားစုသည္ ဤႏွစ္မ်ားကိုပင္လွ်င္ သတိျပဳဆင္ျခင္သင့္လွေပေတာ့၏။

ဘ၀တိုးတက္ေအာင္ျမင္မႈအတြက္ လိုက္နာက်င့္သံုးဖြယ္ရာမ်ားႏွင့္ 
အေဆာင္အေရာင္မ်ား

ကရကဋ္ရာသီဖြားအားလံုးတို႔အတြက္ ဘ၀သက္တမ္းတစ္ေလွ်ာက္
ကံေကာင္းေစရန္၊ လာဘ္ရႊင္ေစရန္၊ ရာထူးတိုးေစရန္၊
စိတ္ခ်မ္းသာေစရန္၊ အထူးေကာင္းက်ိဳးေပးေသာ အေရာင္မ်ားမွာ
အစိမ္းႏုေရာင္၊ လိေမၼာ္္ေရာင္၊ အျဖဴေရာင္၊ ႏို႔ႏွစ္ေရာင္တို႔ျဖစ္၏။
အေရာင္ႏုမ်ားကို အထူးသံုးသင့္၏။ တစ္ခါတစ္ရံမွသာ ဖဲစကဲ့သုိ႔
အေရာင္တလက္ထေသာ ေငြေရာင္၊ ဖက္ဖူးေရာင္တို႔ကို
၀တ္ဆင္သံုးစြဲျခင္းျဖင့္ အထူးေအာင္ျမင္တိုးတက္ပါလိမ့္မည္။
ႏွလံုးသားေရး ကိစၥတြင္ အထူးၾကံဳေသာအခါ ဖက္ဖူးေရာင္ႏွင့္
ပန္းႏုေရာင္ကိုသံုးစြဲပါ။ စာေမးပြဲကိစၥ၊ အင္တာဗ်ဴးကိစၥတို႔ၾကံဳေသာအခါ
အျပာႏု၊ အစိမ္းႏုႏွင့္ ႏို႔ႏွစ္ေရာင္ကိုသံုးပါ။ အလြန္ထူးျခားစြာ
ေအာင္ျမင္လိမ့္မည္။

ကရကဋ္ရာသီဖြားတို႔သည္ ပုလဲ၊ ေက်ာက္စိမ္း၊ ျမေက်ာက္တို႔ကုိ
အၿမဲေဆာင္ထားသင့္၏။ လက္သူၾကြယ္တြင္ ၀တ္ပါ။ ထုိ႔ျပင္ ဘယ္ဘက္
လက္သူ<ကယ္တြင္ ေငြလက္စြပ္ေလးတစ္ကြင္း၊
ေရႊလက္စြပ္ေလးတစ္ကြင္းသာလွ်င္ (ေငြေပၚ ေရႊဆင့္) ၀တ္ကာ
ေဆာင္ထားသင့္၏။ လာဘ္ရႊင္ျခင္း၊ ေငြ၀င္ျခင္း၊
ေငြျမဲျခင္းတို႔ျဖစ္တတ္၏။ဂႏၶာပန္းအျဖဴ၊ ၾကာပန္းအျဖဴ၊ ၾကာပန္းအနီ၊
ႏွင္းဆီပန္း ပန္းေရာင္ႏွင့္ စံပယ္ပန္းတို႔ကို အလွထုိးျခင္း၊
ဘုရားပန္းကပ္လွဴျခင္းျပဳပါ။ ကံပြင့္ လာဘ္ပြင့္၍ စိတ္ခ်မ္းသာေစတတ္၏။
အေရးတႀကီးကိစၥၾကံဳက ၎င္းတို႔ကို ေဆာင္၍ျဖစ္ေစ၊ ဘုရားစင္တြင္
လွဴ၍ျဖစ္ေစ ေဆာင္ရြက္က အထူးေအာင္ျမင္တတ္၏။ 

ကရကဋ္ရာသီဖြားတို႔သည္ ဘ၀ကို လမ္းေဘးေရာက္ေနေသာ
အေျခအေနမ်ိဳးမွ ျပန္လည္ ထူေထာင္ကာ ႀကိဳးစားၿပီး
တိုးတက္လာရတတ္၏။ ကရကဋ္ရာသီဖြားတို႔သည္ သူမတူေအာင္
ဆြဲေဆာင္မႈရွိတတ္၏။ ဟန္ပန္အမူအရာ ပင္ကိုဓါတ္ခံ ညႇိဳ႕အား
ေကာင္း၏။ ႐ုိး႐ိုးရွင္းရွင္းႏွင့္ ေအးေဆးတည္ၾကည္စြာ ႀကိဳးစားေပးဖို႔လုိ၏။
ၾသဇာအာဏာျပည့္၀ေသာ ဟန္ပန္အမူအရာ ႐ုပ္သြင္တို႔ကပင္
ဘ၀ေအာင္ျမင္မႈအတြက္ အေထာက္အပံ့ျဖစ္တတ္၏။ သို႔ေသာ္
ကရကဋ္ဖြားတို႔ ဘ၀တြင္ ကံၾကမၼာအလွည့္အေျပာင္း၊ အေၾကာင္းမသင့္၍
နစ္နာခ်ိန္၊ က်႐ံႈးခ်ိန္တို႔တြင္ အကူအညီရခဲ၏။ မကူညီသည့္အျပင္
ဘ၀တက္လမ္းကို ေႏွာက္ယွက္သူ၊ ပိတ္ပင္သူမ်ားပင္ ၾကံဳတတ္၏။

