
Zawgyi
သင္၏ အဂၤလိပ္ ေမြးရက္ ေမြးလ ေမြးႏွစ္ တို ့တြင္ ပါ၀င္ေသာ ဂဏန္းမ်ား၏ သေဘာသဘာ၀ကို ဖတ္ရႉေလ့လာႏိုင္ပါသည္။ တူညီေသာ ဂဏန္း တလံုး ႏွစ္လံုး သံုးလံုး ေလးလံုး စသည္ျဖင့္ ပါ၀င္မႉအေလွ်ာက္ အက်ိဳးသက္ေရာက္မူကို ဖတ္ရႉႏိုင္ပါသည္။
(၁) ဂဏန္း
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(1)ဂဏန္း ၁ လံုးပါသူမ်ား။
အေရးထက္ အေျပာပိုေကာင္း၏ ။ သူတစ္ပါး၏ အျမင္ကို ဂ႐ုမစိုက္တတ္။ စကားအလြန္သြက္၏ ။ ဤ သူမ်ိဳး၏ စကားသည္ ရင္ထဲကမလာ။ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(1)ဂဏန္း ၂ လံုးပါသူမ်ား။(၁) လံုးပါသူ၏ အျပဳအမူအားလံုး။ သူတစ္ပါး၏အျမင္ကို နားလည္တတ္သူျဖစ္၏ ။ သူတစ္ပါး၏ အျပဳအမူကို အတုခိုး၏ ။ ဤအရည္အခ်င္းသည္ ေကာင္းျမတ္ေသာအရည္အခ်င္းျဖစ္၏ ။ မွ်မွ်တတျပဳသူျဖစ္၏ ။ မွန္မွန္ကန္ကန္ အရည္အခ်င္းကိုသံုးပါက အလြန္အက်ိဳးရွိ၏။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(1)ဂဏန္း ၃ လံုး ပါသူမ်ား။
စကားလံုး၊ စာအေရးအသားသံုးသပ္မႈ ကြ်မ္းက်င္ေသာ အရည္အခ်င္းရွိ၏ ။ လက္ခံစိတ္၀င္စားႏိုင္ေအာင္ ေရးႏိုင္၏ ။ စာေရးဆရာ၊ သတင္းစာဆရာမ်ားသည္ ဤဂဏန္းရွင္မ်ားျဖစ္ၾက၏ ။ အခ်ဳိ႕မွာ စကားေျပာ အလြန္ညံ့ျခင္း၊ မထိန္းမသိမ္း တတြတ္တြတ္ေျပာတတ္သူမ်ား ေတြ႕ရတတ္၏။ အေျခခံအားျဖင့္ ဥာဏ္ေကာင္းသူမ်ား၊ ေပ်ာ္ရႊင္စြာေနတတ္သူမ်ားျဖစ္၏ ။ အထူးသျဖင့္ မိမိႏွင့္ ဘ၀တူသူကိုသာ ေပါင္းသင့္၏ ။ ။
(၁) ဂဏန္း ၄ လံုးႏွင့္အထက္ ပါသူမ်ား
႐ုပ္ေရာစိတ္ပါလုပ္တတ္ျခင္း၊ အနားမယူတတ္ျခင္း၊ အေတြးျမန္ဆန္ျခင္း၊ ျပဳမူေအာင္ရြက္ခ်က္မ်ား၊ ျမန္ဆန္ျခင္းေၾကာင့္ သူတစ္ပါး၏ အထင္လြဲျခင္းကို ခံရေလံရွိ၏ ။ (၁) ငါးလံုးအတြဲသည္ အၾကမ္းဖက္မႈကို လိုလား၏ ။ (၁) ဂဏန္းတြဲမ်ားသည္ အစားမွား၍ အဆိပ္ျဖစ္တတ္၏ ။ စိတ္ထြက္ေပါက္တစ္ခုရွာထားလွ်င္ ေအာင္ျမင္တတ္၏။ ရွာမထားလွ်င္ တစ္ကိုယ္ေကာင္း ဆန္သူမ်ား ျဖစ္သြားတတ္၏ ။ ျပင္ပ ဆက္ဆံေရး ညံ့တတ္၏ စိတ္လိုက္မာန္ပါႏွင့္ လုပ္လွ်င္ ေအာင္ျမင္တတ္၏ ။
(၂) ဂဏန္း
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(2) ဂဏန္း ၁ လံုးပါသူမ်ား။
လူတစ္ေယာက္ကိုေတြ႕လွ်င္ ထိုသူ၏ အေျခအေနမွန္ကိုသိေအာင္ စဥ္းစားႏိုင္သူျဖစ္ျခင္း၊ မ႐ိုးသားမႈကို ခ်က္ခ်င္းဖမ္းႏိုင္သူျဖစ္၏ ။ ခံစားမႈျပင္းထန္၍ သမထအာ႐ုံရရွိထားသူမ်ားျဖစ္တတ္၏ ။ စိတ္ကို ထိန္းခ်ဳပ္မွသာလွ်င္ ႐ုပ္ကိုမထိခိုက္ႏိုင္ဘဲ ရွိေပလိမ့္မည္။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(2)ဂဏန္း 2 လံုးပါသူမ်ား။
အလြန္ျမင့္ေသာ အာ႐ုံခံစားမႈ ၊ သမထအာ႐ုံႏိုးၾကားမႈမ်ားရွိ၏ ။ သမထအာ႐ုံသည္သူတို႔အတက္လည္းေကာင္း၊ သူတစ္ပါးအတြက္လည္းေကာင္း လြန္စြာအသံုး၀င္၏ ။ သူ၏အက်ဳိးကို ေဆာင္ရြက္ေပးေနသူကိုပင္လွ်င္ သံသယရွိေနတတ္၏ ။ ၎တို႔၏ အျပဳအမူမ်ားသည္ အနီးကပ္ေနသူမ်ားကို ထိခိုက္ေစ၏ ။ သူတစ္ပါး၏ ျပႆနာတြင္၀င္မပါရ ။ ပါလွ်င္ ရွင္းမရျဖစ္သြားတတ္၏ ။ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(2)ဂဏန္း ၃ လံုး ႏွင့္အထက္ပါသူမ်ား။
