top of page

နှုတ်ခမ်းမှာ အပေါ်နှုတ်ခမ်း ကတော့ နှုတ်ခမ်းပိုင်ရှင်ရဲ့ စိတ်နေစိတ်ထား၊ အောက်နှုတ်ခမ်းကတော့ လိုအင်ဆန္ဒကိုဖော်ပြ ပါတယ်။

ကဲနှုတ်ခမ်းလေးအကြောင်းကို ပုံလေးကို အရင်ကြည့်ပြီး ကိုယ့်ရဲ့နှုတ်ခမ်းလေးကို ရွေးပြီး အောက်ကစာရဲ့တိုက် ဖတ်ကြ ည့်ပါ။ ကိုယ်ကတော့ ဘယ်လိုနှုတ်ခမ်းပိုင်ရှင်လဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၀၁. အပေါ်နှင့်အောက် နှုတ်ခမ်းသားထူသူ

ဒီနှုတ်ခမ်းသားပိုင်ရှင်ကတော့ အချစ်များသူ ဖြစ်တတ်ပြီး ဘာမှဟန်ဆောင်ခြင်းမရှိပဲ လိုချင်တာကို ရအောင်ယူမှာဖြစ်ပြီး ဘယ်သူ့ကိုမှလည်း ဂရုစိုက်မှာမဟုတ်ပါ။

၀၂. အပေါ်နှင့်အောင် နှုတ်ခမ်းသားပါးသူ

အချစ်ရေးကို သိပ်ပြီး စိတ်ဝင်မစားပါ။ အချစ်ရေးထက်စာလျှင် ဘဝရည်မှန်းချက်အောင်မြင်ရန် အဓိကထားပြီး လျှောက် လှမ်းနေသူပါ။ အချစ်ရေးကို လုံးဝစိတ်မဝင်စားတာ မဟုတ်ပင်မဲ့ မိဘတွေ စီစဉ်တဲ့အတိုင်းကို လက်ခံမည့်သူဖြစ်ပါလိမ့် မယ်။

၀၃. အပေါ် နှုတ်ခမ်းသားထူပြီး အောက်နှုတ်ခမ်းသားပါးသူ

အိမ်ထောင်ဖက်ရွေးသောနေရာမှာ လက်တွေ့ဘဝအဆင်မပြေနိုင်သော အိမ်ထောင်ဖက်ကို စိတ်ကူးယဉ်ပြီး ချစ်သူဖြစ်သူ က ဒီလိုဖြစ်သင့်တယ်၊ ဟိုလိုဖြစ်သင့်တယ်တို့ အတွေးထဲမှသာ တဝဲလည်လည် ဖြစ်နေတတ်သူပါ။

၀၄. အပေါ် နှုတ်ခမ်း ပါးပြီး အောက်နှုတ်ခမ်းထူသူ

သူ့ကိုကြည့်ရင်တော့ ရိုးရိုးလေးပါ။ ဒါပင်မဲ့ ချစ်လာပြီဆိုရင်တော့ သူ့ရဲ့အချစ်ကကြောက်စရာကြီးပါ။ ချစ်သူနဲ့ စိတ်ရော ကိုယ်ပါ အမြဲအတူတူရှိနေချင်သောသူဖြစ်ပါလိမ့်မယ်။

၀၅. နှုတ်ခမ်းစွန်းလေးတွေက အပေါ်သို့ တက်နေသောသူ

သူကတော့ ပျော်ပျော်နေတတ်သူပါ။ အချစ်ရေးမှာလည်း အကောင်းဘက်ကိုသာ မြင်တတ်ပြီး ချစ်သူရဲ့ အားနည်းချက်ေ လးတွေကို ကြိုးစားပြီး ဖြည့်စီးပေးမဲ့သူပါ။

၀၆. နှုတ်ခမ်းစွန်းလေးတွေက အောက်သို့ကျနေသောသူ

ဘယ်လောက်ပဲ လူကောင်းနဲ့တွေ့တွေ့ အဲဒီလူရဲ့ အားနည်းချက်တွေကိုပဲ မျက်စိထဲမြင်ပြီး အပြစ်ပြောနေတတ်သူပါ။ ကိုယ့်အကြောင်းကိုတော့ ဘေးချိတ်ထားလေ့ရှိပါတယ်။

၀၇. အပေါ်နှုတ်ခမ်းရဲ့ နှုတ်ခမ်းစွန်းထူသောသူ

ဘာကိစ္စမဆိုသေသေချာချာ စဉ်းစားပြီး ဆုံးဖြတ်တတ်သူပါ။ အချစ်ရေးမှာတော့ လက်တွေ့ထက် ခေါင်းထဲမှာ စဉ်းစား တာတွေကများနေတတ်သူပါ။ ဒါပင်မဲ့ ချစ်ပြီဆိုတော့ သူမှလွဲ၍ အခြားသောသူကို ချစ်ဖို့ဆိုတာ မဖြစ်နို င်တော့ဘူးလို့ ဆုံးဖြတ်ထားသူပါ။

၀၈. အပေါ်နှုတ်ခမ်းရဲ့ နှုတ်ခမ်းစွန်းကျဉ်းသောသူ

တကိုယ်ကောင်းဆန်သောသူဖြစ်ပြီး အချစ်ရေးက အလုပ်တစ်ခုလို အမြဲတမ်း အချိန်ပေးရမယ်ဆိုရင် တသက်လုံး အပျိုကြီး၊လူပျိုကြီးသာလုပ်မဲ့သူပါ။ ဘယ်သူတွေဘာပဲပြောပြော ခေါင်းအလွန်မာသောသူဖြစ်ပါလိမ့်မယ်။

၀၉. အရှေ့သွား မြင်ရသောသူ

အရှေ့သွားကို မြင်နေရသောသူကတော့ စိတ်ဓာတ်ခိုင်မာသောသူဖြစ်ပါတယ်။ အပြင်ပိုင်းမှာတော့ ရိုးရိုးအေးအေးလေး လို့မြင်ရပင်မဲ့ တော်တော့်ကို ခေါင်းမာတတ်သူပါ။ ကိုယ်လုပ်ချင်သောအကြောင်းကိစ္စကို ဘယ်သူတွေက ဘာပဲပြောပြော ပြီးမြောက်အောင်လုပ်မဲ့သူပါ။

၁၀. နှုတ်ခမ်းကြီးသောသူ

ချစ်သူအပေါ်တွင် အလွန်ကြင်နာတတ်သောသူဖြစ်ပြီး ချစ်သူ၊ရည်စားရဲ့ တန်ဖိုးထားခြင်းကိုလည်း ခံရပါလိမ့်မယ်။

၁၁. နှုတ်ခမ်းသေးသောသူ

အချစ်ရေးအတွက် အားကြိုးမာန်တတ် ကြိိုးစားမဲ့သူမဟုတ်ပဲ ကိုယ့်ရဲ့ မင်းသား၊ မင်းသမီးလေးက ဘယ်တော့ ပေါ် လာမလဲကို ထိုင်စောင့်မဲ့ပုံပါ။

Chelmo Team
Credit. uranailady
Credit Photo. uranailady,favim)

bottom of page