top of page

Zawgyi

ေမထုန္ရာသီဖြားမ်ား၏ဘ၀သက္တာေဟာကိန္း
(၉၀% မွန္တယ္ဆိုရင္ Comments ေလးေပးခဲ့ပါ)

ျမန္မာလ နယုန္လတြင္ေမြးဖြားသူမ်ား(ႏွစ္စဥ္ ေမလ (၂၂)ရက္မွ ဇြန္လ
(၂၁)ရက္အတြင္းေမြးဖြားသူမ်ား) 

ဤရာသီခြင္သည္ (၁၂)လရာသီစက္၀န္း၏ တတိယေျမာက္ရာသီခြင္ျဖစ္၏။ ေကာင္းကင္မွ ၾကယ္ပြင့္မ်ား၏ ပံုသ႑ာန္တြင္ ေယာက္်ားပ်ိဳႏွင့္ မိန္းမပ်ိဳ ယွဥ္တြဲေနသည့္ ပံုသ႑ာန္ျဖစ္သည္။ ေမထုန္ရာသီဟုေခၚတြင္ၾက၏။

ဓါတ္သဘာ၀အားျဖင့္ ၀ါေယာဓါတ္အားေဆာင္၏။ ဓါတ္ဖိုျဖစ္၏။
ညဥ့္ရာသီဟု သတ္မွတ္ၾက၏။ ဗုဒၶဟူးၿဂိဳလ္ပိုင္စုိးေသာရာသီခြင္ျဖစ္သည္။ ႏွစ္စဥ္ ေမလ(၂၂)ရက္မွ ဇြန္လ (၂၁) ရက္အတြင္းေမြးဖြားသူမ်ားသည္ ေမထုန္ရာသီဖြားမ်ားျဖစ္၏။ ထုိသို႔ေမြးရက္အတိအက်မသိဘဲ (နယုန္လ)အတြင္း ေမြးဖြားသူမ်ား အားလံုးသည္လည္း ေမထုန္ရာသီဖြားမ်ားဟု တစ္ထစ္ခ်သတ္မွတ္ကာ ေအာက္ပါျဖစ္စဥ္မ်ားကို မွတ္သား၍ ေရွာင္သင့္ ေဆာင္သင့္ေပ၏။

ေမထုန္ရာသီဖြားမ်ား၏ ပင္ကိုယ္ သဘာ၀ႏွင့္ အက်င့္စ႐ိုက္ လကၡဏာမ်ား
ေမထုန္ရာသီဖြားမ်ားသည္ ဘာမဆိုစိတ္၀င္စားတတ္၏။ မိတ္ဖြဲ႕ေကာင္း၏။ အေပါင္းအသင္းအလြန္မက္၏။ အေပါင္းအေဖာ္ႏွင့္ေနရမွေပ်ာ္တတ္၏။စိတ္ထိခိုက္လြယ္၏။ အငမ္းမရျဖစ္တတ္၏။

တဇြတ္ထုိးလုပ္တတ္၏။ စိတ္ႏွစ္ခြရွိ၏။ ဘယ္ကိစၥမဆုိ စိတ္ဒြိဟႏွင့္
ဆံုးျဖတ္ရခက္ေနတတ္၏။ သို႔ေသာ္ အသိÓဏ္ထက္ျမက္ၾက၏။
ေယာက္်ားပီသေသာ စိတ္ဓါတ္ရွိ၏။ ေမထုန္ရာသီဖြားမ်ား အမ်ိဳးသမီးမ်ားမွာလည္း ထက္ျမက္ၾက၏။ ေယာက္်ားဆန္၏။ မလိမ္တတ္ မညာတတ္။ ဘယ္အခက္အခဲမ်ိဳးကိုမွ ေနာက္မဆုတ္တတ္။

လြတ္လပ္မႈကိုျမတ္ႏိုး၏။ စည္းကမ္း၊ ေဘာင္တို႔ကို လံုး၀မႀကိဳက္၊
အထုူးလြတ္လပ္လုိ၏။ ေငြကိုျပင္းထန္စြာရွာတတ္၏။ ေလာင္းကစားဘက္

ေရာက္သြားတတ္၏။ သူေ႒းျဖစ္ ေခြးျဖစ္ႀကံတတ္၏။ သံုးစရာရွိက

သံုးပစ္တတ္၏။ ကုန္သြားကလည္း မႏွေျမာတတ္။ ေရႊတစ္ေန႔
ေငြတစ္ေန႔ျဖစ္၏။ ေမထုန္ရာသီဖြားတုိ႔သည္ ေလာဘႀကီးတတ္၏။
အေတြးအေခၚÓဏ္ထက္သေလာက္ အစြန္းေရာက္တတ္၏။

အျပဳသမားျဖစ္လွ်င္လည္း သူမ်ားထက္ပို၍ ထူးျခားစြာအမ်ားေကာင္းက်ိဳး
ေဆာင္ရြက္တတ္၏။ အျပဳသမားမျဖစ္က အဖ်က္သမားႀကီးျဖစ္တတ္၏။
ေလာင္းကစားမႈကို အထံု၀ါသနာ အစြဲႀကီးစြာ ပါလာတတ္ၿပီး
တစ္ခ်ီေကာင္းပြေပါက္ၾကံတတ္၏။ သစ္လြင္ေတာက္ပမႈ၊ သန္႔ရွင္းသန္႔ရပ္မႈကို ႏွစ္သက္၏။ သူတစ္ပါးအေပၚ အယံုအၾကည္နည္းပါး၏။ အၿမဲတမ္း စ႐ုိက္ႏွစ္မ်ိဳးျဖစ္ေနတတ္၏။

ဘာသာေရးတြင္ ပါရမီထူးတတ္ၿပီး အနာဂတ္ကို ႀကိဳတင္ေဟာကိန္းထုတ္ႏိုင္စြမ္းေသာ ပါရမီထူးရွိ၏။ စိတ္ျမန္၊ ကိုယ္ျမန္ရွိ၏။ သူတစ္ပါးမေတြးေသာ႐ႈေထာင့္မွ ထူးျခားထက္ျမက္စြာ ေတြးတတ္ၿပီး ခ်က္ခ်င္းထလုပ္တတ္၏။ အေပၚယံသိမ္ေမြ႕သေလာက္ အတြင္းစိတ္မာေၾကာခိုင္ခန္႔၏။ မဟုတ္မခံမာနႀကီး၏။ သူတစ္ပါးတို႔အတြက္ ျပႆနာ၊ အခက္အခဲမ်ားရင္ဆိုင္ရျခင္းမ်ိဳး မၾကာခဏ ႀကံဳတတ္၏။ စိတ္ျမန္ကိုယ္ျမန္လုပ္ျခင္းကို အၿမဲေရွာင္ပါ။

ေမထုန္ရာသီဖြားတုိ႔သည္ အေဖာ္အေပါင္းကို ႏွစ္သက္ေသာ္ျငား
သူတစ္ပါးတုိ႔အေပၚတြင္ သံသယစိတ္၊ မယံုၾကည္ေသာစိတ္ေၾကာင့္
တစ္ကိုယ္တည္း အထီးက်န္စြာေနတတ္၏။ အလုပ္တစ္ခု မၿပီးစီးမီေနာက္ထပ္တစ္ခုကို ေရြးခ်ယ္ရန္ ေပၚလာတတ္၏။

သူတစ္ပါးအေပၚ အလြယ္တကူ မယံုတတ္ေသာ္လည္း ယံုမိၿပီဆိုက
ထုိသူေျပာသမွ် အမွားကိုပင္ အမွန္ထင္ကာ ယံုတတ္၏။ ကိစၥတစ္ခုျဖစ္လာက အနီးကပ္လူေျပာသမွ် ယံုမိတတ္၏။ဘ၀တြင္ ကိုယ္က်ိဳးသက္သက္ 
မၾကည့္၊ စိတ္လုိက္မာန္ပါ ထင္ရာစိုင္းတတ္ျခင္း၊ အမ်ားအတြက္ ေဆာင္ရြက္ႏိုင္ျခင္းတို႔သည္ ေမထုန္ရာသီဖြားတို႔၏ သဘာ၀မ်ားသာျဖစ္၏။