ကရကဋ္ရာသီဖြားတို႔၏ဘ၀သည္ အလြန္ အထီးက်န္ဆန္တတ္၏။
ကိုယ့္ဒူးကိုယ္ခြၽန္ ႀကိဳးစားေပးမွ ျမင့္မားေသာ ဘ၀ကို ရရွိတတ္၏။
ေအာင္ျမင္ေက်ာ္ၾကား၏။ မိတ္ေဆြေကာင္းအလြန္ရွား၏။ ကိုယ့္အနီးအပါးတြင္ လာခုိသူမ်ားသာ မ်ားတတ္၏။ ကိုယ္က အားကိုး၍မရ။ ကိုယ့္ဒူးကိုယ္ခြၽန္ ႀကိဳးစားပါ။ ကရကဋ္ဖြားတုိ႔သည္ ပထမပိုင္းတြင္ ဘာမွမယံု လုပ္မွရသည္ုဟူေသာ႐ုပ္၀ါဒကိုသာ လက္ခံတတ္၏။ ဘ၀အလွည့္အေျပာင္းၾကံဳၿပီးမွ
ဘာသာေရးကို အထူးသက္၀င္ယံုၾကည္ကာ အထူးေလ့လာအားထုတ္တတ္၏။ ဘာသာေရးေၾကာင့္ေအာင္ျမင္တတ္၏။ 

(၁၊ ၂၊ ၄၊ ၇)ဂဏန္းမ်ားေဆာင္ပါ။ အနီရင့္ေရာင္ေရွာင္ကာ အထူးအားျဖင့္ 

(၁) အၿငိဳးအေတးထားၿပီး ကလဲ့စားေခ်တတ္ေသာ အစြန္းေရာက္စိတ္ကို ပယ္ပါ။ 
(၂)ကိုယ္ကိုယ္တိုင္ရရွိေသာ စိတ္ကူးေကာင္း အၾကံေကာင္းမ်ားကို အက်ိဳးမဲ့ေရွာက္ေျပာျခင္းမျပဳဘဲ လက္ေတြ႕အေကာင္အထည္ေဖာ္ပါ။ 
(၃)မိတ္ေဆြ၊ ေဆြမ်ိဳးတို႔အေပၚ အႏြံတာခံၿပီးေပါင္းသင္းပါ။ ကင္းကြာ
မေနပါေစႏွင့္။ 
(၄) ဘာသာေရးအထူးဖက္တြယ္ပါ။ ထို႔အတူ မျမင္အပ္ေသာ နာမ္ေလာကပိုင္းႏွင့္ စပ္ယွဥ္၍ သဘာ၀က်က် လက္ခံကာ ေမတၱာ ဘာ၀နာပြားမ်ားပါ။ ထုိကဲ့သို႔ အားနည္းခ်က္၊ အားသာခ်က္တို႔ကို ျပဳျပင္ျခင္း၊ ႀကိဳးစားျခင္းတို႔ျဖင့္ ကရကဋ္ဖြားတို႔၏ ဘ၀တြင္ ေအာင္ျမင္ျခင္း၊ ျပည့္စံုျခင္းတို႔ ရရွိႏိုင္မည္ျဖစ္ေပသတည္း။

Posted by yanshin
 

Unicode

ကရဋက်ရာသီဖွား
(၉၀% မှန်တယ်ဆိုရင် Comments လေးပေးခဲ့ပါ)

ကရဋက်ရာသီဖွားများ၏ဘဝသက်တာဟောကိန်း
(၀ါဆိုလဖွားများ) (နှစ်စဉ် ဇွန် ၂၂ မှ ဇူလိုင် ၂၂)

ဤရာသီခွင်သည် (၁၂)ရာသီစက်းဝန်း၏ (စတုတ္ထမြောက်)
ရာသီခွင်ဖြစ်၏။ ဤရာသီခွင်နှင့် သက်ဆိုင်သော ကောင်းကင်မှ
ကြယ်ပွင့်များ၏ ပုံဖော်ရာတွင် လက်မနှစ်ချောင်းထောင်ထားသော
ဂဏာန်းတစ်ကောင်၏ပုံ သင်္ကေတကိုရရှိလေသည်။ တနင်္လာဂြိုလ်မှ
စိုးမိုးပိုင်ဆိုင်၏။ အာပေါဓါတ် (ရေဓါတ်) သဘာဝရှိ၏။
ဓါတ်မသဘောကိုဆောင်ထား၏။ 

ခန္ဓာကိုယ်တွင်ရင်ဘတ်ပိုင်းနှင့်ပတ်သက်၏။ (၂)ဂဏန်းနှင့် (၇)ဂဏန်းတို့ စိုးမိုး၏။ မည်သည့်နေ့သားသမီးမဆို နှစ်စဉ် ဇွန်လ(၂၂)ရက်မှ ဇူလိုင်လ(၂၂) အတွင်း မွေးဖွားသူများသည် ကရကဋ်ရာသီဖွားများဖြစ်ကြသည်။ ထိုသို့ ရက်အတိအကျမသိဘဲ မြန်မာလ ၀ါဆိုလအတွင်း ဖွားမြင်သူများသည်လည်း ကရကဋ်ရာသီဖွားများအဖြစ်တစ်ထစ်ချ မှတ်ယူကာ အောက်ပါဖြစ်စဉ်တို့ကို လေ့လာမှတ်သား၍ ရှောင်ခြင်း၊ဆောင်ခြင်းတို့ဖြင့် ဆင်ခြင်သုံးစွဲသွားနိုင်တော့၏။

