top of page

Zawgyi

ကန္ရာသီဖြားမ်ားအတြက္ဘ၀တစ္သက္စာေဟာစာတမ္း
(၉၀% မွန္တယ္ဆိုရင္ Comments ေလးေပးခဲ့ပါ)

(ၾသဂုတ္ ၂၄ရက္မွ စက္တင္ဘာ ၂၂ရက္အတြင္းေမြးဖြားသူမ်ား)
(ေတာ္သလင္းလဖြားမ်ား)

ကန္ရာသီသည္ ရာသီစက္၀န္းတြင္ ဆ႒မေျမာက္ရာသီျဖစ္သည္။
ထုိရာသီခြင္အပိုင္းအျခား ေကာင္းကင္ရွိၾကယ္မ်ား၏ပံုသ႑ာန္မွာ
စပါးႏွံႏွင့္ေလးျမႇားအစံုကို ကိုင္ေဆာင္ထားေသာ အပ်ိဳစင္တစ္ဦးပံု
ေပၚထြန္းေနေပသည္။ ဓါတ္သဘာ၀အားျဖင့္ ပထ၀ီဓါတ္(ေျမဓါတ္)
ကိုေဆာင္ထားသည္။ ဗုဒၶဟူးၿဂိဳလ္ပိုင္စိုးထားေသာရာသီခြင္ျဖစ္သည္။
ဓါတ္မ သဘာ၀ေဆာင္သည္။ ေဒြးေဒဟ ရာသီခြင္ျဖစ္သည္။ (၅)
ဂဏန္းသခ်ၤာစိုးမုိးသည္။ ႏွစ္စဥ္ၾသဂုတ္(၂၄)ရက္မွ စက္တင္ဘာလ
(၂၂)ရက္ၾကားတြင္ေမြးဖြားသူမ်ားသည္ ကန္ရာသီဖြားမ်ားပင္ျဖစ္သည္။
ထုိ႔ျပင္ ျမန္မာလ ေတာ္သလင္းလတြင္ေမြးဖြားသူမ်ားသည္လည္း
ကန္ရာသီဖြားမ်ားဟုသတ္မွတ္ကာ ေအာက္ပါဘ၀ျဖစ္စဥ္၊ အက်င့္စ႐ုိက္၊
အေဆာင္၊ အေရာင္တုိ႔ကို လုိက္နာသံုးစြဲသြားႏုိင္ေပသည္။

ကန္ရာသီဖြားတို႔၏ ပင္ကိုယ္သဘာ၀ႏွင့္ အက်င့္စ႐ိုက္လကၡဏာမ်ား

ကန္ရာသီဖြားမ်ားသည္ ပင္ကိုယ္သဘာ၀အားျဖင့္
အေတြးအေခၚညာဏ္ပညာထက္ျမက္ေသာ္လည္း
စိတ္မၿငိမ္စိတ္ျမန္လြန္းတတ္၏။ ၎င္းအခ်က္ကိုသတိျပဳသင့္၏။
ကန္ရာသီဖြားမ်ားသည္ အသိညာဏ္ပညာထက္ျမက္သူမ်ားျဖစ္ေပသည္။

စိတ္ခံစားခ်က္ ျပင္းထန္သူမ်ားျဖစ္ေပသည္။ အစစအရာရာ
စဥ္းစားၿပီးျပဳမူ၊ ေနထုိင္လုပ္ကိုင္တတ္ၾကသည္။
ဘ၀တြင္လူခ်စ္လူခင္မ်ားသည္။ စန္းပြင့္သည္။ ဘ၀တြင္ေရႊမရွား
ေငြမရွားေနရတတ္သည္။ အႏုပညာ၀ါသနာႀကီးသည္။

မိတ္ေဆြအေပါင္းအသင္းတို႔ကို ခင္မင္တြယ္တာတတ္သည္။
လြတ္လပ္မႈကို အလြန္ႀကိဳက္သည္။ စည္းကမ္းေဘာင္ေတြကို
အလြန္မုန္းသည္။ ဘယ္ေတာ့မွ မလိမ္တတ္၊ မညာတတ္သူမ်ားျဖစ္သည္။
စိတ္ထိခိုက္လြယ္သည္။ တဇြတ္ထုိးလုပ္ခ်င္တတ္သည္။

ဘယ္အခက္အခဲကိုမွ ေနာက္မဆုတ္၊ ေနာက္မတြန္႔တတ္။ ျမင့္ျမတ္ေသာ
ႏွလံုးသားပိုင္ရွင္မ်ားျဖစ္သည္။ သို႔ေသာ္ႏွလံုးသားခံစားခ်က္ကို
ဦးစားေပးလြန္းသည္။ ေငြေၾကးမွအစ အခြင့္အလမ္းကိုမၾကည့္
စိတ္ခံစားခ်က္ကိုသာ အဓိကထား၍ ဆံုးျဖတ္ေဆာင္ရြက္တတ္သည္။

ကိုယ္ယံုၾကည္ရာကို ရဲရဲဆံုးျဖတ္လုပ္ကိုင္တတ္သည္။
သည္းခံႏုိင္စြမ္းရွိသည္။ သို႔ေသာ္ စိတ္ဆႏၵေစာသည္။
ၾကာရွည္ေစာင့္ဆုိင္းလုပ္ကိုင္ေနျခင္းမ်ိဳးကို
စိတ္မရွည္ၾကသူမ်ားျဖစ္သည္။

ကန္ရာသီဖြားတုိ႔သည္ ညာဏ္ပညာအျမင့္မားဆံုး၊
အထူးခြၽန္ဆံုးသူမ်ားျဖစ္သည္။ (၁၂)ရာသီဖြားတုိ႔တြင္
ကန္ရာသီဖြားမ်ားသည္ ညာဏ္ပညာတြင္ထိပ္ဆံုးကျဖစ္သည္။ 
ျဖတ္ထုိးညာဏ္အလြန္ေကာင္းသည္။ အျပင္ပန္း
ဘာသိဘာသာေနတတ္ၾကၿပီး အလြန္အကြက္ျမင္သည္။
ထုိးထြင္းညာဏ္ေကာင္းသည္။ ဘာသာစကားႏွင့္

စာေပအသိပညာတို႔တြင္အတိတ္ဘ၀ ပါရမီထူးသူမ်ားျဖစ္သည္။
ကန္ရာသီဖြားမ်ားသည္ ထက္ျမက္ေသာ ညာဏ္ပညာကို
စနစ္တက်ႀကိဳးစားအသံုးခ်သြားပါက ဘ၀တြင္ထိပ္ဆံုးသို႔
ေရာက္ႏုိင္စြမ္းေအာင္ ေတာ္ၾက၊ ထက္ၾကသူမ်ားျဖစ္သည္။
ကိုယ့္အစြမ္းအစကိုသိဖို႔၊ ၾကိဳးစားဖုိ႔ေတာ့လုိသည္။