ေမထုန္ရာသီဖြား၏ အခ်စ္ေရး(အိမ္ေထာင္ေရးႏွင့္ ဘ၀တည္ေဆာက္မႈမ်ား)
ေမထုန္ရာသီဖြားတို႔သည္ အလွအပမက္၏။ အေပ်ာ္အပါးမက္၏။
အခ်စ္ေရးတြင္ အ႐ူးအမူးခ်စ္တတ္ၾက၏။ အေျပာင္းအလဲျမန္တတ္ၾက၏။
ေမထုန္ရာသီဖြား မိန္းကေလးမ်ားသည္ အခ်စ္ကို ကစားသဖြယ္ သေဘာထားၾက၏။ မ်က္ႏွာမ်ားတတ္ၾက၏။ အခ်စ္ေရးတြင္ လိမၼာပါးနပ္စြာျဖင့္ 
အခ်စ္ဇာတ္လမ္းမ်ား ဖန္တီးတတ္ၾက၏။ ထုိ႔ေၾကာင့္ အခ်စ္ေရး၊ အိမ္ေထာင္ေရးသာယာၿပီးမွ မထင္မွတ္ဘဲ ကြဲတတ္ၾကရ၏။

သို႔ေသာ္ ေမထုန္ရာသီဖြားအမ်ားစုသည္ တကယ္ခ်စ္မိကဘာမွ မျမင္ေလာင္ေအာင္ ခ်စ္တတ္ၾက၏။ အႏုပညာ၀ါသနာႀကီးၿပီး
ဘ၀ကို စိတ္ကူးယဥ္ဆန္စြာ လႈပ္ရွားတတ္၏။ ေမထုန္ရာသီဖြားမ်ားသည္
ပတ္၀န္းက်င္ကို ဆြဲေဆာင္ႏိုင္ဖို႔ အၿမဲႀကိဳးစားေနတတ္ၾက၏။
ထံုးတမ္းစဥ္လာတုိ႔ကို သိပ္လက္မခံၾက။ လြပ္လပ္စြာ၊ ေပ်ာ္ရႊင္စြာ
ေနထုိင္ၾက၏။ ေခတ္မီေသာ အေတြးအေခၚတို႔ႏွင့္ ေခတ္မီစြာ
က်င့္သံုးတတ္၏။ 

ခ်စ္လုိက္ မုန္းလုိက္ႏွင့္ နားလည္ရအလြန္ခက္၏။ စကားတတ္၏။ လွ်ိဳ႕၀ွက္သိပ္သည္းစြာ ေျပာဆုိတတ္၏။ တစ္ခါတစ္ရံ အံု႔ပုန္းခ်စ္ႏွင့္ ခ်စ္ေနတတ္၏။ ေမထုန္ဖြား အမ်ိဳးသားေကာ၊ အမ်ိဳးသမီးမ်ားပါ အိမ္ေထာင္ျပဳၿပီးမွ ေျခၿငိမ္တတ္၏။ အခ်ိဳ႔ အမ်ိဳးသမီးတို႔မွာ အိမ္ေထာင္ျပဳၿပီးသည္အထိ အိမ္ေထာင္ရွင္မဆန္ဘဲ၊ အလွအပ အေပ်ာ္မက္ေနတတ္ေသး၏။ ေမထုန္ဖြားအားလံုး
ကိုယ့္ကိုဦးေဆာင္ႏိုင္မည့္၊ ၫႊန္ၾကားႏိုင္မည့္ အိမ္ေထာင္ဖက္ကိုသာ
ေရြးခ်ယ္သင့္ၾက၏။

ေမထုန္ရာသီဖြားတို႔၏ အလုပ္အကိုင္ႏွင့္ စီးပြားေရး အေနအထားမ်ား
ေမထုန္ရာသီဖြားတို႔၏ ထူးျခားခ်က္မွာ ဘ၀အစကတည္းက အေၾကာင္းေၾကာင္းေၾကာင့္ အထီးက်န္ဆန္ေသာ ခံစားမႈရွိေနခဲ့တတ္ၾက၏။ သို႔ေသာ္ ဘ၀အစကတည္းက ျပည့္စံုမႈ၊ၾကြယ္၀မႈတုိ႔ ျဖစ္ေနတတ္ၾက၏။ ဘ၀တူလူတန္းစားထဲတြင္ေမထုန္ဖြားတို႔သည္ ျပည့္စံုသူမ်ားျဖစ္တတ္ၾက၏။ ညာဏ္ထက္ျခင္း၊ ဇြဲေကာင္းျခင္းတုိ႔ႏွင့္အတူ သာမန္သူတို႔ထက္ပို၍ စြမ္းရည္ျပည့္၀ေနတတ္၏။ သူတစ္ပါးတို႔ထက္ႏွစ္ဆပို၍စြမ္းေဆာင္ႏိုင္ၾက၏။ စိတ္ဒိြဟျဖစ္ျခင္း၊ အလုပ္အမ်ိဳးမ်ိဳးေျပာင္းလုပ္ျခင္း၊ အလုပ္ႏွစ္ခု ၿပိဳင္တူလုပ္ျခင္း
ဆင္ျခင္သင့္၏။ သူတစ္ပါးအေပၚ သံသယႀကီးသေလာက္ ယံုမိလွ်င္
ပံုအပ္ျခင္းေရွာင္သင့္၏။ ထင္ရာဇြတ္လုပ္ျခင္း ေရွာင္သင့္၏။

ကိုယ့္ဒူးကိုယ္ခြၽန္ ေအာင္ျမင္မည္။ လူမ်ိဳးျခားတို႔ႏွင့္ ဆက္စပ္၊
ဆက္စပ္ၿပီးေအာင္ျမင္တတ္၏။ ဘ၀တြင္ ခက္ခဲစြာ ႐ုန္းကန္ယူရမည္
ဟူေသာ လြဲမွားသည့္ အေတြးမ်ားကို ဖယ္ထားပါ။ လြတ္လပ္ေပါ့ပါးစြာ
ယံုၾကည္စိတ္ျဖင့္လုပ္ရင္း လြယ္ကူစြာေအာင္ျမင္တတ္ၾက၏။

လက္လြယ္ျခင္း၊ လက္ဖြာျခင္းေရွာင္ပါ။ ေလာင္းကစားႏွင့္
ျဖတ္လမ္းစီးပြားမွန္သမွ်ေရွာင္ပါ။ အလုပ္ႏွစ္ခု တြဲလုပ္ရမည္။
ပိုင္ပိုင္ႏိုင္ႏိုင္ ေရြးခ်ယ္ၿပီးမွလုပ္ပါ။ ေငြရွာ၍လြယ္မည္။
ဖက္စပ္လုပ္ငန္းေကာင္းက်ိဳးေပးမည္။ လုပ္ငန္းတစ္ခု မၿပီးျပတ္မီ
အျခားလုပ္ငန္းတစ္ခုလုပ္ရန္ အေျခအေနမ်ိဳး မၾကာခဏၾကံဳမည္။
သတိျပဳပါ။ ဘ၀တြင္ အတက္အက်မ်ားစြာ ၾကံဳတတ္၏။ ကုမၸဏီအလုပ္၊