ကရကဋ်ရာသီဖွားများ၏ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက်လက္ခဏာများ

ကရကဋ်ရာသီဖွားများသည် သြဇာအာဏာရှိသူများဖြစ်၏။ မိသားစုနှင့်
ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်ကြ၏။ အရည်အချင်း ပြည့်ဝ၏။
စူးစမ်းဆင်ခြင်Óဏ်ပြင်းထန်၏။ အသက်ကြီးပိုင်းတွင် ဘာသာတရားကို
လွန်စွာ ကိုင်းရှိုင်းသွားတတ်ကြ၏။ ညာဏ်အလွန်ထက်၏။ တစ်ခါတရံ၌
ဖြစ်လာမည့်ကိစ္စတို့ကို ကြိုသိနေတတ်သော ညာဏ်စွမ်းပါရမီထူးရှိ၏။
ကိုယ့်ကိုကိုယ််အားကိုး၏။ မိရိုးဖလာ အစဉ်အဆက် လုပ်ခဲ့သော အလုပ်များကို ဆန့်ကျင်တတ်၏။ အသံသြဇာကောင်းပြီး အပြောအဆိုကောင်း၏။ အစစ ဦးဆောင်ဖြစ်၏။ အမျိုးဘာသာအကျိုး၊ အများကောင်းကျိုး လိုလား၏။ ဆောင်ရွက်တတ်၏။ 

သို့သော်ခေါင်းမာ၏။ အာဃာတကြီး၏။နာကျည်းမုန်းတီးမိက ကလဲ့စားချေရမှကြိုက်၏။ စိတ်ဓါတ်အားကောင်းသော်လည်း လူအားပျော့၏။
စိတ်တန်ခိုးစွမ်းအားကြီးမားသော်လည်း ကိုယ့်အစွမ်းအစ ကိုယ်မသိ။ စိတ်ဓါတ်ကျလွယ်၏။ ဘဝတွင် အပြောင်းအလဲများစွာကြုံခဲ့၏။ ဘဝတစ်လျှောက်လုံး အငြိမ်မနေ လှုပ်ရှားသွားလာနေရတတ်၏။

စိတ်ထား နူးညံ့သိမ်မွေ့၏။ ပင်ကိုယ်စိတ်ဓါတ်အေးဆေးတည်ငြိမ်သလောက် မကြာခဏ တွေဝေမိုက်မဲစွာပြုလုပ်တတ်၏။ အေးဆေးတည်ငြိမ်စွာ နေထိုင်လိုသလောက် စိတ်မတည်ငြိမ်ဘဲ လှုပ်ရှားပြောင်းလဲနေတတ်၏။ ဆုံးဖြတ်ချက်နောက်ကျတတ်၍ အခွင့်အရေးများစွာ ဆုံးရှုံးသွားတတ်ခြင်း
မကြာခဏကြံုတတ်၏။ အလွန်အာရုံများ၏။ စပ်စု၏။ အထိမခံရွှေပန်းကန်များဖြစ်၏။ 

ဂီတအနုပညာကိုမြတ်နိုး၏။ သွက်လက်ထက်မြက်၏။ စကားများ၏။ အပျော်အပါးကြိုက်၏။ အုပ်စုဖွဲ့နေရခြင်းကိုကြိုက်၏။ မိသားစု အသိုင်းအဝိုင်းကို အလွန်ခင်တွယ်တတ်ကြ၏။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်၏။ တရားမျှတမှုကိုကြိုက်နှစ်သက်သော်လည်း အောင်မြင်ကြီးပွားလိုသော ဆန္ဒနှင့်ကြိုတင်ပူပန်စိုးရိမ်မှု သောကစိတ်တို့ပြင်းထန်၏။ တစ်ခါတရံ တစ်ဖက်သတ်ဆန်ဆန် ပြုမူမိတတ်ကြ၏။အပေါ်ယံအားဖြင့်ဖြစ်သလိုနေတတ် ပြောတတ်သော်လည်း တိုးတက်ကြီးပွားမှုကိုပြင်းပြင်းထန်ထန် အလိုရှိ၏။ အလွန်ကြိုးစား၏။ ဘဝအစတွင် ခက်ခဲကြမ်းတမ်း၏။ သက်လတ်ပိုင်းတွင် ကြီးပွားတတ်၏။ လူများအပေါ်သြဇာပေးနိုင်တတ်၏။ 

အလုပ်ကို တစ်ခုမပြီးမီ နောက်တစ်ခုစမိသဖြင့်အောင်မြင်မှုထိခိုက်တတ်၏။ ဘဝမျိုးစုံ ကျင်လည်ရ၏။ ဖြစ်ကတတ်ဆန်းနေထိုင်ရခြင်းမျိုးကိုလည်း ကြံုရတတ်၏။ ထိုက်တန်သော စည်းစိမ်ဥစ္စာတို့ပြည့်စုံလာသောအခါ လူယုံများကြောင့်လည်းကောင်း၊ အတွင်းပစ္စည်းများ လူမသိဘဲလှိုက်စားကုန်သွားတတ်၏။ လူမသိ သူမသိဘဲကြိတ်ခံရတတ်၏။ ဆုံးဖြတ်ချက် တစ်ချက်မှားသဖြင့် အဖတ်ဆယ်မရအောင် နစ်နာခြင်းမျိုး ကြံုရတတ်၏။ 

