လက်ကို ကြည့်လိုက်ရင်တော့ ဒီလူရဲ့ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ၊ ဘယ်လိုစိတ်ဓာတ်ပိုင်ရှင်လဲဆိုတာကအစ သိနိုင်တယ်လို့ပြောကြပါတယ်။
လက်ထုတ်ပုံကို ကြည့်ပြီး သိနိုင်ပါတယ်။ကဲလက်ပြပါလို့ပြောလိုက်တဲ့အချိန် အမေးခံချင်သောသူက လက်ကို ဘယ်လိုထုတ်ပြသလဲဆိုတာနဲ့ သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်။
၀၁. လက်၅ချောင်းကို ဖြန့်ပြီး ကြည့်ပါဆိုပြီး ပြသောသူကတော့ ပျော်ပျော်နေတတ်သူဖြစ်ပါလိမ့်မယ်။
ကိုယ့်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေကို မရှက်မကြောက်ပဲ အားလုံးကို ရဲရဲတင်းတင်းပြောရဲတဲ့အတွက်စိတ်ဖိစီးမူကိုလျင်လျင်မြန်မြန် လျှော့နည်းစေနိုင်ပြီးပြသာနာတွေကိုလည်း ဘယ်လိုဖြေရှင်းရမလဲဆိုတာကို တိုင်တိုင်ပင်ပင် နဲ့ ဖြေရှင်းနိုင်ပါတယ်။
၀၂. လက်သီးဆုပ်ပြီးမှ ဖြန့်ပြသောသူကတော့ သတိအလွန်ကြီးသောသူ ဖြစ်ပါလိမ့်မယ်။
ကိုယ့်မှာ အတွေးအမြင်ကောင်းကောင်းရှိပင်မဲ့ သတိကြီးပြီး အမြဲတမ်းကြောက်တတ်သဖြင့်လက်တွေ့လုပ်ဖို့ကို ကြောက်နေသောသူဖြစ်ပါလိမ့်မယ်။သူကိုတော့ မကြောက်ပါနဲ့ ရဲရဲသာ ရှေ့ဆက်သွားပါလို့ အားပေးစကားပြောပေးလိုက်ပါ။
၀၃. လက်၅ချောင်းကို ကပ်ပြီး ဖြန့်ပြသောသူကတော့ ကြိုးစား ရိုးသားသော သူ ဖြစ်ပါလိမ့်မယ်။
ကိုယ့်ရဲ့စည်းကမ်းချက်တွေနဲ့ အမြဲတမ်းဒုက္ခရောက်နေတတ်သူပါ။ လောကကြီး ရဲ့ သဘောသဘာဝကိုလည်း လက်ခံပြီး ကြိုးစားသင့်တယ်လို့အကြံပေး လိုက်ပါ။
၀၄. လက်ဖဝါးကြီးသူကတော့
သူကတော့ ဘာပဲလုပ်လုပ် ဖြစ်သလိုလုပ်တတ်တယ်လို့ထင်ရပင်မဲ့ တကယ်တော့ ဘာလုပ်လုပ် စနစ်တကျလုပ်တတ်တဲ့သူဖြစ်ပါလိမ့်မယ်။
ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ အခြေအနေအပေါ်မှာ စဉ်းစားဆုံးဖြတ်နိုင် တဲ့အတွက် လူချစ်ပါလိမ့်မယ်။ သူ့လိုလူမျိုးကိုတွေ့ရင် အားပေးလိုက်ပါ။
၀၅. လက်ဖဝါးသေးသူကတော့
ဘာမဆို မြန်မြန်ဆုံးဖြတ်တတ်တဲ့ အကျင့်ရှိလိမ့်မယ်။စဉ်းစားဆုံးဖြတ်တာထက် လက်တွေ့လုပ်ပြီး အောင်မြင်မလားကျရှုံးမလားကိုအမြဲတမ်း လောင်းကြေးထပ်နေသူပါ။ကိစ္စမရှိပါ။သူကအမြဲတမ်းကြိုးစားနေသောသူဖြစ်တဲ့အတွက် တချိန်ချိန်မှာ အောင်မြင်မှာပါ။
၀၆. လက်ချောင်းလေးတွေရှည်သောသူကတော့
လက်ချောင်းလေးတွေရှည်သောသူကတော့ အတွေးအခေါ်ပညာရှင်ပါ။ စဉ်းစားလွန်းအားကြီးလို့ စိတ်ဖိစီးမူတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။
သူနဲ့စကားပြောတဲ့အခါ စကားလုံးလေးတွေကို ရွေးပြီးပြောသင့်ပါတယ်။ ဘာရယ်လို့မဟုတ် ပြောလိုက်တဲ့ စကားလုံးတွေက သူစိတ်ကို ထိခိုက်သွားစေနိုင်ပါတယ်။သူစိတ်ထဲမှာ ထင်တဲ့ဟာကိုလည်း ချက်ချင်းပြောမထွက်တဲ့အတွက် နောက်ပြီးမှ တဖြည်းဖြည်းပြန်တွေးနေပြီး မပြီးတော့ပါ။
၀၇. လက်ချောင်းလေးတွေတိုသောသူကတော့
ဘာလိုအပြောခံရပါစေ။ တောင့်ခံနိုင်ပါတယ်။ သူအနေနဲ့လည်း စိတ်ထဲထင်တာကို ထင်တဲ့အတိုင်းပြောတတ်တဲ့အတွက် ချစ်သူရည်းစားအဖြစ် စဉ်းစားရင်တော့ ခက်ပါလိမ့်မယ်။