မန္ေနဂ်ာအလုပ္၊ ဖက္စပ္လုပ္ငန္း၊ အ၀တ္အထည္လုပ္ငန္း၊
ေတးသံသြင္းဆိုင္၊ အႏုပညာလုပ္ငန္းမ်ား၊ စာေပ၊ ဂ်ာနယ္၊
သတင္းေထာက္အလုပ္မ်ား အထူးေကာင္းက်ိဳးေပးတတ္၏။ အထူးမွာ
ေမထုန္ဖြားတို႔သည္ အတတ္ပညာတစ္ခု ထူးခႊၽန္ကာ ႏိုင္ငံျခားအထိ
ေရာက္ရွိတိုးတက္သြားတတ္၏။ ဘာမဆိုျပတ္သားစြာ ေရြးခ်ယ္သင့္၏။
လိုက္နာသင့္ေသာသူ၏ အၾကံÓဏ္ကို မာနကင္းစြာ အၾကံယူလုိက္နာသင့္၏။ မနာလုိမႈ၊ ေ၀ဖန္မႈမ်ား အၿမဲသည္းခံပါ။ေခါင္းမမာပဲ တည္ၾကည္စြာ ႀကိဳးစားပါ။ အထူးေအာင္ျမင္သြားပါအံ့။ ထုိ႔အျပင္ ေမထုန္ရာသီဖြားတို႔သည္ ၀ါသနာပါ၍ ေဆးပညာလုိက္စားခဲ့ပါက မ်က္စိ၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းေရာဂါ၊ ခြဲစိပ္ပါရဂူႀကီးမ်ားျဖစ္တတ္ေလ၏။ စာေရးဆရာဘက္တြင္
အခ်စ္ရသစာေပျဖင့္ အထူးေအာင္ျမင္ႏိုင္၏။ မည္သို႔ပင္ျဖစ္ေစေမထုန္ရာသီဖြားအမ်ားစုသည္ မည္သည့္လုပ္ငန္းပဲ လုပ္လုပ္ လြယ္ကူစြာျဖင့္ 
စီးပြားျဖစ္ထြန္းသူမ်ားသာျဖစ္တတ္ေခ်၏။

ေငြကံပြင့္သူမ်ားဟု ဆိုရမည္သာျဖစ္ေခ်၏။
ေမထုန္ရာသီဖြားတို႔၏ ဘ၀တစ္သက္တာ က်န္းမာေရးအေနအထားမ်ား
ေမထုန္ရာသီဖြားတို႔သည္ က်န္းမာေရးႏွင့္ပတ္သက္၍

အထူးသတိျပဳသင့္သည္မွာ ဘာေရာဂါမွမျဖစ္ေသးဘဲ
အထူးစုိးရိမ္ေနတတ္ျခင္းပင္ျဖစ္၏။ သို႔ေသာ္ တစ္ခါတစ္ရံတြင္
ထင္သလုိျပဳမူေနထုိင္ျခင္း၊ အေပ်ာ္အပါး၊ေလာင္းကစားဘက္တြင္မ်ားျခင္းတို႔ေၾကာင့္ က်န္းမာေရးထိခိုက္တတ္၏။

အထူးသျဖင့္ အေတြးလြန္သျဖင့္ အိပ္မေပ်ာ္ေသာေရာဂါ ရတတ္၏။
၀မ္းဗိုက္ႏွင့္ အူလမ္းေၾကာင္းတြင္ ေရာဂါရတတ္၏။ ေသြးလံုးေလလံုးေရာဂါ ရတတ္၏။ ထုိ႔အျပင္ လည္ပင္းအက်ိတ္ေရာဂါႏွင့္ဦးေႏွာက္အာ႐ံုေၾကာေရာဂါတို႔ျဖစ္တတ္၏။ သို႔ေသာ္ေမထုန္ရာသီဖြားတို႔သည္ ေရာဂါႀကီးႀကီးမားမား ျဖစ္ခဲပါသည္။ က်န္းမာေရးအတြက္ ေမထုန္ရာသီဖြားအားလံုးတို႔သည္
အသက္႐ူေလ့က်င့္ခန္း(အာနာပါနကို အျမဲတမ္း ျပဳလုပ္သြားသင့္၏။

မုန္လာ၊ ေပါင္မုန္၊ ေကြကာအုပ္တို႔ကို ဓါတ္စာအျဖစ္
မျပတ္စားေသာက္ေပးသင့္၏။ အထူးသျဖင့္ သစ္ခ်သီး၊ မင္းဂြတ္သီး
စေသာ အခြံမာေသာအသီးမ်ားကို မ်ားမ်ားစားေသာက္ေပးျခင္းျဖင့္
က်န္းမာရႊင္လန္းေနတတ္ၾကေပသည္။ ေမထုန္ဖြားတို႔သည္ အစားအေသာက္က်ဴးျခင္းကိုေတာ့ ဆင္ျခင္သင့္၏။

ေမထုန္ဖြားတို႔၏ ဘ၀သက္တာအတြက္ သတိျပဳစရာ ေဘးဥပါဒ္
အႏၲရာယ္မ်ား

ေမထုန္ရာသီဖြားတို႔သည္ သဘာ၀ႏၲရာယ္အားျဖင့္ ေျမၿပိဳျခင္း၊
ေတာင္ၿပိဳျခင္း၊ တြင္းၿပိဳျခင္း၊ ႐ုတ္တရက္ သစ္ပင္ သစ္ကိုင္းပိျခင္းတို႔
ခံရတတ္၏။ ခံရတတ္သည္ဆိုေသာ္လည္း ေမထုန္ရာသီဖြားအားလံုး
ဤသို႔ျဖစ္တတ္သည္ဟု မဆုိလုိပါ။ ေမထုန္ရာသီဖြားတို႔အနက္
ထုိသို႔ေရေျမသဘာ၀ ေတာေတာင္တြင္ ေနထုိင္သူမ်ား၊ ထုိသို႔ေသာ
အေနအထားမ်ားသို႔သြားလာ လုပ္ကိုင္ရသူမ်ားသည္

အျခားရာသီဖြားတို႔ထက္ ပိုၿပီးသတိရွိရန္သာ ဆိုလုိသည္။ ဥပမာ-
ေမထုန္ဖြားတို႔အနက္ ေက်ာက္တူးျခင္း၊ ေရႊတူးျခင္း၊ သဲက်င္းတူးျခင္း၊
သစ္လုပ္ငန္းလုပ္ငျခင္း စသည္ျဖင့္ ဆက္စပ္ေနသူမ်ားသတိ၀ီရိယထားဆင္ျခင္ရန္မွ်သာျဖစ္၏။

ေမထုန္ရာသီဖြားတို႕၏ ဘ၀ကံၾကမၼာ အနိမ့္အျမင့္ အေျခအေနမ်ား
ေမထုန္ရာသီဖြားတို႔သည္ အမ်ားအားျဖင့္ စိတ္အတက္အက်ျမန္၏။
တစ္ခ်ီေကာင္း ပြေပါက္ႀကံတတ္သည္။ ယံုၾကည္ရာ စြတ္လုပ္တတ္၏။
ထို႔ေၾကာင့္ ထိုသူတို႔၏ ဘ၀သည္လည္း အတက္အက်ျမန္၏။ ေရႊတစ္ေန႔
ေငြတစ္ေန႔ျဖစ္ေနတတ္၏။ 

အိမ္ေထာင္ေရးတြင္လည္း သာယာေနၿပီးမွ ႐ုတ္တရက္ ၿပိဳကြဲသြားတတ္၏။ အေျပာင္းအလဲျမန္၏။ ဆန္းသစ္မႈကို လိုလား၏။ ေခါင္းမာစြာ တဇြတ္ထိုးလုပ္တတ္၏။ သူတစ္ပါးအတြက္လည္း စြန္႔လႊတ္ရဲ၏။ ကိုယ္တုိင္လည္း စြန္႔လႊတ္ရဲ၏။ ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ မွန္ရာကိုေျပာတတ္၊ လုပ္တတ္လြန္းသျဖင့္ အက်ိဳးစီးပြား ထိခိုက္တတ္၏။ ေငြေၾကးအထူးကံေကာင္းတတ္၏။ မထင္မွတ္ေသာ အေမြအႏွစ္၊ ထီေပါက္စေသာ ပြေပါက္မ်ားႀကံဳၿပီး ထိပ္သို႔ေရာက္သြားတတ္၏။ အသင္းအဖြဲ႕၊ ကုမၸဏီတို႔တြင္ေနရာေကာင္းရသြားၿပီးႀကီးပြားသြားတတ္၏။

ေမထုန္ရာသီဖြားအမ်ားစုသည္ မိဘ၊ ေဆြမ်ိဳး အေထာက္အပံ့ရမႈနည္းတတ္ၿပီး ကိုယ္ထူးကိုယ္ခြၽန္ရပ္တည္ေအာင္ျမင္တတ္ၾကသည္။ ေဆြမ်ိဳးမ်ားထက္
သူတစိမ္း၊ လူမ်ိဳးျခားေကာင္းက်ိဳးခံစားရၿပီး ႀကီးပြားတတ္၏။ အသက္
(၂၀)၊ (၂၅)၊ (၂၈)၊ (၃၀)၊ (၃၃)၊ (၃၇)၊ (၄၀)၊ (၄၅)၊ (၅၀)၊ (၅၅)၊ (၆၀)၊
(၆၃) ႏွစ္မ်ားတြင္ ဘ၀တိုးတက္မႈ အခြင့္အလမ္းမ်ား ၾကံဳတတ္၏။