ထို့အပြင် ကရကဋ်ရာသီဖွားများသည် တစ်ချို့ကိစ္စများတွင် စည်းကမ်းတကျ
ကပ်စီးနှဲသလိုဖြစ်နေတတ်သည်။ တစ်ခါတရံ အဖိုးတန်ပစ္စည်းများကိုပင်
ပေးကမ်းစွန့်ကြဲပစ်တတ်ကြ၏။ လူသေသော်လည်း နာမည်မသေစေရဟု
နှလုံးပိုက်သူများဖြစ်၏။ မှန်သည်ထင်က တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုသလို လုပ်တတ်၏။

ကိုယ်သံယောဇဉ်ကြီးသူများအတွက် အလွန်အနစ်နာခံတတ်၏။
သနားတတ်၏။ သစ္စာရှိ၏။ မဟုတ်မခံချင်စိတ်၊ သတ္တိဗျတ္တိနှင့် ပြည့်စုံ၏။
အထူးသဖြင့် ကရကဋ်ရာသီဖွားတို့သည် ဘိုးတော် မယ်တော်
ပုဂ္ဂိုလ်ပိုင်းမှ အစောင့် အရှောက် ကြီးမားစွာရှိတတ်၏။ အိပ်မက်ထူးများရှိတတ်၏။ ဘာသာရေးကို စိုက်လိုက်မတ်တတ် ကျင့်လှမ်းသွားခြင်းဖြင့် လောကီအကျိုးစီးပွားပါ ပြည့်စုံလာတတ်လေ၏။ 

အချစ်ရေး၊ အိမ်ထောင်ရေးနှင့် ဘဝတည်ဆောက်မှုများ 

ကရကဋ်ရာသီဖွားများသည် အချစ်ကြီးသူများဖြစ်၏။ သို့သော်ချစ်ကံခေသူများ ဖြစ်တတ်ကြ၏။ မေတ္တာရေးတွင် အပေးသမားများဖြစ်၏။ အလွန်ချစ်တတ်သောနှလုံးသားပိုင်ရှင်များဖြစ်၏။ စိတ်ကူးယဉ်ဆန်၏။ သိမ်မွေ့စွာချစ်တတ်၏။ သို့သော် ကိုယ်ကိုယ်တိုင်ကလည်း တွေဝေစွာ စိတ်ဒွိဟဖြစ်တတ်ကြ၏။ ကိုယ်က နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးကာပြည့်စုံသောဘဝထူထောင်နိုင်ဖို့ ကြိုးစားလိုတတ်ကြ၏။ တွက်ချက် သုံးသပ်ပြီးမှ ကြိုးစားလို၏။ ပြည့်စုံသောဘဝကို ထူထောင်လို၏။ အကယ်၍စွန့်စားရမည်ဆိုလျှင်လည်း အရာရာကို စွန့်လွှတ်၍ ချစ်သူနှင့် လက်တွဲရန် ၀န်မလေးတတ်ကြပါ။ ထိုသို့ချစ်စိတ်ပြင်းထန်၏။ 

သို့သော် အချစ်ရေးတွင်ကြေကွဲဝမ်းနည်းစရာကြံုတတ်၏။ မိမိချစ်သူက
မိဘစကားနားထောင်တာဖြစ်စေ၊ မိမိထက်သာသည်ကိုရွေးချယ်ကာသည်ဖြစ်စေ စွန့်ခွာသွားတတ်၏။အချစ်ရဆုံးသူကို လက်လွတ်ရတတ်၏။ အလွန်လွမ်းစရာကောင်းသောနှလုံးသားဇာတ်လမ်းဟောင်းများ ရှိခဲ့တတ်၏။ 

သို့သော် တကယ်အိမ်ထောင်ပြုပြီးသောအခါ ထိုကိစ္စအားလုံးကို
အပြီးမေ့နိုင်စွမ်းကြ၏။ အိမ်ထောင်ရေး ကံကောင်းတတ်ကြ၏။
ကိုယ့်အပေါ် နားလည်ပေးသော အိမ်ထောင်ဖက်ကို ရရှိတတ်၏။
ကိုယ်ကလည်း အိမ်ထောင်ဖက်အပေါ် အထူးခင်တွယ်တတ်၏။ ညှာတာတတ်၏။ လိုက်လျောတတ်၏။ အခြားသူတို့ထက်ပို၍ မိသားစုအပေါ်ခင်တွယ်တတ်ကြ၏။ 

ကရကဋ်ရာသီဖွားတို့သည် ကိုယ်ကိုယ်တိုင်ကလည်း ပြေပြစ်သော ခန္ဓာကိုယ်ဖွဲ့စည်းမှုရှိတတ်ပြီး အိမ်ထောင်ပြုသောအခါတွင်လည်း ပြည့်ဖြိုးပြေပြစ်သော အိမ်ထောင်ဖက်ကို ရရှိတတ်သည်။ အထူးသတိပေးလိုသည်မှာ
ကရကဋ်ရာသီဖွားတို့သည် သာယာအေးချမ်းသော အိမ်ထောင်ရေးကို
ထူထောင်ပြီးမှ စိတ်လှုပ်ရှားစရာကောင်းသော ဒုတိယလူပေါ်လာတတ်၏။ အိမ်ထောင်ရေး သစ္စာရှိဖို့ အထူးလိုအပ်လှတော၏။ ကရကဋ်ရာသီဖွားတို့သည် တော်သလင်းလဖွား၊ တပေါင်းလဖွား၊ ပြာသိုလဖွားတို့နှင့် အိမ်ထောင်ဖက် ရွေးချယ် လက်တွဲသင့်၏။

