top of page

မွေးဖွားသည့်လ ရာသီအလိုက် ဒေါသကြီးပုံ
´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´

Aries March 21- April 20

ဒီကာလအတွင်း မွေးဖွားတဲ့သူတွေက စည်းကမ်းမရှိတဲ့၊ လေးစားချင်စရာမကောင်းတဲ့အပြုအမှုလောက် မုန်းတာမရှိပါဘူး။ ဒါပေမယ့် သူတပါးက စိန်ခေါ်တယ်ဆိုရင် ဒေါသထောင်းခနဲ ထလာတတ်တဲ့အကျင့်ရှိပါတယ်။ ဒေါသကို ချက်ချင်းထိန်းချုပ်ပေးမယ့်အရာ သို့မဟုတ် အခြားလူဘေးနားမှာ မရှိဘူးဆိုရင် ရက််စက်တဲ့လုပ်ရပ်တွေ လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့်သေချာတာတစ်ခုကတော့ Aries မှာမွေးတဲ့သူတွေကို စိတ်ငြိမ်သွားအောင် ပြန်လုပ်ပေးဖို့ လွယ်ကူပါတယ်။ အဲဒါကြောင့် ဒီရက်တွင်းမှာ မွေးတဲ့လူတွေဟာ သူတစ်ပါးကို လွယ်လွယ်ကူကူခွင့်လွှတ်ပေးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။

Taurus April 21- May 20

ခံစားချက်တွေကို ထိန်းချုပ်တတ်ပြီး ပုံမှန်အားဖြင့် သူတို့ကတော့ တည်တည်ငြိမ်ငြိမ်ပဲ နေတတ်ကြပါတယ်။ အဲဒါကြောင့် သူတို့ စိတ်ဆိုးတယ်မဆိုးဘူးဆိုတာကို ခန့်မှန်းဖို့ ခက်တတ်ပါတယ်။ ဒါပေမယ့် ဒီတည်ငြိမ်မှုကို မထိန်းထားနိုင်တော့ဘူးဆိုရင်တော့ ဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိအောင်ပဲ ကျွဲရိုင်းကြီးတွေလိုပဲ ကြောက်စရာကောင်းပါတယ်။ ဘယ်အချိန်တွေမှာ စိတ်ဆိုးလဲဆိုရင်တော့ သူမဟုတ်တဲ့နေရာမှာ စွပ်စွဲတာမျိုးဆို မခံမရပ်နိုင်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အတိတ်မှာ မှားခဲ့တဲ့ဖြစ်ရပ်တစ်ခုခုကို တစ်ယောက်ယောက်က သူ့ကို ပြန်စွပေးတယ်ဆိုရင် ခံနိုင်ရည်မရှိပါဘူး။ အဲဒါကြောင့် သူတို့ရဲ့အားနည်းချက်တွေကို သတိထားပြီး ဆက်ဆံဖို့လိုတဲ့သူတွေပဲ ဖြစ်ပါတယ်။

Gemini May 21- June 29

ပုံမှန်အားဖြင့် ပျော်ပျော်ပဲနေတတ်ပြီး ဖော်ရွယ်တဲ့အကျင့်ရှိသူများ ဖြစ်တဲ့အတွက် စိတ်ဆိုးတယ်ဆိုရင် သူတို့အမူအရာကို ကြည့်ပြီးတော့ လွယ်လွယ်ကူကူသိနိုင်ပါတယ်။ ဒေါသထွက်လာပြီဆိုရင်တော့ အကြောင်းပြချက်တွေကို နားမထောင်တော့ပဲနဲ့ အော်ဟစ်သောင်းကျန်းတာမျိုး လုပ်တတ်ကြပါတယ်။ ကိုယ်တိုင် အားရပါးရ ပြောဆိုကြိမ်းမောင်းနိုင်မှ ကျေနပ်တဲ့အကျင့်ရှိတဲ့သူတွေ ဖြစ်ပါတယ်။

Cancer June 21- July 21

ချစ်စရာကောင်းပြီး ဂရုစိုက်ကြင်နာတတ်တဲ့သူတွေ ဖြစ်သောကြောင့် စိတ်မကောင်းစရာဖြစ်ရပ်မျိုးဆို သူတို့ မနှစ်သက်ပါဘူး။ သည်းခံစိတ်အပြည့်ရှိပြီးတော့ စိတ်ဆိုးဒေါသဖြစ်တာမျိုး မရှိသလောက်ပါပဲ။ တစ်စုံတစ်ယောက်က စိတ်ဆိုးဒေါသထွက်အောင် တမင်တကာကြံရွယ်ပြီးလုပ်တယ်ဆိုရင်တောင် တိတ်တဆိတ်ရှောင်ထွက်သွားတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်မဆိုးတတ်ဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။ စိတ်ဆိုးပြီဆိုရင် ချွေးပြန်ပြီး နှုတ်မှ စကားလုံးတွေလုံးထွေးသွားရင်း တုန်ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်လိုက်မာန်ပါလုပ်တတ်ကြပါတယ်။ မျက်ရည်ကျလွယ်ပြီးတော့ တစ်ဖက်လူက သူ့ရဲ့ရိုးသားမှုတွေကို ကြည့်ပြီးတော့ ချက်ချင်းတောင်းပန်ဖို့ ကြိုးစားတတ်ကြပါတယ်။