သို႔ေသာ္ ေမထုန္ဖြားတို႔၏ဘ၀တြင္ သူတစ္ပါးတို႔၏ မနာလုိမႈ၊ ေ၀ဖန္မႈ၊
တိုက္ခိုက္မႈတို႔ကို မၾကာခဏခံရတတ္၏။ ခ်ီးမြမ္းမႈထက္
ကဲ့ရဲ႕မႈျပဳလုိသူမ်ားသာ မ်ား၏။ အသက္(၂၁)ႏွင့္ (၃၀)တို႔တြင္
မထင္မွတ္ေသာ အခိုက္အညံ့ ၀င္တတ္၏။ အသက္(၂၆)တြင္
ေရာဂါႀကီးမားစြာ ရတတ္၏။ အသက္(၇၂)တြင္ က်န္းမာေရး
အထူးဂ႐ုျပဳသင့္သည္ အမ်ားေကာင္းက်ိဳး၊ မိဘေဆြမ်ဳိးေကာင္းက်ိဳး
ေဆာင္ရြက္၍ ကိုယ့္ဘ၀တိုးတက္တတ္၏။ 

ယခုတင္ျပခဲ့သည္မ်ားမွာေယဘုယ်မွ်သာျဖစ္ေသာ္လည္း ထုိႏွစ္မ်ားကိုမူ သတိျပဳသင့္လွေပ၏။

ဘ၀တုိးတက္ေအာင္ျမင္ေစရန္ လိုက္နာက်င့္သံုးဖြယ္ရာမ်ားႏွင့္ အေဆာင္၊ အေရာင္မ်ား

ေမထုန္ရာသီဖြားတို႔သည္ ႐ိုး႐ုိးရွင္းရွင္းေနထုိင္ျခင္းျဖင့္ သူတစ္ပါးတို႔ကို
လႊမ္းမိုးဆြဲေဆာင္ႏိုင္စြမ္းရွိၾကသည္။ လူအမ်ားၾကားတြင္ ထင္ေပၚေသာ
မူဟန္ရွိသူမ်ားျဖစ္ၾက၏။ လည္တုိင္ႏွင့္ ပခံုး၊ လက္ေမာင္းတို႔သည္
သူမတူေအာင္ တင့္တယ္လွပတတ္၏။ ထက္ျမက္ေသာစ႐ုိက္၊
ႏြဲ႕ေႏွာင္းေသာ မူဟန္တို႔ျဖင့္ ၫႈိ႔ဓါတ္အားေကာင္းတတ္ၾက၏။
႐ိုး႐ုိးရွင္းရွင္းႏွင့္ တည္ၿငိမ္ခန္႔ျငားစြာ ေနထုိင္၊ ၀တ္ဆင္၊ေျပာဆုိေပးျခင္းျဖင့္ ထူးျခားေသာည ေအာင္ျမင္မႈမ်ားရတတ္၏။

ဆန္းျပား ႐ႈပ္ေထြးမႈမ်ားကို ေရွာင္ပါ။ အထူးသျဖင့္ ေမထုန္ဖြား အမ်ိဳးသမီးမ်ား ေယာက္်ား၀တ္ ရွပ္အက်ႌ၊ ေဘာင္းဘီတို႔ႏွင့္ အလြန္လုိက္ဖက္တတ္၏။ မ်က္လံုး၊ မ်က္ခံုး၊ ႏွာတံ၊ ႏႈတ္ခမ္းႏွင့္တကြ နဖူးျပင္ပါ တင့္တယ္တတ္၏။ အားပါးတရရယ္ေမာျခင္း၊

ေျခလက္လႈပ္ရွားေျပာဆုိျခင္း ေရွာင္ပါ။ ဘြင္းဘြင္းႏွင့္ ေျဗာင္က်က်
ေျပာဆုိျခင္း ေရွာင္ပါ။ အပြင့္ေသး၊ အကြက္ေသး၊ ေျဗာင္အေရာင္
အ၀တ္အစားမ်ား၊ ေသးမွ်င္ေသာ ဆြဲႀကိဳး၊ လက္စြပ္နည္းနည္းသာ
၀တ္ျခင္းတို႔ျပဳပါ။ ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳး စိတ္အေျပာင္းအလဲျမန္ျခင္း ေရွာင္ပါ။ လူတစ္ေယာက္တည္းႏွင့္ႏွစ္ေယာက္စာ စြမ္းေဆာင္ႏိုင္ေသာ စြမ္းရည္ရွိ၏။ အထူးႀကိဳးစားပါ။ျဖတ္လမ္းစီးပြားေရွာင္ပါ။ ေမထုန္ဖြားတို႔သည္

အေပါင္းအေဖာ္မက္ေမာေသာ္လည္း အေျခအေနအရ တစ္ေယာက္တည္းေနရေသာ အခါမ်ိဳးတြင္လည္း ပင္ပန္းစြာ ႐ုန္းကန္၍ တုိက္ခိုက္ေျပာဆုိ၍ ရင္ဆုိင္မည္ဆိုေသာ ရန္လိုစိတ္ပယ္ပါ။ေအးေအးေဆးေဆးပဲဟု သေဘာထား၍လုပ္ပါ။ မယံုသကၤာစိတ္၊ စိတ္အားငယ္စိတ္တို႔ကို ပယ္ပါ။ ဘယ္ကိစၥမဆို ရဲရဲ၀ံ့၀ံ့ႏွင့္ေအးေဆးတည္ၿငိမ္စြာ ေျပာဆိုေျဖရွင္းပါ။ လုပ္ကိုင္ျပဳမူပါ။

အထူးသျဖင့္ ေမထုန္ဖြားတို႔သည္ အျဖဴေရာင္၊ ေငြေရာင္၊ အ၀ါႏုေရာင္၊
ဆင္စြယ္ေရာင္တို႔ကို အထူးေဆာင္ပါ။ အနက္၊ အညိဳ ေရွာင္ပါ။ စိန္ကို
ပလက္တီနႏွင့္ကြင္းၿပီး လက္စြပ္၀တ္ပါ။ ေမထုန္ဖြား အမ်ိဳးသမီး၊
အမ်ိဳးသားအားလံုး ပလက္တီနမ္ႏွင့္ျဖစ္ေစ၊ ေရႊႏွင့္ျဖစ္ေစ စိန္ကို
လက္စြပ္ကြင္းၿပီး လက္ခလယ္တြင္ ၀တ္ဆင္ထားပါ။ ေက်ာက္အျဖဴ၊
အ၀ါကိုလည္း ၀တ္ႏိုင္၏။ ထုိ႔အျပင္ လက္သူ<ကယ္တြင္လည္း
၀တ္ႏိုင္၏။ ေရႊသက္သက္ထက္ ေရႊအခံတြင္ ပလက္တီနမ္ အနားကြပ္၍
လက္စြပ္ကြင္း၀တ္ပါ။ ေသးမွ်င္ေသာ ေရႊဆြဲႀကိဳး၊ ရင္ထိုး၊
နားကပ္တို႔ကိုလည္း ၀တ္ႏိုင္၏။ ပလက္တီနမ္ျဖင့္ ျပဳလုပ္ေသာ
လိပ္ျပာရင္ထုိးကေလး ေဆာင္ႏိုင္၏။ ေမထုန္ဖြားအမ်ိဳးသားမ်ား
ေၾကာင္ေက်ာက္ကို ေရႊႏွင့္ကြင္းၿပီး လက္ၫိႈးတြင္ ၀တ္ဆင္ထားပါ။
ႏွင္းဆီပန္းကို အထူးေဆာင္ႏိုင္၏။ ႏွင္းဆီပန္းအ၀ါ၊ အျဖဴလာဘ္ေကာင္း၏။ 