ကရကဋ်ရာသီဖွားတို့၏ အလုပ်အကိုင်နှင့် စီးပွားရေးအနေအထားများ
ကရကဋ်ရာသီဖွားတို့သည် အရာရာကို စူးစမ်းပြီးမှ လုပ်ကိုင်တတ်ကြ၏။
အစဉ်အလာ လမ်းရိုးအတိုင်း လုပ်ကိုင်ရခြင်းကို မနှစ်သက်တတ်ကြ၏။
ထို့အပြင် အလုပ်အကိုင်ကိုလည်း တစ်ခုမပြီးခင် နောက်တစ်ခု
ပြောင်းလုပ်ချင်၏။ အတတ်ပညာများကိုလည်း တစ်ပိုင်းတစ်စတွေများတတ်၏။ တစ်ခုတည်းဇောက်ချလုပ်ကိုင်တတ်သင့်လှ၏။ ကရကဋ်ရာသီဖွားတို့သည် စပ်တူလုပ်ကိုင်ခြင်းကို အထူးရှောင်ကြဉ်သင့်လှပေ၏။ ကိုယ်ပိုင်လုပ်ငန်း ကိုယ့်စိတ်ကူးနှင့်ကိုယ် လုပ်ကိုင်ရသော လုပ်ငန်းများကို
ရွေးချယ်လုပ်ကိုင်သင့်၏။ 

အထူးသဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားလာလှုပ်ရှားကာ အာရုံသစ်များကို လေ့လာကာ လုပ်ကိုင်ရသော ကိုယ်ပိုင်လွပ်လပ်စွာ တွေးခေါ် ဆောင်ရွက်နိုင်သည့် အလုပ်ကို လုပ်ကိုင်သင့်၏။ ကရကဋ်ရာသီဖွားတို့သည် ဘာပဲလုပ်လုပ် တခမ်းတနား လုပ်ချင်တတ်ကြ၏။ စာအုပ်စာတမ်း၊
အကြံညာဏ်ကောင်းများ ရှာဖွေလိုက်နာတတ်၏။ ငွေရှိလာသောအခါ
လှူရက်ရော၏။ ၀ါသနာပါ၍ ယုံကြည်ရာကိုသာ လုပ်ကိုင်တတ်ကြ၏။
အပင်ပန်းခံနိုင်တတ်ကြ၏။ သို့သော် ကိုယ်လုပ်သောအလုပ်တွင်
စိတ်ကူးယဉ်မှုများပါနေ၍ ထင်သလောက်မပေါက်ဘဲဖြစ်နေတတ်သည်ကို သတိပြုရန်လိုသည်။ 

မည်သည့်အလုပ်မဆို အကျိုးကိုမကြည့်ဘဲ ယုံကြည်ချက်ဖြင့် လုပ်ကိုင်တတ်ကြ၏။ အလုပ်နှစ်မျိုးတွဲလုပ်ရတတ်၏။ သူတစ်ပါးအတွက် ကြားဝင်ခံခြင်းမျိုးပါ ကြံုရတတ်၏။ ပင်ကိုယ်ဗီဇတွင် အလွန်ထက်မြက်သောညာဏ်ရည်ရှိပြီး စိတ်ကူးကောင်း၏။ အလွန်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်စွမ်း၏။ အချိန်တိုတိုအတွင်း အစစ လေ့လာသုံးသပ်ပြီး ပိုင်နိုင်စွာ ဦးဆောင်လုပ်ကိုင်နိုင်စွမ်း၏။ သို့သော် သူတစ်ပါးတွေနှင့်ဘေးတိုက်ကန့်လန့် မလုပ်မိဖို့တော့လို၏။ ပင်ကိုယ်ပါရမီထူးသူဖြစ်၍ဘေးလူတွေက အံ့သြလောက်အောင် ရိုးရှင်းထိမိစွာ လုပ်ကိုင်ပြနိုင်စွမ်းရှိ၏။ တစ်ခုတည်းကိုသာ ပိုင်နိုင်စွာ ရွေးချယ်ပြီး ဇွဲရှိရှိလုပ်ကိုင်သွားပါက ထိပ်ဆုံးကို ရောက်သွားတတ်၏။

ကိုယ်ပိုင်လုပ်ငန်းဖြင့် ငွေကြေးဥစ္စာများစွာ ပိုင်ဆိုင်တတ်လေ၏။
ကရကဋ်ရာသီဖွားတို့သည် စာရေးဆရာအလုပ်ဖြင့် အလွန်ကောင်းကျိုးပေးတတ်၏။ စာအုပ်ထုပ်ဝေရေး၊ စစ်ဘက်၊ ငါးမွေးမြူရေး၊ စားသောက်ဆိုင်၊ သတင်းထောက်၊ ဂျာနယ်လစ်အလုပ်တို့ အထူးကောင်းကျိုးပေးတတ်၏။ မည်သည့်အလုပ်ကို ရွးချယ်သည်ဖြစ်စေ ဘာသာရေး ဦးထိပ်ပန်ဆင်ပေးပါလေ။ မုချဖြစ်ထွန်းပါလိမ့်မည်။