ဘ၀၌ ႐ႈပ္ေထြးေစႏိုင္ျခင္း၊ စိတ္မထိန္းႏိုင္ လုပ္လိုက္ေသာေၾကာင့္ ကံဆိုးမိုးေမွာင္က်ေစႏိုင္၏ ။ စိတ္လိုက္မာန္ပါမလုပ္ရန္ သတိျပဳသင့္၏ ။ ႏွလံုးသားထိ မခံစားမိေစရန္ အထူးေလ့က်င့္ထားသင့္၏ ။ အထီးက်န္သမားမ်ားျဖစ္သြားတတ္၏ ။ ခံစားမႈျပင္းထန္ေသာေၾကာင့္ ႐ုပ္ထိခိုက္ႏိုင္ေစ၏ ။ အႀကံေပးလိုသည္မွာ ဂီတကို လိုက္စားသင့္၏ ။ သို႔မသာလွ်င္ ထြက္ေပါက္တစ္ခု ရရွိေပလိမ့္မည္။
(၃)ဂဏန္း
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(3)ဂဏန္း ၁ လံုးပါသူမ်ား။
စိတ္ကူးအလြန္ေကာင္းသူျဖစ္၏ ။ လက္တြ႕အေကာင္အထည္ေဖာ္ခဲ၏ ။ ေန႕စဥ္လူေနမႈအခက္အခဲကို ရင္ဆိုင္ႏိုင္သူမ်ား ၊ အေကာင္းျမင္သမားမ်ား၊ စိတ္ဓာတ္ႀကံ႕ခိုင္သူမ်ား၊ ရင္းရင္းႏွီးႏွီးေပါင္းသင္းဆက္ဆံသူကို ဘ၀တစ္ေလွ်ာက္လံုး ေစာင့္ေရွာက္သြားသူျဖစ္၏ ။ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(3)ဂဏန္း ၂ လံုးပါသူမ်ား။
သူတစ္ပါးႏွင့္မတူေအာင္ေနတတ္၏ ။ လူအမ်ားႏွင့္ဆိုင္ေသာ အလုပ္တစ္ခုကို ၿပီးစီးေအာင္ လုပ္သြားတတ္ၾက၏ ။ အေတြးကို စကားလံုးႏွင့္ေဖာ္ျပရာ၌ အလြန္ ေကာင္း၏ ။ စာေရးေကာင္း၏ ။ လူမႈဆက္ဆံေရးတြင္ တစ္ခါတရံ၌ အခက္အခဲရွိေၾကာင္း သေဘာေပါက္သင့္၏ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(3)ဂဏန္း ၃ လံုး ႏွင့္ အထက္ ပါသူမ်ား။
စိတ္ဓာတ္အားေကာင္းေသာ္လည္း စိတ္ကူးေရလ်င္ေၾကာတြင္ နစ္ေမ်ာေနျခင္းမျဖစ္ေစရန္ သတိထားသင့္ ၏ ။ ဗဟုသုတစုေဆာင္းျခင္း၊ မိမိကိုယ္ကို အထင္ႀကီးေနတတ္ျခင္း၊ စိတ္ကူးႏွင့္႐ူးေနတတ္သူမ်ားလည္းျဖစ္တတ္၏ ။ ေကာင္းကင္ဆန္ေနသူျဖစ္၏ ။ အေကာင္းဆံုးမွာ ေကာင္းကင္မွေျမႀကီးသို႔ အျမန္ဆင္းရန္ျဖစ္၏ ။
(၄)ဂဏန္း
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(4)ဂဏန္း ၁ လံုးပါသူမ်ား။
လြန္စြာစည္း႐ုံးေကာင္းသူျဖစ္၍ သူ႔အနားတြင္ လူမ်ား ပတ္ပတ္လည္ေနတတ္၏ ။ သူတစ္ပါး၏ အႀကံကို လည္း လက္ခံတတ္၏ ။ လက္မႈပညာ ကြ်မ္းက်င္၏ ။ ဂီတဓာတ္ခံပါရမီရွိ၏ ။ စိတ္ဓာတ္စိတ္ေကာင္းရွိ၏ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(4)ဂဏန္း ၂ လံုးပါသူမ်ား။
စည္း႐ုံးသိမ္းသြင္းႏိုင္ေသာ အရည္အခ်င္းရွိ၏ ။ အလုပ္တစ္ခုကိုစၿပီးလွ်င္ ၿပီးဆံုးေအာင္လုပ္တတ္၏ ။ ၀ါသနာ ေၾကာင့္ပဲလုပ္လုပ္၊ အလုပ္သေဘာပဲလုပ္လုပ္ လက္ေျမာက္ၾကသူမ်ားျဖစ္၏ ။ အႏုပညာ၊ ပန္းပု၊ အိုးအလွ၊ ေငြထည္၊ သတၱဳလုပ္ငန္းလုပ္သူမ်ားအျဖစ္ေတြ႕ရ၏ ။ သူတို႔ႏွင့္ဆက္ဆံရာတြင္ တိတိက်က်လုပ္သင့္၏ ။ သူတို႔ဘ၀တြင္ အၾကပ္အတည္းႏွင့္ေနခဲ့ၾကရ၏ ။ မသပ္မရပ္၀တ္ဆင္လွ်င္ မတိက်သူဟု သတ္မွတ္ရမည္။ ၎တို႔အား ဖိႏိွပ္ရန္ခက္ခဲ၏။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္ (4)ဂဏန္း ၃ လံုးပါသူမ်ား။