ဗုဒၶဟူးေန႔တြင္ စတင္ေဆာင္ရြက္ႏိုင္၏။ (၂၊ ၅၊ ၆၊ ၉) ဂဏန္းမ်ား ေကာင္းက်ိဳးေပး၏။ (၅) ဂဏန္း အေကာင္းဆံုးျဖစ္၏။

ႏွစ္စဥ္ စက္တင္ဘာ(၂၁)မွ ေအာက္တိုဘာ(၂၀) အတြင္း၊ ေဖေဖာ္၀ါရီ
(၂၂)မွ မတ္(၂၀)အတြင္း၊ မတ္(၂၁)မွ ဧၿပီ(၁၉)အတြင္း လုပ္ငန္းစတင္ျခင္း၊ ထီထိုးျခင္းမ်ား ျပဳသင့္၏။ အေရာင္ႏုမ်ားကိုသာ ဦးစားေပးသင့္၏။ အႏွစ္ခ်ဳပ္ဆိုရေသာ္ ေမထုန္ရာသီဖြားတို႔သည္ အေပ်ာ္အပါး ေလာင္းကစား အထူးေရွာင္ျခင္း၊ ဌာနစြဲ လူမ်ိဳး၀ါဒစြဲေရွာင္ျခင္း၊ သူတစ္ပါးေက်းဇူး သိတတ္ျခင္း၊ သူတစ္ပါးစကား အလြယ္တကူမယံုျခင္း၊ အရြဲ႕တိုက္ စြတ္လုပ္ျခင္းကို ေရွာင္ျခင္း၊ အေရးတႀကီးကိစၥတို႔ ေဆာင္ရြက္ကာနီးတိုင္း အားကိုးထုိက္သူ၏
အၾကံညာဏ္ကို ေလးေလးနက္နက္ ခံယူျခင္းတို႔ျဖင့္ ကိုယ္ပိုင္ အသိပညာ၊
အတတ္ပညာတို႔ကို ထိထိမိမိသံုးစြဲကာ အထြတ္အထိပ္ေရာက္ေအာင္
ေအာင္ျမင္မႈ၊ ႀကီးပြားမႈတို႔ကို ရယူႏိုင္မည္ ျဖစ္ေပသတည္း။

Posted by yanshin

Unicode

မေထုန်ရာသီဖွားများ၏ဘဝသက်တာဟောကိန်း
(၉၀% မှန်တယ်ဆိုရင် Comments လေးပေးခဲ့ပါ)

မြန်မာလ နယုန်လတွင်မွေးဖွားသူများ(နှစ်စဉ် မေလ (၂၂)ရက်မှ ဇွန်လ
(၂၁)ရက်အတွင်းမွေးဖွားသူများ) 

ဤရာသီခွင်သည် (၁၂)လရာသီစက်ဝန်း၏ တတိယမြောက်ရာသီခွင်ဖြစ်၏။ ကောင်းကင်မှ ကြယ်ပွင့်များ၏ ပုံသဏ္ဍာန်တွင် ယောက်ျားပျိုနှင့် မိန်းမပျို ယှဉ်တွဲနေသည့် ပုံသဏ္ဍာန်ဖြစ်သည်။ မေထုန်ရာသီဟုခေါ်တွင်ကြ၏။

ဓါတ်သဘာဝအားဖြင့် ၀ါယောဓါတ်အားဆောင်၏။ ဓါတ်ဖိုဖြစ်၏။
ညဉ့်ရာသီဟု သတ်မှတ်ကြ၏။ ဗုဒ္ဓဟူးဂြိုလ်ပိုင်စိုးသောရာသီခွင်ဖြစ်သည်။ နှစ်စဉ် မေလ(၂၂)ရက်မှ ဇွန်လ (၂၁) ရက်အတွင်းမွေးဖွားသူများသည် မေထုန်ရာသီဖွားများဖြစ်၏။ ထိုသို့မွေးရက်အတိအကျမသိဘဲ (နယုန်လ)အတွင်း မွေးဖွားသူများ အားလုံးသည်လည်း မေထုန်ရာသီဖွားများဟု တစ်ထစ်ချသတ်မှတ်ကာ အောက်ပါဖြစ်စဉ်များကို မှတ်သား၍ ရှောင်သင့် ဆောင်သင့်ပေ၏။

မေထုန်ရာသီဖွားများ၏ ပင်ကိုယ် သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ
မေထုန်ရာသီဖွားများသည် ဘာမဆိုစိတ်ဝင်စားတတ်၏။ မိတ်ဖွဲ့ကောင်း၏။ အပေါင်းအသင်းအလွန်မက်၏။ အပေါင်းအဖော်နှင့်နေရမှပျော်တတ်၏။စိတ်ထိခိုက်လွယ်၏။ အငမ်းမရဖြစ်တတ်၏။

တဇွတ်ထိုးလုပ်တတ်၏။ စိတ်နှစ်ခွရှိ၏။ ဘယ်ကိစ္စမဆို စိတ်ဒွိဟနှင့်
ဆုံးဖြတ်ရခက်နေတတ်၏။ သို့သော် အသိÓဏ်ထက်မြက်ကြ၏။
ယောက်ျားပီသသော စိတ်ဓါတ်ရှိ၏။ မေထုန်ရာသီဖွားများ အမျိုးသမီးများမှာလည်း ထက်မြက်ကြ၏။ ယောက်ျားဆန်၏။ မလိမ်တတ် မညာတတ်။ ဘယ်အခက်အခဲမျိုးကိုမှ နောက်မဆုတ်တတ်။

လွတ်လပ်မှုကိုမြတ်နိုး၏။ စည်းကမ်း၊ ဘောင်တို့ကို လုံးဝမကြိုက်၊
အထုူးလွတ်လပ်လို၏။ ငွေကိုပြင်းထန်စွာရှာတတ်၏။ လောင်းကစားဘက်

ရောက်သွားတတ်၏။ သူဋ္ဌေးဖြစ် ခွေးဖြစ်ကြံတတ်၏။ သုံးစရာရှိက

သုံးပစ်တတ်၏။ ကုန်သွားကလည်း မနှမြောတတ်။ ရွှေတစ်နေ့
ငွေတစ်နေ့ဖြစ်၏။ မေထုန်ရာသီဖွားတို့သည် လောဘကြီးတတ်၏။
အတွေးအခေါ်Óဏ်ထက်သလောက် အစွန်းရောက်တတ်၏။

အပြုသမားဖြစ်လျှင်လည်း သူများထက်ပို၍ ထူးခြားစွာအများကောင်းကျိုး
ဆောင်ရွက်တတ်၏။ အပြုသမားမဖြစ်က အဖျက်သမားကြီးဖြစ်တတ်၏။
လောင်းကစားမှုကို အထုံဝါသနာ အစွဲကြီးစွာ ပါလာတတ်ပြီး
တစ်ချီကောင်းပွပေါက်ကြံတတ်၏။ သစ်လွင်တောက်ပမှု၊ သန့်ရှင်းသန့်ရပ်မှုကို နှစ်သက်၏။ သူတစ်ပါးအပေါ် အယုံအကြည်နည်းပါး၏။ အမြဲတမ်း စရိုက်နှစ်မျိုးဖြစ်နေတတ်၏။

ဘာသာရေးတွင် ပါရမီထူးတတ်ပြီး အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းသော ပါရမီထူးရှိ၏။ စိတ်မြန်၊ ကိုယ်မြန်ရှိ၏။ သူတစ်ပါးမတွေးသောရှုထောင့်မှ ထူးခြားထက်မြက်စွာ တွေးတတ်ပြီး ချက်ချင်းထလုပ်တတ်၏။ အပေါ်ယံသိမ်မွေ့သလောက် အတွင်းစိတ်မာကြောခိုင်ခန့်၏။ မဟုတ်မခံမာနကြီး၏။ သူတစ်ပါးတို့အတွက် ပြဿနာ၊ အခက်အခဲများရင်ဆိုင်ရခြင်းမျိုး မကြာခဏ ကြုံတတ်၏။ စိတ်မြန်ကိုယ်မြန်လုပ်ခြင်းကို အမြဲရှောင်ပါ။