ကန္ရာသီဖြားတို႔သည္
႐ုိး႐ုိးႏွင့္တည္တည္ၾကည္ၾကည္ေျပာဆုိလုပ္ကိုင္တတ္ၾကသည္။
ထုိအသြင္သ႑ာန္ကပင္ထူးျခားေနတတ္သည္။ ကန္ရာသီဖြားတို႔သည္
ေငြရွာတတ္သည္၊ ေငြရွာေကာင္းသည္။ ထုိ႔အျပင္
ေငြအသံုးအစြဲစည္းကမ္းေကာင္းသည္။ ေလာင္းကစားကို
၀ါသနာသိပ္မပါတတ္ၾကပါ။ သို႔ေသာ္စြန္႔စား၀ံ့ စြန္႔စားရဲတတ္ၾကသည္။
ဆံုးျဖတ္ၿပီးက ပံုေအာၿပီးလုပ္၀့ံၾကသည္။

ေငြကိုအထူးေခြၽတာသံုးစြဲတတ္ၾကသည္။ ထုိ႔အတူကန္ရာသီဖြားတုိ႔သည္
အလုပ္တြင္လည္း စည္းစနစ္ေကာင္းၾကသည္။
သူတစ္ပါးစိတ္မ၀င္စားေသာအလုပ္တို႔ကို စိတ္၀င္စားတတ္ၾကသည္။
႐ုိးသားသူမ်ားကို ကူညီတတ္ၾကသည္။ ႐ိုးသားသူမ်ားကို
ကူညီတတ္ၾကသည္။ သဒၶါတရားေကာင္းသည္။ စိတ္ဆိုးမိက
ခြင့္မလႊတ္တတ္ၾက။ ဟန္ေဆာင္ျခင္းကို အလြန္မုန္းသည္။

အထူးသျဖင့္ ကန္ရာသီဖြားတို႔သည္ ညာဏ္ပညာထက္ျမက္ၿပီး သိလြယ္
တတ္လြယ္တတ္ၾကသည္။ စာဖတ္၊ စာက်က္ရာတြင္ျမန္သည္။
သေဘာေပါက္လြယ္သည္။ မွတ္ညာဏ္ေကာင္းသည္။
စိတ္၀င္စားရာကိုစြတ္လုပ္တတ္ၾကသည္။ ဘ၀တြင္ စနစ္တက်
ႀကိဳးစားသြားက ထိပ္ဆံုးသို႔ေရာက္တတ္သည္။

ကန္ရာသီဖြားတုိ႔သည္ အခ်ိဳ႕ကိစၥမ်ားတြင္ စိတ္ထက္၊ စိတ္ႀကီးၿပီး၊
မာနႀကီးတတ္ၾကသည္။ မဟုတ္မခံမာနျဖစ္သည္။
အေျပာအဆုိခ်ိဳသာသည္။ ဘာမဆုိကိုယ္တုိင္လုပ္ရမွ ေက်နပ္ၾကသည္။
အစြမ္းသတၱိရွိသည္။ အသားအေရလွပသည္။ စိတ္ႀကီးသျဖင့္
ခက္ထန္သလုိထင္ရသည္။ စည္းစနစ္ႀကီးသျဖင့္
အေပါင္းရခက္သလိုျဖစ္တတ္သည္။ တပည့္ေကာင္းမရတတ္။

ကိုယ္သင္ျပျမႇင့္တင္ေပး၍ ထိပ္ေရာက္သြားသူမ်ားရွိၿပီး
ကိုယ္ကိုျပန္မၾကည့္တတ္ပါ။ ေစတနာမ်ားမ်ားထားက
ေစတနာေစာ္ကားခံရတတ္သည္။ စိတ္ၿငိမ္စြာထားၿပီး ႀကိဳးစားကာ
ကိုယ္တိုင္ထိပ္ဆံုးေနရာကို ရယူသင့္ေပသည္။

ကန္ရာသီဖြားတုိ႔၏ အခ်စ္ေရးကိစၥမ်ား

ကန္ရာသီဖြားတို႔သည္ အခ်စ္ႀကီးသူမ်ားျဖစ္ၾကေပသည္။ သို႔ေသာ္
ေမတၱာကံေခသည္။ ကိုယ့္ကိုနားလည္ေပးသူ နည္းသည္။
ကုိယ့္သံေယာဇဥ္ႀကီးသူ တို႔ႏွင့္ခြဲခြာေနရတတ္သည္။
အထီးက်န္ဆန္တတ္သည္။ ကန္ရာသီဖြားတုိ႔သည္ ႏွလံုးသားသိမ္ေမြ႕ၿပီး
အခ်စ္ႀကီးသည္။ အခ်စ္ကိုဦးစားေပးတတ္ၾကသည္။
တစ္ဦးတစ္ေယာက္ကို လြယ္လြယ္ႏွင့္မိတ္မဖြဲ႕တတ္သလုိ
သံေယာဇဥ္တြယ္မိက အစြဲအလမ္းႀကီးသည္။ ႏွလံုးသားႏူးညံ့သျဖင့္
ခံစားရေသာအခါျပင္းထန္သည္။ အခ်စ္ေရးတြင္ကံေခတတ္ၾကသည္။

စန္းပြင့္သူ၊ ဆန္႔က်င္ဘက္ကို ဆြဲေဆာင္ႏုိင္သူမ်ားျဖစ္သျဖင့္
မ်က္ႏွာမ်ားသလုိျဖစ္သြားတတ္သည္။ အခ်စ္ေရးတြင္
မၾကာခဏၾကားအဖ်က္ေပၚတတ္ၾကေလသည္။ ဆံုးျဖတ္ခ်က္ျမန္သျဖင့္
မွားတတ္ၾကသည္။ အထူးသျဖင့္ ကိုယ့္ထက္ငယ္သူမ်ားႏွင့္
ေမတၱာေႏွာင္ႀကိဳး သြယ္မိတတ္ၾကသည္။