ကရကဋ်ရာသီဖွားများ၏ ကျန်းမာရေး အနေအထားများ

ကရကဋ်ရာသီဖွားများသည် စိတ်ဓါတ်ပြင်းထန်စွာပြုမူလုပ်ကိုင်နေထိုင်ခြင်းကြောင့် အားအင်ကုန်ခန်းသလိုမျိုး မလှုပ်ရှားချင်၊နုံးခွေနေသော ရောဂါမဟုတ်သည့် ရောဂါကို ခံစားရတတ်၏။ အမှန်အားဖြင့် ကရကဋ်ရာသီဖွားတို့သည် ပင်ကိုယ် ကျန်းမာရေးဓါတ်ခံအား၊ သက်လုံကောင်းသူများဖြစ်၏။
ကျန်းမာရေးနှင့်ဆိုင်သော ဗဟုသုတလည်းရှိ၏။ သူတစ်ပါးအား
အကြံညာဏ်ပေးခြင်း၊ ဆေးဝါးဓါတ်စာ ညွှန်ကြားခြင်းဖြင့် ကူညီတတ်၏။
ကိုယ်တိုင်ကမူ နေချင်သလိုနေ၏။ စားချင်သလို စား၏။ပေပေတေတေနေ၏။ သူတစ်ပါးစကား နားမထောင်ကိုယ်သိသလိုလည်း မလိုက်နာ။ 

ထို့ကြောင့် ကျန်းမာရေး ထိခိုက်တတ်၏။ အရေပြား ယားယံတတ်၏။ သက်လတ်ပိုင်းတွင် ဆီးချို၊သွေးတိုး ရောဂါတို့ ရတတ်၏။ ဆေးကုသရန်၊ ဆရာဝန်ပြရန် အလွန်ဝန်လေးတတ်ကြ၏။ မကြာခဏ ကိုယ်လက်ထုံချင်ကိုက်ခဲတတ်ကြ၏။ အနာစိမ်းပေါက်တတ်ကြ၏။ အထူးမှာ ကင်ဆာနှင့် သွေးတိုးသတိပြုသင့်၏။ ကရကဋ်ရာသီဖွားတို့သည် လုံခြံုအေးချမ်းရာနေရာတို့၌ မကြာခဏ အနားယူသင့်၏။ ရေချိုးမှား ရင်ဘတ်အအေးပတ်ခြင်း မဖြစ်အောင်ဆင်ခြင်သင့်လှ၏။ကျန်းမာရေး ညံ့သောအခါမျိုးတွင်ကျောက်စိမ်းဆောင်ထားသင့်၏။

ဘဝတွင် တွေ့ကြံုရတတ်သော ဘေးဥပဒ်အန္တရာယ်များ

ကရကဋ်ရာသီဖွားတို့သည် သဘာဝဘေးအန္တရာယ်အားဖြင့် ရေဘေး
အန္တရာယ်မျိုး ရင်ဆိုင်တတ်ရ၏။ ရေသောက်သောအခါမှာပင် အခန့်မသင့်ဘဲ ရေသီးခြင်းဖြစ်တတ်၏။ ရေနစ်တတ်၏။ရေလမ်းခရီးသတိပြုဆင်ခြင်သင့်၏။ ကရကဋ်ရာသီဖွားအများစုသည်ရေနှင့် ပတ်သက်၍ အထူးသတိထားသင့်၏။ နေအိမ်တွင်ရေကူးကန်ထားခြင်းကိုပင် ဆင်ခြင်သင့်လှ၏။

ကရကဋ်ရာသီဖွားတို့၏ ဘဝကံကြမ္မာ အနိမ့်အမြင့် အတက်အကျများ

ကရကဋ်ရာသီဖွားတို့သည် ဘဝတွင် အတက်အကျအပြောင်းအလဲအလွန်မြန်၏။ တစ်ခါတရံ တည်ငြိမ်အေးချမ်းစွာတည်ရှိနေသလောက် တစ်ခါတရံတွင် အရှိန်အဟုန်ပြင်းစွာလျှောက်လှမ်းနေရတတ်၏။ တစ်ခါတစ်ရံ မေတ္တာတရားဖြင့် အေးချမ်းစွာရှိနေသလောက် တစ်ခါတစ်ရံတွင် စစ်မြေပြင်မှ သူရဲကောင်းတစ်ဦးပမာရင်ဆိုင်ဖြေရှင်းနေရတတ်၏။ ဘဝအစပိုင်းတွင် အဖိအနှိပ်များ ခံခဲ့ရတတ်၏။ နှလုံးသားရေးတွင်လည်း အချစ်ဦး၊ ရည်းစားဦးတို့၏ ချိုးနှိမ်စွန့်ပစ်မှုတို့ုဖြင့် နာကျင်ခဲ့ရတတ်၏။ ဘဝကိုတိုက်ပွဲတစ်ခုပမာ
ရင်ဆိုင်ရုန်းကန်ရတတ်၏။ ကိုယ်တိုင်ကလည်း နှမြောတွန့်တိုခြင်း၊
အလှူရက်ရောခြင်း၊ နူးည့ံသိမ်မွေ့ခြင်း၊ ကြမ်းတမ်းခက်ထန်ခြင်း စသည့်
အစွန်းတရားများ ရော>ပမ်းနေတတ်၏။ 