Leo July 22- August 21

စိတ်ခံစားမှုတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘေးနားမှာရှိတဲ့သူတွေကတော့ အေးစက်ပြီး ဂရုစိုက်တတ်တဲ့အကျင့်မရှိတဲ့သူလို့ပဲ ထင်ကြပါတယ်။ ပွဲတတ်တာမျိုးကို ဝါသနာမပါတဲ့သူဖြစ်ပေမယ့် စိန်ခေါ်တဲ့ကိစ္စရပ်တွေဆို စိတ်ဝင်စားပါတယ်။ ဒေါသထွက်လာပြီဆိုရင် သူတပါး ဂုဏ်သိက္ခာကျတဲ့အထိ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတတ်ကြပါတယ်။ အဲဒါကြောင့် သူနဲ့ရန်ဖြစ်ထားတဲ့သူတွေနဲ့ တသက်လုံး ရန်ငြိုးရှိတတ်ပါတယ်။

Virgo August 22- September 21

အများအားဖြင့်တော့ သိမ်မွေ့ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ကို ဒေါသထွက်အောင်လုပ်တဲ့သူတွေကိုတော့ ကြမ်းတမ်းတဲ့အပြုအမူတွေနဲ့ ပြန်တုံ့ပြန်တတ်ကြပါတယ်။ အော်ငေါက်ဆဲဆိုပြီးတော့ ကိုယ့်ဘေးမှာရှိတဲ့ ပစ္စည်းနဲ့ကောက်ပေါက်တတ်တဲ့ အကျင့်လည်းရှိပါတယ်။ စားပွဲခုံ၊ နံရံတွေထိုးလိုက်လို့ ကိုယ့်လက်ကို နာကြင်အောင် လုပ်တတ်ကြပါတယ်။ အဲဒါကြောင့် စကားနိုင်လုပြီးရန်ဖြစ်တဲ့နေရာတွေမှာ မနေမိဖို့ သတိထားရပါမယ်။ ပြီးတော့ တခြားလူတွေရဲ့နှစ်သိမ့်ပေးတာကို ဂရုမစိုက်ပဲနဲ့ သူတို့ရဲ့ အယူအဆကို လေးစားတဲ့အကျင့်လည်း ရှိတတ်ကြပါတယ်။

Libra September 22 – October 22

ဆယ့်နှစ်ရာသီခွင်များထဲမှာမှ ချစ်စရာအကောင်းဆုံးသူများဆိုပြီးတော့ သတ်မှတ်ခြင်းခံရတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဘေးနားမှာရှိတဲ့လူအနည်းစုကပဲ သူတို့ဒေါသထွက် စိတ်ဆိုးတာမျိုးကို မြင်ဖူးကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့အကျင့်လည်းရှိကြတယ်။ ဒါပေမယ့် ထွက်ခဲတဲ့ဒေါသမီးတောက်လာပြီ ဆိုရင်တော့ အခြားရာသီခွင်တွေထက် ပိုပြီးဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။

Scorpio October 23 – November 21

တည်ငြိမ်တဲ့အကျင့်စရိုက်တော့ ရှိပေမယ့် တခါတလေ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဂုဏ်သိက္ခာကျဆင်းသွားနိုင်ပါတယ်။ တချို့လူတွေက ဒေါသထွက်လွယ်တဲ့သူပဲလို့ သတ်မှတ်ကြပေမယ့် ကိုယ့်ကို ပျော်သွားအောင်လုပ်ပေးနိုင်တဲ့သူအနားမှာတော့ ဒေါသမထွက်ဖူးကြပါဘူး။ သူငယ်ချင်းဆိုရင်လည်း ရွေးချယ်ခင်တတ်ပြီး သူတို့အပေါ်မှာဆို အနစ်နာခံတတ်တဲ့စိတ်ဓါတ်အပြည့်ရှိပါတယ်။ သူ့နှုတ်ကထွက်လိုက်တဲ့စကားလုံးတွေဟာ အေးစက်ပြီးအဆိပ်တွေနဲ့ပြည့်နေတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့စိတ်ဆိုးပြီး ဒေါသထွက်တဲ့အချိန်တွေကို ပြန်တွေးပြီးတော့ သီးမခံတတ်တဲ့အားနည်းချက်တွေကြောင့် သူတို့ကိုသူတို့ ခွင့်မလွှတ်နိုင်ဖြစ်တတ်ကြပါတယ်။