ကန္ရာသီဖြားတုိ႔၏ အိမ္ေထာင္ေရး

ကန္ရာသီဖြားတုိ႔သည္ အလြန္စန္းပြင့္တတ္ၾက၏။
အိမ္ေထာင္ေရးတြင္လည္း အမ်ားအားျဖင့္ ကံေကာင္းတတ္ၾက၏။
သို႔ေသာ္ ကန္ရာသီဖြားတုိ႔သည္ ခ်စ္ေမတၱာကိုပြင့္လင္းစြာမျပတတ္ပါ။
အခ်စ္ႀကီးသေလာက္ သိုသိပ္ေနတတ္၏။ ထုိ႔ေၾကာင့္ အိမ္ေထာင္ေရး၌
ျပႆနာေလးေတြၾကံဳရတတ္ၾကရ၏။ အရွက္အေၾကာက္ႀကီးျခင္း၊
သိကၡာထိန္းျခင္းတုိ႔ေၾကာင့္ ကိုယ့္အိမ္ေထာင္ဖက္က
ကိုယ့္ေမတၱာသံေယာဇဥ္ကို သံသယ၀င္ျခင္းခံရတတ္၏။ ထုိ႔ျပင္ကုိယ္က
ကိုယ့္အိမ္ေထာင္ဖက္အေပၚ စည္းကမ္းေဘာင္မ်ားျဖင့္
စနစ္တက်ခ်ဳပ္ကိုင္လုိ၏။ ကိုယ္က ကိုယ့္အိမ္ေထာင္ဖက္အေပၚ
စိတ္တုိင္းမက်ျဖစ္ေနတတ္၏။ ကိုယ့္အသိုင္းအ၀ုိင္းကလည္း
ကိုယ့္အေပၚသေဘာမက်ေၾကာင္း၊ စိတ္တုိင္းမက်ေၾကာင္းတုိ႔ကို
မၾကာခဏအျပစ္ဖြဲ႕ေျပာျခင္းခံေနရတတ္၏။ သို႔ေသာ္အိမ္ေထာင္ဖက္က
ပါးစပ္ျဖင့္မည္မွ်ေျပာေစကာမူ စိတ္ထဲကက်ိတ္ၿပီး
ကိုယ့္ကိုသေဘာက်ေနတတ္ေလ၏။ ကိုယ့္အိမ္ေထာင္ဖက္က
ကိုယ့္အေပၚအႏုိင္ယူ၊ ၾသဇာေပးေနသည္ဟုလည္း ထင္ေနတတ္၏။

အထူးသတိျပဳရန္မွာ ကန္ရာသီဖြားတုိ႔သည္ ကိုယ့္အိမ္ေထာင္ဖက္အေပၚ
သည္းခံလုိက္ေလ်ာဖို႔ ေမ့ေနတတ္ၿပီး
အၿမဲလိုလုိအရြဲ႕တိုက္ေနမိတတ္၏။စိတ္လုိက္မာန္ပါ ျပဳမူမိတတ္၏။
ကန္ရာသီဖြားတို႔သည္ သားသမီးကံေကာင္းတတ္ၾက၏။
သားသမီးတို႔အေပၚ အထူးအလုိလိုက္တတ္ေပ၏။
အိမ္ေထာင္ျပဳရာတြင္ ကံုရာသီ၊ တပိုတြဲလဖြားတုိ႔ကိုအထူးေရွာင္ပါ။

အိမ္ေထာင္ေရး အဆင္ေျပေခ်ာေမြ႕ပါလိမ့္မည္။
ကန္ရာသီဖြားတုိ႔၏ က်န္းမာေရးအေျခအေနမ်ား
ကန္ရာသီဖြားမ်ား က်န္းမာေရးေကာင္းပါသည္။

က်န္းမာေရးညံ့လွ်င္ခဏသာျဖစ္၏။ အပင္ပန္းခံမႈေၾကာင့္
က်န္းမာေရးညံ့တတ္၏။ ဗုိက္နာ၊ ေလနာ၊ ရင္နာ၊ ႏွလံုးတုန္ရင္ခုန္၊
ဆီးေရာဂါ၊ ေခါင္းကိုက္၊ ဇက္ေၾကာထုိးေရာဂါတို႔
အေသးအဖြဲမွ်ျဖစ္တတ္၏။ ကန္ရာသီဖြား အမ်ိဳးသမီးမ်ား
မီးယပ္သတိျပဳဆင္ျခင္ပါ။
က်န္းမာေရးညံ့က အနီေရာင္ေဆာင္ပါ။ မုန္လာ၊ ေပါင္မုန္႔၊ ေကြကာအုတ္၊
သစ္ခ်သီး၊ ၾကက္ေမာက္သီး၊ မင္းဂြတ္သီး စေသာ အခြံမာအသီးမ်ားကို
ဓါတ္စာအျဖစ္ မၾကာခဏစားေပးပါ။ မၾကာခဏ
အနားယူၿပီးႏွစ္ၿခိဳက္စြာအိပ္ပါ။ က်န္းမာေရးအထူးေကာင္းပါမည္။

သဘာ၀ေဘးအႏၲရာယ္မ်ား

ကန္ရာသီဖြားတုိ႔သည္ ေျမၿပိဳ၊ တြင္းၿပိဳ၊ ေတာင္ၿပိဳ အႏၲရာယ္ၾကံဳတတ္၏။
ၾကံဳတတ္သည္ဆုိေသာ္လည္း ေယဘုယ်မွ်သာျဖစ္၏။
ထုိအေျခအေနျဖစ္ႏုိင္ေသာ ေဒသမ်ားသို႔ ခရီးသြားျခင္း၊
ေက်ာက္တူးျခင္းစသည့္ အေနအထားတုိ႔တြင္သာ ဆင္ျခင္ေပးရေပမည္။
က်န္အခ်ိန္တို႔တြင္ စိုးရိမ္ရန္မရွိပါ။ ထုိ႔ျပင္ ကန္ရာသီဖြားတုိ႔သည္
ေရလမ္းခရီးသြားလာရာတြင္ ဆင္ျခင္သတိရွိသင့္ေပသည္။

အလုပ္အကိုင္ႏွင့္စီးပြားေရး

ကန္ရာသီဖြားတို႔သည္ ေငြရွာေကာင္း၏။ ညာဏ္ေကာင္း၏။
ျဖတ္ထုိးညာဏ္ေကာင္း၏။ စြန္႔စားရဲ၏။ အၾကံႀကီး၏။
ထုိ႔ေၾကာင့္ဆင္းရဲက ေအာက္ဆံုး၊ ခ်မ္းသာက ထိပ္ဆံုးျဖစ္တတ္၏။
သို႔ေသာ္ေငြကိုမၾကည့္ဘဲ ၀ါသနာယံုၾကည္ခ်က္တုိ႔ကိုသာၾကည့္၏။
စိတ္ေစာ၏။ ေခါင္းမာ၏။ စြတ္လုပ္တတ္၏။