စည္း႐ုံးေရးေကာင္းမ်ားျဖစ္၏ ။ မည္သည့္အလုပ္ကိုျဖစ္ေစ လုပ္လွ်င္ လက္ေျမာက္သည္။ သို႔ရာတြင္ ထိုအလုပ္ကို လုပ္ခဲ၏ ။ လက္မႈပညာ၊ ဂီတအရာ၌ ကြ်မ္းက်င္၏ ။ ဘ၀တြင္ ထြက္ေပါက္အျဖစ္ အႏုယုဘဂီတကို လုိက္ စားသင့္၏ ။ သို႔မဟုတ္ပါက ခက္ထန္ၾကမ္းတမ္းမည္။ စိတ္အားထက္ ႐ုပ္အားေကာင္းသူမ်ားျဖစ္၏ ။ ေရွးေခတ္က ေက်း ကြ်န္းမ်ားကို ႐ိုက္ႏွက္ခိုင္းေစသူမ်ား slave driver ျဖစ္ၾက၏ ။
(၅)ဂဏန္း
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(5)ဂဏန္း ၁ လံုးပါသူမ်ား။
အားလံုးႏွင့္ သင့္ျမတ္၏ ။ သူမ်ား အလုပ္ႏွစ္ဆလုပ္ႏိုင္ေအာင္ တြန္းပို႔ႏိုင္၏။ လြတ္လပ္မႈကိုျမတ္ႏိုး၏ ။ အိမ္တြင္းေရးမသာယာမႈမ်ား ႀကံဳမည္။ သူတစ္ပါး၏ ျပႆနာကို ေျဖရွင္းႏိုင္ေသာ္လည္း မိမိျပႆနာကို မေျဖရွင္းႏိုင္ ေသာ ဂဏန္းပိုင္ရွင္ျဖစ္၏ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(5)ဂဏန္း ၂ လံုးပါသူမ်ား။
( ၅ ) လံုးသမား၏ ႏွစ္ဆျဖစ္၏ ။ အရက္ေသစာ၊ ေဆးစြဲတတ္ျခင္း၊ ကာမဂုဏ္ လိုက္စားတတ္သည္။ စိတ္ေပါ့လက္ေပါ့ေနတတ္၏ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(5)ဂဏန္း ၃လံုးႏွင့္ အထက္ ပါသူမ်ား။
ခ်ဴပ္ကိုက္ရန္ အလြန္ခက္၏ ။ ဦးေဆာင္ေသာသူလည္း ျဖစ္၏ ။ လိုခ်င္ေသာအရာကို ရေအာင္ယူႏိုင္၏ ။ ေရရွည္အတြက္သာ စဥ္းစားသင့္၏ ။ ခက္ခဲေသာအလုပ္ႀကီးကို လြယ္ လြယ္ကူကူလုပ္ႏိုင္၏ ။ နဂိုအခ်စ္ထက အပိုအခ်စ္ကို ရွာတတ္၏ ။ အခ်စ္ႏွင့္ အႏၱရာယ္ကို ႀကဳံ ေတြ႕ရေလ့ရွိ၏ ။ အမ်ား အားျဖင့္ လူမုန္းမ်ား၏ ။
(၆) ဂဏန္း
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(6)ဂဏန္း ၁ လံုးပါသူမ်ား။
ပတ္၀န္းက်င္ႏွင့္ မိမိအိမ္ကို ျမတ္ႏိုးတတ္သူမ်ား၊ မိသားစုတာ၀န္ကို ေက်ပြန္သူမ်ား၊ ကေလးႏွင့္ အသက္ ႀကီးရြယ္အိုးသူမ်ားအား ေတာင့္ေရွာက္တတ္ၾက၏ ။ ၎တို႔အဖို႔ အိမ္တြင္းေရး ျပႆနာမ်ားသည္ ဒုကၡေတြ႕လွၿပီျဖစ္၏ ။ မိဘအုပ္ထိန္းသူေကာင္းမ်ားျဖစ္တတ္၏ ။ ေနာက္ဆံုး၌ အထီးက်န္မ်ားျဖစ္သြားတတ္၏ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(6)ဂဏန္း 2 လံုးပါသူမ်ား။
အလြန္ခ်ဳပ္ခ်ယ္ ေသာမိဘမွေမြးဖြားလာၿပီး ကိုယ္တိုင္မိဘျဖစ္ေသာအခါ သားသမီးကို ခ်ဳပ္ခ်ယ္မည္။ သို႔ရာတြင္ မိသားစုႏွင့္ ဆန္႔က်င္ ဘက္ျဖစ္၍ ထြက္ခြာသြားရတတ္၏ ။ ဘ၀ေနနည္းထိုင္ နည္းႏွင့္ ပတ္သက္၍ မသိသူမ်ားျဖစ္၏ ။ စိတ္အလိုလိုက္မႈ ေၾကာင့္ ႐ုပ္ခႏၶာဒုကၡေရာက္တတ္၏ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(6)ဂဏန္း ၃ လံုးႏွင့္ အထက္ ပါသူမ်ား။
စိုးရိမ္စိတ္လြန္၍ ဒုကၡေတြ႕တတ္၏ ။ အဆိုးဘက္ ေတြးတတ္၏ ။ မလိုအပ္ဘဲ ျပႆနာရွာတတ္၏ ။ ၀ါသနာပါရာ လုပ္ငန္းကို လုပ္သင့္၏ ။
(၇) ဂဏန္း
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(7)ဂဏန္း ၁ လံုးပါသူမ်ား။