မေထုန်ရာသီဖွားတို့သည် အဖော်အပေါင်းကို နှစ်သက်သော်ငြား
သူတစ်ပါးတို့အပေါ်တွင် သံသယစိတ်၊ မယုံကြည်သောစိတ်ကြောင့်
တစ်ကိုယ်တည်း အထီးကျန်စွာနေတတ်၏။ အလုပ်တစ်ခု မပြီးစီးမီနောက်ထပ်တစ်ခုကို ရွေးချယ်ရန် ပေါ်လာတတ်၏။

သူတစ်ပါးအပေါ် အလွယ်တကူ မယုံတတ်သော်လည်း ယုံမိပြီဆိုက
ထိုသူပြောသမျှ အမှားကိုပင် အမှန်ထင်ကာ ယုံတတ်၏။ ကိစ္စတစ်ခုဖြစ်လာက အနီးကပ်လူပြောသမျှ ယုံမိတတ်၏။ဘဝတွင် ကိုယ်ကျိုးသက်သက် 
မကြည့်၊ စိတ်လိုက်မာန်ပါ ထင်ရာစိုင်းတတ်ခြင်း၊ အများအတွက် ဆောင်ရွက်နိုင်ခြင်းတို့သည် မေထုန်ရာသီဖွားတို့၏ သဘာဝများသာဖြစ်၏။

မေထုန်ရာသီဖွား၏ အချစ်ရေး(အိမ်ထောင်ရေးနှင့် ဘဝတည်ဆောက်မှုများ)
မေထုန်ရာသီဖွားတို့သည် အလှအပမက်၏။ အပျော်အပါးမက်၏။
အချစ်ရေးတွင် အရူးအမူးချစ်တတ်ကြ၏။ အပြောင်းအလဲမြန်တတ်ကြ၏။
မေထုန်ရာသီဖွား မိန်းကလေးများသည် အချစ်ကို ကစားသဖွယ် သဘောထားကြ၏။ မျက်နှာများတတ်ကြ၏။ အချစ်ရေးတွင် လိမ္မာပါးနပ်စွာဖြင့် 
အချစ်ဇာတ်လမ်းများ ဖန်တီးတတ်ကြ၏။ ထို့ကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးသာယာပြီးမှ မထင်မှတ်ဘဲ ကွဲတတ်ကြရ၏။

သို့သော် မေထုန်ရာသီဖွားအများစုသည် တကယ်ချစ်မိကဘာမှ မမြင်လောင်အောင် ချစ်တတ်ကြ၏။ အနုပညာဝါသနာကြီးပြီး
ဘဝကို စိတ်ကူးယဉ်ဆန်စွာ လှုပ်ရှားတတ်၏။ မေထုန်ရာသီဖွားများသည်
ပတ်ဝန်းကျင်ကို ဆွဲဆောင်နိုင်ဖို့ အမြဲကြိုးစားနေတတ်ကြ၏။
ထုံးတမ်းစဉ်လာတို့ကို သိပ်လက်မခံကြ။ လွပ်လပ်စွာ၊ ပျော်ရွှင်စွာ
နေထိုင်ကြ၏။ ခေတ်မီသော အတွေးအခေါ်တို့နှင့် ခေတ်မီစွာ
ကျင့်သုံးတတ်၏။ 

ချစ်လိုက် မုန်းလိုက်နှင့် နားလည်ရအလွန်ခက်၏။ စကားတတ်၏။ လျှို့ဝှက်သိပ်သည်းစွာ ပြောဆိုတတ်၏။ တစ်ခါတစ်ရံ အုံ့ပုန်းချစ်နှင့် ချစ်နေတတ်၏။ မေထုန်ဖွား အမျိုးသားကော၊ အမျိုးသမီးများပါ အိမ်ထောင်ပြုပြီးမှ ခြေငြိမ်တတ်၏။ အချို့ အမျိုးသမီးတို့မှာ အိမ်ထောင်ပြုပြီးသည်အထိ အိမ်ထောင်ရှင်မဆန်ဘဲ၊ အလှအပ အပျော်မက်နေတတ်သေး၏။ မေထုန်ဖွားအားလုံး
ကိုယ့်ကိုဦးဆောင်နိုင်မည့်၊ ညွှန်ကြားနိုင်မည့် အိမ်ထောင်ဖက်ကိုသာ
ရွေးချယ်သင့်ကြ၏။

မေထုန်ရာသီဖွားတို့၏ အလုပ်အကိုင်နှင့် စီးပွားရေး အနေအထားများ
မေထုန်ရာသီဖွားတို့၏ ထူးခြားချက်မှာ ဘဝအစကတည်းက အကြောင်းကြောင်းကြောင့် အထီးကျန်ဆန်သော ခံစားမှုရှိနေခဲ့တတ်ကြ၏။ သို့သော် ဘဝအစကတည်းက ပြည့်စုံမှု၊ကြွယ်ဝမှုတို့ ဖြစ်နေတတ်ကြ၏။ ဘဝတူလူတန်းစားထဲတွင်မေထုန်ဖွားတို့သည် ပြည့်စုံသူများဖြစ်တတ်ကြ၏။ ညာဏ်ထက်ခြင်း၊ ဇွဲကောင်းခြင်းတို့နှင့်အတူ သာမန်သူတို့ထက်ပို၍ စွမ်းရည်ပြည့်ဝနေတတ်၏။ သူတစ်ပါးတို့ထက်နှစ်ဆပို၍စွမ်းဆောင်နိုင်ကြ၏။ စိတ်ဒွိဟဖြစ်ခြင်း၊ အလုပ်အမျိုးမျိုးပြောင်းလုပ်ခြင်း၊ အလုပ်နှစ်ခု ပြိုင်တူလုပ်ခြင်း
ဆင်ခြင်သင့်၏။ သူတစ်ပါးအပေါ် သံသယကြီးသလောက် ယုံမိလျှင်
ပုံအပ်ခြင်းရှောင်သင့်၏။ ထင်ရာဇွတ်လုပ်ခြင်း ရှောင်သင့်၏။

ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်မည်။ လူမျိုးခြားတို့နှင့် ဆက်စပ်၊
ဆက်စပ်ပြီးအောင်မြင်တတ်၏။ ဘဝတွင် ခက်ခဲစွာ ရုန်းကန်ယူရမည်
ဟူသော လွဲမှားသည့် အတွေးများကို ဖယ်ထားပါ။ လွတ်လပ်ပေါ့ပါးစွာ
ယုံကြည်စိတ်ဖြင့်လုပ်ရင်း လွယ်ကူစွာအောင်မြင်တတ်ကြ၏။

လက်လွယ်ခြင်း၊ လက်ဖွာခြင်းရှောင်ပါ။ လောင်းကစားနှင့်
ဖြတ်လမ်းစီးပွားမှန်သမျှရှောင်ပါ။ အလုပ်နှစ်ခု တွဲလုပ်ရမည်။
ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ပြီးမှလုပ်ပါ။ ငွေရှာ၍လွယ်မည်။
ဖက်စပ်လုပ်ငန်းကောင်းကျိုးပေးမည်။ လုပ်ငန်းတစ်ခု မပြီးပြတ်မီ
အခြားလုပ်ငန်းတစ်ခုလုပ်ရန် အခြေအနေမျိုး မကြာခဏကြံုမည်။
သတိပြုပါ။ ဘဝတွင် အတက်အကျများစွာ ကြံုတတ်၏။ ကုမ္ပဏီအလုပ်၊

မန်နေဂျာအလုပ်၊ ဖက်စပ်လုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊
တေးသံသွင်းဆိုင်၊ အနုပညာလုပ်ငန်းများ၊ စာပေ၊ ဂျာနယ်၊
သတင်းထောက်အလုပ်များ အထူးကောင်းကျိုးပေးတတ်၏။ အထူးမှာ
မေထုန်ဖွားတို့သည် အတတ်ပညာတစ်ခု ထူးချွှန်ကာ နိုင်ငံခြားအထိ
ရောက်ရှိတိုးတက်သွားတတ်၏။ ဘာမဆိုပြတ်သားစွာ ရွေးချယ်သင့်၏။
လိုက်နာသင့်သောသူ၏ အကြံÓဏ်ကို မာနကင်းစွာ အကြံယူလိုက်နာသင့်၏။ မနာလိုမှု၊ ဝေဖန်မှုများ အမြဲသည်းခံပါ။ခေါင်းမမာပဲ တည်ကြည်စွာ ကြိုးစားပါ။ အထူးအောင်မြင်သွားပါအံ့။ ထို့အပြင် မေထုန်ရာသီဖွားတို့သည် ၀ါသနာပါ၍ ဆေးပညာလိုက်စားခဲ့ပါက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိပ်ပါရဂူကြီးများဖြစ်တတ်လေ၏။ စာရေးဆရာဘက်တွင်
အချစ်ရသစာပေဖြင့် အထူးအောင်မြင်နိုင်၏။ မည်သို့ပင်ဖြစ်စေမေထုန်ရာသီဖွားအများစုသည် မည်သည့်လုပ်ငန်းပဲ လုပ်လုပ် လွယ်ကူစွာဖြင့် 
စီးပွားဖြစ်ထွန်းသူများသာဖြစ်တတ်ချေ၏။

