သင့် လက်သန်းကလေးက ပြောပြနေသော သင့်၏အကြောင်း

၁။ သင့်လက်သန်းက လက်သူကြွယ်အဆစ်နဲ့ ညီနေမယ်ဆိုရင်
သင်ဟာ ကိုယ့်ကိုကိုယ် ဘယ်လိုဖော်ပြရမလဲဆိုတာနဲ့ပတ်သတ်ပြီး စိတ်ရှုပ်နေတတ်သူပါ။အဲ့ဒါက သင့်ကို ဆိုင်းငံစေပါတယ်။အရာတစ်ခုခုကို မလုပ်ခင်အမြဲအတွေးလွန် စေတတ်ပါတယ်။သင်က ဖော်ရွေတတ်သူဆိုတော့ သင့်မှာ သူငယ်ချင်းတွေ များပြားပါတယ်။သင့်မျက်နှာမှာတော့ အပြုံးကို အမြဲဆောင်ထားပါ အဲ့ဒါက သင့်ကို အခွင့်အလမ်းဆီသို့ ခေါ်ဆောင်သွားပါလိမ့်မယ်။
၂။ သင့်လက်သန်းက လက်သူကြွယ်အဆစ်ထက်နည်းနည်းကျော်တယ်ဆိုရင်
သင်ဟာ ညဏ်ထက်သူပါ။အမြဲတက်ကြွနေသူ ဖြစ်ပါတယ်။သင့်ရဲ့ ခံစားချက်တွေကို သဘာဝဆန်ဆန်ဖော်ပြတတ်ပြီး သင့်ကို လူချစ်ခင်လာအောင် နေထိုင်တတ်ပါတယ်။သင့်ရဲ့ လူမှုဆက်ဆံရေးကြောင့် သင်ဟာ လူတွေကြားမှာ အမြဲထင်ပေါ်နေပါတယ်။
-
၃။သင့်လက်သန်းက လက်သူကြွယ်အဆစ်တောင် မရောက်ဘူးဆိုရင်
သင်ဟာ ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်သူ ဖြစ်ပါတယ်။သင် တစ်စုံတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးမပေါင်းခင် သူရဲ့အကြောင်းကို စုံစမ်းလေ့ရှိတယ်။သင်က လူတစ်ယောက်ရဲ့ မျက်နှာအနေအထား၊ ဆက်ဆံမှုတွေကို အလွယ်တကူ အကဲဖြတ်နိုင်တယ်။သင့်ကို သူများက လိမ်ပြောမှာတို့၊ သစ္စာဖောက်မှာတို့ကို သင် အမြဲကြောက်ရွံ့နေသူဖြစ်ပါတယ်။