အစေတးခံသူမ်ားျဖစ္၏ ။ ျပႆနာႀကံဳေတြ႕လွ်င္ ရင္ဆိုင္ေျဖရွင္းႏိုင္မည္ဟု ယံုထားပါ။ ဘ၀အတြ႕ အႀကံဳ မ်ားသည္ ။ အေတြ႕အႀကံဳမ်ားသည္ ၎တို႔၏ ဆရာသမားမ်ားျဖစ္၏ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(7)ဂဏန္း ၂ လံုးပါသူမ်ား။
ဘ၀အခက္အခဲ မည္မွ်ႀကီးမားသည္ ျဖစ္ေစ ေျဖရွင္းႏိုင္မည္။ အတြင္းဓာတ္ခံ မေနာစြမ္းအားေကာင္း၏ ။ အေျခအေနကို အကြက္႐ိုက္၍ အသံုးခ်တတ္၏ ။ ထို႔ေၾကာင့္ ေရႊေသာ့ကိုင္ထားသကဲ့သို႔ အရာရာကို ဖြင့္ႏိုင္၏ ။ ဂီတဓာတ္ခံပါသူမ်ားျဖစ္သည္။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(7)ဂဏန္း ၃ လံုး ႏွင့္အထက္ ပါသူမ်ား။
တိုးတက္ျဖစ္ ထြန္းမည္။ ေလာကီပညာကို အထူးစိတ္၀င္းစား၏ ။ ေကာင္းစြာစိတ္ကို ထိန္းသိမ္း၍ လိုက္စားပါက ေပါက္ေျမာက္သြား ႏိုင္သည္။ တစ္ခါတရံ၌ စိတ္ဓာတ္က်သြားတတ္၏ ။ ထိန္းသိမ္းပါ။
(၈)ဂဏန္း
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(8)ဂဏန္း ၁ လံုးပါသူမ်ား။
သပ္သပ္ရပ္ရပ္ႏွင့္ စနစ္တက် ေနထိုင္တတ္ၾကသူမ်ားျဖစ္၏ ။ အလုပ္ကို ၿပီးဆံုးေအာင္ မလုပ္ဘဲ ထြက္သြားတတ္ၾက၏ ။ ထို႔ေၾကာင့္ ( ၈ ) တစ္လံုးသမားကို Rolling Stone ဟုေခၚသည္။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(8)ဂဏန္း ၂ လံုးပါသူမ်ား။
သူတစ္ပါးႏွင့္ ဆက္ ဆံရာ၌ အာဏာသံမပါရန္ ဂရုစိုက္ပါေလ ။ သူတစ္ပါးကို အယံုအၾကည္နည္းသူမ်ားျဖစ္၏ ပတ္၀န္းက်င္အေျပာင္းအလဲ လြန္စြာလိုလား၏ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(8)ဂဏန္း ၃ လံုးႏွင့္ အထက္ပါသူမ်ား။
လြန္စြာရွားပါးေသာ ဂဏန္းတြဲျဖစ္၏ ။ ငယ္စဥ္က ဘ၀အေျပာင္းအလဲမ်ား၍ လူလတ္ပိုင္း တြင္ တည္တည္ၿငိမ္ၿငိမ္ျဖစ္သြားတတ္သည္။ ေငြရွာေသာေလာကတြင္ ေအာင္ျမင္သူျဖစ္၏ ။ မွန္မွန္ကန္ကန္ဘ၀တြင္ ေလွ်ာက္သြားလွ်င္ ေအာင္ျမင္ႏို္င္မည္။ ၿငိမ္းခ်မ္းမႈကိုရရန္ ခက္ခဲလွ၏ ။ အထူးဂရုစိုက္ပါ။
(၉) ဂဏန္း
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(9)ဂဏန္း ၁ လံုးပါသူမ်ား။
အသစ္အဆန္းမ်ား ရွာေဖြတတ္၏ ။ ႐ုပ္အားသန္႔၏ ။ စိတ္အားျဖည့္လိုက္လွ်င္ အလြန္ထူးခြ်န္မည္။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(9)ဂဏန္း ၂ လံုးပါသူမ်ား။
လြန္စြာႀကီးမားေသာ စိတ္စြမ္းအားရွိသူမ်ား၊ တစ္စံုတစ္ရာကို ထားခဲ့ႏိုင္မည့္သူမ်ား၊ ပညာရွိမ်ား၊ ဒႆနဆရာ မ်ား ျဖစ္တတ္၏ ။ မည္သည့္အရာကို မည္သို႔ျဖစ္မည္ကို ေမးခြန္းထုတ္ေလ့ရွိ၏ ။ အလႊာေပါင္းစံုမွလူမ်ားႏွင့္ ဆက္ဆံ တတ္၏ ။ စိတ္အားကို ခ်ဳပ္သံုးရေသာေၾကာင့္ ေန႕စဥ္ ေလ့က်င့္ခန္းလုပ္သင့္၏ ။
သင္၏အဂၤလိပ္ေမြးသကၠရာဇ္တြင္
(9)ဂဏန္း ၃ လံုးႏွင့္ အထက္ပါသူမ်ား။
စိတ္စြမ္းအင္ေကာင္း၏ ။ သို႔ေသာ္ အလြန္ဆူပူ ေသာင္းၾကမ္း တတ္သည္။ အံ့ၾသေလာက္ေအာင္ စိတ္ဓာတ္ႏွင့္ ပတ္သက္၍ ခိုင္မာျပင္းထန္သူ မ်ားျဖစ္သည္။
Unicode
