လအလိုက်မွေးဖွားသူတို့ အကျင့်စရိုက်
=========================
ဗေဒင်ဝါသနာအိုး
January မွေးဖွားသူတွေဟာ
-လူထူးလူဆန်းတွေဖြစ်တယ်
-အချစ်ကိုအရူးအမူးကိုးကွယ်တယ်
-၀ါသနာပါရာတစ်ခုခုကို လွန်လွန်ကြွန်ကြွန်လိုက်စားတတ်တယ်
-တစ်မူထူးခြားတဲ့ ကြံကြံဖန်ဖန်ဖြစ်ရပ်တွေနဲ့လည်းအမြဲကြုံတွေ့တတ်တယ်/လုပ်တတ်တယ်
-ထူထူးခြားခြားဖြစ်စဉ်တွေကိုလည်းဖန်တီးတတ်တယ်
February မွေးဖွားသူတွေဟာ
-စိတ်ထားနူးညံကြတယ်
-အချစ်ကြီးသူတွေလည်းဖြစ်တယ်
-၀ါသနာမပါတဲ့အလုပ်ကိုဆိုလှည့်မကြည့်တတ်ဘူး
-တိရစ္ဆာန် လေးတွေကိုသနားကြင်နာတတ်ကြတယ်
March မွေးဖွားသူတွေဟာ
-စကားအရမ်းပေါတတ်ကြတယ်
-talking က တစ်ဖက်သား သနားသွားအောင်ကိုပြောတတ်ကြတယ်
-အပြင်ပန်းပြုံးနေပေမဲ့ အတွင်းစိတ်က ၀မ်းနည်းနေတတ်ကြတယ်
-တစ်ဖက်သားအပေါ်ကူညီရမှစိတ်ကျေနပ်နေတာမျိုး
April မွေးဖွားသူတွေဟာ
-ကိစ္စတစ်ခုခုလုပ်ရာမှာသွေးအေးတတ်တယ်
-အချစ်ကိုမကိုးကွယ်ဘူး
-နှလုံးသားက သံမဏိထက်မာကျောတယ်
May မွေးဖွားသူတွေဟာ
-လူမိုက်
-အရာရာတိုင်းမှာ ဂျစ်ကန်ကန်စတိုင်က ဆွဲဆောင်မဲ့မှုရှိတာပဲ
-စကားကိုခပ်ပြတ်ပြတ်ပြောတတ်တယ်
-သူ့ရဲ့အချစ်ကြီးမှုကတော့ respect ထား စံတင်လောက်တယ်
June မွေးဖွားသူတွေဟာ
-ပါရမီထူးသူတွေဖြစ်တယ်
-ပင်ကိုအစွမ်းအစရှိသူတွေလည်းဖြစ်တယ်
-အချစ်ကို ပေးဆပ်ခြင်းလို့လည်းခံယူထားတယ်
-ရင်ဆိုင်ရဲတဲ့သတ္တိအပြည့်အ၀ရှိတယ်
July မွေးဖွားသူတွေဟာ
-အနာဂတ်ကိုစိတ်ပူတတ်သူတွေ
-အကောင်းဆုံးကိုလည်းမျှော်လင့်တတ်သူ
-ကိုယ့်ချစ်သူကို သစ္စာတရားသာအဓိကလို့ခံယူထားတယ်
-ဘာမဆိုကြိုးကြိုးစားစားလုပ်ကိုင်တတ်တယ်
August မွေးဖွားသူတွေဟာ
-ကခုန်ခြင်းကိုဝါသနာပါတယ်
-အပေါင်းအသင်း ခုံမင်တယ်
-ချစ်သူထက် သူငယ်ချင်းတွေကို ပိုသံယောဇဉ်ကြီးတယ်
အဖော်ကောင်းကျောက်မြောင်းပါ ဆိုတဲ့အတိုင်းပဲ
September မွေးဖွားသူတွေဟာ
-ခံစားလွယ်တယ်
-ချစ်တတ်လွယ်တယ်
-ကိစ္စတစ်ခုကို အကြားကြီးတွေးနေတတ်တယ်
-ပေါ့ပျက်ပျက်လုပ်တာတွေကို မုန်းတယ်
-အမှန်တရားကိုမြတ်နိုးတယ်
-မိဘအပေါ်မှာအရမ်းသိတတ်သူတွေ
-ရူးရူးမူးမူးချစ်တတ်သူတွေ
October မွေးဖွားသူတွေဟာ
-စကားတစ်ခွန်းကိုအရမ်းတန်ဖိုးထားတယ်
-ဂတိမတည်သူတွေကို မုန်းတယ်
-ချစ်သူအပေါ်မှာ သစ္စာရှိတယ်
-သူ့အပေါ်သစ္စာဖောက်ရင် တစ်ခါတည်း မုန်းပစ်တယ်
November မွေးဖွားသူတွေဟာ
-အမြဲsmartကျကျနေတတ်ကြတယ်
-ရွံ့တတ်ကြတယ် သန်ရှင်းသပ်ရပ်နေမှ စိတ်ချမ်းသာတယ်
-ချစ်သူအပေါ်မှာ အရမ်းသ၀န်တိုတတ်တာ နှစ်ယောက်မရှိ
December မွေးဖွားသူတွေဟာ
-စိတ်သဘောထားကြီးတယ်
-Gentleman style
-ချစ်သူအပေါ်မှာတော့ ကလေးဆန်တဲ့အမူရာပြတတ်တယ်