ငွေကံပွင့်သူများဟု ဆိုရမည်သာဖြစ်ချေ၏။
မေထုန်ရာသီဖွားတို့၏ ဘဝတစ်သက်တာ ကျန်းမာရေးအနေအထားများ
မေထုန်ရာသီဖွားတို့သည် ကျန်းမာရေးနှင့်ပတ်သက်၍

အထူးသတိပြုသင့်သည်မှာ ဘာရောဂါမှမဖြစ်သေးဘဲ
အထူးစိုးရိမ်နေတတ်ခြင်းပင်ဖြစ်၏။ သို့သော် တစ်ခါတစ်ရံတွင်
ထင်သလိုပြုမူနေထိုင်ခြင်း၊ အပျော်အပါး၊လောင်းကစားဘက်တွင်များခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်တတ်၏။

အထူးသဖြင့် အတွေးလွန်သဖြင့် အိပ်မပျော်သောရောဂါ ရတတ်၏။
၀မ်းဗိုက်နှင့် အူလမ်းကြောင်းတွင် ရောဂါရတတ်၏။ သွေးလုံးလေလုံးရောဂါ ရတတ်၏။ ထို့အပြင် လည်ပင်းအကျိတ်ရောဂါနှင့်ဦးနှောက်အာရုံကြောရောဂါတို့ဖြစ်တတ်၏။ သို့သော်မေထုန်ရာသီဖွားတို့သည် ရောဂါကြီးကြီးမားမား ဖြစ်ခဲပါသည်။ ကျန်းမာရေးအတွက် မေထုန်ရာသီဖွားအားလုံးတို့သည်
အသက်ရူလေ့ကျင့်ခန်း(အာနာပါနကို အမြဲတမ်း ပြုလုပ်သွားသင့်၏။

မုန်လာ၊ ပေါင်မုန်၊ ကွေကာအုပ်တို့ကို ဓါတ်စာအဖြစ်
မပြတ်စားသောက်ပေးသင့်၏။ အထူးသဖြင့် သစ်ချသီး၊ မင်းဂွတ်သီး
စသော အခွံမာသောအသီးများကို များများစားသောက်ပေးခြင်းဖြင့်
ကျန်းမာရွှင်လန်းနေတတ်ကြပေသည်။ မေထုန်ဖွားတို့သည် အစားအသောက်ကျူးခြင်းကိုတော့ ဆင်ခြင်သင့်၏။

မေထုန်ဖွားတို့၏ ဘဝသက်တာအတွက် သတိပြုစရာ ဘေးဥပါဒ်
အန္တရာယ်များ

မေထုန်ရာသီဖွားတို့သည် သဘာဝန္တရာယ်အားဖြင့် မြေပြိုခြင်း၊
တောင်ပြိုခြင်း၊ တွင်းပြိုခြင်း၊ ရုတ်တရက် သစ်ပင် သစ်ကိုင်းပိခြင်းတို့
ခံရတတ်၏။ ခံရတတ်သည်ဆိုသော်လည်း မေထုန်ရာသီဖွားအားလုံး
ဤသို့ဖြစ်တတ်သည်ဟု မဆိုလိုပါ။ မေထုန်ရာသီဖွားတို့အနက်
ထိုသို့ရေမြေသဘာဝ တောတောင်တွင် နေထိုင်သူများ၊ ထိုသို့သော
အနေအထားများသို့သွားလာ လုပ်ကိုင်ရသူများသည်

အခြားရာသီဖွားတို့ထက် ပိုပြီးသတိရှိရန်သာ ဆိုလိုသည်။ ဥပမာ-
မေထုန်ဖွားတို့အနက် ကျောက်တူးခြင်း၊ ရွှေတူးခြင်း၊ သဲကျင်းတူးခြင်း၊
သစ်လုပ်ငန်းလုပ်ငခြင်း စသည်ဖြင့် ဆက်စပ်နေသူများသတိ၀ီရိယထားဆင်ခြင်ရန်မျှသာဖြစ်၏။

မေထုန်ရာသီဖွားတို့၏ ဘဝကံကြမ္မာ အနိမ့်အမြင့် အခြေအနေများ
မေထုန်ရာသီဖွားတို့သည် အများအားဖြင့် စိတ်အတက်အကျမြန်၏။
တစ်ချီကောင်း ပွပေါက်ကြံတတ်သည်။ ယုံကြည်ရာ စွတ်လုပ်တတ်၏။
ထို့ကြောင့် ထိုသူတို့၏ ဘဝသည်လည်း အတက်အကျမြန်၏။ ရွှေတစ်နေ့
ငွေတစ်နေ့ဖြစ်နေတတ်၏။ 

အိမ်ထောင်ရေးတွင်လည်း သာယာနေပြီးမှ ရုတ်တရက် ပြိုကွဲသွားတတ်၏။ အပြောင်းအလဲမြန်၏။ ဆန်းသစ်မှုကို လိုလား၏။ ခေါင်းမာစွာ တဇွတ်ထိုးလုပ်တတ်၏။ သူတစ်ပါးအတွက်လည်း စွန့်လွှတ်ရဲ၏။ ကိုယ်တိုင်လည်း စွန့်လွှတ်ရဲ၏။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မှန်ရာကိုပြောတတ်၊ လုပ်တတ်လွန်းသဖြင့် အကျိုးစီးပွား ထိခိုက်တတ်၏။ ငွေကြေးအထူးကံကောင်းတတ်၏။ မထင်မှတ်သော အမွေအနှစ်၊ ထီပေါက်စသော ပွပေါက်များကြံုပြီး ထိပ်သို့ရောက်သွားတတ်၏။ အသင်းအဖွဲ့၊ ကုမ္ပဏီတို့တွင်နေရာကောင်းရသွားပြီးကြီးပွားသွားတတ်၏။

မေထုန်ရာသီဖွားအများစုသည် မိဘ၊ ဆွေမျိုး အထောက်အပံ့ရမှုနည်းတတ်ပြီး ကိုယ်ထူးကိုယ်ချွန်ရပ်တည်အောင်မြင်တတ်ကြသည်။ ဆွေမျိုးများထက်
သူတစိမ်း၊ လူမျိုးခြားကောင်းကျိုးခံစားရပြီး ကြီးပွားတတ်၏။ အသက်
(၂၀)၊ (၂၅)၊ (၂၈)၊ (၃၀)၊ (၃၃)၊ (၃၇)၊ (၄၀)၊ (၄၅)၊ (၅၀)၊ (၅၅)၊ (၆၀)၊
(၆၃) နှစ်များတွင် ဘဝတိုးတက်မှု အခွင့်အလမ်းများ ကြံုတတ်၏။

သို့သော် မေထုန်ဖွားတို့၏ဘဝတွင် သူတစ်ပါးတို့၏ မနာလိုမှု၊ ဝေဖန်မှု၊
တိုက်ခိုက်မှုတို့ကို မကြာခဏခံရတတ်၏။ ချီးမွမ်းမှုထက်
ကဲ့ရဲ့မှုပြုလိုသူများသာ များ၏။ အသက်(၂၁)နှင့် (၃၀)တို့တွင်
မထင်မှတ်သော အခိုက်အညံ့ ၀င်တတ်၏။ အသက်(၂၆)တွင်
ရောဂါကြီးမားစွာ ရတတ်၏။ အသက်(၇၂)တွင် ကျန်းမာရေး
အထူးဂရုပြုသင့်သည် အများကောင်းကျိုး၊ မိဘဆွေမျိုးကောင်းကျိုး
ဆောင်ရွက်၍ ကိုယ့်ဘဝတိုးတက်တတ်၏။ 