သင်၏ အင်္ဂလိပ် မွေးရက် မွေးလ မွေးနှစ် တို ့တွင် ပါ၀င်သော ဂဏန်းများ၏ သဘောသဘာဝကို ဖတ်ရှူလေ့လာနိုင်ပါသည်။ တူညီသော ဂဏန်း တလုံး နှစ်လုံး သုံးလုံး လေးလုံး စသည်ဖြင့် ပါ၀င်မှူအလျှောက် အကျိုးသက်ရောက်မူကို ဖတ်ရှူနိုင်ပါသည်။
(၁) ဂဏန်း
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(1)ဂဏန်း ၁ လုံးပါသူများ။
အရေးထက် အပြောပိုကောင်း၏ ။ သူတစ်ပါး၏ အမြင်ကို ဂရုမစိုက်တတ်။ စကားအလွန်သွက်၏ ။ ဤ သူမျိုး၏ စကားသည် ရင်ထဲကမလာ။ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(1)ဂဏန်း ၂ လုံးပါသူများ။(၁) လုံးပါသူ၏ အပြုအမူအားလုံး။ သူတစ်ပါး၏အမြင်ကို နားလည်တတ်သူဖြစ်၏ ။ သူတစ်ပါး၏ အပြုအမူကို အတုခိုး၏ ။ ဤအရည်အချင်းသည် ကောင်းမြတ်သောအရည်အချင်းဖြစ်၏ ။ မျှမျှတတပြုသူဖြစ်၏ ။ မှန်မှန်ကန်ကန် အရည်အချင်းကိုသုံးပါက အလွန်အကျိုးရှိ၏။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(1)ဂဏန်း ၃ လုံး ပါသူများ။
စကားလုံး၊ စာအရေးအသားသုံးသပ်မှု ကျွမ်းကျင်သော အရည်အချင်းရှိ၏ ။ လက်ခံစိတ်ဝင်စားနိုင်အောင် ရေးနိုင်၏ ။ စာရေးဆရာ၊ သတင်းစာဆရာများသည် ဤဂဏန်းရှင်များဖြစ်ကြ၏ ။ အချို့မှာ စကားပြော အလွန်ညံ့ခြင်း၊ မထိန်းမသိမ်း တတွတ်တွတ်ပြောတတ်သူများ တွေ့ရတတ်၏။ အခြေခံအားဖြင့် ဉာဏ်ကောင်းသူများ၊ ပျော်ရွှင်စွာနေတတ်သူများဖြစ်၏ ။ အထူးသဖြင့် မိမိနှင့် ဘဝတူသူကိုသာ ပေါင်းသင့်၏ ။ ။
(၁) ဂဏန်း ၄ လုံးနှင့်အထက် ပါသူများ
ရုပ်ရောစိတ်ပါလုပ်တတ်ခြင်း၊ အနားမယူတတ်ခြင်း၊ အတွေးမြန်ဆန်ခြင်း၊ ပြုမူအောင်ရွက်ချက်များ၊ မြန်ဆန်ခြင်းကြောင့် သူတစ်ပါး၏ အထင်လွဲခြင်းကို ခံရလေံရှိ၏ ။ (၁) ငါးလုံးအတွဲသည် အကြမ်းဖက်မှုကို လိုလား၏ ။ (၁) ဂဏန်းတွဲများသည် အစားမှား၍ အဆိပ်ဖြစ်တတ်၏ ။ စိတ်ထွက်ပေါက်တစ်ခုရှာထားလျှင် အောင်မြင်တတ်၏။ ရှာမထားလျှင် တစ်ကိုယ်ကောင်း ဆန်သူများ ဖြစ်သွားတတ်၏ ။ ပြင်ပ ဆက်ဆံရေး ညံ့တတ်၏ စိတ်လိုက်မာန်ပါနှင့် လုပ်လျှင် အောင်မြင်တတ်၏ ။
(၂) ဂဏန်း
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(2) ဂဏန်း ၁ လုံးပါသူများ။
လူတစ်ယောက်ကိုတွေ့လျှင် ထိုသူ၏ အခြေအနေမှန်ကိုသိအောင် စဉ်းစားနိုင်သူဖြစ်ခြင်း၊ မရိုးသားမှုကို ချက်ချင်းဖမ်းနိုင်သူဖြစ်၏ ။ ခံစားမှုပြင်းထန်၍ သမထအာရုံရရှိထားသူများဖြစ်တတ်၏ ။ စိတ်ကို ထိန်းချုပ်မှသာလျှင် ရုပ်ကိုမထိခိုက်နိုင်ဘဲ ရှိပေလိမ့်မည်။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(2)ဂဏန်း 2 လုံးပါသူများ။
အလွန်မြင့်သော အာရုံခံစားမှု ၊ သမထအာရုံနိုးကြားမှုများရှိ၏ ။ သမထအာရုံသည်သူတို့အတက်လည်းကောင်း၊ သူတစ်ပါးအတွက်လည်းကောင်း လွန်စွာအသုံးဝင်၏ ။ သူ၏အကျိုးကို ဆောင်ရွက်ပေးနေသူကိုပင်လျှင် သံသယရှိနေတတ်၏ ။ ၎င်းတို့၏ အပြုအမူများသည် အနီးကပ်နေသူများကို ထိခိုက်စေ၏ ။ သူတစ်ပါး၏ ပြဿနာတွင်ဝင်မပါရ ။ ပါလျှင် ရှင်းမရဖြစ်သွားတတ်၏ ။ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(2)ဂဏန်း ၃ လုံး နှင့်အထက်ပါသူများ။