လက္ေအာက္ငယ္သားေကာင္းက်ိဳးမေပး။ ကိုယ္ကလည္း
အၿငိဳးအေတးထားအရြဲ႕တိုက္လုိ၏။ မထင္က မည္သူ႔ကုိမွ်မေခၚ၊
မာနႀကီး၏။ ထုိ႔ေၾကာင့္ အလုပ္အကိုင္ႏွင့္ စီးပြားေရးတြင္ နစ္နာတတ္၏။
ရပ္ေ၀းတြင္စီးပြားရွာရင္း အေျခခ်ရတတ္၏။ အေမြရသလုိ၊
ထီေပါက္သလုိ ပြေပါက္တုိးၿပီး ႀကီးပြားတတ္၏။
ေငြရွာေကာင္းသေလာက္ ေငြသံုးစည္းကမ္းေကာင္း၏။
ေငြကိုအထူးေခြၽတာ စုေဆာင္းတတ္၏။ အလုပ္လုပ္ရာတြင္
စည္းကမ္းေကာင္းသေလာက္ မနားမေန တြန္းလုပ္တတ္၏။
ေအာင္ျမင္မႈမ်ားစြာ ရတတ္၏။ အလုပ္အကိုင္ႀကီမ်ားသာ
လုပ္ခ်င္တတ္၏။

ပန္းခ်ီ၊ ပန္းပု၊ ဒီဇိုင္းပညာ၊ စတုိးဆိုင္၊ ရတနာလုပ္ငန္း၊
စာရင္းအင္းလုပ္ငန္းတို႔ျဖင့္ ေကာင္းက်ိဳးေပးတတ္၏။
ဘ၀တြင္ေငြေပၚတတ္ၾကေလသည္။ ေရႊမရွား၊ ေငြမရွား ေနရတတ္၏။
သဘင္အႏုပညာျဖင့္ အက်ိဳးေပးတတ္၏။ ကိုယ္ပုိင္လုပ္ငန္းျဖင့္
ႀကီးပြားတတ္၏။

ဘ၀ကံၾကမၼာ အနိမ့္အျမင့္အေနအထားမ်ားႏွင့္ ေဆာင္မႈ၊ ေရွာင္မႈမ်ား
ကန္ရာသီဖြားတို႔သည္ အေျပာင္းအလဲမ်ားစြာၾကံဳတတ္ၾက၏။ မာနႀကီး၍
အခြင့္အေရးမ်ားလက္လြတ္တတ္၏။ မိဘေဆြမ်ိဳးတို႔အကူအညီမရတတ္။
ဒုတိယအရြယ္ႏွင့္ တတိယအရြယ္တြင္ ေကာင္းစားတတ္၏။
ႀကီးပြားတတ္၏။ အုိဇာတာအလြန္ေကာင္း၏။ အိုးပိုင္၊ အိမ္ပိုင္၊
တုိက္ပိုင္ႏွင့္ ေနရတတ္၏။ ဘ၀တြင္ ေငြေၾကးျပည့္စံုၾကြယ္၀မည္။

အတိတ္ဘ၀ေကာင္းက်ိဳးခံစားရမည္။ ထီေပါက္မည္။ အသက္(၂၀)
၀န္းက်င္တြင္ အေမြရမည္။ အသက္(၃၈)ႏွစ္၀န္းက်င္တြင္ ထူးျခားေသာ
ေျပာင္းလဲမႈမ်ားၾကံဳရတတ္၏။ မထင္မွတ္ေလာက္ေအာင္
ေအာင္ျမင္တတ္၏။ အသက္(၇၉)တြင္ က်န္းမာေရးကို ဂ႐ုျပဳပါ။

ကန္ရာသီဖြားတို႔သည္ ဘ၀တြင္ေလာကအျမင္ကို
ဒႆနဆန္ဆန္႐ႈျမင္တတ္ၾက၏။ တရားက်တတ္၏။ သူတစ္ပါးကိုလည္း
ဆံုးမတတ္၏။ သို႔ေသာ္ အၿငိဳးအေတးႀကီးျခင္း၊ စိတ္ႀကီးျခင္း၊
တဇြတ္ထုိးစိတ္ရွိျခင္း၊ စာအုပ္ႀကီးသမားဆန္ျခင္း၊ စိတ္လႈပ္ရွားလြယ္ျခင္း၊
အေျပာခ်ိဳသေလာက္ စိတ္ခက္ထန္ျခင္းတုိ႔ကို သတိျဖင့္ထိန္းပါေလ။
ကန္ရာသီဖြားတို႔သည္ ဟန္ပန္တင့္တယ္ၾက၏။ ဥပဓိခန္႔၏။

အလြန္ရွင္းလင္းေသာ အလွပိုင္ရွင္မ်ားျဖစ္၏။ အထူးသျဖင့္
ေမး႐ုိးပါး႐ုိးထူးျခား၏။ ေလးေထာင့္ က်က်ႏွင့္ ထင္ေပၚ၏။
ထုိဥပဓိကိုခ်ပ္ခ်ပ္ရပ္ရပ္ႏွင့္ ႐ုိးရွင္းစြာ၀တ္ဆင္သင့္၏။ ပြေယာင္းေယာင္း၊
ဘိုသီဘတ္သီမေနသင့္။ မ်က္ႏွာကို တည္တည္ႀကီးမထားသင့္။
လက္ျပင္မကုန္းသင့္။ ေက်ာ့ေက်ာ့ေမာ့ေမာ့ေနပါ။

အနက္ေရာင္အထူးေရွာင္ပါ။ ဆင္စြယ္ေရာင္၊ အ၀ါေရာင္၊ နံ႔သာေရာင္တုိ႔
အထူး၀တ္ပါ။ အစိမ္းႏု၊ အျပာႏု၀တ္ႏုိင္သည္။ အျဖဴ၀တ္ႏုိင္သည္။
ေငြလက္စြပ္၀တ္သင့္၏။ စိန္ကို ေငြျဖင့္ကြင္း၀တ္ပါ။ ေရႊလည္း
မ်ားမ်ား၀တ္ႏုိင္သည္။ အထူးသျဖင့္ ေက်ာက္စိမ္းကို ေဆာင္ထားပါ။
(၅)ဂဏန္းကို အဓိကသံုးစြဲသင့္သည္။ ကန္ရာသီဖြားတို႔သည္
ထီကိုမျပတ္ကံစမ္းသင့္ေပသည္။ စိန္လက္စြပ္ကို
လက္ခလယ္တြင္၀တ္ၿပီး ေက်ာက္စိမ္းပါ တြဲေဆာင္လုိပါက
လက္သန္းၾကြယ္တြင္ ၀တ္ႏိုင္သည္။ စိန္ကိုေငြျဖင့္
လက္စြပ္ကြင္းၿပီး၀တ္ပါ။