Sagittarius November 22 – December 20

ဒီရာသီခွင်မှာ မွေးတဲ့သူတွေကတော့ ခံစားချက်ကို အပြည့်အဝမထိန်းချုပ်နိုင်ပဲ ခံစားလွယ်တဲ့အကျင့်ရှိကြပါတယ်။ စိတ်ဆိုးလွယ်တဲ့အတွက် မထင်မှတ်ထားတဲ့ဒေါသကြောင့် ဘေးနားကလူတွေ အံ့သြသွားစေနိုင်ပါတယ်။ တခြားလူရဲ့ ချော့မေ့ပြီးပြောဆိုတာကို စောင့်ရင်းနဲ့ ဒေါသကို မြိုသိပ်ထားပြီး နှုတ်ဆိတ်နေတတ်ကြပါတယ်။ ရန်ဖြစ်တယ်ဆိုရင်တောင် အခြားသူကိုပဲ အပြစ်ပုံချပြောတတ်ကြပါတယ်။ ပြီးတော့ ဘယ်တော့မှ အရင်အလျော့မပေးတတ်ကြပါဘူး။

Capricorn December 21 – January 19

လက်တွေ့ဆန်ပြီး နည်းစနစ်ကျကျနေတဲ့သူတွေမို့လို့ သူတို့ဟာ ခံစားလွယ်တဲ့သူတွေဖြစ်သလို အရှိကိုအရှိတိုင်း ခံစားချက်ရှိတဲ့သူတွေပဲဖြစ်ပါတယ်။ အပြင်ပိုင်းမှာ မာတဲ့ပုံပေါ်နေပေမယ့် သူတို့ခံစားလွယ်တဲ့အကျင့်ကို အခြားသူတွေမမြင်နိုင်အောင် ဖုံးကွယ်ထားတာပဲဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကို စိတ်ဆိုးစိတ်တိုနေပေမယ့် စိတ်ကိုလွှတ်ပြီး ဒေါသကိုထိန်းထားတတ်ကြပါတယ်။ ဒါပေမယ့် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ အခြားသူတွေ အလန့်တကြားဖြစ်အောင် လုပ်တတ်ပြီး လူတစ်ဦးတစ်ယောက်ကိုပဲ ဒေါသမထွက်ပဲ အနီးအနားမှာရှိတဲ့သူတွေအားလုံး မလုံမလဲဖြစ်တဲ့အထိ စွပ်စွဲပြောဆိုတတ်တဲ့အကျင့်ရှိပါတယ်။

Aquarius January 20 – February 18

သူတို့တွေကတော့ စိတ်ခံစားချက်လွှတ်လိုက်တာမျိုးကို မနှစ်သက်ပဲ ကြင်နာတတ်ပြီး စိတ်ထားမြင့်မြတ်တဲ့သူတွေဖြစ်ပါတယ်။ ဒေါသထွက်ခဲပါတယ်။ လူမူဆက်ဆံရေးမှာ ကိုယ့်ခံယူချက်နဲ့ အကျင့်စရိုက်တွေ ကောင်းမွန်အောင် ကြိုးစားတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နဲ့ နားလည်မှုလွဲတာမျိုးဖြစ်ရင်တော့ ဒေါသထွက်တတ်ကြပါတယ်။ စိတ်ဆိုးခဲ့တဲ့ဖြစ်ရပ်တွေကို လွယ်လွယ်မမေ့ပဲ အကြာကြီးစိတ်ထဲမှာ မျိုသိပ်ထားတတ်ကြပါတယ်။

Pisces February 19 – March 20

သူတို့တွေရဲ့ အကျင့်စရိတ် အံ့သြဖို့ကောင်းတဲ့အချက်ကတော့ စိတ်ဆိုးပြီးဆိုရင် ပိုပြီးစွဲဆောင်မှုကောင်းကြပါတယ်။ ခံစားတာလွယ်တဲ့အလျောက် သူများကိုလည်း အန္တရာယ်မပြုတတ်ကြပါဘူး။ ဒါပေမယ့် သူများက ထိခိုက်ဖို့ရည်ရွယ်လာပြီဆိုရင်တော့ အားလုံးပြောင်းပြန်ဖြစ်အောင် လုပ်တတ်ကြပါတယ်။ သူတို့က ခက်ထန်တဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုတတ်ပြီး ဘေးနားမှာရှိတဲ့လူသို့မဟုတ် ပစ္စည်းအားလုံးကို တုန်ခါသွားအောင် လုပ်ချင်တဲ့စိတ်မျိုးရှိကြပါတယ်။ ဒေါသဖြစ်တယ်ဆိုရင် ရှင်းပြတဲ့အသံကို နားမထောင်ချင်ပဲ တစ်ယောက်တည်းနေချင်တဲ့စိတ်ရှိကြပါတယ်။ ခဏတာစိတ်ဆိုးမှုတွေကို ပြန်တွေးပြီး ခွင့်လွှတ်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေတတ်ကြပါတယ်။ အဲဒါကြောင့် ဘယ်သူနဲ့မှ အကြာကြီးစိတ်မဆိုးတတ်ကြပါဘူး။
 

bottom of page