ဘဝ၌ ရှုပ်ထွေးစေနိုင်ခြင်း၊ စိတ်မထိန်းနိုင် လုပ်လိုက်သောကြောင့် ကံဆိုးမိုးမှောင်ကျစေနိုင်၏ ။ စိတ်လိုက်မာန်ပါမလုပ်ရန် သတိပြုသင့်၏ ။ နှလုံးသားထိ မခံစားမိစေရန် အထူးလေ့ကျင့်ထားသင့်၏ ။ အထီးကျန်သမားများဖြစ်သွားတတ်၏ ။ ခံစားမှုပြင်းထန်သောကြောင့် ရုပ်ထိခိုက်နိုင်စေ၏ ။ အကြံပေးလိုသည်မှာ ဂီတကို လိုက်စားသင့်၏ ။ သို့မသာလျှင် ထွက်ပေါက်တစ်ခု ရရှိပေလိမ့်မည်။
(၃)ဂဏန်း
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(3)ဂဏန်း ၁ လုံးပါသူများ။
စိတ်ကူးအလွန်ကောင်းသူဖြစ်၏ ။ လက်တွ့အကောင်အထည်ဖော်ခဲ၏ ။ နေ့စဉ်လူနေမှုအခက်အခဲကို ရင်ဆိုင်နိုင်သူများ ၊ အကောင်းမြင်သမားများ၊ စိတ်ဓာတ်ကြံ့ခိုင်သူများ၊ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံသူကို ဘဝတစ်လျှောက်လုံး စောင့်ရှောက်သွားသူဖြစ်၏ ။ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(3)ဂဏန်း ၂ လုံးပါသူများ။
သူတစ်ပါးနှင့်မတူအောင်နေတတ်၏ ။ လူအများနှင့်ဆိုင်သော အလုပ်တစ်ခုကို ပြီးစီးအောင် လုပ်သွားတတ်ကြ၏ ။ အတွေးကို စကားလုံးနှင့်ဖော်ပြရာ၌ အလွန် ကောင်း၏ ။ စာရေးကောင်း၏ ။ လူမှုဆက်ဆံရေးတွင် တစ်ခါတရံ၌ အခက်အခဲရှိကြောင်း သဘောပေါက်သင့်၏ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(3)ဂဏန်း ၃ လုံး နှင့် အထက် ပါသူများ။
စိတ်ဓာတ်အားကောင်းသော်လည်း စိတ်ကူးရေလျင်ကြောတွင် နစ်မျောနေခြင်းမဖြစ်စေရန် သတိထားသင့် ၏ ။ ဗဟုသုတစုဆောင်းခြင်း၊ မိမိကိုယ်ကို အထင်ကြီးနေတတ်ခြင်း၊ စိတ်ကူးနှင့်ရူးနေတတ်သူများလည်းဖြစ်တတ်၏ ။ ကောင်းကင်ဆန်နေသူဖြစ်၏ ။ အကောင်းဆုံးမှာ ကောင်းကင်မှမြေကြီးသို့ အမြန်ဆင်းရန်ဖြစ်၏ ။
(၄)ဂဏန်း
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(4)ဂဏန်း ၁ လုံးပါသူများ။
လွန်စွာစည်းရုံးကောင်းသူဖြစ်၍ သူ့အနားတွင် လူများ ပတ်ပတ်လည်နေတတ်၏ ။ သူတစ်ပါး၏ အကြံကို လည်း လက်ခံတတ်၏ ။ လက်မှုပညာ ကျွမ်းကျင်၏ ။ ဂီတဓာတ်ခံပါရမီရှိ၏ ။ စိတ်ဓာတ်စိတ်ကောင်းရှိ၏ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(4)ဂဏန်း ၂ လုံးပါသူများ။
စည်းရုံးသိမ်းသွင်းနိုင်သော အရည်အချင်းရှိ၏ ။ အလုပ်တစ်ခုကိုစပြီးလျှင် ပြီးဆုံးအောင်လုပ်တတ်၏ ။ ၀ါသနာ ကြောင့်ပဲလုပ်လုပ်၊ အလုပ်သဘောပဲလုပ်လုပ် လက်မြောက်ကြသူများဖြစ်၏ ။ အနုပညာ၊ ပန်းပု၊ အိုးအလှ၊ ငွေထည်၊ သတ္တုလုပ်ငန်းလုပ်သူများအဖြစ်တွေ့ရ၏ ။ သူတို့နှင့်ဆက်ဆံရာတွင် တိတိကျကျလုပ်သင့်၏ ။ သူတို့ဘဝတွင် အကြပ်အတည်းနှင့်နေခဲ့ကြရ၏ ။ မသပ်မရပ်ဝတ်ဆင်လျှင် မတိကျသူဟု သတ်မှတ်ရမည်။ ၎င်းတို့အား ဖိနှိပ်ရန်ခက်ခဲ၏။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (4)ဂဏန်း ၃ လုံးပါသူများ။