ယခုတင်ပြခဲ့သည်များမှာယေဘုယျမျှသာဖြစ်သော်လည်း ထိုနှစ်များကိုမူ သတိပြုသင့်လှပေ၏။

ဘဝတိုးတက်အောင်မြင်စေရန် လိုက်နာကျင့်သုံးဖွယ်ရာများနှင့် အဆောင်၊ အရောင်များ

မေထုန်ရာသီဖွားတို့သည် ရိုးရိုးရှင်းရှင်းနေထိုင်ခြင်းဖြင့် သူတစ်ပါးတို့ကို
လွှမ်းမိုးဆွဲဆောင်နိုင်စွမ်းရှိကြသည်။ လူအများကြားတွင် ထင်ပေါ်သော
မူဟန်ရှိသူများဖြစ်ကြ၏။ လည်တိုင်နှင့် ပခုံး၊ လက်မောင်းတို့သည်
သူမတူအောင် တင့်တယ်လှပတတ်၏။ ထက်မြက်သောစရိုက်၊
နွဲ့နှောင်းသော မူဟန်တို့ဖြင့် ညှို့ဓါတ်အားကောင်းတတ်ကြ၏။
ရိုးရိုးရှင်းရှင်းနှင့် တည်ငြိမ်ခန့်ငြားစွာ နေထိုင်၊ ၀တ်ဆင်၊ပြောဆိုပေးခြင်းဖြင့် ထူးခြားသောည အောင်မြင်မှုများရတတ်၏။

ဆန်းပြား ရှုပ်ထွေးမှုများကို ရှောင်ပါ။ အထူးသဖြင့် မေထုန်ဖွား အမျိုးသမီးများ ယောက်ျားဝတ် ရှပ်အကျႌ၊ ဘောင်းဘီတို့နှင့် အလွန်လိုက်ဖက်တတ်၏။ မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်းနှင့်တကွ နဖူးပြင်ပါ တင့်တယ်တတ်၏။ အားပါးတရရယ်မောခြင်း၊

ခြေလက်လှုပ်ရှားပြောဆိုခြင်း ရှောင်ပါ။ ဘွင်းဘွင်းနှင့် ဗြောင်ကျကျ
ပြောဆိုခြင်း ရှောင်ပါ။ အပွင့်သေး၊ အကွက်သေး၊ ဗြောင်အရောင်
အဝတ်အစားများ၊ သေးမျှင်သော ဆွဲကြိုး၊ လက်စွပ်နည်းနည်းသာ
၀တ်ခြင်းတို့ပြုပါ။ ခုတစ်မျိုး တော်ကြာတစ်မျိုး စိတ်အပြောင်းအလဲမြန်ခြင်း ရှောင်ပါ။ လူတစ်ယောက်တည်းနှင့်နှစ်ယောက်စာ စွမ်းဆောင်နိုင်သော စွမ်းရည်ရှိ၏။ အထူးကြိုးစားပါ။ဖြတ်လမ်းစီးပွားရှောင်ပါ။ မေထုန်ဖွားတို့သည်

အပေါင်းအဖော်မက်မောသော်လည်း အခြေအနေအရ တစ်ယောက်တည်းနေရသော အခါမျိုးတွင်လည်း ပင်ပန်းစွာ ရုန်းကန်၍ တိုက်ခိုက်ပြောဆို၍ ရင်ဆိုင်မည်ဆိုသော ရန်လိုစိတ်ပယ်ပါ။အေးအေးဆေးဆေးပဲဟု သဘောထား၍လုပ်ပါ။ မယုံသင်္ကာစိတ်၊ စိတ်အားငယ်စိတ်တို့ကို ပယ်ပါ။ ဘယ်ကိစ္စမဆို ရဲရဲဝံ့ဝံ့နှင့်အေးဆေးတည်ငြိမ်စွာ ပြောဆိုဖြေရှင်းပါ။ လုပ်ကိုင်ပြုမူပါ။

အထူးသဖြင့် မေထုန်ဖွားတို့သည် အဖြူရောင်၊ ငွေရောင်၊ အဝါနုရောင်၊
ဆင်စွယ်ရောင်တို့ကို အထူးဆောင်ပါ။ အနက်၊ အညို ရှောင်ပါ။ စိန်ကို
ပလက်တီနနှင့်ကွင်းပြီး လက်စွပ်ဝတ်ပါ။ မေထုန်ဖွား အမျိုးသမီး၊
အမျိုးသားအားလုံး ပလက်တီနမ်နှင့်ဖြစ်စေ၊ ရွှေနှင့်ဖြစ်စေ စိန်ကို
လက်စွပ်ကွင်းပြီး လက်ခလယ်တွင် ၀တ်ဆင်ထားပါ။ ကျောက်အဖြူ၊
အဝါကိုလည်း ၀တ်နိုင်၏။ ထို့အပြင် လက်သူ<ကယ်တွင်လည်း
၀တ်နိုင်၏။ ရွှေသက်သက်ထက် ရွှေအခံတွင် ပလက်တီနမ် အနားကွပ်၍
လက်စွပ်ကွင်းဝတ်ပါ။ သေးမျှင်သော ရွှေဆွဲကြိုး၊ ရင်ထိုး၊
နားကပ်တို့ကိုလည်း ၀တ်နိုင်၏။ ပလက်တီနမ်ဖြင့် ပြုလုပ်သော
လိပ်ပြာရင်ထိုးကလေး ဆောင်နိုင်၏။ မေထုန်ဖွားအမျိုးသားများ
ကြောင်ကျောက်ကို ရွှေနှင့်ကွင်းပြီး လက်ညှိုးတွင် ၀တ်ဆင်ထားပါ။
နှင်းဆီပန်းကို အထူးဆောင်နိုင်၏။ နှင်းဆီပန်းအဝါ၊ အဖြူလာဘ်ကောင်း၏။ 

ဗုဒ္ဓဟူးနေ့တွင် စတင်ဆောင်ရွက်နိုင်၏။ (၂၊ ၅၊ ၆၊ ၉) ဂဏန်းများ ကောင်းကျိုးပေး၏။ (၅) ဂဏန်း အကောင်းဆုံးဖြစ်၏။

နှစ်စဉ် စက်တင်ဘာ(၂၁)မှ အောက်တိုဘာ(၂၀) အတွင်း၊ ဖေဖော်ဝါရီ
(၂၂)မှ မတ်(၂၀)အတွင်း၊ မတ်(၂၁)မှ ဧပြီ(၁၉)အတွင်း လုပ်ငန်းစတင်ခြင်း၊ ထီထိုးခြင်းများ ပြုသင့်၏။ အရောင်နုများကိုသာ ဦးစားပေးသင့်၏။ အနှစ်ချုပ်ဆိုရသော် မေထုန်ရာသီဖွားတို့သည် အပျော်အပါး လောင်းကစား အထူးရှောင်ခြင်း၊ ဌာနစွဲ လူမျိုးဝါဒစွဲရှောင်ခြင်း၊ သူတစ်ပါးကျေးဇူး သိတတ်ခြင်း၊ သူတစ်ပါးစကား အလွယ်တကူမယုံခြင်း၊ အရွဲ့တိုက် စွတ်လုပ်ခြင်းကို ရှောင်ခြင်း၊ အရေးတကြီးကိစ္စတို့ ဆောင်ရွက်ကာနီးတိုင်း အားကိုးထိုက်သူ၏
အကြံညာဏ်ကို လေးလေးနက်နက် ခံယူခြင်းတို့ဖြင့် ကိုယ်ပိုင် အသိပညာ၊
အတတ်ပညာတို့ကို ထိထိမိမိသုံးစွဲကာ အထွတ်အထိပ်ရောက်အောင်
အောင်မြင်မှု၊ ကြီးပွားမှုတို့ကို ရယူနိုင်မည် ဖြစ်ပေသတည်း။

Posted by yanshin

bottom of page