စံပယ္ပန္းႏွင့္ ႏွင္းဆီပန္းအျဖဴ၊ ၾကာပန္းအျဖဴတုိ႔ကို ဘုရားလွဴျခင္း၊
အလွပန္းအိုးထုိးျခင္းျပဳႏုိင္၏။ ေအးခ်မ္းသာယာမႈျဖစ္ေစတတ္၏။
အစစအဆင္ေျပကာ ေအာင္ျမင္မႈရေစတတ္ေပ၏။
အခ်ဳပ္အားျဖင့္ဆိုရေသာ္ ညာဏ္အားျဖင့္အလြန္ေကာင္းေသာ

ကန္ရာသီဖြားတုိ႔သည္သီးသန္႔ေနလုိစိတ္ျပင္းထန္ျခင္း၊ စိတ္ႀကီးျခင္း၊
စိတ္ျမန္ျခင္းတုိ႔ကို ဆင္ျခင္ကာ ညာဏ္စြမ္းေကာင္းသမွ်
တည္တည္ၿငိမ္ၿငိမ္ အသံုးခ်ေဆာင္ရြက္သြားပါက ဘ၀တြင္ထိပ္ဆံုးသို႔
ေရာက္သြားတတ္ၾကေပ၏။

Posted by yanshin
 

Unicode

ကန်ရာသီဖွားများအတွက်ဘဝတစ်သက်စာဟောစာတမ်း
(၉၀% မှန်တယ်ဆိုရင် Comments လေးပေးခဲ့ပါ)

(သြဂုတ် ၂၄ရက်မှ စက်တင်ဘာ ၂၂ရက်အတွင်းမွေးဖွားသူများ)
(တော်သလင်းလဖွားများ)

ကန်ရာသီသည် ရာသီစက်ဝန်းတွင် ဆဋ္ဌမမြောက်ရာသီဖြစ်သည်။
ထိုရာသီခွင်အပိုင်းအခြား ကောင်းကင်ရှိကြယ်များ၏ပုံသဏ္ဍာန်မှာ
စပါးနှံနှင့်လေးမြှားအစုံကို ကိုင်ဆောင်ထားသော အပျိုစင်တစ်ဦးပုံ
ပေါ်ထွန်းနေပေသည်။ ဓါတ်သဘာဝအားဖြင့် ပထဝီဓါတ်(မြေဓါတ်)
ကိုဆောင်ထားသည်။ ဗုဒ္ဓဟူးဂြိုလ်ပိုင်စိုးထားသောရာသီခွင်ဖြစ်သည်။
ဓါတ်မ သဘာဝဆောင်သည်။ ဒွေးဒေဟ ရာသီခွင်ဖြစ်သည်။ (၅)
ဂဏန်းသချင်္ာစိုးမိုးသည်။ နှစ်စဉ်သြဂုတ်(၂၄)ရက်မှ စက်တင်ဘာလ
(၂၂)ရက်ကြားတွင်မွေးဖွားသူများသည် ကန်ရာသီဖွားများပင်ဖြစ်သည်။
ထို့ပြင် မြန်မာလ တော်သလင်းလတွင်မွေးဖွားသူများသည်လည်း
ကန်ရာသီဖွားများဟုသတ်မှတ်ကာ အောက်ပါဘဝဖြစ်စဉ်၊ အကျင့်စရိုက်၊
အဆောင်၊ အရောင်တို့ကို လိုက်နာသုံးစွဲသွားနိုင်ပေသည်။

ကန်ရာသီဖွားတို့၏ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက်လက္ခဏာများ

ကန်ရာသီဖွားများသည် ပင်ကိုယ်သဘာဝအားဖြင့်
အတွေးအခေါ်ညာဏ်ပညာထက်မြက်သော်လည်း
စိတ်မငြိမ်စိတ်မြန်လွန်းတတ်၏။ ၎င်းင်းအချက်ကိုသတိပြုသင့်၏။
ကန်ရာသီဖွားများသည် အသိညာဏ်ပညာထက်မြက်သူများဖြစ်ပေသည်။

စိတ်ခံစားချက် ပြင်းထန်သူများဖြစ်ပေသည်။ အစစအရာရာ
စဉ်းစားပြီးပြုမူ၊ နေထိုင်လုပ်ကိုင်တတ်ကြသည်။
ဘဝတွင်လူချစ်လူခင်များသည်။ စန်းပွင့်သည်။ ဘဝတွင်ရွှေမရှား
ငွေမရှားနေရတတ်သည်။ အနုပညာဝါသနာကြီးသည်။

မိတ်ဆွေအပေါင်းအသင်းတို့ကို ခင်မင်တွယ်တာတတ်သည်။
လွတ်လပ်မှုကို အလွန်ကြိုက်သည်။ စည်းကမ်းဘောင်တွေကို
အလွန်မုန်းသည်။ ဘယ်တော့မှ မလိမ်တတ်၊ မညာတတ်သူများဖြစ်သည်။
စိတ်ထိခိုက်လွယ်သည်။ တဇွတ်ထိုးလုပ်ချင်တတ်သည်။

ဘယ်အခက်အခဲကိုမှ နောက်မဆုတ်၊ နောက်မတွန့်တတ်။ မြင့်မြတ်သော
နှလုံးသားပိုင်ရှင်များဖြစ်သည်။ သို့သော်နှလုံးသားခံစားချက်ကို
ဦးစားပေးလွန်းသည်။ ငွေကြေးမှအစ အခွင့်အလမ်းကိုမကြည့်
စိတ်ခံစားချက်ကိုသာ အဓိကထား၍ ဆုံးဖြတ်ဆောင်ရွက်တတ်သည်။

ကိုယ်ယုံကြည်ရာကို ရဲရဲဆုံးဖြတ်လုပ်ကိုင်တတ်သည်။
သည်းခံနိုင်စွမ်းရှိသည်။ သို့သော် စိတ်ဆန္ဒစောသည်။
ကြာရှည်စောင့်ဆိုင်းလုပ်ကိုင်နေခြင်းမျိုးကို
စိတ်မရှည်ကြသူများဖြစ်သည်။