ကရကဋ်ရာသီဖွားတို့ကံကောင်းလာပြီဆိုက မိုးပေါ်ကကျသလို ကောင်းတတ်ကြ၏။ သိကြားမင်းမသလို ကောင်းလာတတ်၏။ လှပသောစိတ်ကူး၊
ထူးခြားသောညာဏ်ရည်တို့ဖြင့် ရိုးရိုးနှင့် ထိမိအောင်နေတတ်၊ ၀တ်တတ်၊
ပြောတတ်၊ လုပ်တတ်သဖြင့် တိုးတက်တတ်ကြ၏။ သီလရှိခြင်း၊
သစ္စာရှိခြင်း၊ ပွင့်လင်းခြင်း၊ မဟုတ်မခံသတ္တိ၊ ဗျတ္တိရှိခြင်းတို့ကအောင်မြင်မှုဆီသို့ တွန်းပို့ပေးသော ကရကဋ်ရာသီဖွားတို့၏ စွမ်းရည်များဖြစ်၏။ ငယ်က ဆင်းရဲ၏။ ဖခင်နှင့် ဝေးခဲ့ရတတ်၏။ 

အသက်(၁၄)၊ (၁၆)၊ (၂၈) တို့တွင် အလွန်ညံ့သောအနေအထားများကြံုခဲ့တတ်၏။ ကျရှုံးခြင်းတို့ကြံုခဲ့တတ်၏။ ထိုသင်ခန်းစာများကပင် ဘဝတွင် တိုးတက်ရန် အားမာန်များ ရစေတတ်ပြန်၏။ (၃၅)၊ (၃၆)၊ တို့တွင်လည်း ဘဝတွင် အထူးထိခိုက်နစ်နာ တတ်ခဲ့၏။ (၃၈)တွင် တစ်ရပ်တစ်ကျေးသို့
ပြောင်းခဲ့ရတတ်၏။ ဘဝသက်တမ်းတစ်လျှောက် (၂၀)၊ (၃၂)၊ (၄၄)၊
(၄၈)၊ (၅၂)၊ (၅၅)၊ (၆၀)၊ (၆၈)တို့တွင် အနီးကပ်လူယုံတို့
ဒုက္ခပေးခံရတတ်၏။ အရောင်းအဝယ် ကျွမ်းကျင်တတ်၏။ ပစ္စည်း ဥစ္စာ
ဖြစ်ထွန်းပါမည်။ သို့သော် နိမ့်တုံ မြင့်တုံ ဖြစ်တတ်၏။ (၂၅)၊ (၃၄)၊ (၄၃)
တို့တွင် အခွင့်ထူးများ ကြံုနိုင်၏။ (၄၂)တွင်လည်းကောင်း၊ (၈၁)
တွင်လည်းကောင်း ကျန်းမာရေး အထူးဂရုစိုက်ရမည်။ 

ဘဝတွင်တောတောင် ဥယျာဉ်ပန်းခြံတို့၌ တစ်ယောက်တည်း မကြာခဏ
အနားယူလျှက် ခေါင်းအေးအေးဖြင့် စဉ်းစားလုပ်ဆောင်သွားသင့်၏။
ဘဝတွင် ငွေရလာသောအခါ စုဆောင်းရ ခက်ခဲတတ်၏။အထူး
စည်းစနစ်တကျစုဆောင်းသင့်၏။ ယခုဖော်ပြခဲ့သောအသက်အပိုင်းအခြားတို့မှာ ယေဘုယျမျှသာဖြစ်၏။ သို့သော်ကရကဋ်ရာသီဖွားအများစုသည် ဤနှစ်များကိုပင်လျှင် သတိပြုဆင်ခြင်သင့်လှပေတော့၏။

ဘဝတိုးတက်အောင်မြင်မှုအတွက် လိုက်နာကျင့်သုံးဖွယ်ရာများနှင့် 
အဆောင်အရောင်များ

ကရကဋ်ရာသီဖွားအားလုံးတို့အတွက် ဘဝသက်တမ်းတစ်လျှောက်
ကံကောင်းစေရန်၊ လာဘ်ရွှင်စေရန်၊ ရာထူးတိုးစေရန်၊
စိတ်ချမ်းသာစေရန်၊ အထူးကောင်းကျိုးပေးသော အရောင်များမှာ
အစိမ်းနုရောင်၊ လိမ္မော််ရောင်၊ အဖြူရောင်၊ နို့နှစ်ရောင်တို့ဖြစ်၏။
အရောင်နုများကို အထူးသုံးသင့်၏။ တစ်ခါတစ်ရံမှသာ ဖဲစကဲ့သို့
အရောင်တလက်ထသော ငွေရောင်၊ ဖက်ဖူးရောင်တို့ကို
၀တ်ဆင်သုံးစွဲခြင်းဖြင့် အထူးအောင်မြင်တိုးတက်ပါလိမ့်မည်။
နှလုံးသားရေး ကိစ္စတွင် အထူးကြံုသောအခါ ဖက်ဖူးရောင်နှင့်
ပန်းနုရောင်ကိုသုံးစွဲပါ။ စာမေးပွဲကိစ္စ၊ အင်တာဗျူးကိစ္စတို့ကြံုသောအခါ
အပြာနု၊ အစိမ်းနုနှင့် နို့နှစ်ရောင်ကိုသုံးပါ။ အလွန်ထူးခြားစွာ
အောင်မြင်လိမ့်မည်။

