top of page

၀၁. ဒီလမ်းကြောင်းလေးကတော့ အသက်လမ်းကြောင်းကနေ ဆက်ပြီးရှည်ထွက်လာတဲ့ လမ်းကြောင်းလေးပါ။ ဒီလမ်းကြောင်းလေးပါရင်တော့ သင်ဟာ ကံအလွန်ကောင်းသောသူဖြစ်ပြီး အခြားသောသူတွေကို ဆွဲဆောင်နိုင်စွမ်းရှိသူဖြစ်ပြီး အရာရာမှာအောင်မြင်သူဖြစ်ပါလိမ့်မယ်။

၀၂. ဒီလမ်းကြောင်းလေးကတော့ အိမ်ထောင်ရေးကံကောင်းသူဖြစ်မှာပါ။ ဆိုလိုတာက သူဌေးသား၊ သူဌေးသမီးနဲ့ အိမ်ထောင်ကျပါလိမ့်မယ်။

၀၃. ဒီလမ်းကြောင်းလေးပါသူကတော့ စိတ်ကူးကောင်းပြီး တီထွင်ကြံဆတတ်သူဖြစ်ပြီး လူအကဲခတ်တော်သူလည်း ဖြစ်ပါလိမ့်မယ်။

၀၄. ဒီလမ်းကြောင်းလေးပါသူကတော့ ထူးခြားပါတယ်။ လူ၁ထောင်မှာ တစ်ယောက်လောက်သာပါတဲ့ လမ်းကြောင်းလေးပါ။vထူးခြားသောသူဖြစ်ပြီး အတွေးအခေါ်လည်းကောင်းသောကြောင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပါလိမ့်မယ်။

၀၅. ဒီလမ်းကြောင်းလေးပါသူကတော့ အကြားအမြင်ရသူဖြစ်ပါလိမ့်မယ်။ ကိုယ့်အနောက်မှာ တယောက်ယောက်ရှိရင်လည်း ရှိနိုင်တယ်နော်။

၀၆. ဒီလမ်းကြောင်းလေးက ပေါ်လာရင်တော့ အောင်မြင်ရန် နီးစပ်နေပါပြီ။ ဒီလမ်းကြောင်းလေးက အောင်မြင်တော့မယ်ဆိုရင် ထွက်လာတဲ့ လမ်းကြောင်းလေးပါ။

၀၇. ဒီလမ်းကြောင်းလေးကို ပိုင်ဆိုင်သူကတော့ အကြီးအကျယ်ကို အောင်မြင်ပါလိမ့်မယ်။ ကြိုးစားခဲ့သမျှတွေက ကိုယ့်ဆီကို ပြန်လာမယ့်အချိန်ပါ။

၀၈. ဒီလမ်းကြောင်းပါသောသူကတော့ အရမ်းကို စမ်းပွင့်သောသူဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ရည်းစား ချစ်သူမှာ ဒီလမ်းကြောင်းလေးပါရင်တော့ သတိထားပါနော်။

၀၉. ဒီလမ်းကြောင်းလေးပါသူကတော့ အနုပညာပိုင်းဆိုင်ရာ လုပ်ငန်းများတွင် အောင်မြင်ပါလိမ့်မယ်။

၁၀. ဒီလမ်းကြောင်းလေးကတော့ ကံအလွန်ကောင်းသူဖြစ်သလို ကိုယ့်ရဲ့ရည်မှန်းချက်ကို အောင်မြင်ရန် အားသွန်ခွန်စိုက် ကြိုးစားသူဖြစ်ပြီး အောင်မြင်သောသူများဖြစ်ပါတယ်။

bottom of page