ကန်ရာသီဖွားတို့သည် ညာဏ်ပညာအမြင့်မားဆုံး၊
အထူးချွန်ဆုံးသူများဖြစ်သည်။ (၁၂)ရာသီဖွားတို့တွင်
ကန်ရာသီဖွားများသည် ညာဏ်ပညာတွင်ထိပ်ဆုံးကဖြစ်သည်။ 
ဖြတ်ထိုးညာဏ်အလွန်ကောင်းသည်။ အပြင်ပန်း
ဘာသိဘာသာနေတတ်ကြပြီး အလွန်အကွက်မြင်သည်။
ထိုးထွင်းညာဏ်ကောင်းသည်။ ဘာသာစကားနှင့်

စာပေအသိပညာတို့တွင်အတိတ်ဘဝ ပါရမီထူးသူများဖြစ်သည်။
ကန်ရာသီဖွားများသည် ထက်မြက်သော ညာဏ်ပညာကို
စနစ်တကျကြိုးစားအသုံးချသွားပါက ဘဝတွင်ထိပ်ဆုံးသို့
ရောက်နိုင်စွမ်းအောင် တော်ကြ၊ ထက်ကြသူများဖြစ်သည်။
ကိုယ့်အစွမ်းအစကိုသိဖို့၊ ကြိုးစားဖို့တော့လိုသည်။

ကန်ရာသီဖွားတို့သည်
ရိုးရိုးနှင့်တည်တည်ကြည်ကြည်ပြောဆိုလုပ်ကိုင်တတ်ကြသည်။
ထိုအသွင်သဏ္ဍာန်ကပင်ထူးခြားနေတတ်သည်။ ကန်ရာသီဖွားတို့သည်
ငွေရှာတတ်သည်၊ ငွေရှာကောင်းသည်။ ထို့အပြင်
ငွေအသုံးအစွဲစည်းကမ်းကောင်းသည်။ လောင်းကစားကို
၀ါသနာသိပ်မပါတတ်ကြပါ။ သို့သော်စွန့်စားဝံ့ စွန့်စားရဲတတ်ကြသည်။
ဆုံးဖြတ်ပြီးက ပုံအောပြီးလုပ်ဝ့ံကြသည်။

ငွေကိုအထူးချွေတာသုံးစွဲတတ်ကြသည်။ ထို့အတူကန်ရာသီဖွားတို့သည်
အလုပ်တွင်လည်း စည်းစနစ်ကောင်းကြသည်။
သူတစ်ပါးစိတ်မဝင်စားသောအလုပ်တို့ကို စိတ်ဝင်စားတတ်ကြသည်။
ရိုးသားသူများကို ကူညီတတ်ကြသည်။ ရိုးသားသူများကို
ကူညီတတ်ကြသည်။ သဒ္ဓါတရားကောင်းသည်။ စိတ်ဆိုးမိက
ခွင့်မလွှတ်တတ်ကြ။ ဟန်ဆောင်ခြင်းကို အလွန်မုန်းသည်။

အထူးသဖြင့် ကန်ရာသီဖွားတို့သည် ညာဏ်ပညာထက်မြက်ပြီး သိလွယ်
တတ်လွယ်တတ်ကြသည်။ စာဖတ်၊ စာကျက်ရာတွင်မြန်သည်။
သဘောပေါက်လွယ်သည်။ မှတ်ညာဏ်ကောင်းသည်။
စိတ်ဝင်စားရာကိုစွတ်လုပ်တတ်ကြသည်။ ဘဝတွင် စနစ်တကျ
ကြိုးစားသွားက ထိပ်ဆုံးသို့ရောက်တတ်သည်။

ကန်ရာသီဖွားတို့သည် အချို့ကိစ္စများတွင် စိတ်ထက်၊ စိတ်ကြီးပြီး၊
မာနကြီးတတ်ကြသည်။ မဟုတ်မခံမာနဖြစ်သည်။
အပြောအဆိုချိုသာသည်။ ဘာမဆိုကိုယ်တိုင်လုပ်ရမှ ကျေနပ်ကြသည်။
အစွမ်းသတ္တိရှိသည်။ အသားအရေလှပသည်။ စိတ်ကြီးသဖြင့်
ခက်ထန်သလိုထင်ရသည်။ စည်းစနစ်ကြီးသဖြင့်
အပေါင်းရခက်သလိုဖြစ်တတ်သည်။ တပည့်ကောင်းမရတတ်။

ကိုယ်သင်ပြမြှင့်တင်ပေး၍ ထိပ်ရောက်သွားသူများရှိပြီး
ကိုယ်ကိုပြန်မကြည့်တတ်ပါ။ စေတနာများများထားက
စေတနာစော်ကားခံရတတ်သည်။ စိတ်ငြိမ်စွာထားပြီး ကြိုးစားကာ
ကိုယ်တိုင်ထိပ်ဆုံးနေရာကို ရယူသင့်ပေသည်။

ကန်ရာသီဖွားတို့၏ အချစ်ရေးကိစ္စများ

ကန်ရာသီဖွားတို့သည် အချစ်ကြီးသူများဖြစ်ကြပေသည်။ သို့သော်
မေတ္တာကံခေသည်။ ကိုယ့်ကိုနားလည်ပေးသူ နည်းသည်။
ကိုယ့်သံယောဇဉ်ကြီးသူ တို့နှင့်ခွဲခွာနေရတတ်သည်။
အထီးကျန်ဆန်တတ်သည်။ ကန်ရာသီဖွားတို့သည် နှလုံးသားသိမ်မွေ့ပြီး
အချစ်ကြီးသည်။ အချစ်ကိုဦးစားပေးတတ်ကြသည်။
တစ်ဦးတစ်ယောက်ကို လွယ်လွယ်နှင့်မိတ်မဖွဲ့တတ်သလို
သံယောဇဉ်တွယ်မိက အစွဲအလမ်းကြီးသည်။ နှလုံးသားနူးညံ့သဖြင့်
ခံစားရသောအခါပြင်းထန်သည်။ အချစ်ရေးတွင်ကံခေတတ်ကြသည်။

စန်းပွင့်သူ၊ ဆန့်ကျင်ဘက်ကို ဆွဲဆောင်နိုင်သူများဖြစ်သဖြင့်
မျက်နှာများသလိုဖြစ်သွားတတ်သည်။ အချစ်ရေးတွင်
မကြာခဏကြားအဖျက်ပေါ်တတ်ကြလေသည်။ ဆုံးဖြတ်ချက်မြန်သဖြင့်
မှားတတ်ကြသည်။ အထူးသဖြင့် ကိုယ့်ထက်ငယ်သူများနှင့်
မေတ္တာနှောင်ကြိုး သွယ်မိတတ်ကြသည်။

