top of page

လက်ထပ်ပြီးမှ ဘယ်လိုပုံစံဖြစ်လာမလဲ

၁. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
သူကတော့ အိမ်ထောင်သည်ဘဝမှာ ကျန်းမားရေးကို ဂရုစိုက်လာတာကြောင့် ချောမောလှပနေသူဖြစ်ပါလိမ့်မယ်။
ကလေးမွေးပြီးသွားတာတောင်မှ သာမန်မိန်းကလေးတစ်ယောက်လိုပဲ ကျော့မော့နေသူပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းတာကြောင့် စန်းပွင့်နေတာပါ။

၂. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
သူကတော့ အရင်ကတည်းက အေးအေးဆေးဆေးနေတတ်သူပါ။ လူတွေအပေါ်လည်း သံယောဇဉ်ကြီးသူဖြစ်ပြီး နွေးနွေးထွေးထွေး ဆက်ဆံတတ်သူပါ။
လက်ထပ်ပြီးချိန်မှာတော့ ပိုပြီးလို့တောင် သူများအပေါ်မှာကောင်းတာကြောင့် လူချစ်လူခင်ပေါများပါလိမ့်မယ်။ ဒီအထဲမှာ ကိုယ့်ကို ရိုးရိုးသားသားထက်စာရင် အချစ်ရေးဆိုလာချင်တဲ့သူလည်း ပါလိမ့်မယ်။

၃. ဗြိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
သူကတော့ အရင်ကတည်းက ဆွဲဆောင်မှုအပြည့်ရှိသူပါ။ အိမ်ထောင်ကျပြီးချိန်မှာ အိမ်ထောင်ရေးသာယာတာကြောင့် ပိုပြီးလို့တောင် လှလာပါလိမ့်မယ်။
သူရဲ့အလှကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ ယောကျင်္ားတွေရဲ့ ကြိုးစားမှုတွေနဲ့ ကြုံတွေ့ရမှာပါ။ ဒီအချိန်မျိုးမှာ ကိုယ့်ကိုကိုယ်သာ အသိဆုံးဖြစ်မှာပါ။

၄. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
ကိုယ့်ရဲ့အမျိုးသားကို ဆက်ဆံသလို ပတ်ဝန်းကျင်မှ အခြားသောသူများကိုလည်း ဆက်ဆံသောကြောင့် လူချစ်လူခင်ပေါများပါလိမ့်မယ်။

၅. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
စကားပြောကောင်းတဲ့အတွက် သူ့ပတ်ဝန်းကျင်မှာ အမြဲတမ်း လူတွေရှိနေလိမ့်မယ်။

၆. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
ကိုယ့်ရဲ့အမျိုးသားအတွက် နေ့စဉ်ကူညီဆောင်ရွက်ပေးနေချိန်မှာ ယောကျင်္ားလေးတွေရဲ့ စိတ်နေစိတ်ထားကို ပိုပြီးနားလည်လာတာကြောင့် အပျိုလေးတွေမှာ မသိနိုင်တဲ့ အားသာချက်တွေရှိတယ်။

၇. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
လက်ထပ်ပြီးရင်လည်း အရင်ကလိုပါပဲ။ သူငယ်ချင်းတွေနဲ့ သွားလာနေရ တာကိုက ပျော်နေတတ်သူပါ။

၈. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
အမြဲတမ်း သူ့ရဲ့မျက်နှာလေးက ပြံုးရွှင်နေတတ်တာကြောင့် သူကိုမြင်ရ သူတွေမှာ ရင်ထဲကို အေးမြသွားစေမှာပါ။

၉. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
အပျိုတုန်းကထက်ကို ပိုပြီးလှလာတာကြောင့် သူ့ကိုကြိုတ်တဲ့သူတွေလည်း ပိုပြီးပေါလာပါလိမ့်မယ်။

၁၀. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
လက်ထပ်ပြီးချိန်ကတည်းက မိသားစုကိစ္စတွေနဲ့ အမြဲအလုပ်ရှုပ်နေတာကြောင့် ဘာမှကို မဖြစ်နိုင်ပါ။

၁၁. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
ယောကျင်္ားရဲ့ကောင်းကြောင်းတွေကိုပဲ အမြဲပြောနေတတ်တဲ့အတွက် ဘယ်သူမှ သူ့အနား မကပ်ရဲပါ။

၁၂. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
လက်ထပ်ပြီးချိန်မှစပြီး ကလေးတွေအတွက် အချိန်ပေးနေရတဲ့အတွက် ဘာကိုမှ မစဉ်းစားနိုင်ပါ။

bottom of page