စည်းရုံးရေးကောင်းများဖြစ်၏ ။ မည်သည့်အလုပ်ကိုဖြစ်စေ လုပ်လျှင် လက်မြောက်သည်။ သို့ရာတွင် ထိုအလုပ်ကို လုပ်ခဲ၏ ။ လက်မှုပညာ၊ ဂီတအရာ၌ ကျွမ်းကျင်၏ ။ ဘဝတွင် ထွက်ပေါက်အဖြစ် အနုယုဘဂီတကို လိုက် စားသင့်၏ ။ သို့မဟုတ်ပါက ခက်ထန်ကြမ်းတမ်းမည်။ စိတ်အားထက် ရုပ်အားကောင်းသူများဖြစ်၏ ။ ရှေးခေတ်က ကျေး ကျွန်းများကို ရိုက်နှက်ခိုင်းစေသူများ slave driver ဖြစ်ကြ၏ ။
(၅)ဂဏန်း
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(5)ဂဏန်း ၁ လုံးပါသူများ။
အားလုံးနှင့် သင့်မြတ်၏ ။ သူများ အလုပ်နှစ်ဆလုပ်နိုင်အောင် တွန်းပို့နိုင်၏။ လွတ်လပ်မှုကိုမြတ်နိုး၏ ။ အိမ်တွင်းရေးမသာယာမှုများ ကြုံမည်။ သူတစ်ပါး၏ ပြဿနာကို ဖြေရှင်းနိုင်သော်လည်း မိမိပြဿနာကို မဖြေရှင်းနိုင် သော ဂဏန်းပိုင်ရှင်ဖြစ်၏ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(5)ဂဏန်း ၂ လုံးပါသူများ။
( ၅ ) လုံးသမား၏ နှစ်ဆဖြစ်၏ ။ အရက်သေစာ၊ ဆေးစွဲတတ်ခြင်း၊ ကာမဂုဏ် လိုက်စားတတ်သည်။ စိတ်ပေါ့လက်ပေါ့နေတတ်၏ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(5)ဂဏန်း ၃လုံးနှင့် အထက် ပါသူများ။
ချူပ်ကိုက်ရန် အလွန်ခက်၏ ။ ဦးဆောင်သောသူလည်း ဖြစ်၏ ။ လိုချင်သောအရာကို ရအောင်ယူနိုင်၏ ။ ရေရှည်အတွက်သာ စဉ်းစားသင့်၏ ။ ခက်ခဲသောအလုပ်ကြီးကို လွယ် လွယ်ကူကူလုပ်နိုင်၏ ။ နဂိုအချစ်ထက အပိုအချစ်ကို ရှာတတ်၏ ။ အချစ်နှင့် အန္တရာယ်ကို ကြုံ တွေ့ရလေ့ရှိ၏ ။ အများ အားဖြင့် လူမုန်းများ၏ ။
(၆) ဂဏန်း
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(6)ဂဏန်း ၁ လုံးပါသူများ။
ပတ်ဝန်းကျင်နှင့် မိမိအိမ်ကို မြတ်နိုးတတ်သူများ၊ မိသားစုတာဝန်ကို ကျေပွန်သူများ၊ ကလေးနှင့် အသက် ကြီးရွယ်အိုးသူများအား တောင့်ရှောက်တတ်ကြ၏ ။ ၎င်းတို့အဖို့ အိမ်တွင်းရေး ပြဿနာများသည် ဒုက္ခတွေ့လှပြီဖြစ်၏ ။ မိဘအုပ်ထိန်းသူကောင်းများဖြစ်တတ်၏ ။ နောက်ဆုံး၌ အထီးကျန်များဖြစ်သွားတတ်၏ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(6)ဂဏန်း 2 လုံးပါသူများ။
အလွန်ချုပ်ချယ် သောမိဘမှမွေးဖွားလာပြီး ကိုယ်တိုင်မိဘဖြစ်သောအခါ သားသမီးကို ချုပ်ချယ်မည်။ သို့ရာတွင် မိသားစုနှင့် ဆန့်ကျင် ဘက်ဖြစ်၍ ထွက်ခွာသွားရတတ်၏ ။ ဘဝနေနည်းထိုင် နည်းနှင့် ပတ်သက်၍ မသိသူများဖြစ်၏ ။ စိတ်အလိုလိုက်မှု ကြောင့် ရုပ်ခန္ဓာဒုက္ခရောက်တတ်၏ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(6)ဂဏန်း ၃ လုံးနှင့် အထက် ပါသူများ။
စိုးရိမ်စိတ်လွန်၍ ဒုက္ခတွေ့တတ်၏ ။ အဆိုးဘက် တွေးတတ်၏ ။ မလိုအပ်ဘဲ ပြဿနာရှာတတ်၏ ။ ၀ါသနာပါရာ လုပ်ငန်းကို လုပ်သင့်၏ ။
(၇) ဂဏန်း
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(7)ဂဏန်း ၁ လုံးပါသူများ။