ကန်ရာသီဖွားတို့၏ အိမ်ထောင်ရေး

ကန်ရာသီဖွားတို့သည် အလွန်စန်းပွင့်တတ်ကြ၏။
အိမ်ထောင်ရေးတွင်လည်း အများအားဖြင့် ကံကောင်းတတ်ကြ၏။
သို့သော် ကန်ရာသီဖွားတို့သည် ချစ်မေတ္တာကိုပွင့်လင်းစွာမပြတတ်ပါ။
အချစ်ကြီးသလောက် သိုသိပ်နေတတ်၏။ ထို့ကြောင့် အိမ်ထောင်ရေး၌
ပြဿနာလေးတွေကြုံရတတ်ကြရ၏။ အရှက်အကြောက်ကြီးခြင်း၊
သိက္ခာထိန်းခြင်းတို့ကြောင့် ကိုယ့်အိမ်ထောင်ဖက်က
ကိုယ့်မေတ္တာသံယောဇဉ်ကို သံသယဝင်ခြင်းခံရတတ်၏။ ထို့ပြင်ကိုယ်က
ကိုယ့်အိမ်ထောင်ဖက်အပေါ် စည်းကမ်းဘောင်များဖြင့်
စနစ်တကျချုပ်ကိုင်လို၏။ ကိုယ်က ကိုယ့်အိမ်ထောင်ဖက်အပေါ်
စိတ်တိုင်းမကျဖြစ်နေတတ်၏။ ကိုယ့်အသိုင်းအဝိုင်းကလည်း
ကိုယ့်အပေါ်သဘောမကျကြောင်း၊ စိတ်တိုင်းမကျကြောင်းတို့ကို
မကြာခဏအပြစ်ဖွဲ့ပြောခြင်းခံနေရတတ်၏။ သို့သော်အိမ်ထောင်ဖက်က
ပါးစပ်ဖြင့်မည်မျှပြောစေကာမူ စိတ်ထဲကကျိတ်ပြီး
ကိုယ့်ကိုသဘောကျနေတတ်လေ၏။ ကိုယ့်အိမ်ထောင်ဖက်က
ကိုယ့်အပေါ်အနိုင်ယူ၊ သြဇာပေးနေသည်ဟုလည်း ထင်နေတတ်၏။

အထူးသတိပြုရန်မှာ ကန်ရာသီဖွားတို့သည် ကိုယ့်အိမ်ထောင်ဖက်အပေါ်
သည်းခံလိုက်လျောဖို့ မေ့နေတတ်ပြီး
အမြဲလိုလိုအရွဲ့တိုက်နေမိတတ်၏။စိတ်လိုက်မာန်ပါ ပြုမူမိတတ်၏။
ကန်ရာသီဖွားတို့သည် သားသမီးကံကောင်းတတ်ကြ၏။
သားသမီးတို့အပေါ် အထူးအလိုလိုက်တတ်ပေ၏။
အိမ်ထောင်ပြုရာတွင် ကုံရာသီ၊ တပိုတွဲလဖွားတို့ကိုအထူးရှောင်ပါ။

အိမ်ထောင်ရေး အဆင်ပြေချောမွေ့ပါလိမ့်မည်။
ကန်ရာသီဖွားတို့၏ ကျန်းမာရေးအခြေအနေများ
ကန်ရာသီဖွားများ ကျန်းမာရေးကောင်းပါသည်။

ကျန်းမာရေးညံ့လျှင်ခဏသာဖြစ်၏။ အပင်ပန်းခံမှုကြောင့်
ကျန်းမာရေးညံ့တတ်၏။ ဗိုက်နာ၊ လေနာ၊ ရင်နာ၊ နှလုံးတုန်ရင်ခုန်၊
ဆီးရောဂါ၊ ခေါင်းကိုက်၊ ဇက်ကြောထိုးရောဂါတို့
အသေးအဖွဲမျှဖြစ်တတ်၏။ ကန်ရာသီဖွား အမျိုးသမီးများ
မီးယပ်သတိပြုဆင်ခြင်ပါ။
ကျန်းမာရေးညံ့က အနီရောင်ဆောင်ပါ။ မုန်လာ၊ ပေါင်မုန့်၊ ကွေကာအုတ်၊
သစ်ချသီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီး စသော အခွံမာအသီးများကို
ဓါတ်စာအဖြစ် မကြာခဏစားပေးပါ။ မကြာခဏ
အနားယူပြီးနှစ်ခြိုက်စွာအိပ်ပါ။ ကျန်းမာရေးအထူးကောင်းပါမည်။

သဘာဝဘေးအန္တရာယ်များ

ကန်ရာသီဖွားတို့သည် မြေပြို၊ တွင်းပြို၊ တောင်ပြို အန္တရာယ်ကြံုတတ်၏။
ကြံုတတ်သည်ဆိုသော်လည်း ယေဘုယျမျှသာဖြစ်၏။
ထိုအခြေအနေဖြစ်နိုင်သော ဒေသများသို့ ခရီးသွားခြင်း၊
ကျောက်တူးခြင်းစသည့် အနေအထားတို့တွင်သာ ဆင်ခြင်ပေးရပေမည်။
ကျန်အချိန်တို့တွင် စိုးရိမ်ရန်မရှိပါ။ ထို့ပြင် ကန်ရာသီဖွားတို့သည်
ရေလမ်းခရီးသွားလာရာတွင် ဆင်ခြင်သတိရှိသင့်ပေသည်။

အလုပ်အကိုင်နှင့်စီးပွားရေး

ကန်ရာသီဖွားတို့သည် ငွေရှာကောင်း၏။ ညာဏ်ကောင်း၏။
ဖြတ်ထိုးညာဏ်ကောင်း၏။ စွန့်စားရဲ၏။ အကြံကြီး၏။
ထို့ကြောင့်ဆင်းရဲက အောက်ဆုံး၊ ချမ်းသာက ထိပ်ဆုံးဖြစ်တတ်၏။
သို့သော်ငွေကိုမကြည့်ဘဲ ၀ါသနာယုံကြည်ချက်တို့ကိုသာကြည့်၏။
စိတ်စော၏။ ခေါင်းမာ၏။ စွတ်လုပ်တတ်၏။

လက်အောက်ငယ်သားကောင်းကျိုးမပေး။ ကိုယ်ကလည်း
အငြိုးအတေးထားအရွဲ့တိုက်လို၏။ မထင်က မည်သူ့ကိုမျှမခေါ်၊
မာနကြီး၏။ ထို့ကြောင့် အလုပ်အကိုင်နှင့် စီးပွားရေးတွင် နစ်နာတတ်၏။
ရပ်ဝေးတွင်စီးပွားရှာရင်း အခြေချရတတ်၏။ အမွေရသလို၊
ထီပေါက်သလို ပွပေါက်တိုးပြီး ကြီးပွားတတ်၏။
ငွေရှာကောင်းသလောက် ငွေသုံးစည်းကမ်းကောင်း၏။
ငွေကိုအထူးချွေတာ စုဆောင်းတတ်၏။ အလုပ်လုပ်ရာတွင်
စည်းကမ်းကောင်းသလောက် မနားမနေ တွန်းလုပ်တတ်၏။
အောင်မြင်မှုများစွာ ရတတ်၏။ အလုပ်အကိုင်ကြီများသာ
လုပ်ချင်တတ်၏။

