top of page

မိမိအိမ်တွင်လာဘ်တိတ်စေသောအချက်များ
=================================


လူတိုင်း အိမ်တိုင်းတွင် မင်္ဂလာရှိအောင် လုပ်ချင်ကြမှာပဲ။ တချို့အချက်တွေကြောင့် အိမ်လာဘ်တိတ် စေပါတယ်။
ထို့ကြောင့် မိမိအိမ်ှာ လာဘ်တိတ်စေသော အချက်များကို ဖော်ပြပေးလိုက်ပါသည်..........

၁။မီးဖိုအားစလောင်းဖုံအုပ်ခြင်း

၂။အိမ်ထောင်ဦးစီးလင်ယောကျာ်းအားနိမ့်ကျသောနေရာတွင်ထားခြင်း

၃။မိမိဇနီးသည်အားညာဖက်တွင်အိပ်စေခြင်း

၄။စားသောက်သောအိုးခွက်ပုဂံများအားလွှင့်ပစ်ခြင်း

၅။ထမင်းဟင်းချက်ရင်းသီချင်းဆိုခြင်း

၆။နေဝင်ခါစအချိန်တွင်အိပ်စက်ခြင်း

၇။နေဝင်မိုးချုပ်လေချွန်ခြင်း

၈။နေမထွက်ခင်ကြွေးပေးကြွေးယူကြွေးတောင်းခံရခြင်း

၉။နေဝင်နေထွက်ချိန်သန်းရှာခြင်း

၁၀။နေဝင်နေထွက်ချိန်ကလေးများအားရိုက်ခြင်း

၁၁။နေမွန်းတည့်ချိန်တရိစ္ဆာန်များအားသက်ဖြတ်ခြင်း

၁၂။နေဝင်နေထွက်ချိန်တွင်ကျိန်စာတိုက်ခြင်း

၁၃။အမျိုးသမီးများမိုးချုပ်ချိန်ဆံပင်ဖားလျားဖြင့်အပြင်သို့သွားခြင်း

၁၄။အမျိုးသမီးများ၏မသန့်ရှင်းသောပစ္စည်းများအိမ်းဦးခန်းတွင်ထားခြင်းစွန့်ပစ်ခြင်း

၁၅။မိမိဝတ်သောပုဆိုး ထမိန်ဖြင့်မျက်နှာသုပ်ခြင်း

၁၆။အိမ်အပေါက်အားနောက်ပြန်ဝင်ခြင်း

၁၇။မျက်နှာမသစ်ပဲအစားစားခြင်း

၁၈။မိမိ၏ခန္ဓာကိုယ်မှအမွှေးအမျှင်နှင့်မသန့်ရှင်းသေားပစ္စည်းများအိမ်အတွင်းစွန့်ပစ်ခြင်း

၁၉။သောက်ရေအိုးရေမရှိပဲခြောက်နေခြင်း

၂၀။သောက်ရေအိုးမှရေကိုထမင်းဟင်းချက်ရာတွင်သုံးခြင်း

၂၁။လင်သားအားစိတ်ဆိုး၍ကျောခိုင်းအိပ်ခြင်း

၂၂။သားသမီးဇနီးကိုလင်သားကငွေသို့မဟုတ်အစားအစာပစ်ပေးခြင်း

၂၃။အဝတ်အစားမျိားပြောင်းပြန်ဝတ်ခြင်း

၂၄။အိမ်အပေါက်အားကျောခိုင်းထိုင်ခြင်း

၂၅။ထမင်းစားရင်းအိပ်ငိုက်ခြင်း

၂၆။ထမင်းရည်ပူအားမြေကြီးပေါ်သို့တိုက်ရိုက်ငှဲ့ခြင်း

၂၇။အိမ်၏မျက်နှာစာတွင်ကလေးငယ်ကိုအပေါ့အလေးစွန့်ခိုင်းခြင်း

၂၈။မိမိအိမ်သို့လာသောတောင်းစားသူများအားဆဲဆိုလွှတ်ခြင်း

၂၉။အိမ်သာတက်ရင်းအစာစားခြင်း

၃၀။စားသောက်ပြီးအိုးခွက်ပုဂံများကိုအချိန်ကြာမြင့်စွာမဆေးပဲထားခြင်း

၃၁။အိုခွက်ပုဂံများကိုတီး၍သီချင်းဆိုခြင်း

၃၂။အိမ်ရှေ့တည့်တည့်တွင်ထမိန်စကတ်များကိုလှန်းခြးင်းချွတ်ထားခြင်း

၃၃။မိမိအိမ်တွင်မွေးမြူထားသောတိရိစ္ဆာန်များအားအစာမကျွေးပဲလှောင်ထားခြင်းရိုက်နှက်ခြင်း

bottom of page