အစတေးခံသူများဖြစ်၏ ။ ပြဿနာကြံုတွေ့လျှင် ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယုံထားပါ။ ဘဝအတွ့ အကြံု များသည် ။ အတွေ့အကြံုများသည် ၎င်းတို့၏ ဆရာသမားများဖြစ်၏ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(7)ဂဏန်း ၂ လုံးပါသူများ။
ဘဝအခက်အခဲ မည်မျှကြီးမားသည် ဖြစ်စေ ဖြေရှင်းနိုင်မည်။ အတွင်းဓာတ်ခံ မနောစွမ်းအားကောင်း၏ ။ အခြေအနေကို အကွက်ရိုက်၍ အသုံးချတတ်၏ ။ ထို့ကြောင့် ရွှေသော့ကိုင်ထားသကဲ့သို့ အရာရာကို ဖွင့်နိုင်၏ ။ ဂီတဓာတ်ခံပါသူများဖြစ်သည်။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(7)ဂဏန်း ၃ လုံး နှင့်အထက် ပါသူများ။
တိုးတက်ဖြစ် ထွန်းမည်။ လောကီပညာကို အထူးစိတ်ဝင်းစား၏ ။ ကောင်းစွာစိတ်ကို ထိန်းသိမ်း၍ လိုက်စားပါက ပေါက်မြောက်သွား နိုင်သည်။ တစ်ခါတရံ၌ စိတ်ဓာတ်ကျသွားတတ်၏ ။ ထိန်းသိမ်းပါ။
(၈)ဂဏန်း
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(8)ဂဏန်း ၁ လုံးပါသူများ။
သပ်သပ်ရပ်ရပ်နှင့် စနစ်တကျ နေထိုင်တတ်ကြသူများဖြစ်၏ ။ အလုပ်ကို ပြီးဆုံးအောင် မလုပ်ဘဲ ထွက်သွားတတ်ကြ၏ ။ ထို့ကြောင့် ( ၈ ) တစ်လုံးသမားကို Rolling Stone ဟုခေါ်သည်။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(8)ဂဏန်း ၂ လုံးပါသူများ။
သူတစ်ပါးနှင့် ဆက် ဆံရာ၌ အာဏာသံမပါရန် ဂရုစိုက်ပါလေ ။ သူတစ်ပါးကို အယုံအကြည်နည်းသူများဖြစ်၏ ပတ်ဝန်းကျင်အပြောင်းအလဲ လွန်စွာလိုလား၏ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(8)ဂဏန်း ၃ လုံးနှင့် အထက်ပါသူများ။
လွန်စွာရှားပါးသော ဂဏန်းတွဲဖြစ်၏ ။ ငယ်စဉ်က ဘဝအပြောင်းအလဲများ၍ လူလတ်ပိုင်း တွင် တည်တည်ငြိမ်ငြိမ်ဖြစ်သွားတတ်သည်။ ငွေရှာသောလောကတွင် အောင်မြင်သူဖြစ်၏ ။ မှန်မှန်ကန်ကန်ဘဝတွင် လျှောက်သွားလျှင် အောင်မြင်နို်င်မည်။ ငြိမ်းချမ်းမှုကိုရရန် ခက်ခဲလှ၏ ။ အထူးဂရုစိုက်ပါ။
(၉) ဂဏန်း
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(9)ဂဏန်း ၁ လုံးပါသူများ။
အသစ်အဆန်းများ ရှာဖွေတတ်၏ ။ ရုပ်အားသန့်၏ ။ စိတ်အားဖြည့်လိုက်လျှင် အလွန်ထူးချွန်မည်။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(9)ဂဏန်း ၂ လုံးပါသူများ။
လွန်စွာကြီးမားသော စိတ်စွမ်းအားရှိသူများ၊ တစ်စုံတစ်ရာကို ထားခဲ့နိုင်မည့်သူများ၊ ပညာရှိများ၊ ဒဿနဆရာ များ ဖြစ်တတ်၏ ။ မည်သည့်အရာကို မည်သို့ဖြစ်မည်ကို မေးခွန်းထုတ်လေ့ရှိ၏ ။ အလွှာပေါင်းစုံမှလူများနှင့် ဆက်ဆံ တတ်၏ ။ စိတ်အားကို ချုပ်သုံးရသောကြောင့် နေ့စဉ် လေ့ကျင့်ခန်းလုပ်သင့်၏ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင်
(9)ဂဏန်း ၃ လုံးနှင့် အထက်ပါသူများ။
စိတ်စွမ်းအင်ကောင်း၏ ။ သို့သော် အလွန်ဆူပူ သောင်းကြမ်း တတ်သည်။ အံ့သြလောက်အောင် စိတ်ဓာတ်နှင့် ပတ်သက်၍ ခိုင်မာပြင်းထန်သူ များဖြစ်သည်။