ကရကဋ်ရာသီဖွားတို့သည် ပုလဲ၊ ကျောက်စိမ်း၊ မြကျောက်တို့ကို
အမြဲဆောင်ထားသင့်၏။ လက်သူကြွယ်တွင် ၀တ်ပါ။ ထို့ပြင် ဘယ်ဘက်
လက်သူ<ကယ်တွင် ငွေလက်စွပ်လေးတစ်ကွင်း၊
ရွှေလက်စွပ်လေးတစ်ကွင်းသာလျှင် (ငွေပေါ် ရွှေဆင့်) ၀တ်ကာ
ဆောင်ထားသင့်၏။ လာဘ်ရွှင်ခြင်း၊ ငွေဝင်ခြင်း၊
ငွေမြဲခြင်းတို့ဖြစ်တတ်၏။ဂန္ဓာပန်းအဖြူ၊ ကြာပန်းအဖြူ၊ ကြာပန်းအနီ၊
နှင်းဆီပန်း ပန်းရောင်နှင့် စံပယ်ပန်းတို့ကို အလှထိုးခြင်း၊
ဘုရားပန်းကပ်လှူခြင်းပြုပါ။ ကံပွင့် လာဘ်ပွင့်၍ စိတ်ချမ်းသာစေတတ်၏။
အရေးတကြီးကိစ္စကြံုက ၎င်းင်းတို့ကို ဆောင်၍ဖြစ်စေ၊ ဘုရားစင်တွင်
လှူ၍ဖြစ်စေ ဆောင်ရွက်က အထူးအောင်မြင်တတ်၏။ 

ကရကဋ်ရာသီဖွားတို့သည် ဘဝကို လမ်းဘေးရောက်နေသော
အခြေအနေမျိုးမှ ပြန်လည် ထူထောင်ကာ ကြိုးစားပြီး
တိုးတက်လာရတတ်၏။ ကရကဋ်ရာသီဖွားတို့သည် သူမတူအောင်
ဆွဲဆောင်မှုရှိတတ်၏။ ဟန်ပန်အမူအရာ ပင်ကိုဓါတ်ခံ ညှို့အား
ကောင်း၏။ ရိုးရိုးရှင်းရှင်းနှင့် အေးဆေးတည်ကြည်စွာ ကြိုးစားပေးဖို့လို၏။
သြဇာအာဏာပြည့်ဝသော ဟန်ပန်အမူအရာ ရုပ်သွင်တို့ကပင်
ဘဝအောင်မြင်မှုအတွက် အထောက်အပံ့ဖြစ်တတ်၏။ သို့သော်
ကရကဋ်ဖွားတို့ ဘဝတွင် ကံကြမ္မာအလှည့်အပြောင်း၊ အကြောင်းမသင့်၍
နစ်နာချိန်၊ ကျရှုံးချိန်တို့တွင် အကူအညီရခဲ၏။ မကူညီသည့်အပြင်
ဘဝတက်လမ်းကို နှောက်ယှက်သူ၊ ပိတ်ပင်သူများပင် ကြံုတတ်၏။

ကရကဋ်ရာသီဖွားတို့၏ဘဝသည် အလွန် အထီးကျန်ဆန်တတ်၏။
ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပေးမှ မြင့်မားသော ဘဝကို ရရှိတတ်၏။
အောင်မြင်ကျော်ကြား၏။ မိတ်ဆွေကောင်းအလွန်ရှား၏။ ကိုယ့်အနီးအပါးတွင် လာခိုသူများသာ များတတ်၏။ ကိုယ်က အားကိုး၍မရ။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပါ။ ကရကဋ်ဖွားတို့သည် ပထမပိုင်းတွင် ဘာမှမယုံ လုပ်မှရသည်ုဟူသောရုပ်ဝါဒကိုသာ လက်ခံတတ်၏။ ဘဝအလှည့်အပြောင်းကြံုပြီးမှ
ဘာသာရေးကို အထူးသက်ဝင်ယုံကြည်ကာ အထူးလေ့လာအားထုတ်တတ်၏။ ဘာသာရေးကြောင့်အောင်မြင်တတ်၏။ 

(၁၊ ၂၊ ၄၊ ရ)ဂဏန်းများဆောင်ပါ။ အနီရင့်ရောင်ရှောင်ကာ အထူးအားဖြင့် 

(၁) အငြိုးအတေးထားပြီး ကလဲ့စားချေတတ်သော အစွန်းရောက်စိတ်ကို ပယ်ပါ။ 
(၂)ကိုယ်ကိုယ်တိုင်ရရှိသော စိတ်ကူးကောင်း အကြံကောင်းများကို အကျိုးမဲ့ရှောက်ပြောခြင်းမပြုဘဲ လက်တွေ့အကောင်အထည်ဖော်ပါ။ 
(၃)မိတ်ဆွေ၊ ဆွေမျိုးတို့အပေါ် အနွံတာခံပြီးပေါင်းသင်းပါ။ ကင်းကွာ
မနေပါစေနှင့်။ 
(၄) ဘာသာရေးအထူးဖက်တွယ်ပါ။ ထို့အတူ မမြင်အပ်သော နာမ်လောကပိုင်းနှင့် စပ်ယှဉ်၍ သဘာဝကျကျ လက်ခံကာ မေတ္တာ ဘာဝနာပွားများပါ။ ထိုကဲ့သို့ အားနည်းချက်၊ အားသာချက်တို့ကို ပြုပြင်ခြင်း၊ ကြိုးစားခြင်းတို့ဖြင့် ကရကဋ်ဖွားတို့၏ ဘဝတွင် အောင်မြင်ခြင်း၊ ပြည့်စုံခြင်းတို့ ရရှိနိုင်မည်ဖြစ်ပေသတည်း။

Posted by yanshin
 

bottom of page