ပန်းချီ၊ ပန်းပု၊ ဒီဇိုင်းပညာ၊ စတိုးဆိုင်၊ ရတနာလုပ်ငန်း၊
စာရင်းအင်းလုပ်ငန်းတို့ဖြင့် ကောင်းကျိုးပေးတတ်၏။
ဘဝတွင်ငွေပေါ်တတ်ကြလေသည်။ ရွှေမရှား၊ ငွေမရှား နေရတတ်၏။
သဘင်အနုပညာဖြင့် အကျိုးပေးတတ်၏။ ကိုယ်ပိုင်လုပ်ငန်းဖြင့်
ကြီးပွားတတ်၏။

ဘဝကံကြမ္မာ အနိမ့်အမြင့်အနေအထားများနှင့် ဆောင်မှု၊ ရှောင်မှုများ
ကန်ရာသီဖွားတို့သည် အပြောင်းအလဲများစွာကြံုတတ်ကြ၏။ မာနကြီး၍
အခွင့်အရေးများလက်လွတ်တတ်၏။ မိဘဆွေမျိုးတို့အကူအညီမရတတ်။
ဒုတိယအရွယ်နှင့် တတိယအရွယ်တွင် ကောင်းစားတတ်၏။
ကြီးပွားတတ်၏။ အိုဇာတာအလွန်ကောင်း၏။ အိုးပိုင်၊ အိမ်ပိုင်၊
တိုက်ပိုင်နှင့် နေရတတ်၏။ ဘဝတွင် ငွေကြေးပြည့်စုံကြွယ်ဝမည်။

အတိတ်ဘဝကောင်းကျိုးခံစားရမည်။ ထီပေါက်မည်။ အသက်(၂၀)
၀န်းကျင်တွင် အမွေရမည်။ အသက်(၃၈)နှစ်ဝန်းကျင်တွင် ထူးခြားသော
ပြောင်းလဲမှုများကြံုရတတ်၏။ မထင်မှတ်လောက်အောင်
အောင်မြင်တတ်၏။ အသက်(၇၉)တွင် ကျန်းမာရေးကို ဂရုပြုပါ။

ကန်ရာသီဖွားတို့သည် ဘဝတွင်လောကအမြင်ကို
ဒဿနဆန်ဆန်ရှုမြင်တတ်ကြ၏။ တရားကျတတ်၏။ သူတစ်ပါးကိုလည်း
ဆုံးမတတ်၏။ သို့သော် အငြိုးအတေးကြီးခြင်း၊ စိတ်ကြီးခြင်း၊
တဇွတ်ထိုးစိတ်ရှိခြင်း၊ စာအုပ်ကြီးသမားဆန်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊
အပြောချိုသလောက် စိတ်ခက်ထန်ခြင်းတို့ကို သတိဖြင့်ထိန်းပါလေ။
ကန်ရာသီဖွားတို့သည် ဟန်ပန်တင့်တယ်ကြ၏။ ဥပဓိခန့်၏။

အလွန်ရှင်းလင်းသော အလှပိုင်ရှင်များဖြစ်၏။ အထူးသဖြင့်
မေးရိုးပါးရိုးထူးခြား၏။ လေးထောင့် ကျကျနှင့် ထင်ပေါ်၏။
ထိုဥပဓိကိုချပ်ချပ်ရပ်ရပ်နှင့် ရိုးရှင်းစွာဝတ်ဆင်သင့်၏။ ပွယောင်းယောင်း၊
ဘိုသီဘတ်သီမနေသင့်။ မျက်နှာကို တည်တည်ကြီးမထားသင့်။
လက်ပြင်မကုန်းသင့်။ ကျော့ကျော့မော့မော့နေပါ။

အနက်ရောင်အထူးရှောင်ပါ။ ဆင်စွယ်ရောင်၊ အဝါရောင်၊ နံ့သာရောင်တို့
အထူးဝတ်ပါ။ အစိမ်းနု၊ အပြာနုဝတ်နိုင်သည်။ အဖြူဝတ်နိုင်သည်။
ငွေလက်စွပ်ဝတ်သင့်၏။ စိန်ကို ငွေဖြင့်ကွင်းဝတ်ပါ။ ရွှေလည်း
များများဝတ်နိုင်သည်။ အထူးသဖြင့် ကျောက်စိမ်းကို ဆောင်ထားပါ။
(၅)ဂဏန်းကို အဓိကသုံးစွဲသင့်သည်။ ကန်ရာသီဖွားတို့သည်
ထီကိုမပြတ်ကံစမ်းသင့်ပေသည်။ စိန်လက်စွပ်ကို
လက်ခလယ်တွင်ဝတ်ပြီး ကျောက်စိမ်းပါ တွဲဆောင်လိုပါက
လက်သန်းကြွယ်တွင် ၀တ်နိုင်သည်။ စိန်ကိုငွေဖြင့်
လက်စွပ်ကွင်းပြီးဝတ်ပါ။

စံပယ်ပန်းနှင့် နှင်းဆီပန်းအဖြူ၊ ကြာပန်းအဖြူတို့ကို ဘုရားလှူခြင်း၊
အလှပန်းအိုးထိုးခြင်းပြုနိုင်၏။ အေးချမ်းသာယာမှုဖြစ်စေတတ်၏။
အစစအဆင်ပြေကာ အောင်မြင်မှုရစေတတ်ပေ၏။
အချုပ်အားဖြင့်ဆိုရသော် ညာဏ်အားဖြင့်အလွန်ကောင်းသော

ကန်ရာသီဖွားတို့သည်သီးသန့်နေလိုစိတ်ပြင်းထန်ခြင်း၊ စိတ်ကြီးခြင်း၊
စိတ်မြန်ခြင်းတို့ကို ဆင်ခြင်ကာ ညာဏ်စွမ်းကောင်းသမျှ
တည်တည်ငြိမ်ငြိမ် အသုံးချဆောင်ရွက်သွားပါက ဘဝတွင်ထိပ်ဆုံးသို့
ရောက်သွားတတ်ကြပေ၏။

Posted by yanshin
 

bottom of page